
သင့်ကလေးကို သင်အကောင်းဆုံး သင်ကြားပေမယ့်လည်း သင့်ကလေးက စာဖတ်တတ်ဖို့ ခက်ခဲနေပါသလား။ သင့်ကလေးအသက်ကြီးလာတာနဲ့အမျှ သူက ပညာတတ်တစ်ယောက်ဖြစ်ဖို့ ခက်ခဲမှာ စိုးရိမ်နေပါသလား။ စာဖတ်ခက်ခဲတဲ့ရောဂါကြောင့် သင့်ကလေးက ရွယ်တူချင်းမှာ နောက်ကျကျန်ခဲ့မှာကို စိုးရိမ်နေပါသလား။ ဒါတွေအားလုံးကို သင်အဖြေရှာနိုင်ဖို့ ၊ ပြဿနာတွေအားလုံးကို နားလည်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေချင်တယ်ဆိုရင် ခုနေရာမှာ dyslexia အကြောင်း အပြည့်အစုံမျှဝေထားပါတယ်။

၁။ Dyslexia ဆိုတာ ဘာလဲ
dyslexia က အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီးတော့ သင့်ကလေးရဲ့ ဦးနှောက်က ရေးထားတဲ့ စကားလုံးတွေနှင့် ပြောဆိုတဲ့ ဘာသာစကားတွေကို လက်မခံနိုင်တဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် ၎င်းက စာဖတ်ခြင်းမှာ တွေ့ရတဲ့ အခက်အခဲနှင့် ဆက်စပ်နိုင်ပါတယ်။ reading disorder & reading disability တွေက dyslexia ရဲ့ အမည်ကွဲတွေဖြစ်ပါတယ်။ စာဖတ်ရာမှာ အခက်အခဲဖြစ်စေတဲ့အပြင် စာရေးသားခြင်း၊ စာလုံးပေါင်းခြင်း (သို့) ကောင်းမွန်စွာ ပြောဆိုနိုင်ခြင်းတွေအပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။
Dyslexia ဆိုတာ သင့်ကလေးရဲ့ ဉာဏ်ရည်ထက်မြက်မှုနဲ့ မဆိုင်ပါဘူး။ သင့်ကလေးက စကားမပြောနိုင်လို့ မဆိုလိုပါဘူး။ ဒါ့အပြင် သူက ကျောင်းမှာဖြစ်စေ၊ ဘဝရဲ့ ရှုပ်ထွေးစေတဲ့ အခြားဘယ်လိုပြဿနာမျိုးကိုမဆို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ မဆိုလိုပါဘူး။ dyslexia ရှိတဲ့ ကလေးတစ်ယောက်က စကားပြောနေစဥ် (သို့) စာဖတ်နေစဥ်မှာ တစ်ခြားသတင်းအချက်အလက်တွေကို လုပ်ဆောင်ဖို့ အချိန်ပိုယူတတ်တယ်လို့ ဆိုလိုပါတယ်။

ကလေးအများစုက ကျောင်းရောက်ရောက်ချင်းမှာ dyslexia ရောဂါကို ခံစားရဦးမှာ မဟုတ်ပါဘူး။ သင့်ကလေးက အမြဲသင်ယူနိုင်စွမ်းမရှိတာကြောင့် စိတ်ပျက်မိနိုင်ပါတယ်။ အဖြစ်အပျက်တော်တော်များများမှာတော့ dyslexia ရောဂါခံစားနေရတဲ့ ကလေးတွေဟာ အောင်မြင်သော အလုပ်အကိုင်တွေရှိလာတတ်ကြပြီးတော့ စာဖတ်ခြင်းနှင့် စာရေးခြင်း အခက်အခဲတွေကို သေးငယ်တဲ့ ချို့ယွင်းချက်တစ်ခုအဖြစ် ထည့်သွင်းစဥ်းစားတတ်တဲ့ စမတ်ကျတဲ့ အရွယ်ရောက်သူတွေဖြစ်လေ့ရှိပါတယ်။
Dyslexia အမျိုးအစားတွေက ဘာတွေလဲ
ဖွံ့ဖြိုးမှုဆိုင်ရာ Dyslexia -၎င်းက မွေးရာပါရောဂါအမျိုးအစားတစ်ခုဖြစ်ပါတယ်
Acquired Dyslexia – ဒါဟာ ဦးနှောက်ရောဂါတစ်ခု (သို့) အယ်လ်ဇိုင်းမားအဖြစ်တိကျတဲ့ စိတ်ရောဂါရဲ့ ရလဒ်လည်း ဖြစ်နိုင်ပါတယ်။

