သင့်ကလေးကို အမှီခိုကင်းသူတစ်ယောက် ဖြစ်စေဖို့ သင်ပေးရမယ့် အချက် (၇)ချက်

0
2683
- Advertisement -

ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်စွမ်းရှိတဲ့ confident ရှိသော ကလေးတစ်ယောက်အဖြစ် ပျိုးထောင်လိုပါက သူ့ကို လွတ်လပ်ခွင့်ပေးထားဖို့ လိုအပ်ပါတယ်။ အမှီအခိုကင်းတဲ့ ကလေးတွေကို ပြုစုပျိုးထောင်ဖို့ သော့ချက်က ဟန်ချက်ညီမှု ဖြစ်ပါတယ်။ သူ့ကို လွတ်လပ်သောသူ ဖြစ်လိုလျှင် စိတ်ရှည်ပေးဖို့လိုသလို အလိုလိုက်လွန်းတာလည်း မဖြစ်ရပါဘူး။ အချို့သောမိဘတွေဟာ သူတို့ကလေးတွေကို လမ်းစဉ်အတိုင်းလိုက်ဖို့ နည်းပေးလမ်းပြ ကြိုးစားကြပါတယ်။ ဒါကို မထောက်ခံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုလုပ်ခြင််းအားဖြင့် ရွေးချယ်မှုတွေ လုပ်နိုင်တဲ့ သူ့စွမ်းရည်ကို ပျက်စီးစေပါလိမ့်မယ်။ တကယ်လို့ သူ့ကို သင်အပေါ်မှာပဲ မှီခိုစေရင် ရေရှည်မှာ သူဟာစိတ်ပျက်လာနိုင်ပြီး အာဏာဖီဆန်တာမျိုး လုပ်လာပါလိမ့်မယ်။

ဒါ့ကြောင့် လွတ်လပ်တဲ့ ကလေးကို ပြုစုပျိုးထောင်ရာမှာ ဟန်ချက်ညီအောင် သင်ဘယ်လောက်လုပ်နိုင်မလဲ? အောက်ဖော်ပြပါ အကြံဉာဏ် (၇)ချက်ကို ဖတ်ကြည့်လိုက်ပါနော်။

၁။ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖန်တီးပါ

- Advertisement -

ကလေးတွေကို အမှီအခိုကင်းအောင် မြှင့်တင်ဖို့ structure နဲ့ freedom အကြား ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။ သူတို့အကြောင်း သူတို့ကိုယ်တိုင် စဉ်းစားလေလေ ပိုပြီး အမှီအခိုကင်းသူ ဖြစ်လာလေလေ ဖြစ်ပါတယ်။

  • သင့်ကလေးအား သူ့အဝတ်သူလျှော်ဖို့ တောင်းဆိုပါ။ မနက်တိုင်းမှာ သူတို့ဘာသာ အဝတ်အစား ဝတ်ဆင်ခွင့်ပြုပါ။
  • ထမင်းစားချိန်မှာ သူ့ပန်းကန်သူယူပါစေ။ သူ့စားမယ့်မုန့်ကို သူဘာသာ ရွေးချယ်ပါစေ။
  • သူတို့လိုအပ်တဲ့အခါ ယူနိုင်အောင် သူတို့အဝတ်အစားတွေကို ဗီဒိုအောက်ဆုံးထပ်မှာ ထားပေးပါ။

၂။ ပြဿနာဖြေရှင်းတတ်တဲ့ စွမ်းရည်ကို သင်ပေးပါ

သင့်ကလေးမှာ ပြဿနာတစ်ခုရှိရင် သူတို့ကို ကယ်တင်ဖို့ အဆောတလျင်မလုပ်ဘဲ သူတို့ကိုယ်တိုင်ဖြေရှင်းခွင့်ပေးပါ။

  • မောင်နှမတွေအကြား ပြိုင်ဆိုင်မှုက ဒီနေ့ခေတ်မှာ သူတို့ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။
  • သူတို့ပြဿနာ ကြားထဲမဝင်ပါနဲ့၊ ပြဿနာကို သူတို့ကိုယ်တိုင် လျော့ပါးသွားစေဖို့ ခွင့်ပြပါ။
  • သူတို့ရဲ့စိတ်ကူးတွေကို သုံးပြီး role-playing ခေါ်တဲ့ ယုံတမ်းကစားနည်းမျိုးက ဒီကျွမ်းကျင်မှုကို ဖွံ့ဖြိုးတိုးတတ်စေဖို့ အထိရောက်ဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၃။ ကျရှုံးမှုက ဘယ်သောအခါမှ ပြီးဆုံးမှာ မဟုတ်ကြောင်း

