သင့်ကလေးခိုးနေတာကို တွေ့မြင်ရခြင်းက သင့်အတွက်အဆိုးရွားဆုံးအတွေ့အကြုံတစ်ခုဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေက ရွယ်တူချင်းဖိအားတွေ၊ ခိုးတယ်ဆိုတာ မကောင်းမှုမှန်းမသိလို့ခိုးတာလည်း ဖြစ်နိုင်ပါတယ်။
ဘာကြောင့်ကလေးတွေ ခိုးကြတာလဲ
ကလေးတွေက မိဘတွေ၊ မောင်နှစ်မသားချင်းတွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေထံမှ အကြောင်းအမျိုးမျိုးနဲ့ ပစ္စည်းပစ္စရာတွေကို ခိုးယူလေ့ရှိကြပါတယ်။ အကြောင်းအရင်းတွေကတော့
၁။ Self-control မရှိခြင်း
သင့်ကလေးက သူကိုယ်တိုင်ရဲ့အပြုအမူတွေကို ထိန်းချူပ်နိုင်ခြင်းမရှိတဲ့အခါ သူ့ရှေ့က မြင်သမျှကို ခိုးယူနိုင်ပါတယ်။

၂။ စျေးကြီးတဲ့ ပစ္စည်းပစ္စယတွေကို တောင့်တခြင်း
သင့်ကလေးက အလွန်စျေးကြီးတဲ့ အရာတစ်ခုခုကို တောင့်တနေတဲ့အခါ သင်က တတ်နိုင်တဲ့ အရာမဟုတ်ဘူးလို့ သူထင်ကောင်းထင်ပါလိမ့်မယ်။ အဲဒီ့အခါ သူခိုးယူနိုင်ပါတယ်။
၃။ ရွယ်တူချင်းဖိအား
သင့်ကလေးက ကျောင်းမှာ (သို့) တစ်ခြားသူအဆက်အသွယ်ရှိတဲ့ ရွယ်တူသူငယ်ချင်းတွေမှာ အကျင့်စာရိတ္တချို့ယွင်းနေတဲ့ လူတွေရှိနေနိုင်ပါတယ်။ သူ့သူငယ်ချင်းတွေမှာ ခိုးယူခြင်းကို နှစ်သက်သူတွေရှိနေနိုင်ပါတယ်။ ဒီအရာကလည်း သင့်ကလေးအတွက် ခိုးတတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
၄။ အာရုံစိုက်မှု ရရှိဖို့
သင့်ကလေးက သူဟာ ဆရာ (သို့) မိဘတွေဆီက ဂရုစိုက်မှုကို မခံစားရတဲ့အခါ သူက သင့်ရဲ့ အာရုံစူးစိုက်မှုကို ရယူဖို့အတွက် ခိုးယူခြင်းကဲ့သို့သော မကောင်းမှုတစ်ခုခုလုပ်ဖို့လိုတယ်လို့ ခံစားရပါလိမ့်မယ်။

၅။ ပျော်စရာလို့ ထင်ခြင်း
ဒီအချက်ကတော့ ခိုးယူခြင်းဆိုတာမကောင်းမှုမှန်းမသိဘဲ ခိုးယူနေခြင်းဖြစ်ပါတယ်။ သူက တစ်ခြားလူတွေကို မပျော်ရွှင်တဲ့အကြောင်းအရာတွေကတစ်ဆင့် ပျော်ရွှင်မှုကို ရယူတတ်ခြင်းဖြစ်ပါတယ်။
ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ
မိဘတစ်ဦးအနေနဲ့ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနေစဥ်မှာ သင်က အေးဆေးတည်ငြိမ်ပြီး တာဝန်သိသိနဲ့ ပြုမူလုပ်ဆောင်တတ်ဖို့လိုအပ်ပါတယ်။ သင့်ရဲ့ ဒေါသကို ရှေ့တန်းတင်ပြီးတော့ ကလေးတွေအတွက် ပြင်းပြင်းထန်ထန်အပြစ်ပေးတာဟာ ဘယ်တော့မှအကူအညီဖြစ်လာမှာမဟုတ်ပါဘူး။
သင့်ကလေးရင်ဆိုင်နေရတဲ့ ခိုးမှုပြဿနာကို သင်ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ချို့ကို မျှဝေပေးထားပါတယ်။