Dyslexia ကို ဖြစ်စေတဲ့ အကြောင်းအရာများ
Dyslexia ကို ဖြစ်စေတဲ့ အကြောင်းရင်း အတိအကျသိရှိနိုင်တဲ့ သုတေသနမရှိသေးပါဘူး။ ဒီအခြေအနေကို ဆရာဝန်တွေ မီးမောင်းထိုးပြတဲ့ တစ်ချို့အချက်တွေကတော့
- စာဖတ်ခြင်းဆိုင်ရာ ရောဂါတွေက မိသားစုသမိုင်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ ဒီရောဂါကို အချို့မိသားစုဝင်တစ်ယောက်ယောက်ကလည်း ကြုံတွေ့ရနိုင်ပါတယ်။
- Dyslexia ရဲ့ အကြီးမားဆုံးအကြောင်းတရားတွေကတစ်ခုကတော့ ဘာသာစကားရဲ့ အသံအမျိုးမျိုးကို စနစ်တကျခွဲခြားသတ်မှတ်နိုင်စွမ်းမရှိနိုင်တာပါ။ သတင်းအချက်အလက်တစ်ခုကို နားလည်ဖို့ နှောင့်နှေးကြန့်ကြာနေခြင်းကလည်း အသံပုံစံတွေကို နားလည်ဖို့ ဘာသာစကားတစ်ခုကို သင်ယူဖို့ အခက်အခဲဖြစ်စေနိုင်ပါတယ်။

သင့်ကလေးမှာ Dyslexia ရဲ့ လက္ခဏာတွေကို ဘယ်လိုရှာဖွေတွေ့ရှိနိုင်မလဲ
ကလေးငယ်တွေမှာ Dyslexia တွေကို ရှာဖွေဖို့ ခက်ခဲတာကြောင့် စာဖတ်စွမ်းရည်တိုးတက်စေနိုင်တဲ့ ဘယ်လိုအကူအညီမှ မရရှိတတ်ပါဘူး။ သင့်ကလေးကို စာဖတ်ချိန်ပိုပေးပြီးတော့ သူနဲ့အတူ တိုးတက်လာပါလိမ့်မယ်လို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်။ သင့်ကလေးရဲ့ မူကြိုကျောင်းမှာ သင်သတိထားသင့်တဲ့ dyslexia ရဲ့ လက္ခဏာတွေကတော့
- စကားပြောဖို့ ခက်ခဲခြင်း
- ရှည်လျားသော စကားလုံးတွေကို အသံထွက်ဖို့အတွက် ခက်ခဲခြင်း (တစ်ခြားလူတွေ အဆင်ပြေပေမယ့်)
- စကားလုံးတွေရဲ့ စည်းချက်တွေကို နားလည်နိုင်စွမ်းမရှိခြင်း
- အက္ခရာ၊ နံပါတ်များ၊ အရောင်များ၊ ပုံသဏ္ဍာန်များ (သို့) ရက်သတ္တပတ်တွေကို လေ့လာဖို့ ခက်ခဲပါတယ်။
- သူ့နာမည်ကို စာလုံးပေါင်းကို မစွမ်းနိုင်ခြင်း
- (ဥပမာ cowboy ၊ cat၊ bag၊ bad ဟူသော စကားလုံးလေးတွေကို စာလုံးမပေါင်းနိုင်ခြင်း၊ အသံမထွက်နိုင်ခြင်း)
- သေးငယ်ပြီး ရိုးရှင်းတဲ့ စကားလုံးတွေကို အသံထွက်ဖို့ ခက်ခဲပါတယ်။
- မှန်ကန်တဲ့ အက္ခရာစဥ်အလိုက် စကားလုံးတွေကို မဖတ်နိုင်ခြင်း

