
သင့်ရဲ့ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုတွေအားလုံးကို သင့်ရဲ့ ကလေးဆီမှာ ပုံအပ်ထားပေမယ့် သူတို့က သင့်ထက် သင့်ရဲ့ ပါတနာကို ပိုပြီး ကပ်တွယ်နေပြီး သူနဲ့ ပိုပြီးအချိန်ဖြုန်းနေတယ်ဆိုပါစို့။ သင့်ကလေးရဲ့ဘဝအခန်းကဏ္ဍတွေကနေ ပါဝင်ကူညီပေးနိုင်မယ့် သင်လုပ်နိုင်တဲ့အရာတွေရှိပါတယ်။ တစ်ခါတလေမှာလည်း ဒီပြဿနာတွေကို သင်ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းရမှာမဟုတ်ဘူးလို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။ အကယ်၍ ဖြစ်လာခဲ့မယ်ဆိုရင်ရော။
၁။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ အဖြေရှာပါ

သင့်ကလေးနဲ့ အချိန်ဖြုန်းတာများနေပြီဆိုရင် သူတို့က တစ်ခြားမိဘတစ်ယောက်နဲ့ အချိန်ဖြုန်းဖို့ ပိုပြီးစိတ်ဝင်စားလာပါလိမ့်မယ်။ တစ်ဖက်မှာလည်း သူတို့လိုအပ်တာကို သိပြီး ပိုပျော်ရွှင်ချင်တာကြောင့် သူတို့နဲ့ အချိန်ဖြုန်းတဲ့မိဘကို ပိုကြိုက်လာကြတာလည်းဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ သင်နဲ့ သင့်ပါတနာနှစ်ယောက်စလုံးက သင့်ကလေးတွေနဲ့ တူညီသော အချိန်ပမာဏကို အတူတူအချိန်ဖြုန်းဖို့ ကြိုးစားနိုင်ပါတယ်။
၂။ ပြီးခဲ့တဲ့ အချိန်တွေကို ပြန်သတိရပါ

ကလေးငယ်တွေဟာ မကြာခဏဆိုသလို မိဘတစ်ဦးထက် တစ်ခြားတစ်ဦးကို ပိုနှစ်သက်ကြပြီး ဒီအရာက သူတို့ရဲ့ လွတ်လပ်မှုကို ပြသသော နည်းလမ်းဖြစ်ပါတယ်။ သင့်ကလေးက သူတို့ကိုယ်ပိုင်ရွေးချယ်မှုတွေကို ပြုလုပ်ချင်ကြပြီး သူတို့နဲ့အတူ အချိန်ဖြုန်းချင်သူကို သူတိုကိုယ်တိုင်ရွေးချယ်ကြခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် မိခင်ဖြစ်သူက ညတိုင်း အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ကို ဖတ်ပြလေ့ရှိသူဖြစ်တယ်ဆိုရင် သူအဖေကို သူတို့ရဲ့ ပုံပြင်ဖတ်ပြသူအဖြစ် သူတို့ကိုယ်တိုင်ရွေးချယ်တာမျိုးဖြစ်ပါတယ်။ သင့်ကလေးရဲ့ လှုပ်ရှားမှုတစ်ခုချင်းအတွက် သင်စိတ်ထိခိုက်ရမယ်ဆိုရင်တောင် သူတို့က သင့်ကို အချစ်လျော့သွားခြင်းမဟုတ်ကြောင်း သတိရပါ။
ကလေးတွေမှာ လူနှစ်ယောက်ကို တစ်ပြိုင်နက်ချစ်နိုင်တယ်လို့ နားလည်ဖို့ ခဲယဉ်းပါတယ်။ ဒါက သူတို့ရဲ့ ဦးနှောက်အလုပ်လုပ်ပုံပါပဲ။ ကလေးတွေကို ကြီးပြင်းဖို့ အချိန်တစ်ခုပေးပါ။
၃။ သင့်ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်ပါ

