သင့်ကလေးတွေရဲ့ မေးခွန်းတွေကို ဂရုတစိုက်ဖြေပေးခြင်းရဲ့ အရေးပါမှု

0
334
- Advertisement -

ကလေးတွေဟာ မေးခွန်းတွေကို ၎င်းတို့၀န်းကျင်ကမ္ဘာနှင့် ပတ်သက်ပြီးတော့ ပိုမိုလေ့လာနိုင်ဖို့ ရှာဖွေတွေ့ရှိဖို့ နည်းလမ်းတစ်ခုအဖြစ် မေးမြန်းကြတာ ဖြစ်ပါတယ်။ အဲ့ဒီ့အခါမှာ သင့်အဖြေက သူတို့ရဲ့ သိလိုစိတ်နှင့် မိမိကိုယ်ကို လေးစားမှုကို မြှင့်တင်နိုင်ပါတယ်။

ကလေးတွေရဲ့ ပင်ကိုယ်သဘာ၀မှာတင်ပဲ သိလိုစိတ်က အရမ်းအားကြီးပါတယ်။ သူတို့ဟာ ကမ္ဘာကြီးကို အပြည့်အ၀ရှာဖွေတွေ့ရှိမှုတွေနဲ့အတူ ကျွန်မတို့ကို မကြာခဏမေးခွန်းတွေမေးကြပါတယ်။ တစ်ခါတစ်လေမှာ အလုပ်များနေခြင်း (သို့) အာရုံပျံ့လွှင့်ခြင်းနှင့် စိတ်မပါခြင်းတို့ကြောင့် အခြေအနေကို ရှောင်ရှားဖို့ ဆင်ခြေသုံးကြတယ်။ သို့သော် သင့်ကလေးအတွက် သင့်ရဲ့ အဖြေဟာ အလွန်အရေးကြီးပါတယ်။ သင်ပေးတဲ့ အဖြေတွေနဲ့ သင်ရဲ့ သဘောထားက သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ မိမိကိုယ်ကိုလေးစားမှုရဲ့ အစိတ်အပိုင်းတွေကို လွှမ်းမိုးနိုင်ပါတယ်။

မေးခွန်းတွေကို နားထောင်ပါ

- Advertisement -

ကျွန်မတို့ရဲ့ နေ့စဥ်တစ်သက်တာမှာ ကျွန်မတို့ရဲ့ တာ၀န်တွေများစွာရှိနေပြီးတော့ သူတို့လေးတွေအတွက် ဖြည့်ဆည်းပေးဖို့ အချိန်အနည်းငယ်လောက်သာရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ဟာ အလျင်အမြန်ပြုလုပ်လေ့ရှိကြပြီး ကျွန်မတို့ကလေးများနှင့် လေးလေးနက်နက်အချိန်ကြာမြင့်စွာ စကားလက်ဆုံပြောဆိုဖို့ အမြဲနားလည်မပေးနိုင်ပါဘူး။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သူတို့ရဲ့ မေးခွန်းတွေဟာ အရေးကြီးတယ် နောက်ပြီးသူတို့ရဲ့ သိလိုစိတ်က တန်ဖိုးရှိတယ်ဆိုတာ ကလေးတွေသိဖို့ အရေးကြီးပါတယ်။

ကျွန်မတို့တွေအချိန်ရတဲ့အခါမှာ ကျွန်မတို့ကလေးတွေအပေါ်မှာ အပြည့်အ၀အာရုံစိုက်သင့်ပါတယ်။ သူတို့ရဲ့မေးခွန်းတွေကို တန်ဖိုးထားလေးစားခြင်း၊ ဖြေရှင်းခြင်းနှင့် အရေးကြီးသော အသေးအဖွဲအမူအရာလေးတစ်ခုက သူတို့ရဲ့ self-imageအပေါ် ကောင်းကျိုးသက်ရောက်စေပါလိမ့်မယ်။ သူတို့ရဲ့ အဖေနှင့် အမေက သူတို့ပြောတာတွေကို ထည့်သွင်းစဥ်းစားပြီး အသိအမှတ်ပြုကတည်းက သူတို့ဟာ တန်ဖိုးရှိပြီး စိတ်၀င်စားဖို့ကောင်းတဲ့ လူတွေလို့ ခံစားရပါလိမ့်မယ်။

