မေမေတို့ကလေးက စာရေးတဲ့အခါ လက်နှစ်ဖက်စလုံးကို အသုံးပြုနေပါသလား?

0
188
- Advertisement -

လူတွေမှာ ၁ရာခိုင်နှုန်းလောက်သာ ambidextrous ဖြစ်ပါတယ်။ ဆိုလိုတာက သူတို့ဟာ ဘယ်သန်လည်းမဟုတ်၊ ညာသန်လည်း မဟုတ်ဘဲ လက်နှစ်ဖက်စလုံးနဲ့ စာရေးခြင်း၊ ပုံဆွဲခြင်း၊ ပြုလုပ်နိုင်တာပါ၊၊ မိဘတွေအနေနဲ့ ကလေးငယ်တွေဟာ ဘယ်သန်လည်းမဟုတ်၊ ညာသန်လည်းမဟုတ်ကြောင်း သတိပြုမိပါက အနည်းငယ် စိတ်ပူစရာဖြစ်လာနိုင်ပါတယ်။ သို့သော် ဒါက မကောင်းတာမဟုတ်ပေမယ့်လည်း သင့်ကလေးအကြောင်းကို များစွာပြောနိုင်ပါတယ်။ ဒီလိုကလေးတွေအကြောင်းကို ပိုမိုလေ့လာနိုင်ဖို့အတွက် ambidextrous ကလေးတွေနှင့် ပတ်သတ်တဲ့ အချက်အလက်တစ်ချို့ကိုမျှဝေပေးလိုက်ပါတယ်။

၁။ သူတို့စိတ်ခံစားချက်တွေက ပိုပြီးလွှမ်းမိုးနိုင်ပါတယ်

“Inconsistent-handers”( လက်နှစ်ဖက်စလုံးသန်တဲ့သူ) တွေဟာ သူတို့ပတ်ဝန်းကျင်ရဲ့ ဖိအားအောက်မှာ ခံစားချက်အသစ်ကို အလွယ်တကူ ပြောင်းနိုင်ပါတယ်။ ဒီအယူအဆကို သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့မှ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုမှာ အတည်ပြုခဲ့ပါတယ်။ ambidextrous နှင့် ဘယ်သန်သူတွေကို ဂန္ထဝင်ဂီတ နားထောင်နေစဉ်မှာ ဝမ်းနည်းဖို့ကောင်းလား၊ ပျော်ဖို့ကောင်းလား?(သို့) စိုးရိမ်ပူပန်မှုဖြစ််စေတဲ့ အတွေးတွေဖြစ်သလား ?ဆိုတာ စဉ်းစားဖို့ တောင်းဆိုခဲ့ပါတယ်။ ရလဒ်တွေအရ ambidextrous တွေဟာ စမ်းသပ်မှုမပြီးခင် သူတို့ခံစားရပုံကို ပြောင်းလဲနိုင်ခြေ ပိုများကြောင်း တွေ့ရပါတယ်။

- Advertisement -

၂။ သူတို့က မတူညီတဲ့နည်းလမ်းနဲ့ မြင်နိုင်ပါတယ်

သုတေသနပြုချက်အရ ambidextrous လူတွေဟာ synesthesia လို့ခေါ်တဲ့ အာရုံခံမှုကြောင့် မတူညီတဲ့ နည်းလမ်းဖြင့် အရာဝတ္တုတွေကို မြင်ပြီး လေ့လာနိုင်တယ်လို့ ပြသထားပါတယ်။ ၎င်းဟာ လူတွေကို အပြန်အလှန်ချိတ်ဆက်ထားသော အာရုံများ ဖြစ််ပေါ်စေပါတယ်။ ဆိုလိုတာက ၎င်းတို့သည် စကားလုံးအရသာနှင့် အသံတွေကို မြင်နိုင်တာ (သို့) တစ်စုံတစ်ခုကို အနံ့ခံတဲ့အခါ သူတို့အရေပြားပေါ်မှာ ထိသလိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် အစားအသောက်ရဲ့အသံကိုကြားလိုက်ရုံနဲ့ ဘာအစားအစာလဲဆိုတာ စိတ်နဲ့ပုံဖော်ခန့်မှန်းနိုင်တာမျိုးဖြစ်ပါတယ်။ ဥပမာ-Reddit အသုံးပြုသူတစ်ယောက်က သူဟာ ‘Curious’ ဆိုတဲ့စကားလုံးကို ဖတ်ပြီး ပါးစပ်ထဲမှာ မုန်လာဥနီအရသာကို ခံစားနိုင်တယ်လို့ ဝေမျှခဲ့ပါတယ်။

၃။ သူတို့ဟာ အနုပညာ၊ ဂီတနှင့် အားကစားမှာ တော်ကြပါတယ်

ambidexterity ဖြင့်မွေးလာတဲ့ကလေးတွေဟာ အားကစား၊ အနုပညာ၊ ဂီတမှာပိုမိုထက်မြတ်လေ့ရှိပါတယ်။ ambidextrous ပါသော နာမည်ကြီးသူတစ်ချို့မှာ Lewis Carroll, Tom Cruise, Charlie Chaplin, Leonardo da Vinci နှင့် Nikola Tesla တို့ဖြစ်ပါတယ်။

၄။ သူတို့ဟာ အလွယ်တကူ စိတ်ပျံ့လွင့်နိုင်ပါတယ်

လေ့လာမှုတစ်ခုအရ ambidextrous ကလေးတွေဟာ ADHD ဖွံ့ဖြိုးဖို့နှင့် အာရုံစူးစိုက်ဖို့ အခက်အခဲ ပိုများကြောင်း တွေ့ရှိရပါတယ်။ ထို့ကြောင့် ငယ်ရွယ်စဉ်ကတည်းက သူတို့ကို Support လုပ်ပေးရမှာဖြစ်တာကြောင့် ကလေးငယ်တွေရဲ့ လှုပ်ရှားမှုတွေကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ၎င်းက သင့်ကလေးအား သူတို့ဘဝရဲ့ ကဏ္ဍအသီးသီးမှာ ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိစေဖို့ ကူညီပါလိမ့်မယ်။

၅။ သူတို့ဟာ ပိုမိုမြန်ဆန်စွာ သင်ယူနိုင်ပါတယ်

သုတေသနအရ ambidextrous ကလေးတွေဟာ အခြားကလေးတွေထက် မြန်မြန် သင်ယူနိုင်ပြီး ဘက်ပေါင်းစုံကျွမ်းကျင်သော၊ သဘောပေါက်လက်ခံလွယ်သော ကလေးတွေ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ဦးနှောက်ဟာ တခြားကလေးတွေရဲ့ ဦးနှောက်နဲ့ မတူဘဲ dominant hemisphere (သန်ရာဦးနှောက်ခြမ်း) မရှိကြလို့ပါ။

သင့်ကလေးက ambidextrous ကလေးမျိုးဖြစ်ရင် သင့်ကလေး ဘာလိုအပ်တယ်ဆိုတာကို နားလည်ပြီး သူတို့ဘဝလမ်းကြောင်းမှာ ကူညီပေးနိုင်အောင် အချို့သော အင်္ဂါရပ်တွေကို မျက်ခြည်မပြတ်စောင့်ကြည့်ပေးဖို့ လိုအပ်ပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here