
ဒီလေ့လာမှုအရ လူမှုရေးကျွမ်းကျင်မှုတွေကို သင်ကြားထားတဲ့ ကလေးတွေဟာ ပိုမိုကောင်းမွန်သော ပညာရေး၊ အလုပ်အကိုင်နှင့် ဘဝအရည်အသွေးမြင့်မားမှုတွေ ရနိုင်ချေများတာကြောင့် လူကြီးတွေဖြစ်လာတဲ့အခါ ပိုမိုကျန်းမာ၊ အောင်မြင်သောဘဝတွေကို ရရှိနိုင်ခြေပိုများပါတယ်။ ကျွန်မတို့ကလေးတွေကို အရွယ်ရောက်သူတွေအဖြစ် ပိုမိုကောင်းမွန်စွာ နေထိုင်နို်ငဖို့နှင့် လူတော်လူကောင်းလေးတွေ ဖြစ်လာစေဖို့ လိုအပ်တဲ့ စွမ်းရည်တွေကို သင်ကြားပေးခြင်းက ဘယ်လောက်အရေးကြီးကြောင်းကိုလေ့လာမှုများစွာက သက်သေပြနေပါတယ်။ ကျွန်မတို့ကလေးတွေကို ဒီအရေးကြီးတဲ့ စွမ်းရည် (၁၀)ခုကို သင်ကြားပေးခြင်းဟာ ကျွန်မတို့ လိုချင်တဲ့ ကြင်နာတတ်သော လူကြီးတွေ ဖြစ်လာစေဖို့ ကူညီလိမ့်မယ်လို့ အမှန်တကယ် ယုံကြည်ပါတယ်။
၁။ မိမိကိုယ်ကိုနှင့် တခြားသူအတွက် ဘယ်လိုရပ်တည်ပေးရမယ်ဆိုတာ
ကျွန်မတို့ကလေးတွေကို သူတို့ကိုယ်သူတို့နှင့် အခြားသူတွေအတွက် ဘယ်လိုရပ်တည်ပေးရမယ်ဆိုတာ သင်ကြားပေးဖို့ နည်းလမ်းတစ်ခုက အပေါင်းအသင်းလုံခြုံမှုကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ အဲဒီသူငယ်ချင်းက သင့်ကလေးနဲ့ အပြန်အလှန် ကျောခြင်းကပ်ရှိနေပါလိမ့်မယ်။ နောက်တစ်နည်းက ကောလာဟာလတွေ ဖြန့်ဝေခြင်းကို ရပ်တန့်ဖို့နှင့် ဆဲရေးခြင်းကို ရပ်တန့်ဖို့ ကလေးအား သင်ပေးရန်ဖြစ်ပါတယ်။ သင့်ကလေးအား သူငယ်ချင်းအသစ် (သို့) အထီးကျန်နေတဲ့ ကျောင်းသားတွေကို လက်ကမ်းပေးဖို့ သင်ကြားပေးခြင်းက သင့်ကလေးနှင့် အထောက်အပံ့လိုအပ်နေတဲ့ ကလေးအတွက် ကူညီရာလည်းရောက်ပါတယ်။

၂။ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းခြင်း
ကလေးတွေအကြား ပဋိပက္ခဖြစ်ခြင်းက အကောင်းဆုံးသူငယ်ချင်းတွေကြားမှာတောင် အချိန်တိုင်း ဖြစ်ပျက်နေတတ်တာကြောင့် ကလေးတွေကို အဲဒီအတွက် ပြင်ဆင်ပေးရပါမယ်၊ အဲဒါကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သူတို့သေချာ သိအောင်လုပ်ပေးပါ။ ပဋိပက္ခရဲ့အရင်းအမြစ်ကို ထောက်ပြပြီး ငြိမ်းချမ်းသော ဖြေရှင်းနည်းတွေကို အဖြေရှာဖို့ သင်ပေးပါ။ မိဘတွေအနေနဲ့ ကျွန်မတို့ဟာ ကလေးတွေကို သူတို့အပြုအမှုအပေါ် အခြေပြုရပါမယ်။ ကျွန်မတို့ဟာ စာနာမှုနှင့် communication မှာ စံပြဖြစ်ဖို့ လိုအပ်ပါတယ်။