သင့်အဖြေရဲ့ ရိုးသားမှုနှင့်မှန်ကန်မှု

သင့်ကလေးတွေနဲ့ သတင်းအချက်အလက်တွေကို မျှ၀ေတဲ့နေရာမှာ မှန်ကန်မှုရှိဖို့ အရမ်းအရေးကြီးပါတယ်။ ဒါဟာသင်ပေးမယ့် သင်ခန်းစာက သူတို့ရဲ့ အသက်အရွယ်နှင့် သိမြင်နိုင်မှုစွမ်းရည်ကို လိုက်လျောညီထွေဖြစ်နေရမယ်လို့ ဆိုလိုပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ သင့်ရဲ့ တုန့်ပြန်မှုက စိတ်ရင်းမှန်ဖြစ်နေဖို့ ပိုအရေးကြီးပါတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မတို့ ကလေးသူငယ်တွေရဲ့ ယုံကြည်မှုကို ခိုင်မာစေပြီး သူတို့ရိုးသားမှုရဲ့ စံနမူနာဖြစ်ပါလိမ့်မယ်။ ကျွန်မတို့ဟာ ရင်းနှီးမှုနှင့် ရိုးသားမှုဖြောင့်မတ်မှုဆက်ဆံရေးကို တိုးမြှင့်မယ်ဆိုရင် ကျွန်မတို့ကို ပိုမိုပွင့်လင်းစွာ ခံစားနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ အထွေထွေယဥ်ကျေးမှုအကြောင်းပြောဆိုတဲ့အခါမှာဖြစ်စေ(ဥပမာ-ကြောက်စရာကောင်းသော မေးခွန်းတစ်ခုဖြစ်တဲ့ ”ကလေးတွေ ဘယ်ကလာသလဲ”) (သို့) ကိုယ်ပိုင်ခံစားချက်တွေကို ရည်ညွှန်းတဲ့ မေးခွန်းမျိုး-(အမေ ဘာလို့ငိုနေတာလဲ)စတဲ့မေးခွန်းတွေမှာ ရိုးသားစွာဖြေဆိုဖို့ပဲ ဖြစ်ပါတယ်။

ကလေးများရဲ့ ညဏ်ရည်နှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုက မျိုးပွားခြင်းနှင့် သက်ဆိုင်သော အကြောင်းအရာကို ရှေးယခင်က ပုံပြင်တွေကို နားထောင်ခြင်းထက် ပိုပြီး အကျိုးရှိပါတယ်။ အဲ့သလိုပါပဲ မိခင်ဖြစ်သူက ယခုအချိန်မှာ သူမ၀မ်းနည်းနေခြင်းက ပုံမှန်စိတ်လှုပ်ရှားမှုဖြစ်တာကြောင့် ငိုရတဲ့အကြောင်းရင်းကို သိရခြင်းက ပိုပြီး ကြွယ်၀စေပါလိမ့်မယ်။ ”ဘာမှမဖြစ်ဘူး”လို့ ပြောခြင်းက သူတို့ကိုပိုပြီး ရှုပ်ထွေးသွားစေနိုင်ပါတယ်။

ရိုးသားမှုနောက်တစ်ခုက ကျွန်မတို့ဟာ ကျွန်မတို့ကလေးရဲ့ မေးခွန်းအဖြေကို မသိဘူးဆိုရင် ဒါကို သဘာ၀ကျကျ၀န်ခံပြီး အဖြေကို အတူတကွရှာဖွေဖို့ အဆိုပြုခြင်းက ပိုကောင်းပါတယ်။ ကျွန်မတို့ရဲ့အရင်းအမြစ်တွေကို ဘယ်လိုရှာဖွေရမယ်ဆိုတာ သင်ကြားပေးရပါလိမ့်မယ်။ ဥပမာ-အဘိဓာန်ကြည့်ခြင်းနှင့် ခေါင်းစဥ်နဲ့ပတ်သက်တဲ့ အကြောင်းအရာကို စာကြည့်တိုက်က စာအုပ်တစ်အုပ်မှာရှာဖွေခြင်းမျိုးတွေဖြစ်ပါတယ်။

သူတို့ရဲ့၀ေဖန်စဥ်းစားတွေးခေါ်နိုင်မှုမြှင့်တင်ခြင်း

သင့်အနေနဲ့ တတ်နိုင်တဲ့အခါမှာ သင့်တို့ရဲ့ကလေးတွေကို သူတို့ရဲ့ စိတ်ကူးများနှင့် ညဏ်ရည်ကို အသုံးချနိုင်တဲ့ အဖြေမျိုးပေးဖို့ ကြိုးစားပါ။ အဖြေကို ချက်ချင်းရရှိနိုင်မယ့်အစား အဖြေကို သူတို့ကိုယ်တိုင်ရှာဖွေတွေ့ရှိဖို့ အကူအညီပေးခြင်းက ပိုကြွယ်၀စေပါတယ်။ သင်ပေးခဲ့သောအဖြေနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ ထင်မြင်ချက်ကို မေးမြန်းပြီးလှုံ့ဆော်မှုဖြစ်စေသော စကားစမြည်ပြောဆိုမှုတွေကိုအားပေးပါ။

ကျွန်မတို့ကလေးများအတွက် အားကောင်းသော ကိုယ့်ကိုယ်ကို လေးစားမှုကို မြှင့်တင်ခြင်းဆိုတာ ကျွန်မတို့ရဲ့လက်ထဲမှာ ဖြစ်ပါတယ်။ အလားတူပါပဲ သူတို့ရဲ့ မေးခွန်းများကို ဖြေဆိုဖို့ အချိန်ယူခြင်းဟာလည်း ကျွန်မတို့နဲ့ သူတို့လေးတွေကြားက သံယောဇဥ်ကို ပိုမိုခိုင်ခံ့စေပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ ကလေးများအတွက် ကျွန်မတို့စကားတွေဟာ လမ်းညွှန်တွေဖြစ်စေပြီးတော့ သတင်းအချက်အလက်တွေကို သူတို့ကိုယ်တိုင်ရှာဖွေတွေ့ရှိပါစေ။

Chit_May_May

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here