သင့်ကလေးက စကားနားမထောင်တဲ့အခါ သင်တုန့်ပြန်နိုင်မယ့်နည်းလမ်းကောင်း (၁၀)ချက်

0
18389
- Advertisement -

ကျွန်မတို့ကလေးတွေဟာ တစ်ခါတလေမှာ သူတို့ကို တစ်ခုခုလုပ်ဖို့၊ မလုပ်ဖို့ပြောတဲ့အခါ မလိုက်နာတာမျိုးတွေရှိပါတယ်။ သင့်ကလေးက ”သားမလုပ်နိုင်ဘူး/မလုပ်ချင်ဘူး”လို့ ပြောတဲ့အခါ၊ ကစားစရာတွေကို သိမ်းယူဖို့ပြောတဲ့အခါ (သို့) နားချိန်မှာ မနားတဲ့အခါ၊ သင်က အထဲဝင်ဖို့ အချိန်ရောက်ပြီလို့ သင်ပြောတဲ့အခါ သင့်စကားကို သူတို့က မကြားချင်ယောင်ဆောင်တွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါ့ကြောင့် သင့်လျော်တဲ့အရေးယူခြင်းက နားထောင်ခြင်းကို ပိုမိုလိုက်နာစေဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။

လိုက်နာမှုမရှိခြင်းက ကလေးတွေအတွက် အာရုံစူးစိုက်မှုများစွာ ရရှိစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ ၎င်းက အပျက်သဘောဆောင်တဲ့ အာရုံဖြစ်သော်လည်း အချို့သောကလေးတွေက ၎င်းကို လိုချင်ကြပါတယ်။ တကယ်တော့ လေ့လာမှုတစ်ခုအရ လိုက်နာမှုမရှိတဲ့ အပြုအမူတွေကို လျစ်လျူရှုခြင်းက ကလေးတွေကို ပိုမိုလိုက်လျောညီထွေဖြစ်စေဖို့ ထိရောက်ကြောင်း တွေ့ရှိရပါတယ်။ လိုက်နာမှုမရှိတဲ့အပြုအမူတွေကို တားဆီးဖို့ နောက်ထပ်နည်းလမ်းတစ်ခုက သင့်ကလေးကို နေ့စဥ်အပြုသဘောဆောင်တဲ့ အာရုံစူးစိုက်မှုပေးဖို့ပါပဲ။ အတူတူကစားပါ။ စကားပြောပါ (သို့) လမ်းလျှောက်ပါ၊ မိနစ်အနည်းငယ်အပြုသဘောဆောင်တဲ့ အာရုံစိုက်မှုကို ခံခြင်းက ဖီဆန်မှုကို လျှော့ချနိုင်ပါတယ်။

လိုက်နာရမယ့် အပြုအမူကို ချီးမွမ်းပါ

- Advertisement -

သင့်ကလေးက လိုက်နာဖို့ငြင်းဆန်တဲ့အခါ ကောင်းမွန်တဲ့အပြုအမူတွေကို သတိပြုမိဖို့ခဲယဥ်းပေမယ့် ရှာဖွေဖို့အရေးကြီးပါတယ်။ သင့်ကလေးတွေကို သူတို့ရဲ့လိုက်နာမှုကို ချီးကျူးဖို့ တစ်ခုတည်းသော ရည်ရွယ်ချက်အတွက် ရိုးရိုးလေးတောင်းဆိုမှုတွေကိုပင် သင်ပေးနိုင်ပါတယ်။ခ
ညစာစားပွဲမှာ ”ကျေးဇူးပြု၍ အမေ့ကို ငရုတ်သီးလေး ပေးပါဦး” လို့ သင်ပြောကောင်း ပြောနိုင်ပါတယ်။ အဲ့ဒီ့နောက် သူလိုက်နာတယ်ဆိုရင် ချက်ချင်း ”အမေ့ကို ခုလို ချက်ချင်းပေးခဲ့တဲ့အတွက် သား/သမီးကို ကျေးဇူးတင်ပါတယ်”လို့ ချီးမွမ်းပါ။ ချီးမွမ်းခြင်းဆိုတာ သူတို့ရဲ့လိုက်နာမှုကို တန်ဖိုးထားခြင်းဖြစ်ပါတယ်။