၃။ တာဝန်ယူမှုနှင့် စောင့်ရှောက်မှု
တာဝန်ယူခြင်းက ကျယ်ပြန့်တဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။ ၎င်းက ကစားစရာတွေကို သိမ်းဆည်းတာမျိုး၊ အိမ်မှုကိစ္စတွေမှာ ဝိုင်းကူညီတာမျိုးကနေ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ပြုစုခြင်းအထိ ဘယ်အရာကိုမဆို ဆိုလိုနိုင်ပါတယ်၊ ကလေးတွေအား တစ်ချို့သော တာဝန်တွေယူဖို့ လိုအပ်တယ်လို့ သင်ကြားပေးသင့်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သူတို့လုပ်ဖို့ လိုအပ်တယ်ဆိုတာ သိလာတာကြောင့် မိဘက မပြောဘဲနဲ့လည်း သူတို့ လုပ်လာနိုင်ပါတယ်။ ဒါက တာဝန်ယူခြင်းဖြစ်ပြီး ၎င်းက ကလေးတွေကို ဘဝ၊ ကျောင်းမှာ အောင်မြင်စေဖို့အတွက် သော့ချက်ဖြစ်ပါတယ်။

၄။ အခြားသူတွေနဲ့ ဘယ်လိုအလုပ်လုပ်ရမလဲ
သင့်ကလေးကို တခြားသူငယ်ချင်းတွေနဲ့ ဘယ်လိုကစားရမလဲ၊ ဘယ်လိုတည့်အောင်နေမလဲဆိုတာ သင်ကြားပေးခြင်းက လူကြီးဘဝမှာ တခြားသူတွေနှင့်အတူ ကောင်းမွန်စွာ အလုပ်လုပ်ပြီး team player ဖြစ်ဖို့ ကူညီပါလိမ့်မယ်။ အဖွဲ့တစ်ဖွဲ့ရဲ့အစိတ်အပိုင်းအနေနဲ့ လုပ်ကိုင်ဖို့ သင်ယူခြင်းက သင့်ကလေးအား လေးစားမှု၊ အပေးအယူလုပ်မှု၊ သည်းခံမှု၊ စိတ်ရှည်မှု၊ စာနာမှုစတဲ့ လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုများစွာဖြင့် ကူညီပါလိမ့်မယ်။ သူတို့ဟာ အခြားသူတွေအပေါ် ယုံကြည်မှုနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးပွားပါလိမ့်မယ်။ ထိုစွမ်းရည်တွေက သူတို့အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ပါလိမ့်မယ်။

၅။ တောင်းပန်ခြင်းနှင့် ခွင့်လွှတ်ခြင်း
ကျွန်မတို့ကလေးတွေကို ” စိတ်မကောင်းပါဘူး” လို့ပြောရုံနဲ့ မလုံလောက်ပါဘူး။ သူတို့တောင်းပန်တာကို သူတို့နားလည်တယ်ဆိုတာ သေချာအောင် လုပ်ဖို့လိုပါတယ်။ သူတို့လုပ်ရပ်တွေအတွက် သူတို့တာဝန်ယူဖို့ လိုအပ်ပါတယ်။ အခြားတစ်ဖက်ကကြည့်ရင် ခွင့်လွတ်ခြင်းဟာ သူတို့ဘဝမှာရှိတဲ့ လူတွေနဲ့ မဖြေရှင်းနိုင်သော ကိစ္စတွေရှိနေဆဲ လူကြီးတွေအတွက် ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ခွင့်လွှတ်ခြင်းက အရေးကြီးတယ်ဆိုတာကို ကလေးတွေအား သတိပေးတာ ပိုကောင်းပါတယ်။

၆။ ဘယ်လို နားထောင်ပြီး စာနာတတ်ရမယ်ဆိုတာ
သင့်ကိုယ်တိုင် ကောင်းစွာ နားထောင်တတ်သူဖြစ်ခြင်းက သင့်ကလေးတွေအတွက် စံနမူနာကောင်းဖြစ်ပါတယ်။ သူတို့ကို လေးစားစွာဆက်ဆံခြင်းနှင့် သူတို့ပြောတဲ့အရာတွေအပေါ် စိတ်ဝင်စားမှုပြခြင်းက သူတို့ကို ကောင်းစွာနားထောင်တတ်သူတွေအဖြစ်သို့ ပုံသွင်းပေးပါလိမ့်မယ်။ စာနာမှုအတွက်လည်း အလားတူဖြစ်ပါတယ်။ သင့်ကလေးကို စာနာမှုရှိကြောင်း ပြသခြင်းက သူတို့လိုက်နာဖို့အတွက် ဥပမာကောင်းပေးပါလိမ့်မယ်။

