သင့်ကလေးကို အားပေးဖို့ ၊ စိတ်ဓာတ်တက်ကြွစေမယ့်နည်းလမ်းတွေကို စဥ်းစားဖူးပါသလား? သင့်ကလေးက သူငယ်ချင်းတွေနဲ့ စကားများရန်ဖြစ်တာတွေ၊ ကျောင်းမှာ အဆင့်တွေကျလာတာတွေ ၊ ဆရာတစ်ဦးရဲ့ သဘောမကျတဲ့ မှတ်ချက်တွေနဲ့ တစ်ခြားစိတ်ပျက်စရာအတွေ့အကြုံတွေကို ခံစားရနိုင်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ သူတို့ကို ကူညီနိုင်မယ့်အကောင်းဆုံးနည်လမ်းက အားပေးခြင်းဖြစ်ပါတယ်။ သို့ပေမယ့် အမှန်တကယ်အားပေးတယ်ဆိုတာ သေချာဖို့လိုပါတယ်။ ကံမကောင်းစွာနဲ့ပဲ မိဘတွေဟာ သူတို့ရည်ရွယ်ထားတဲ့အတိုင်းဖြစ်မလာဘဲ လွဲချော်သွားတတ်ပါတယ်။
ဒါကြောင့် ဒီကနေ့မှာ ခံနိုင်ရည်ရှိပြီး အပြုသဘောဆောင်တဲ့ ကလေးတစ်ယောက်ပိုင်ဆိုင်ရစေဖို့ ပြုစုပျိုးထောင်နည်းလေးတွေကို မျှဝေပေးထားပါတယ်။

၁။ ရလဒ်တွေက ဘယ်လိုပဲဖြစ်နေပါစေ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါ
ကြိုးစားအားထုတ်မှုအောင်မြင်လာတဲ့အခါ သင့်ကလေးကို ပြောရမယ့်စကားလုံံးကို အရင်လေ့လာပါ။ ဒီစကားလုံးတွေကို အမြဲတမ်းအသုံးပြုပါသလား?
”ဂုဏ်ယူပါတယ် သားရေ”
”သားက အရမ်းညဏ်ကောင်းတာပဲ၊ စမတ်လည်း ကျတယ်”
”သားက အားကစားသမားတစ်ယောက်နဲ့ အရမ်းတူတယ်” ။ ဟုတ်ပြီ ။ တကယ်လို့ သူတို့အောင်မြင်မှုမရနိုင်တဲ့အခါ သူတို့ကို ဒီ့ထက်ပိုကြိုးစားဖို့၊ နောက်တစ်ကြိမ်ထပ်ပြီး စမ်းသပ်ဖို့ သင်အားပေးကောင်းပေးပါလိမ့်မယ်။ ဒါဟာ မိဘတွေပုံမှန်လုပ်နေကြပါပဲ၊ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဘယ်လိုမိဘမျိုးပဲဖြစ်ဖြစ် သူတို့ရဲ့ ကလေးတွေကိုတော့ အားပေးမှာပါပဲ။ သို့ပေမယ့် ကလေးက အမှန်တကယ်ကြိုးစားတဲ့အချိန်မှာ ချီးမွမ်းစကားမပြောဘဲ အားပေးရုံပဲ အားပေးနေတာက ဖြစ်သင့်ပါသလား။ အောင်မြင်မှုသီးသန့်ကိုပဲ ချီးမွမ်းခံရတဲ့ ကလေးတွေဟာ လက်တွေ့မှာ ကြိုးစားအားထုတ်ဖို့နှင့် မိမိကိုယ်ကိုယ်တိုးတက်ဖို့ ကြိုးစားမှုတွေမှာတော့ လျော့သွားနိုင်ပါတယ်။

အထူးသဖြင့် ကလေးတွေဟာ သူတို့အောင်မြင်မှုကို အသေအချာရဖို့အတွက် ဘယ်လိုနည်းလမ်းနဲ့မဆို ကောက်ကျစ်တဲ့နည်းလမ်း၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့နည်းလမ်းတွေနဲ့ ယှဉ်ပြိုင်ပါလိမ့်မယ်။ သူတို့အတွက် ချီးမွမ်းခံရခြင်းကသာ အဓိကဖြစ်သွားပါတယ်။
ချီးမွမ်းခြင်းကနေ အမှန်တကယ်အကျိုးကျေးဇူးရရှိသွားတဲ့ကလေးတွေဆိုတာ ကြိုးစားအားထုတ်မှုရဲ့ ရလဒ်ကိုသာ အသိအမှတ်ပြုတဲ့ မိဘတွေကြောင့်ပါ။ ဒီလိုကလေးတွေဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပိုကြိုးစားတယ်၊ သူတို့ကိုယ်သူတို့စိန်ခေါ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကြိုးစားအားထုတ်မှုအတွက် သူတို့ရဲ့ မိဘတွေဆီက သူတို့ကိုယ်တိုင်လိုချင်တဲ့ အပြုသဘောကတိသစ္စာတွေကို ပိုင်ဆိုင်ရစေတာကြောင့်ပါ။ ဒီနေရာမှာ ရလဒ်တွေအစား ကြိုးစားအားထုတ်မှုကို ချီးမွမ်းတဲ့စကားစုအနည်းငယ်ကို လေ့လာကြည့်ပါ။

