သင့်ကလေးတွေနှင့်အတူ ချက်ပြုတ်သင့်တဲ့ အကြောင်းရင်း (၅)ချက်

0
39
- Advertisement -

ထမင်း၊ဟင်း ချက်ပြုတ်တဲ့အခါမှာ သားသမီးတွေကို ပါဝင်စေသင့်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။ စိတ်ရှည်သည်းခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြုစုပျိုးထောင်ရာမှာ အကောင်းဆုံးနည်းလမ်းဖြစ်သလို မိသားစုဆက်ဆံရေးကောင်းကို မြှင့်တင်ဖို့ အကောင်းဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။

သာမာန်အားဖြင့် မိဘတွေဟာ ထမင်း၊ ဟင်းချက်တဲ့အခါ သားသမီးတွေကို တီဗီကြည့်ခိုင်းထားတာမျိုး၊ အိမ်ရှေ့မှာဆော့ခိုင်းထားတာမျိုး ရှိတတ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေကို မီးဖိုချောင်တဲ့ ဝေးဝေးမှာထားပြီး ထိခိုက်မှုမဖြစ်အောင် ထိန်းထားတတ်ကြပါတယ်။ သို့သော် ကလေးတွေနှင့်အတူ မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်ခြင်းက ကောင်းမွန်တဲ့ အရာဖြစ်နိုင်တဲ့ အကြောင်းရင်းကောင်း ၅ခုလောက်ရှိပါတယ်။

၁။ သူတို့ရဲ့ အဖွဲ့လိုက်လုပ်ဆောင်ရတဲ့ ခံစားချက်ကို တိုးတတ်စေပါတယ်

မိသားစုအများစုက မနက်စာ၊ နေ့လယ်စာနဲ့ ညစာကို သတ်မှတ်အချိန်တွေမှာ ပြင်ဆင်ကြပါတယ်။ မိသားစုက နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကို စနစ်တကျလုပ်မယ်ဆိုရင် ကလေးတွေဟာ တူညီတဲ့တာဝန်ကို တစ်ချိန်တည်းမှာ နေ့စဉ်လုပ်ဆောင်ရမှာ ဖြစ်တာကြောင့် တာဝန်အကြောင်း အနည်းငယ်လေ့လာနိုင်မှာ ဖြစ်ပါတယ်။

အစပိုင်းမှာ သူတို့ရဲ့ အလုပ်တွေကို သူ့တို့ဘာသာ ပြီးမြောက်နိုင်မှာ မဟုတ်ပါဘူး။ သို့သော် မိဘတစ်ဦးအနေဖြင့် သူတို့ဆီမှာ အချို့သော အလေ့အကျင့်တွေကို မွေးမြူပေးနိုင်ပါလိမ့်မယ်။ ကြီးပြင်းလာတာနှင့်အမျှ အဖွဲ့လိုက်လုပ်ဆောင်ခြင်းရဲ့ တန်ဖိုးကို တန်ဖိုးထားတတ်လာမှာ ဖြစ်ပါတယ်။ ကလေးရဲ့ အသက်အရွယ်အလိုက် ရိုးရှင်းတဲ့အလုပ်တွေကို ထမ်းဆောင်ခိုင်းခြင်းကလည်း ကလေးအား မိမိကိုယ်ကိုယုံကြည်မှုရှိစေသလို self- esteem ကောင်းကို မြှင့်တင်ပေးနိုင်ပါတယ်။

၂။ အဖွဲ့အစည်းရဲ့တန်ဖိုးကို သင်ယူနိုင်မှာ ဖြစ်ပါတယ်

ကလေးတွေနဲ့ ချက်ပြုတ်ခြင်းက အဖွဲ့လိုက်လုပ်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ မိသားစုထဲမှာ ဒီလုပ်ဆောင်ချက်ကို အကောင်အထည်ဖော်လိုပါက မိသားစုရဲ့နေ့စဉ်မီနူးကို ဆုံးဖြတ်ဖို့ team တစ်ခုအနေနဲ့ လုပ်ဆောင်ပါ။ ကလေးတွေက အရမ်းငယ်သေးရင် မီနူးကို ဆုံးဖြတ်ဖို့က မိဘတွေရဲ့ အခန်းကဏ္ဍဖြစ်လာပါမယ်။ သို့သော် တချို့အချိန်တွေမှာ သင့်ကလေးတွေ ဘာစားချင်လဲဆိုတာကို သိရှိဖို့တိုင်ပင်နိုင်ပါတယ်။