၇။ လွှမ်းမိုးလာတဲ့ စိတ်ခံစားမှုတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ
ကြီးမားသော စိတ်ခံစားမှုတွေကို မကိုင်တွယ်နိုင်ခြင်းက ငယ်ရွယ်သော ကလေးတွေမှာ အဖြစ်များပါတယ်။ သူတို့ကို လမ်းညွှန်ပေးဖို့က မိဘတွေရဲ့ အလုပ်ဖြစ်ပါတယ်။ ကျွန်မတို့က သူတို့ရဲ့ စိတ်ခံစားမှုတွေကို သတိပြုမိဖို့ အချိန်ယူရပါမယ်။ သို့မှသာ သူတို့ကိုယ်သူတို့ အသိအမှတ်ပြုဖို့ သင်ယူနိုင်ပါတယ်။ ကျွန်မတို့အပြုအမှုက ကျွန်မတို့ကလေးတွေအတွက် စံနမူနာတစ်ခုဖြစ်တာကြောင့် ကျွန်မတို့ လူကြီးတွေအနေနဲ့လည်း လိုက်နာသင့်ပါတယ်။ ကျွန်မတို့ခံစားချက်တွေကို ကျွန်မတို့ကလေးတွေအား မျှဝေသင့်ပြီး သူတို့ကို ပြဿနာဖြေရှင်းနိုင်စွမ်းတွေ ပြသသင့်ပါတယ်။

၈။ စိတ်ပျက်စရာကို လက်ခံဖို့
ကျွန်မတို့ကလေးတွေဟာ စိတ်ပျက်စရာတွေ စောစောစီးစီး ကြုံနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ သင်ယူဖို့ လိုပါတယ်။ မိဘတွေဟာ ကလေးတွေ ကြုံတွေ့နေရတဲ့အရာတွေကို အသိအမှတ်ပြုဖို့နဲ့ နားထောင်ဖို့ သင်ယူရပါမယ်။ ပြီးရင် ကိုယ့်ရဲ့အမြင်ကို ပေးရပါမယ်၊ ဖြေရှင်းနည်း ရှာပေးရပါမယ်။ စိတ်ပျက်စရာတွေက ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောပြပေးပါ။

၉။ အကောင်းမြင်ခြင်းနှင့် မိမိကိုယ်ကို ချစ်ခြင်း
ကလေးတွေကို သူတို့ရဲ့အားသာတဲ့ဘက်အား ပြသခြင်း၊ သူတို့ရဲ့အားထုတ်မှုတွေကို တန်ဖိုးထားလေးစားခြင်း၊ တစ်ခါတစ်ရံ ကျရှုံးခြင်းကို အဆင်ပြေအောင်သင်ပေးခြင်း စတဲ့အရာတွေက သူတို့ကျိန်းသေလိုအပ်လိမ့်မယ့် အကောင်းမြင်စိတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မိမိကိုယ်ကို ချစ်ခြင်းက သင့်ကလေးတွေမှာ ရှိစေချင်မယ့် အရာတစ်ခုဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်ဖို့ ၊ သူတို့ကိုယ်သူတို့ အပြုသဘောနဲ့ မြင်ဖို့ သင်ပေးပါ။ ချီးမွမ်းပေးပါ။

၁၀။ အချိန်စီမံခန့်ခွဲမှု
အိပ်ရာဝင်ချိန် သတ်မှတ်ပေးခြင်းဖြင့် သင့်ကလေးကို အချိန်စီမံခန့်မှု သင်ပေးနိုင်ပါတယ်။ သူတို့ဘာသာ အချိန်မှန် အိပ်ရာဝင်၊ အိပ်ရာထဖို့ သင်ပေးပါ။ သူတို့အတွက် သူတို့ရဲ့ အပတ်စဉ်လုပ်ဆောင်မှုတွေနဲ့ တာဝန်တွေကို plan ချပေးနိုင်မယ့် ပြက္ခဒိန်ကိုလည်း ဖန်တီးပေးနိုင်ပါတယ်၊ အစာစားချိန် သတ်မှတ်ခြင်းကလည်း အလွန်အရေးကြီးပါတယ်။ ကလေးဟာ တစ်မိသားစုလုံး တစ်ချိန်တည်းမှာ အတူတူစားရမယ်ဆိုတာ သင်ယူဖို့ လိုအပ်ပါတယ်။

Chit_MayMay
LM_Nandar
Source-brightside