သင့်ကလေးနဲ့ တစ်ခုခုလုပ်ချင်တဲ့အခါမှာ ကလေးဖြစ်သူက သင်နဲ့အတူ မကစားချင်ဘူးဆိုရင် သင်နာကျင်ခံစားရနိုင်ပါတယ်။ သို့ပေမယ့် စိတ်ခံစားမှုလွန်ကဲပြီး ဒေါသထွက်အော်ဟစ်တာမျိုး မဖြစ်စေဖို့ ကြိုးစားသင့်ပါတယ်။ ကလေးကို သူ့ရဲ့ ရွေးချယ်မှုအတွက် အပြစ်ရှိသလို မခံစားရစေဖို့ အခြေအနေကို ထိန်းသိမ်းပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးနဲ့အတူ ပိုမိုကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်စေဖို့ ကူညီပေးမှာဖြစ်ပြီး သင့်ခံစားချက်တွေကို မျှဝေနိုင်သလို စာနာနားလည်မှုကို သင်ပေးနိုင်ပါတယ်။
၄။ သင့်ကလေးကို စာနာပါ
အကယ်၍ တစ်ခါတရံမှာ ကလေးက မိခင်ရဲ့ ယုယမှုတွေကိုသာ လိုချင်နေကြပြီး ဖခင်ဖြစ်သူရဲ့ အကူအညီကို မလိုချင်ဘဲဖြစ်နေပါလိမ့်မယ်။ အကယ်၍ မိခင်ဖြစ်သူရှိနေချိန်ဆိုရင် ကလေးကို ရေချိုးပေးဖို့ မိခင်ဖြစ်သူက တာဝန်ယူနိုင်ပေမယ့် မရှိတဲ့အချိန်မှာတော့ ဖခင်ဖြစ်သူကပဲ တာဝန်ယူရပါတယ်။ ဒီအချိန်မှာ ကလေးက ဗြောင်းဆန်လာပါလိမ့်မယ်။ ဒေါသမထွက်ဖို့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ပြီး သင့်ကလေးကို သူတို့ရဲ့ ခံစားချက်တွေကို သင်နားလည်ကြောင်း ပြသပါ။ စိတ်ပျက်စရာဖြစ်ကြောင်း သင်နားလည်ကြောင်း သူတို့ကို အသိပေးပါ။ အခြေအနေအရပ်ရပ်တိုင်းမှာ သင်က သူတို့ကို ကူညီမယ့်သူဖြစ်ကြောင်း ရှင်းပြပါ။
၅။ သင်ဘယ်လောက်တန်ဖိုးရှိသလဲ ကိုယ့်ကိုယ်ကိုယ်အမြဲသတိပေးပါ

သင့်ကလေးက သင့်လက်တွဲဖော်ကို ရွေးချယ်တဲ့အခါမှာ စိတ်မကောင်းဖြစ်နိုင်ပေမယ့် ကိုယ့်ကိုယ်ကိုယ်မကောင်းတဲ့မိဘလိုမျိုး မတွေးမိပါနဲ့။ သင့်ရဲ့ လက်တွဲဖော်ထက် သင့်ရဲ့ မိဘအုပ်ထိန်းမှုက ပိုဆိုးတယ်လို့ ဘယ်တော့မှ မတွေးသင့်ပါဘူး။ အထူးသဖြင့် အကြိုက်ဆုံးတွေကို ရွေးချယ်ခြင်းက အဆင့်တစ်ခုမျှသာဖြစ်ပြီး ကလေးရဲ့ အကြိုက်တွေက သင့်ရဲ့ တန်ဖိုးနဲ့ မသက်ဆိုင်ပါဘူး။
၆။ ပါတနာရဲ့ အပြုသဘောဆောင်သော အပြုအမူတွေကို ဖော်ထုတ်ပါ
သင့်ကလေးနဲ့အတူရှိနေချိန် သင့်ပါတနာရဲ့ ကောင်းကွက်တွေကို အလေးပေးပြီး ကြည့်ပါ။ အထူးသဖြင့် သင့်ကလေးနှစ်သက်သော စရိုက်လက္ခဏာတွေကို မျှဝေတဲ့အခါ သင်နဲ့ သင့်ပါတနာအကြား ဆင်တူတာတွေကို ထောက်ပြနိုင်ပါတယ်။ သင်နဲ့ သင့်အမျိုးသားတို့ နှစ်သက်သောအရာတစ်ချို့ကို ကလေးအား မေးမြန်းပါ။ အမည်ပေးခိုင်းပါ။
Chit_May_May
Nyein_Thu
ref-themindjournal