၁။ ဒီနေ့ သား/သမီးဘယ်လို ခံစားရသလဲ
ဒီမေးခွန်းက ”ဒီနေ့ မင်းဘယ်လိုနေလဲ”ဆိုတာထက် အများကြီး ပိုသာပါတယ်။ ဒီမေးခွန်းနဲ့အတူ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ဆက်သွယ်ထားရာရောက်တဲ့အတွက် သူတို့ကိုပြည့်စုံတဲ့ ခံစားချက်တွေ ခံစားရစေဖို့ အဆင်ပြေပါတယ်။ ဒီအချက်က သူတို့ကို စာနာမှုပြသခြင်း ဒါ့အပြင် မကောင်းတဲ့ ခံစားချက်တွေထဲက တိုးထွက်လာနိုင်အောင် ကူညီပေးနိုင်ပါတယ်။
သူတို့ရဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီးတော့ မှတ်ချက်တွေမပေးပါနှင့်။ သင့်အနေနဲ့ ”ဟုတ်လား၊ ဒီကိစ္စအတွက် အမေစိတ်မကောင်းပါဘူး။ အမေ မင်းကို ချစ်တယ်၊ မင်းနဲ့အတူ ဒီနေရာမှာ ရှိနေတယ်၊ ဒီအခြေအနေမှာ အမေသာဆိုရင် ဒီလိုလုပ်မယ်” လို့ ပြောပါ။
တကယ်လို့ သူတို့က ဒါကို မလိုချင်ဘူးဆိုရင်လည်း ဒီအရာကို ထားခဲ့လိုက်ပါ။ သင့်အနေနဲ့ သူတို့နဲ့အတူ ရှိနေတယ်ဆိုတာက တစ်ခါတရံမှာ ခက်ခဲသော အခြေအနေတွေကို ဖြတ်သန်းသွားလာဖို့ လုံလောက်ပါတယ်။

၂။ ဒီကနေ့ မေမေနဲ့ ဘာလုပ်ချင်သလဲ
မိသားစုအလိုက် အတူတူနေထိုင်ခြင်းက မိဘတစ်ဦးအနေနဲ့ သင်လုပ်နိုင်သမျှထဲက အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်တွေ မှန်ကန်ပါစေ။ ဆိုလိုတာက သင်က သင့်ရဲ့ ဖုန်းကို တစ်ချိန်လုံး ကလိနေခြင်း (သို့) သင်လုပ်ချင်တဲ့အရာတွေကိုသာ လုပ်နေတာမျိုးတွေ မဖြစ်ပါစေနဲ့။
ကလေးတွေက (၁၅) မိနစ်လောက် သူတို့ချစ်တဲ့ အရာတွေကို သူတို့ချစ်တဲ့ မိဘတွေနဲ့ လုပ်ခွင့်ရမယ်ဆိုရင် ကမ္ဘာကြီးကို ပိုင်ဆိုင်ခွင့်ရတာပါပဲ။

၃။ ဒီနေ့ ဘာတွေဖြစ်ပျက်ခဲ့လဲ ပြုံးခဲ့လား (သို့) ရယ်ခဲ့လား…
ကွက်လပ်ဖြည့်ပါ။ အဓိကကတော့ သင်ဂရုစိုက်တာက သင်ဟာ သူ့နေ့ရက်တွေကို သင်သိဖို့ ဂရုစိုက်တယ်။ သူတို့ကို မညည်းမညူပြုစုပျိုးထောင်တယ်ဆိုတာ သင်သိဖို့ ဂရုစိုက်တယ်။ သူတို့ လုံခြုံတယ်လို့ ခံစားရတယ်ဆိုတာ သင်သိဖို့ ဂရုစိုက်တယ်။
သင့်ကလေးက သင့်ရဲ့ ဂရုစိုက်မှုကို သိဖို့လည်း လိုအပ်ပါတယ်။ သင့်ကလေးနဲ့ စိတ်ခံစားမှုဆိုင်ရာ ဆက်ဆံရေးတွေမှာ စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်။ သင့်လက်ထဲမှာ သူတို့ရဲ့ နှလုံးသားသေးသေးလေးကို ကိုင်မြှောက်ထားတယ်ဆိုတာ နားလည်ပါ။ ဒါ့ကြောင့် အမြဲတမ်း သတိထားပါ။

၄။ ဒီကနေ့အတွက် ဘာတွေကို ကျေးဇူးတင်သလဲ
ယဥ်ကျေးတဲ့ အပြုအမူတွေ၊ ကောင်းမွန်တဲ့ စကားပြောဆိုမှု တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို မေးခြင်းနှင့်အတူ သူတို့ရဲ့ ဘဝမှာ ဖြစ်ပျက်နေတဲ့ ကောင်းမွန်တဲ့အရာတွေကို သူမြင်အောင် သင်ကူညီဖို့ အရေးကြီးပါတယ်။
အကြောင်းပြချက်တစ်ချို့ကြောင့် မိသားစုတွေ စကားပြောဖို့ အကောင်းဆုံးအချိန်က အိပ်ရာဝင်ချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ကျေနပ်ရောင့်ရဲတဲ့ ကလေးတွေကို ကျွန်တော်တို့ ဘယ်လိုပြုစုပျိုးထောင်ကြမလဲ။ သူတို့ကို နေ့စဥ်နေ့တိုင်း ဘာတွေကို ကျေးဇူးတင်ခဲ့ရသလဲဆိုတာမျိုး သူတို့ကို မေးမြန်းနိုင်ပါတယ်။

၅။ သား/သမီး ပြောဖို့ ခက်ခဲနေတဲ့ ပြောချင်တဲ့အကြောင်းအရာတစ်ခုခု ရှိသလား
ဒီမေးခွန်းကိုတော့ နေ့တိုင်းမေးဖို့ မလိုပါဘူး။ သူတို့က အကြောင်းအရာတစ်ခုခုနဲ့ ပတ်သက်ပြီး ဝမ်းနည်းနေချိန် (သို့) စိတ်ရှုပ်ထွေးနေတယ်လို့ သင်ထင်တဲ့အချိန်မှာ မေးလို့ရပါတယ်။ သင့်ကလေးအတွက် လုံခြုံစိတ်ချရတဲ့ ဇုန်တစ်ခုဖန်တီးထားပါ။ စကားစမြည်ဝိုင်းမှာ ကလေးတွေကို မှတ်ချက်မပေးဘဲ သူတို့ဘက်မှာ အမြဲရှိနေတယ်ဆိုတာကို သူတို့ကို သိစေချင်ရုံပါပဲ။ လွတ်လပ်စွာ ဝေမျှနိုင်မယ့် နေရာတစ်ခု ဖန်တီးထားပါ။
”ဒီအကြောင်းအရာက ပြောပြဖို့ ခက်ခဲလိမ့်မယ်”လို့ အစပေးပြီးတော့ သူတို့ရဲ့ ခက်ခဲတဲ့ အချိန်တွေကို အသိအမှတ်ပြုပါ။ သင်က လုံးဝယုံကြည်စိတ်ချရသူ၊ လုံခြုံစေနိုင်သူဆိုတာကို သူတို့သိဖို့ ပိုအရေးကြီးပါတယ်။
Chit_May_May
Nyein_Thu
Ref-wordfromthebird