၁။ သင့်ကလေးကို ဘယ်တော့မှအပြစ်မတင်ပါနှင့်
သင့်ကလေးရဲ့ခိုးယူနေခြင်းကို သင်ကိုယ်တိုင်မမြင်တွေ့ရခင် (သို့) သင်လုံးဝယုံကြည်စိတ်ချရတစ်ဦးထံမှ ကြားသိရခြင်းမရှိရင် သင့်ကလေးကို မစွပ်စွဲပါနဲ့ဦး။ တစ်ခါတစ်ရံမှာ သင့်ကလေးက မှားယွင်းနေတဲ့ စွပ်စွဲချက်တွေ (သို့) နားလည်မှုလွဲခြင်းလည်း ဖြစ်နိုင်ပါတယ်။
၂။ သူ / သူမက မှားယွင်းသော (သို့) မကောင်းမှုတစ်ခုပြုလုပ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်းပြောပါ
ခိုးတတ်တဲ့ အမူအကျင့်ဟာ လူ့ပတ်ဝန်းကျင်က လက်ခံမထားဘူးဆိုတာ ကလေးတွေသိဖို့ လိုပါတယ်။ သင့်အနေနဲ့ သူတို့ကို ဒီလုပ်ရပ်ဟာ မှားယွင်းနေတယ်။ ဒါ့အပြင် နောက်ဆက်တွဲဆိုးကျိုးတွေမြောက်များစွာရှိနေကြောင်း ကလေးကို ရှင်းပြပါ။

၃။ စိတ်အေးအေးထားပါ
သင့်အသံကို မြှင့်တင်ခြင်း၊ ကလေးကို ရိုက်ခြင်း စတဲ့ ကြမ်းတမ်းတဲ့နည်းလမ်းတွေမသုံးပါနှင့်။ သင့်ကလေးက သူဟာ မှားယွင်းနေတဲ့အပြုအမူကို ပြုလုပ်နေကြောင်း နားလည်အောင်လုပ်ဖို့ လိုပါတယ်။ သူတို့က ကြောက်စိတ်ကြောင့် နောက်တစ်ကြိမ်မခိုးတော့ဘူးဆိုတဲ့ စကားမျိုးကို အတင်းအကျပ်မတောင်းဆိုပါနှင့်။
၄။ အမှားအတွက် တောင်းပန်စေပါ
သင့်ကလေးက သူအမှန်တကယ်ခိုးတယ်လို့ ဝန်ခံတဲ့အခါ ပစ္စည်းပိုင်ရှင်ကို တောင်းပန်စေပါ။ ခက်ခဲတဲ့ ခံစားချက်တွေကို ပြုပြင်တတ်ဖို့ လက်ဆောင်လေးတစ်ခုအဖြစ် ပေးပါ။ ဒါက သင့်ကလေးကို အရှက်တကွဲဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့်လည်း ထာဝရအမြဲတမ်းအတွက် ခိုးယူတာကို ရှောင်နိုင်အောင်ကူညီပါလိမ့်မယ်။

၅။ သင့်ကလေးကို ခွင့်လွှတ်ပါ
၎င်းက မိဘတစ်ဦးအနေနဲ့ ခက်ခဲသောကိစ္စဖြစ်ပေမယ့်လည်း သင်က ၎င်းကိုချစ်နေဆဲဖြစ်ပြီးတော့ ခွင့်လွှတ်ပြီးဖြစ်ကြောင်း သင့်ကလေးကို ပြသဖို့လိုအပ်ပါတယ်။ သင့်ကလေးကို ပွေ့ဖက်ခြင်း နှင့် နမ်းခြင်းကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါက သူသာအာရုံစူးစိုက်မှုကို လိုချင်နေတယ်ဆိုရင် ဒီနည်းလမ်းက မှားယွင်းကြောင်း သင်ရှင်းပြပါ။
၆။ အရင်းအမြစ်ကို ရှာပါ
တကယ်လို့ သင့်ကလေးရဲ့ ခိုးတတ်တဲ့အကျင့်ကို တားဆီးချင်တယ်ဆိုရင် ဒီဖြစ်ရပ်ကို ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းရင်းကို ရှာပါ။ သင့်ကလေးက အပေါင်းအသင်းမှားနေတယ်ဆိုရင် သူ့ရဲ့ဆရာနှင့် စကားပြောပြီးတော့ အဆက်အသွယ်ပြတ်အောင် လုပ်ပါ။