၃။ ကလေးနှင့်အတူ ချက်ပြတ်ခြင်းက ကျန်းမာသော မိသားစုအငွေ့အသက်ကို မြှင့်တင်ပေးနိုင်ပါတယ်

စားပွဲပေါ်မှာ အစားအသောက် မျှဝေခြင်းက မိသားစုတွေကို စည်းလုံးစေပါတယ်။ အတူစား၊ အတူနေမိသားစုဆိုတဲ့ စကားကို ဟင်းချက်ပြုတ်ရာမှာလည်း အသုံးချနိုင်ပါတယ်။ ရုံးပိတ်ရက်(သို့) အားလပ်ရက်တွေမှာ ကလေးနှင့်အတူတူ ချက်ပြုတ်ဖို့ အခွင့်အရေးတွေ သင့်မှာရှိပါတယ်။

၄။ ဟင်းချက်ခြင်းက စိတ်ရှည်မှုကို တိုးပွားစေပါတယ်

ကလေးတွေဟာ သူတို့တောင်းဆိုသမျှကို ချက်ချင်းလိုချင်ကြပါတယ်။ သူတို့ပါဝင်တဲ့ လှုပ်ရှားမှုအားလုံးနီးပါးမှာ စိတ်အားထက်သန်မှု အပြည့်ရှိကြပါတယ်။ ဒါက သဘာဝပါပဲ။ ကျွန်မတို့ ငယ်ငယ်တုန်းကလည်း ဒီလိုပါပဲ။ ကလေးတွေရဲ့ စိတ်မရှည်ခြင်းက သူတို့ဗိုက်ဆာတဲ့အခါ ဝုန်းဒိုင်းကြဲခြင်းကို ဖြစ်စေနိုင်ပါတယ်။ မီးဖိုချောင်မှာ ကူညီပေးတာက အစားအသောက်ကို ဟပ်ချလောင်းဆိုပြီး ပြင်ဆင်လို့မရကြောင်း သင်ပေးပါတယ်။ အစားအသောက်ပြင်ဆင်ရာမှာ အချိန်နဲ့ စေတနာရှိဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အချို့သော လုပ်ဆောင်ချက်တွေနဲ့ တာဝန်တွေက စိတ်ရှည်ဖို့လိုအပ်ကြောင်း သူတို့နားလည်သွားပါလိမ့်မယ်။

၅။ အစားအစာတွေကြား ခွဲခြားတတ်ဖို့ သင်ယူလာကြပါတယ်

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေက ဗီတာမင်နဲ့ အမျှင်ဓါတ်တွေ ကြွယ်ဝပါတယ်။ သူတို့အများစုက ဖွံ့ဖြိုးဆဲကလေးရဲ့ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာကို ပေးစွမ်းပါတယ်။ စားသောက်တဲ့အခါမှာ သူတို့ရဲ့ ဆဲလ်တွေက မတူညီတဲ့ အစားအစာတွေကနေ ရရှိတဲ့ အာဟာရဓါတ်တွေဖြင့် အာဟာရဖြစ်နေတာကို သတိပြုမိဖို့ အရေးကြီးပါတယ်။

ပြုပြင်ထားတဲ့ အစားအစာတွေထက် သစ်သီးတွေနဲ့ အရွက်တွေလို မချက်ပြုတ်ရသေးတဲ့ အစားအစာတွေကို ကလေးတွေ စားနိုင်ပါတယ်။ ပြုပြင်ထားတဲ့ အစားအစာတွေက ဆွဲဆောင်မှုရှိပေမယ့် ခန္ဓာကိုယ်အတွက် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

ကလေးတွေနဲ့ ချက်ပြုတ်တဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးမယ့် အစားအစာတွေအကြောင်း သင်ပေးပါ။ ပြုပြင်ထားတဲ့ အစားအစာတွေထက် အိမ်ချက်အစားအစာတွေကို အမြဲတမ်းစားတာက ပိုကောင်းကြောင်း နားလည်အောင် ရှင်းပြပါ။

Chit_MayMay

Nandar

Ref- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here