အသက်ကြီးလာတဲ့ ကလေးတစ်ယောက်ရဲ့ Dyslexia လက္ခဏာများ
- သင့်ကလေးက စာလုံးပေါင်း (သို့) စာမဖတ်တတ်တဲ့သူတွေလို အခြားအတန်းဖော်ကလေးတွေနဲ့ စာဖတ်ဖို့လည်း ကြိုးစားကြမှာမဟုတ်ပါဘူး
- အမြဲတမ်းလိုလို စာဖတ်ခြင်း၊ စာရေးခြင်းတွေကို အတတ်နိုင်ဆုံးရှောင်ကြဥ်ဖို့ ကြိုးစားနေပါလိမ့်မယ်။
- စာဖတ်တဲ့အခါ၊ စာရေးတဲ့အခါ တော်တော်နဲ့ မပြီးဘဲ ရှိနေတတ်ပါတယ်။ အချိန်ဇယားတွေအလိုက် သူအချိန်မှီပြီးနိုင်မှာ မဟုတ်ပါဘူး။
စာဖတ်ခြင်း၊ စာရေးခြင်း၊ ပြောဆိုခြင်းစတဲ့ ဘာသာစကားအသစ်တွေကို သင်ယူဖို့ အခက်အခဲရှိနိုင်ပါတယ်။
Dyslexia ရဲ့ ရောဂါနှင့် ကုသမှု
ကလေးမှာ dyslexia လက္ခဏာတွေကို သင်တွေ့ရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ပါ။ သူက ကလေးစိတ်ပညာရှင် (သို့) Dyslexia အထူးကုနဲ့ တိုင်ပင်ဖို့ အကြံပေးပါလိမ့်မယ်။

ရောဂါရှာဖွေရေး
ဆရာဝန်က သင့်ရဲ့ မိသားစုသမိုင်းကို မေးမြန်းပြီးတော့ မိသားစုအတွင်း မည်သူမဆိုစာဖတ်ခြင်း၊ စာရေးခြင်း (သို့) ပြောဆိုခြင်းနှင့် ပတ်သက်ပြီးတော့ ပြဿနာရှိသူ ရှိမရှိ သိဖို့လိုပါလိမ့်မယ်။ ဒါ့အပြင် သင့်ကလေးရဲ့ အခြားကျန်းမာရေးအခြေအနေတစ်ခုခုကို ဖယ်ရှားဖို့ သင့်ကလေးကို စမ်းသပ်မှုအချို့ပြုလုပ်ပါလိမ့်မယ်
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကို ဖယ်ရှားဖို့ စိတ်ပညာရှင်က သင့်ကလေးကို အကဲခတ်ပါလိမ့်မယ်
တစ်ခါတစ်ရံ သင့်ကလေးက ယဥ်ကျေးမှုအသစ် (သို့) ပတ်ဝန်းကျင်အသစ်နှင့် လိုက်လျောညီထွေဖြစ်ခြင်းရဲ့ ဖိစီးမှုကြောင့် သင်ယူမှုအခက်အခဲနှင့် ကြုံတွေ့ရနိုင်ပါတယ်။ စာဖတ်ခြင်းဆိုင်ရာ အထူးကျွမ်းကျင်သူတစ်ဦးက စာဖတ်ခြင်းဆိုင်ရာ အခက်အခဲတစ်ချို့ကို စမ်းသပ်မှုပြုလုပ်ပြီးတော့ ပြဿနာကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။
ကုသခြင်း
သင့်ကလေးရဲ့ သင်ယူမှုစွမ်းရည်နှင့် dyslexia ပြင်းထန်မှုအခြေခံပြီးတော့ သင့်ကလေးအတွက် ကုသမှုအစီအစဥ်ကို ဆရာဝန်က အကြံပေးပါလိမ့်မယ်။ သင့်ကလေးတွေကို သူ့ရဲ့ ပညာရှင်တွေနှင့် အဆင်ပြေစေဖို့ တစ်တန်းတည်း သူငယ်ချင်းတွေရဲ့ အကူအညီလိုကောင်းလိုပါလိမ့်မယ်။ တစ်ခါတရံမှာ သင့်ကလေးက စာဖတ်ခြင်းအထူးကု၊ စိတ်ပညာရှင်နှင့် သူ့ရဲ့ ဆရာတွေကလွဲပြီးတော့ သင့်ရဲ့ အကူအညီတွေကိုလည်း တောင်းခံနိုင်ပါတယ်။
Chit_May_May
Nyein_Thu
Ref-momjunction