၇။ သင့်ကလေးနှင့် ချိတ်ဆက်ထားပါ
သင့်ရဲ့ မိုဘိုင်းဖုန်းတွေနှင့် လက်တော့ပ်တွေကို အချိန်အတန်ကြာပိတ်ထားပြီးတော့ သင့်ကလေးတွေနှင့်အတူ နှလုံးသားချင်းချိတ်ဆက်ထားပါ။ ဒီအချက်က သင့်ကလေးတွေနှင့် ရင်းနှီးချစ်ခင်မှုရရှိစေဖို့ ကူညီပေးပါလိမ့်မယ်။ ၎င်းက သင့်ကလေးကို ခိုးယူခြင်း အလေ့အကျင့်ကို ရပ်တန့်စေနိုင်တဲ့အပြင် သူတို့ရဲ့ လိုအပ်ချက်တွေကိုလည်း ဆွေးနွေးနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
၈။ ခိုးယူနိုင်မယ့် ဘယ်လိုအခွင့်အလမ်းမျိုးမှ မပေးပါနှင့်
သင့်ကလေးခိုးတတ်ကြောင်း သတိပြုမိတဲ့အခါ သူ့ကို ခိုးယူစေနိုင်တဲ့ ဘယ်လိုအခွင့်အလမ်းမျိုးကိုမှ မပေးပါနှင့်။ တန်ဖိုးကြီးပစ္စည်းတွေကို သေချာသိမ်းပါ။ သော့ခတ်ပါ။ ကလေးကို ပိုက်ဆံတိုက်ရိုက်မသုံးပါစေနဲ့။ ပိုက်ဆံအိတ် ၊ လက်ဆွဲအိတ်တွေကို ပိုက်ဆံများများထည့်မထားပါနှင့်။

၉။ ပိုင်ဆိုင်မှုကို သင်ကြားပါ
သင့်ကလေးတွေကို မှန်ကန်တဲ့ ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီးတော့ သိနားလည်ဖို့ သင်ပေးပါ။ သင့်ကလေးနှစ်ယောက် (သို့) နှစ်ယောက်ထက်ပိုတဲ့အခါ ကစားစရာတွေကို ပိုင်ဆိုင်မှုတွေကို သီးသန့်ခွဲဝေပေးထားပါ။ သင့်ကလေးတွေကို သူ့ရဲ့ အစ်ကို(သို့)အစ်မရဲ့ ကစားစရာတွေကို ခွင့်ပြုချက်တောင်းဖို့ နှင့် ကစားပြီးနောက်မှာ ပြန်ပေးရမယ်ဆိုတဲ့အကြောင်းတွေကိုပါ သင်ပေးပါ။
၁၀။ သင့်ကလေးရဲ့ ရိုးသားမှုကို ချီးမွမ်းပါ
သင့်ကလေးက အမှန်တရားကို ပြောဆိုတဲ့အခါ သူတို့ရဲ့ဝန်ခံခြင်းအတွက် သူ့ကို ကျေးဇူးတင်ပါ။ သင့်ရဲ့ ပိုက်ဆံအိတ်ပျောက်လို့ သင့်ကလေးတွေ့ပြီး ပြန်ပေးတဲ့အခါ သင့်ကလေးအားထုတ်မှုကို တန်ဖိုးထားပါ။ သင့်ကလေးက သင်မျှော်လင့်ထားတဲ့အတိုင်း လုပ်ဆောင်ခဲ့ကြောင်း ချီးမွမ်းပါ။
သင့်ကလေးက သကြားလုံးကို ခိုးခဲ့သလား၊ စျေးကြီးတဲ့ ပစ္စည်းတစ်ခုခုကို ခိုးခဲ့သလား၊ ပိုက်ဆံကိုခိုးခဲ့သလား ဘယ်အရာကိုပဲဖြစ်ဖြစ် ခိုးခြင်းဆိုတာ လက်မခံနိုင်စရာ အမူအကျင့်ဖြစ်ကြောင်း သင့်ကလေးကို ရှင်းရှင်းလင်းလင်းပြောပြဖို့လိုပါတယ်။