ကျရှုံးတာက ဘာမှမမှားပါဘူး။ သင့်အတွက် ခက်ခဲနိုင်သော်လည်း သင့်ကလေးအား မှားခွင့်ပြုလိုက်ပါ။ သူဟာ အမှားထဲကနေ သင်ခန်းစာယူပါလိမ့်မယ်။ ဥပမာ- သူဟာ အိမ်စာလုပ်ဖို့ မေ့သွားခဲ့ရင် ကျောင်းမှာ အကျိုးဆက်တွေ ကြုံတွေ့ရနိုင်တာ သိလာပါလိမ့်မယ်။ ၎င်းက သင်ကြားရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီးနောက်တစ်ကြိမ်မှာ သူ့အလုပ်ကို ပြီးမြောက်ဖို့ သတိရအောင် ကူညီပါလိမ့်မယ်။

  • သူဖန်ခွက်ကိုယူစဉ်မှာ နို့တွေဖိတ်သွားလို့ မဆူပါနဲ့။ ဘယ်လိုသန့်ရှင်းရမယ်၊ ဘယ်လိုသတိထားရမယ်ဆိုတာ ပြောပြပါ။

၄။ စာနာတတ်ပါစေ

မိဘအနေနဲ့ သူတို့ပြဿနာတွေကို သူတို့ဘာသာ ဖြေရှင်းစေချင်ပေမယ့် မိဘက သူတို့ကို ဘယ်လောက်ဂရုစိုက်ကြောင်း ကလေးတွေ သိထားရပါမယ်။

  • ဘာပဲဖြစ်နေ ဖြစ်နေ သူ့တို့နားမှာ သင်အမြဲရှိနေတာကို သူတို့သိပါစေ။
  • ကလေးကို အမှီအခိုကင်းဖို့ တိုက်တွန်းသင့်သော်လည်း သူတို့ကို မထိခိုက်စေတာမျိုး ဖြစ်ရပါမယ်။

၅။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့သူ ဖြစ်ပါစေ

သင့်ကလေးအား ကိုယ့်အခွင့်အရေးအတွက် ရပ်တည်ခွင့်ပြုပါ။ ဒါတွေကို သင်လုပ်နိုင်ပါတယ်။

  • စားသောက်ဆိုင်တစ်ခုက အစားအသောက်မှာမယ်ဆိုရင် သူစားမယ့် အစားအစာကို မှာယူခွင့်ပြုပါ။
  • အဝတ်အစား ဝတ်ဆင်ပေးပါက သူ့စိတ်ကြိုက်အဝတ်အစားကို ရွေးချယ်ခွင့်ပြုပါ။

၆။ အကျိုးသင့် အကြောင်းသင့်ရှိတဲ့ ရွေးချယ်မှုတွေကို ကမ်းလှမ်းပါ

သင့်ကလေးအား အမှီအခိုကင်းစွာ စဉ်းစားနိုင်စေဖို့ ကျိုးကြောင်းဆီလျော်တဲ့ ရွေးချယ်မှုတွေ ပေးပါ။

  • ဥပမာအားဖြင့် သူ့ကို ပီဇာနှင့် ခေါက်ဆွဲအကြား ရွေးချယ်ခွင့်ပေးပါ။
  • ကာတွန်း အရင်ကြည့်မလား? အိမ်စာ အရင်လုပ်မလား? ဆိုတဲ့ ဆုံးဖြတ်ခွင့်ပြုပါ။

၇။ ကိုယ့်တာဝန် ကိုယ်ယူစေပါ

တကယ်လို့ မိသားစုခရီးထွက်ဖို့ ပြင်ဆင်နေရင် သင့်ကလေးအတွက် ကိုယ့်ပစ္စည်းကိုယ်ထုတ်ပိုးစေပါ။ ပထမပိုင်းတော့ အကြိမ်အနည်းငယ်လောက် ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပေးနိုင်ပါတယ်။

  • သူ့ကို ခရီးစဉ် စီစဉ်တဲ့ နေရာမှာ ပါဝင်ခွင့်ပေးပါ။ သို့မှသာ ကလေးဟာ စွန့်စားမှုနှင့် လွတ်လပ်မှုအားလုံးကို နားလည်နိုင်မှာ ဖြစ်ပါတယ်။
  • သူတို့အဝတ်အစားအိတ်ကို သူတို့ဘာသာ သယ်ခွင့်ပြုပါ။

သူ့ဘာသာ လုပ်ရတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးက နှေးကွေးနိုင်ပေမယ့် သူလုပ်တဲ့ လှုပ်ရှားမှုတိုင်းကို လမ်းညွှန်ပေးဖို့ အရေးကြီးပါတယ်။ ကလေးအား အောင်မြင်တဲ့ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းစေဖို့ လိုအပ်တဲ့ လက်နက်တွေကို ပေးပါ။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here