မိခင်တစ်ယောက်ဖြစ်ခြင်းဆိုတာ သင်နဲ့လုံး၀သက်ဆိုင်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးတွေကို ၀န်ထုပ်၀န်ပိုးဖြစ်စေတဲ့ သင့်ရဲ့ပျော်ရွှင်မှုကို မယူဆောင်လာပါနဲ့။ မိခင်တစ်ယောက်ဖြစ်ရတာဟာ ကြမ်းတမ်းပြီး ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရုတ်တရက်ဆိုသလို သင့်အနေနဲ့ သင့်အပေါ်မှာ လုံးလုံးလျားလျားမှီခိုနေရတဲ့ လူပုဂ္ဂိုလ်တစ်ယောက်ကို တာ၀န်ယူရတာဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ သင့်ကလေးတွေကို ၎င်းတို့ကို ၀န်ထုပ်၀န်ပိုးဖြစ်တယ်လို့ ခံစားရစေတယ်ဆိုရင် သင်တို့ရဲ့ ဆက်ဆံရေးကလည်း တင်းမာလာစေပါလိမ့်မယ်။ နောက်ပြီး သင့်ကလေးနဲ့ ပါလာတဲ့ စိတ်ပိုင်းဆိုင်ရာအကျိုးဆက်တွေက ကြာရှည်စွဲမြဲနိုင်ပါတယ်။ လူတိုင်းဟာ ချစ်ခြင်းမေတ္တာနဲ့တန်ဖိုးထားမှုကို ခံစားချင်ကြပါတယ်။

၁။ မိခင်တစ်ယောက်ဖြစ်လာဖို့ ဆုံးဖြတ်ချက်ချခြင်း
မိခင်တစ်ယောက်ဖြစ်ဖို့ သင့်အနေနဲ့ ဘယ်လိုလူမှုရေးနှင့် မိသားစုဖိအားတွေရှိနေပါစေ၊ ကိုယ်ပိုင်ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ ကလေးယူဖို့ ဆုံးဖြတ်လိုက်တယ် ဘယ်လိုပြဿနာတွေ၊ အခက်အခဲတွေကြုံလာပါစေ ဒီလမ်းအတိုင်းသွားမယ်လို့ မင်းဆုံးဖြတ်ခဲ့တာကို သတိရပါ။
၂။ ခြွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာသည်သာ သော့ချက်
သင့်ရဲ့ကလေးတွေဟာ အစားအစာ၊ ချစ်ခြင်းမေတ္တာနှင့် လုံခြုံမှုအတွက် သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ သင့်အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ဟာ သူတို့ကိုယ်သူတို့မကျွေးမွေးနိုင်သေးခင်မှာ သူတို့မိဘတွေအမြဲတမ်းရှိနေမယ်ဆိုတာ ယုံကြည်ဖို့လိုပါတယ်။ သူတို့ရဲ့ ဘ၀တွေဟာ ဒီအရာတွေအပေါ်မှာ မူတည်ပါတယ်။

မိခင်တစ်ဦးဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေမှာ ဘယ်လောက်အထိအရေးပါတယ်ဆိုတာ နားလည်ထားသင့်ပါတယ်။ ဒါဟာ သူတို့ရဲ့ ပထမဆုံးနှင့် အရေးအကြီးဆုံးဆက်ဆံရေးပါပဲ။ ကလေးတွေအတွက် သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို သတိရတတ်တဲ့မိခင်နှင့် အတူကြီးပြင်းလာရခြင်း၊ သူတို့ကို ဂရုစိုက်ဖို့ မေ့နေခဲ့တဲ့အရာတွေအားလုံးက ကလေးတွေရဲ့ စိတ်ကို ထိခိုက်စေပါတယ်။
သင့်ကလးက သင်ဟာ သူတို့ကိုမလိုချင်ဘူးဆိုတာ သူတို့နားလည်လာပါလိမ့်မယ်။ သူတို့က သင်မျှော်လင့်ထားတဲ့အရာမဟုတ်ဘူးဆိုတာ သိရတဲ့အခါ သူတို့က ပျော်ရွှင်ကြမှာ မဟုတ်ပါဘူး။ အဲ့ဒီလိုနေရာမျိုးမှာ ခြွင်းချက်မရှိတဲ့ချစ်ခြင်းမေတ္တာဖွံ့ဖြိုးမှုဆိုတာလည်းရှိမှာ မဟုတ်ပါဘူး။

