သင့်ကလေးကို အော်ဟစ်မိခြင်းမှ ရှောင်ရှားဖို့ အခြားရွေးချယ်စရာ နည်းလမ်း(၈)ခု

0
608
- Advertisement -

ကျွန်မတို့ ပင်ပန်းလာတဲ့အခါ၊ စိတ်မရှည်တဲ့အခါ၊ ဒေါသထွက်လာတဲ့အခါမှာ ကလေးတွေကို မကြာခဏ အော်ဟစ်မိတတ်ပါတယ်၊ တစ်ခါတစ်ရံမှာ စူးစူးဝါးဝါး အော်ဟစ်တာက ကလေးတွေကို လွယ်လွယ်အာရုံစိုက်မိပြီး မိဘစကား နားထောင်ဖို့ အလွယ်ဆုံးနည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့သော် ဒီလိုအော်ဟစ်တာကို ဘယ်သူမှမကြိုက်ကြသလို အော်ဟစ်တာကလည်း ကောင်းတဲ့အရာ မဟုတ်ပါဘူး။ သင့်ကလေးကို အော်ဟစ်မပြောဘဲ တခြားနည်းလမ်းတွေနဲ့ ဘယ်လိုဆုံးမလို့ရမလဲ?

အော်ဟစ်ခြင်းမပါဘဲ အပြုသဘောဖြစ်တဲ့ နည်းလမ်းတစ်ခုနဲ့ ဆွေးနွေးရင် သင့်ကလေးက ကောင်းတာကို အမြဲတမ်းသင်ယူပါလိမ့်မယ်။ အော်ဟစ်ခြင်းက ကလေးတွေမှာ ကြောက်စိတ်နဲ့ စိတ်ဖိစီးမှုကိုသာ ဖြစ်ပေါ်စေပါတယ်။

ကလေးအား အော်ဟစ်ခြင်းကို ရှောင်ကြဉ်ဖို့ သင်မလုပ်သင့်ဘူး၊ အော်တာက အကျိုးမရှိဘူးဆိုတာ ပထဆုံးသတိရသင့်ပါတယ်။ ဥပမာ- အော်ဟစ်တာက စည်းကမ်းသေဝပ်ဖို့အတွက် အကျိုးရှိတယ်လို့ထင်ရင် ဒီအကြံပြုချက်တွေက သင့်အတွက် အများကြီး အကူအညီဖြစ်မှာ မဟုတ်ပါဘူး။

၁။ သင်ဒေါသထွက်ပြီး အဓိပ္ပာယ်မရှိ အော်ဟစ်လေ့ရှိတာကို သတိပြုပါ

ကိုယ်က စိတ်ရှုပ်ထွေးပြီး ဒေါသထွက်လာတဲ့အခါမှာ တစ်ခါတလေ အော်ဟစ်တတ်လေ့ရှိတယ် ဆိုတာကို အသိအမှတ်ပြုခြင်းက အော်ဟစ်ခြင်းကို ရှောင်ရှားဖို့ ပထမခြေလှမ်းဖြစ်ပါတယ်။

၂။ သင့်စိတ်ခံစားချက်ကို ထိန်းချုပ်ပါ

အော်ဟစ်တာက ဒေါသထွက်ခြင်းကို ဖော်ပြတာဖြစ်ပါတယ်၊ သင်ဟာ ဒီစိတ်ခံစားမှုကြောင့် ကိုယ့်ကိုယ်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခွင့်ပြုမယ်ဆိုရင် မီးတောင်လို ပေါက်ကွဲပြီး အော်ဟစ်ခြင်းကို အားကိုးအားထားပြုခြင်းနဲ့ အဆုံးသတ်သွားပါလိမ့်မယ်။ ဒါကိုရှောင်ရှားဖို့ သင်ဘာလုပ်နိုင်သလဲ? ဒေါသကို အခြားအရာတစ်ခုခုဆီသို့ ခေါင်းတည်ပါ။ ဥပမာအားဖြင့် အပန်းဖြေ နည်း (သို့) တရားထိုင်တဲ့နည်းကို သုံးနိုင်ပါတယ်။

၃။ ကလေးအား အော်ဟစ်မိခြင်းကို ရှောင်ကြဉ်ဖို့ စိတ်ရှည်သည်းခံပါ

ဟုတ်ပါတယ်။ ပိုပြီးစိတ်ရှည်ဖို့ သင်လုပ်နိုင်ပါတယ်။ သည်းခံခြင်းက သင်နဲ့အတူ မွေးလာတဲ့ အရာမဟုတ်ပါဘူး။ သည်းခံခြင်းဟာ အခြားအရာအားလုံးလိုပဲ သင့်ရဲ့စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ကာ စိတ်ပိုင်းဖြတ်ခြင်းဖြင့် လေ့ကျင့်နိုင်ပါတယ်။ ဒီလိုပြုလုပ်ရင် နေ့စဉ်နေ့တိုင်း ပိုမိုသည်းခံမှု ရှိလာပါလိမ့်မယ်။

