
တစ်နေ့မှာ ကျွန်တော်နေထိုင်တဲ့ ကွန်ဒိုအောက်ထပ်မှ အိမ်နီးချင်းက ကျွန်တော့်အခန်းကနေ ရေတွေယိုစိမ့်ကြောင်း လာပြောပါတယ်။ ကွန်ဒိုက ဆောက်ထားတာ သိပ်မကြာသေးတော့၊ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်မိပါတယ်။ နောက်တော့ ကျွန်တော်စစ်ဆေးကြည့်မှ ရေချိုးခန်းထဲကနေ ယိုစိမ့်ထွက်တာကို သိလိုက်ရပါတယ်။ ဒါက ပြင်လို့ရလောက်အောင် ရိုးရှင်းပါတယ်။ ကျွန်တော်ရဲ့ ရေချိုးခန်း ရေပိုက်ကို ကောင်းကောင်း မတပ်ဆင်ထားလို့၊ မှားယွင်းတဲ့ ပစ္စည်းတွေကို အသုံးပြုပြီး တည်ဆောက်ခဲ့လို့ဖြစ်မှာပါ။ ရေချိုးခန်းကို အစကတည်းက မှန်မှန်ကန်ကန် တည်ဆောက်ခဲ့မယ်ဆိုရင် ဒါက ဖြစ်မလာပါဘူး။
ဒါပေမယ့် ဆောက်လုပ်သူရဲ့ ရည်မှန်းချက်က မှန်ကန်စွာ တည်ဆောက်ဖို့ မဟုတ်ပါဘူး။ မြန်မြန်ဆန်ဆန်နဲ့ စျေးသက်သက်သာသာ တည်ဆောက်ခဲ့တာပါ။
ကျွန်တော်တို့ ပန်းတိုင်တွေမှားတဲ့အခါ ကျွန်တော်တို့ရဲ့ ဦးတည်ချက်တွေလည်း မှားသွားပါတယ်။ ကလေးတွေအတွက် မှားယွင်းတဲ့ ပန်းတိုင်တွေထားရှိတဲ့အခါ ကျရှုံးမှုအတွက် သူတို့ကို ထူထောင်ပေးနေရပါမယ်။ ဒါတွေကတော့ သင့်ကလေးတွေအတွက် မရှိသင့်တဲ့ ပန်းတိုင် (၃)ခုပါ။
မှားယွင်းသောပန်းတိုင် နံပါတ် ၁- အနိုင်ရဖို့
ကျွန်တော်တို့ဟာ သားသမီးတွေကို အနိုင်ရစေချင်တယ်၊ ဒါပေမယ့် အနိုင်ရခြင်းက ကလေးတွေအတွက် အရေးကြီးဆုံးပန်းတိုင်ဖြစ်စေတဲ့အခါ ကျွန်တော်တို့က သူတို့ကို လမ်းကြောင်းအမှားကို ညွှန်ပြနေမိတာပါ။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ ကလေးတွေကို သူတို့ရရှိတဲ့ အနိုင်ရအရေအတွက်ဖြင့် တိုင်းတာနေမိသလား? အနိုင်ရမှုပေါ်မှာ အာရုံစိုက်နေခဲ့ရင် ကလေးတွေ သင်ယူသင့်တဲ့ အရေးကြီးသော တန်ဖိုးတွေအားလုံးကို သင်လွတ်သွားပါလိမ့်မယ်။
သင့်ကလေးတွေရဲ့ လုပ်ဆောင်မှုတွေက ရိုးရိုးသာမန်အနိုင်ရခြင်းထက် ပိုလေးနက်တဲ့ ရည်ရွယ်ချက်တွေဖြင့် လုပ်ဆောင်သင့်ပါတယ်။ ပန်းတိုင်က integrity တိုးလာခြင်း၊ အဖွဲ့လိုက်လုပ်ဆောင်ခြင်းနဲ့ authority ကို လေးစားခြင်းစတဲ့ တန်ဖိုးတွေ သင်ကြားပေးတာမျိုး ဖြစ်သင့်ပါတယ်။ သင့်ကလေး မအောင်မြင်တဲ့အခါ သည်းခံခြင်းနဲ့ ဇွဲလုံလကို သင်ကြားဖို့ အခွင့်အရေးတစ်ခုအဖြစ် မြင်ပါ။
မှားယွင်းသော ပန်းတိုင် ၂ – “ကောင်းမွန်သော” ကလေးတွေ ရရှိဖို့
ဒီအဖေအတွက် ပန်းတိုင်က ကြည့်ကောင်းပြီး မှန်ကန်တဲ့စကားကို ပြောတတ်တဲ့ ကလေးတွေမွေးဖို့ပါပဲ။ သေချာတာပေါ့။ သင့်ကလေးတွေကို မှန်ကန်စွာ ပြောဆိုဖို့၊ အမြင်မှာ လူကြီးပုံပေါက်ဖို့ သင်ပေးရပါမယ်။ ဒါပေမယ့် အဲဒါက အဆုံးစွန်ပန်းတိုင်လား၊ လူတိုင်းက “Good” Kids လေးတွေ လိုချင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်ပြောရရင် အကျင့်စာရိတ္တကောင်းတဲ့ ကလေးတွေမွေးတာက စည်းမျဉ်းတွေ လိုက်နာဖို့ထက် သူတို့အိမ်နီးချင်းတွေချစ်အောင် ပြုစုပျိုးထောင်ပေးနေတာပါ။ စစ်မှန်တဲ့ ပန်းတိုင်မှာ စာရိတ္တကောင်းတွေနှင့် ပြည့်စုံတဲ့ ရင့်ကျက်သော နှလုံးသားကို မွေးမြူဖို့ ဖြစ်သင့်ပါတယ်။ဖေဖေတို့အနေနဲ့ အမူအကျင့်သက်သက်ထက် နှလုံးသားကို အာရုံစိုက်ထားဖို့ လိုပါတယ်။
မှားယွင်းသော ပန်းတိုင် နံပါတ် ၃- အောင်မြင်ဖို့
ဖေဖေအတော်များများက အောင်မြင်မှုကို သဘောကျကြပါတယ်။ သူတို့ဟာ သားသမီးတွေကို သူတို့ရဲ့ အလုပ်တွေနဲ့ မိသားစုတွေမှာ သူတို့ကိုယ်သူတို့ ရောင်ပြန်ဟပ်မှုအဖြစ် အောင်မြင်စေချင်ကြပါတယ်။ ဒီအဖေတွေက အောင်မြင်မှုဆိုတာ ဘယ်လိုမျိုးလဲကို သေချာမသိကြပါဘူး။ သူတို့ကလေးတွေအတွက် ဂုဏ်ယူစရာတစ်ခုခု လိုချင်တာပဲ သူတို့သိပါတယ်။ ဒါပေမယ့် အောင်မြင်မှုက မှားယွင်းတဲ့ ပန်းတိုင်တစ်ခုလို့ ထင်ပါတယ်။
ဘဝမှာ တကယ်အရေးကြီးဆုံးက ