သေခြင်းတရားတွေနဲ့ ချစ်ရသူကို ဆုံးရှုံးရခြင်းနဲ့ ပတ်သက်ပြီးတော့ ကလေးတွေနဲ့ ဆွေးနွေးဖို့ဆိုတာ တကယ်ရှုပ်ထွေးတဲ့ကိစ္စပါ။ ဒါပေမယ့် စာဖတ်ခြင်းအားဖြင့် ကလေးတွေကို သေခြင်းတရားကို ပိုမိုနားလည်အောင် ရှင်းပြပေးနိုင်ပါတယ်။ ဒီနေရာမှာ ကလေးတွေကို သေခြင်းတရားနဲ့ပတ်သက်ပြီးတော့ ကူညီဖြေရှင်းပေနိုင်မယ့် စာအုပ်လေးတွေကို မျှ၀ေပေးထားပါတယ်။
အရွယ်ရောက်ပြီးသားလူတော်တော်များများတောင် လက်မခံနိုင်သေးတဲ့ သေခြင်းတရားကိုကလေးတွေ လက်ခံနိုင်အောင်ရှင်းပြဖို့ဆိုတာ အင်မတန်မလွယ်ကူတဲ့ကိစ္စပါ။ အဲ့တော့ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာ ရှင်းပြခြင်း၊ ၎င်းကို ဖော်ပြဖို့ အကောင်းဆုံးစကားလုံးများကိုရှာဖွေခြင်း၊ နောက်ပြီး ချစ်မြတ်နိုးတဲ့သူတစ်ဦးဆုံးရှုံးရခြင်းနဲ့ ရင်ဆိုင်ရခြင်းက ကလေးတစ်ဦးနဲ့ရင်ဆိုင်ရမယ့် အရှုပ်ထွေးဆုံးကိစ္စရပ်တွေဖြစ်ပါတယ်။
The Void
စာရေးဆရာမAnna LlenasဟာThe Colourful Monsterရဲ့ စာရေးဆရာဖြစ်ပါတယ်။ ဒီစာအုပ်ဟာဆိုရင် စာသားအများကြီးမပါဘဲ စကားလုံးမလိုအပ်တဲ့ သရုပ်ဖော်ပုံတွေနဲ့သာ အသက်၀င်စေခဲ့ပြီးတော့ အလွန်အစွမ်းထက်တဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သာမန်ဘ၀ကို ဖြတ်သန်းလာတဲ့ ဂျူလီယာလေးဟာ တစ်နေ့မှာ ခန္ဓာကိုယ်မှာ အပေါက်ကြီးဖြစ်သွားခဲ့ပါတယ်။ ဂျူလီယာဟာ သူမရဲ့ ခန္ဓာကိုယ်က အပေါက်ကို ဖာဖို့အမျိုးမျိုးကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အပေါက်ဖာနည်းက ဘယ်လိုကောင်းကျိုးမှ မရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
ဇာတ်လမ်းရဲ့ အဆုံးမှာတော့ ဂျူလီယာဟာသူရဲ့ အပေါက်ကို ပိတ်ဖို့ တကယ်အရေးကြီးတာက သူ့ကိုယ်သူရှာတွေ့တာပဲလို့ သဘောပေါက်ခဲ့တယ်။ သူမဟာ သူမရဲ့ အတွင်းပိုင်းက လာတယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ဒီလိုနည်းနဲ့ Anna Llenasက ခံနိုင်ရည်ကို အဓိကအာရုံစိုက်ပြီးရေးခဲ့တယ်။ သူမဟာ လူတွေရဲ့ ဘ၀မှာ တစ်ခါတရံမှာ ဖြစ်ပေါ်စေတဲ့ တုန်လှုပ်မှုတွေနဲ့ အတူ နေထိုင်တတ်ဖို့ ၊ သူတို့နှင့်အတူ နေထိုင်ဖို့ သင်ယူနိုင်စွမ်းကို ကိုင်တွယ်ဖို့ လူတွေရဲ့ စွမ်းရည်ကို ကြည့်တယ်။ ဒီစာအုပ်ကိုတော့ အသက်ငါးနှစ်အရွယ်ကလေးငယ်များအတွက်အကြံပြုထားပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စရဲ့ ရှုပ်ထွေမှုနှင့် ဂျူလီယာရဲ့ အပေါက်ဥပမာများအရ ကလေးတွေအနေနဲ့ နားလည်ဖို့တော့ ခက်ခဲပါလိမ့်မယ်။

I’ll Always Love You
I’ll Always Love Youကို Hans Wihelm ရေးသားခဲ့တာဖြစ်ပါတယ်။ ဆုံးရှုံးခြင်းနှင့်အတူ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် လက်ခံခြင်း၊ ပျောက်ဆုံးခြင်းနှင့်အတူ နာကျင်ခြင်းတွေဖြစ်လာရတာဟာ လူသားတစ်ဦးဖြစ်တဲ့အခါမှသာ ဖြစ်ပေါ်တတ်သာမဟုတ်ပါဘူး။ မိသားစုများစွာအတွက် အိမ်မွေးတိရစ္ဆာန်များဟာ သူတို့ရဲ့ ဘ၀အစိတ်အပိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့အစိတ်အပိုင်းပါ။ သူတို့မိသားစုတွေရဲ့ အခြားမိသားစု၀င်တစ်ဦးလည်းဖြစ်ပါတယ်။ ဒီစာအုပ်ကလည်း ဒီလိုဆုံးရှုံးမှုမျိုးဖြစ်ပါတယ်။ ကလေးဘ၀ကတည်းက Elfiဟာ သူ့ပိုင်ရှင်ရဲ့ အကောင်းဆုံးသူငယ်ချင်းပါပဲ။ သူ့ပိုင်ရှင်နဲ့အတူကြီးပြင်းခဲ့ကြပေမယ့်လည်း အဲလ်ဖီဟာ တစ်နေ့မှာ ကွယ်လွန်သွားခဲ့တယ်။ ဒီ၀တ္ထုလေးရဲ့ အရေးကြီးတဲ့ပေးချင်တဲ့ သင်ခန်းစာကို ရိုးရိုးရှင်းရှင်းဇာတ်လမ်းလေးဖြစ်ပါတယ်။ သင်ခန်းစာကတော့ သင့်ရဲ့ ပတ်၀န်းကျင်မှာရှိတဲ့ လူတွေကို ချစ်ခြင်းမေတ္တာကို ဖော်ပြပေးပါ။ ဒါမှသာ သူတို့တွေထွက်သွားတဲ့အခါ ငြိမ်းချမ်းမှုတွေ ပျော်ရွှင်မှုတွေနဲ့ နေထိုင်နိုင်မယ့် လမ်းကို သင်ပြင်ဆိုင်နိုင်မှာပါ။ ဒီစာအုပ်ကိုတော့ အသက်ခြောက်နှစ်အရွယ်တွေအတွက် သင့်လျော်ပါတယ်။

Forever
နောက်တစ်အုပ်ကတော့ Camino Garciaရေးသားထားတဲ့ Foreverကို မျှ၀ေပေးချင်ပါတယ်။ ဒီစာအုပ်ကတော့ ဘ၀သံသရာမှာ သေခြင်းတရားဆိုတာ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာ နားလည်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ ဒီစာအုပ်က အလှအပတွေဟာ ၎င်းရဲ့ အဆုံးသတ်မှုနှင့် ဆုံးရှုံးမှုအပေါ်မှာ ဖြစ်ပေါ်စေတဲ့ ရောင်ပြန်ဟပ်မှုအပေါ်မှာ မူတည်ပါတယ်။ ဒါကတော့ လူတွေကကျွန်တော်တို့ကိုစွန့်ခွာထားပစ်ခဲ့ပါစေ၊ သူတို့က အမြဲတမ်းတစ်ခြားသူတွေရဲ့ စိတ်နှလုံးထဲမှာ အမှတ္တရမျာားစွာအတွက် ဆက်လက်တည်ရှိနေမယ်ဆိုတာ ကျွန်တော်တို့ကို ပြောပြနေတာဖြစ်ပါတယ်။

ကလေးတွေအတွက် သေခြင်းတရားကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အတွက် မျှ၀ေပေးခဲ့တဲ့ စာအုပ်သုံးအုပ်ကို နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။
Chit_May_May
Nyein_Thu
sources_Youaremom