”ဒီ project ကို သားအချိန်အတော်ကြာ တော်တော်ကြိုးစားခဲ့တယ်ဆိုတာ အမေသိတယ်”
”ဒီဝေါဟာရစကားလုံးတွေကို အလွတ်ကျက်ဖို့ အမှန်တကယ်ကြိုးစားနေတာပဲ”
” ၂ နာရီလုံးလုံး သား တကယ်လေ့ကျင့်နေတာပဲ၊ သားအတွက် ဂုဏ်ယူပါတယ်”။

၂။ Open – End မေးခွန်းတွေကို မေးပါ
ကလေးတွေကို စိတ်အားတက်ကြွစေဖို့၊ အားပေးနိုင်ဖို့ နောက်တစ်နည်းကတော့ သူတို့ကို ရိုးရိုးရှင်းရှင်းပြောဆိုခွင့်နှင့် ၎င်းတို့ကို အမှန်တကယ်နားထောင်ပေးဖို့ပဲဖြစ်ပါတယ်။ သင့်ကလေးတွေက သူတို့ရဲ့ ဘဝမှာဖြစ်ပျက်နေတဲ့ အရာတွေအကြောင်း ပြောဆိုဖို့ခွင့်ပြုပါ။ ”ဒီလိုအဖြစ်အပျက်တွေ ဘာကြောင့်ဖြစ်လာရတယ်လို့သားထင်လဲ” ”သူမအဲဒီလိုပြောလိုက်တဲ့အခါ သားဘယ်လိုခံစားရသလဲ”

ဒီလိုလုပ်တာက အလုပ်နှစ်ခုကို ပြီးမြောက်စေပါတယ်။ ပထမတစ်ခုက မိဘတွေဟာ စကားစမြည်ပြောခြင်းကို သင်ကြားပို့ချခြင်း (သို့) သင်ကြားခြင်းဆိုင်ရာသင်ခန်းစာတွေအဖြစ်ပြောင်းလဲခြင်းကို ရှောင်ရှားခြင်းပါ။ နောက်တစ်ခုက သင့်ကလေးကို မိမိကိုယ်တိုင်သိဖို့နှင့် သူတို့ရဲ့ ခံစားချက်တွေကို ပိုမိုလေ့လာဖို့လည်း တိုက်တွန်းနိုင်ပါတယ်။ သို့ပေမယ့် သင့်ကလေးကို မဝေဖန်ဘဲ သင့်နဲ့ကောင်းကောင်းဆွေးနွေးဖို့ အရေးကြီးတာ သတိရပါ။

၃။ သူတို့ရဲ့ ကျရှုံးမှုတွေအကြောင်း ပွင့်ပွင့်လင်းလင်းရင်ဖွင့်ပါစေ
ကလေးတွေဟာ တစ်စုံတရာအမှားလုပ်မိတယ်ဆိုရင် (သို့) အမှားတစ်ခုလုပ်လိုက်မိတယ်ဆိုရင် ၎င်းတို့က ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်းရှိတော့သလိုမျိုး ခံစားရပါတယ်။ ဒီခံစားချက်ဟာ အလွန်အမင်း အထီးကျန်နေရုံသာမက သင့်ကလေးအတွက် အလွန်စိတ်ဓာတ်ကျစေနိုင်ပါတယ်။
ဒီလိုအချိန်မှာ မိဘတွေအနေနဲ့ လုပ်နိုင်တဲ့အကောင်းဆုံးအလုပ်ကတော့ သင့်ရဲ့ အမှားတွေနှင့် ရှုံးနိမ့်မှုတွေအကြောင်း ပုံပြင်တွေကို မျှဝေခြင်းနှင့် ဘယ်လိုပြန်လည်နာလန်ထူနိုင်ပြီး ရှေ့ဆက်သွားနိုင်တယ်ဆိုတာ ပြသခြင်းဖြစ်ပါတယ်။

၄။ သင်ဘယ်လိုကူညီနိုင်တယ်ဆိုတာ သူတို့ကပဲ ပြောပါစေ
မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို အားပေးဖို့ ကြိုးစားတဲ့အခါ ပြဿနာဖြစ်တာက ကလေးရဲ့ စိတ်ဆန္ဒတွေအရ မဟုတ်ဘဲ သူတို့ရဲ့ စိတ်သဘောအတိုင်းကူညီဖို့ ကြိုးစားကြခြင်းပါ။ ကလေးကျရှုံးတဲ့အခါ အားပေးတဲ့အနေနဲ့ လက်ဆောင်တွေပေးဖို့ကြိုးစားတာက ကလေးအတွက်လိုအပ်တယ်ဆိုရင် ကောင်းမွန်ပေမယ့် မလိုအပ်ဘဲ ပေးမိတယ်ဆိုရင် စိတ်ရှုပ်စရာတွေနှင့် စိတ်ဓာတ်ခြင်းတွေသာ ဖြစ်စေပါလိမ့်မယ်။ စိတ်ဓာတ်ကျခြင်းဆိုတာက သင့်ကလေးက သူ့မိဘတွေဟာ သူ့အပေါ်မှာ နားလည်မှုမရှိဘူးဆိုတဲ့ အတွေးကြောင့်ပါ။ သူတို့ဘာလိုအပ်နေတယ်ဆိုတာ မေးမြန်းပြီး သူတို့ပြောစကားကို နားထောင်ဖို့ဖြစ်ပါတယ်။ ကလေးဟာ ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်လည်လုပ်ဆောင်ဖို့နှင့် ဆွေးနွေးမှုတွေမပါဘဲ တစ်ယောက်တည်းနေဖို့အတွက်လည်း လိုအပ်ပါသေးတယ် (အသက်အရွယ်အရ) ။
Chit_May_May
Nyein_Thu
Ref- themindjournal