ထိရောက်တဲ့ ညွှန်ကြားချက်တွေပေးပါ

သင်ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့အပြုအမူတွေက အမှန်တကယ်ဖီဆန်ကြောင်း သေချာစေပါ။ သင့်ကလေးတွေက သင့်စကားကို မကြားတာလည်း ဖြစ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ဗီဒီယိုဂိမ်းကစားနေခြင်း (သို့) သူတို့ရဲ့ဖုန်းကို အသုံးပြုခြင်းနေခြင်းကြောင့် အာရုံလွှင့်ပျံ့နေတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ညွှန်ကြားချက်ကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ မျက်လုံးချင်းဆုံမိခြင်း (သို့) ပခုံးပေါ်လက်တင်ခြင်းက စကားမပြောခင် သူ့ကိုအာရုံရစေဖို့ ကူညီပါလိမ့်မယ်။ နောက်ခံဆူညံသံကို ပိတ်ပြီး သင့်ကလေးတွေက သင်ပြောတဲ့အရာကို အာရုံစိုက်နိုင်အောင် ပြုလုပ်ပါ။

ရွေးချယ်မှုတွေ ကမ်းလှမ်းပါ

ခုခံကာကွယ်တဲ့အပြုအမူတွေကို တိုက်ဖျက်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုက ရွေးချယ်မှုနှစ်ခုကို ကမ်းလှမ်းခြင်းဖြစ်ပါတယ်။ သင့်ရွေးချယ်မှုတွေကို ကမ်းလှမ်းတဲ့အခါ ကလေးတွေက အခြေအနေအပေါ် ထိန်းချုပ်မှုတွေရှိတယ်လို့ ခံစားရစေပါတယ်။ ”အခုချက်ချင်း မလုပ်ဘူးလား”ဆိုတဲ့ မေးခွန်းတွေ မေးခြင်းရှောင်ကြဥ်ပါ။ အကြောင်းရင်းကတော့ သင့်ကလေးက အလိုလျောက် ”မလုပ်ဘူး”လို့ ပြောပါလိမ့်မယ်။ ဒါ့ကြောင့် ရွေးချယ်စရာတွေ ပေးပါ။ ရွေးချယ်စရာမပေးခင်မှာ သင့်ကလေးရဲ့ ရွေးချယ်မှုနှင့်အတူ နေထိုင်နိုင်တာ သေချာပါစေ။

အဘွားရဲ့ စည်းမျဥ်းစည်ကမ်းကို အသုံးပြုပါ

အပျက်သဘောဆောင်တဲ့ အကျိုးဆက်တွေကို ထောက်ပြမယ့်အစား အဲဒီ့အတွက် မက်လုံးအဖြစ်ဘောင်ခတ်ထားတဲ့ အဘွားရဲ့ စည်းမျဥ်းကို အသုံးပြုခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်နိုင်ပါတယ်။ ပုံမှန်အသုံးပြုတဲ့အခါ ကလေးတွေက အခွင့်ထူးတွေရရှိလာတဲ့အခါ ၎င်းတို့ဟာ ထိန်းချုပ်မှုအချို့ရှိကြောင်း စတင်သိမြင်လာကြပါတယ်။
ဒါကြောင့် ”သင့်အခန်းကို မသန့်ရှင်းတာကြောင့် သင့်ဗီဒီယိုဂိမ်းကို မကစားခိုင်းဘူး”လို့ ပြောမယ့်အစား”သင့်အခန်းကို သန့်ရှင်းရေးပြီးတာနဲ့ ဗီဒီယိုဂိမ်းကစားနိုင်တယ်”လို့ ပြောပါ။ သင့်မက်ဆေ့ချ်က အနည်းငယ်ပြောင်းလဲမှုကြောင့် သင့်ကလေးအလုပ်လုပ်ဖို့ လှုံ့ဆော်ပေးနိုင်တယ်။

ပါဝါသုံးခြင်းကို ရှောင်ကြဥ်ပါ

မလိုက်နာတဲ့ ကလေးနှင့် အာဏာသုံးခြင်းကို ရှောင်ကြဥ်ပါ။ အဲဒီ့အစား If…..Then ကို သတိပေးချက်ကို သုံးပါ။ သတိပေးချက်တစ်ခုသာ ကမ်းလှမ်းပြီး လိုအပ်မယ်ဆိုရင် အကျိုးဆက်တွေကို လိုက်နာပါ။ သင့်ရဲ့ Ifပြီးရင် Thenကို မယိမ်းယိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ကတိမတည်ဘူးဆိုရင် သူတို့က တကယ်ဖြစ်လာမှာ မဟုတ်ဘူးလို့ သူတို့မထင်တဲ့အတွက် ပိုပြီး ဖီဆန်မှုကို အားပေးပါလိမ့်မယ်။

Chit_May_May

Nyein_Thu

Ref-verywellfamily

LEAVE A REPLY

Please enter your comment!
Please enter your name here