၄။ ကလေးအပေါ် သင့်ပြဿနာတွေ ပုံမချပါနဲ့

တစ်ခါတရံ ပင်ပန်းနွမ်းနယ် ၊ စိတ်ဆိုးဒေါသထွက်ပြီး အလုပ်ကနေ အိမ်ကို ပြန်လာနိုင်ပါတယ်။ သင်မလုပ်သင့်သော်လည်း အခြားသူတစ်ယောက်ယောက်အပေါ် ပုံချခြင်းနဲ့ အဆုံးသတ်နိုင်ပါတယ်။ ကလေးတွေအပေါ် သင့်ဒေါသတွေ ပုံမကျအောင် အိမ်ထဲမဝင်ခင်မှာ အနားယူဖို့ ကြိုးစားသင့်ပါတယ်။ ဥပမာအားဖြင့် စိတ်သက်သာစေဖို့ အသက်ရှူလေ့ကျင့်ခန်းအချို့ လုပ်နိုင်ပါတယ်။

၅။ ကလေးမဆန်ပါနဲ့

ကိုယ့်အသက်အရွယ်နဲ့ ကိုယ့်ကလေးရဲ့ အသက်အရွယ်ကို သတိရပါ။ ကိုယ့်ကိုယ်ကို ကလေးရဲ့အဆင့်မှာ ဘယ်တော့မှ မထားသင့်ပါဘူး။ ကလေးတွေဟာ ကလေးဆန်တဲ့ အရာတွေ ပြုလုပ်ကြပြီး လူတိုင်းလို အမှားတွေ လုပ်တတ်ပါတယ်။ သင့်အလုပ်က သူတို့ရဲ့အမှားတွေကို တည့်မတ်ပေးဖို့နဲ့ လမ်းညွှန်ပေးဖို့ ဖြစ်ပါတယ်။

၆။ အခြားရွေးချယ်စရာ စည်းကမ်းရွေးပိုင်ခွင့်ရှာပါ

အရမ်းထိရောက်စွာ အသုံးချနိုင်တဲ့ နည်းစနစ်တစ်ခုက အသားညှပ်ပေါင်မုန့် နည်းစနစ်ဖြစ်ပါတယ်။ ဒီထဲမှာ သင့်ကလေးအား သူတို့ကောင်းမွန်စွာ လုပ်ဆောင်နေကြောင်းကို ဦးစွာ ပြောပြခြင်း ပါဝင်ပါတယ်။ ပြီးမှ သူတို့အမှားလုပ်မိနေတဲ့အရာတွေ (သို့) သင်မြင်လိုတဲ့ အပြောင်းအလဲတွေကို ပြောပြပါ။ ကြိုးစားတဲ့အတွက် သူတို့ကို ကျေးဇူးတင်ကြောင်း ပြောပြပါ။

၇။ တောင်းပန်ပါ

မိဘတွေက ကလေးတွေအတွက် စံပြပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒါ့ကြောင့် လိုအပ်ပါက ကလေးရဲ့ ခွင့်လွှတ်မှုကို တောင်းခံဖို့ အရေးကြီးပါတယ်။ ဒီနည်းအားဖြင့် သူတို့ကို တောင်းပန်တတ်ဖို့ သင်ကြားပေးနေပါတယ်။

၈။ သင့်ကလေးအတွက် လေးစားမှု မပျောက်ဆုံးပါစေနဲ့

ကလေးတွေကို အော်ဟစ်ပြီး ဆိုးဆိုးရွားရွား ပြောဆိုနေမယ်ဆိုရင်၊ ဒေါသကို ထိန်းထားဖို့ မကြိုးစားဘူးဆိုရင် သူတို့အတွက် လေးစားမှု ဆုံးရှုံးသွားပါလိမ့်မယ်။

ဘာ့ကြောင့် ကလေးတွေကို အော်ဟစ်တာ ရှောင်သင့်သလဲ?

  • သင်အော်ဟစ်ရင် ကလေးတွေဟာ ကြောက်လို့သာ နာခံပါလိမ့်မယ်။ သို့သော် ရေရှည်မှာ ဒီအကျိုးသက်ရောက်မှုကို ဆုံးရှုံးသွားပါလိမ့်မယ်။ သူတို့အသက်ကြီးလာတဲ့အခါ အာဏာရှင်ဆန်လာပါလိမ့်မယ်။
  • အော်ဟစ်ခြင်းက အခွင့်အာဏာကို ဖြစ်ပေါ်စေတယ်လို့ သင်ထင်ရင် မှားပါတယ်။ ကလေးတွေ မိဘနဲ့ ဝေးဝေးနေခြင်းနဲ့သာ အဆုံးသတ်သွားပါလိမ့်မယ်။
  • အော်ဟစ်ခြင်းက ကလေးတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို ပျက်စီးစေပြီး ကြောက်ရွံ့မှုအမျိုးမျိုးနဲ့ လူကြီးတွေ ဖြစ်လာပါလိမ့်မယ်။ အာဏာရှင်ဆန်ပြီး ရန်လိုသူတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ပါတယ်။

သူတို့ရဲ့ self-esteem ကိုလေးစားရင်း ကျန်းမာပျော်ရွင်တဲ့ ကလေးကို ပျိုးထောင်နိုင်တဲ့ အခြားနည်းလမ်းတွေများစွာ ရှိပါတယ်၊ စည်းကမ်းသေဝပ်ခြင်းက အော်ဟစ်ခြင်းနဲ့ ကြောက်ရွံ့ခြင်းပေါ်မှာ မဟုတ်ဘဲ လေးစားမှုပေါ်မှာ အခြေခံရပါမယ်။

Chit_MayMay

LM_Nandar

Source-youaremom

Chit Maymayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here