၃။ မိခင်တစ်ယောက်ဖြစ်ခြင်းက အမျိုးသမီးတစ်ယောက်ဖြစ်ခြင်းမှ သင့်ကို မတားဆီးနိုင်ပါဘူး
အချို့အမျိုးသမီးတွေဟာ မိခင်တစ်ယောက်တစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ သူတို့ရဲ့ အခွင့်အရေးတွေဆုံးရှုံးသွားပြီလို့ ထင်တတ်ကြတယ်။ သူတို့က သူတို့ရဲ့ အလုပ်တွေ၊ သူငယ်ချင်းတွေနှင့် သူတို့ရဲ့ အကျိုးစီးပွားတွေကို စွန့်ခွာပြီးတော့ သူတို့ရဲ့ သားသမီးတွေပြုစုပျိုးထောင်ခြင်းကိုပဲ သီးသန့်လုပ်ကြတယ်။ အမျိုးသမီးတွေအနေနဲ့ အဲ့လိုလုပ်ဖို့ မလိုပါဘူး။ သင်ဟာ လူသားတစ်ယောက်ဖြစ်တဲ့ သင့်ရဲ့လိုအပ်ချက်တွေ၊ ထင်မြင်ချက်တွေ၊ စိတ်ကူးများနှင့် ကိုယ်ပိုင်ဘ၀တစ်ခုထားသင့်ပါတယ်။
နောက်ပြီး သင့်အနေနဲ့ သင့်ကလေးကို သင့်ရဲ့ တည်ရှိမှုရဲ့ ဗဟိုဖြစ်စေတယ်ဆိုရင် သူတို့ကိုသင်ဖိအားပေးရာရောက်ပါတယ်။

၄။၀န်ထုပ်၀န်ပိုးလိုမခံစားရပါစေနဲ့
ကလေးတွေဟာ သူမကိုယ်သူမပျော်ရွှင်မှု၊ မိခင်ဖြစ်ရတာကို စိတ်ကျေနပ်မှုရှိတဲ့ မိခင်တစ်ဦးကို လိုအပ်ပါတယ်။ သူတို့ကို ကျန်းမာသန်စွမ်းတဲ့ လူကြီးတွေဖြစ်လာစေနိုင်တဲ့ သူတို့ကို ခြွင်းချင်းမရှိတဲ့ မေတ္တာနှင့် ပံ့ပိုးပေးနိုင်တဲ့သူတစ်ဦးဦးကို လိုအပ်နေခဲ့တာပါ။ သင့်ရဲ့ ကလေးတွေဟာ၀န်ထုပ်၀န်ပိုးဖြစ်သလိုမျိုး သင်က သူတို့ကိုမလိုချင်ဘူး (သို့) သင်လုပ်ချင်တဲ့အရာတွေအကြောင်းမပြောပါနဲ။ သူတို့က သင့်ရဲ့ မပျော်ရွှင်မှုအတွက် သူတို့ကိုယ်သူတို့ အပြစ်တင်ပါလိမ့်မယ်။
သူတို့တွေဟာ ကြောက်ရွှံ့ခြင်းတွေနဲ့ ကြီးပြင်းလာပြီး မကောင်းတဲ့ခံစားချက်တွေခံစားလာရပါမယ်။ သင့်ကလေးတွေဟာ စိတ်အားငယ်ပြီး နေရာတကာမှာ သံသယတွေထားတတ်တဲ့လူကြီးတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ သူတို့ဟာ ချစ်ခြင်းမေတ္တာကို မခံယူထိုက်တာကြောင့် သူတစ်ပါးစိတ်ကျေနပ်မှုရဖို့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ကြိုးစားပါလိမ့်မယ်။ နောက်ဆက်တွဲဆိုးကျိုးတွေများစွာခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးတွေကို ခြွင်းချက်မရှိချစ်ပြီးတော့သူတို့ကို ချစ်တယ်ဆိုတာ ခံစားရစေပါ။
Chit_May_May
Nyein_Thu
sources-Youaremom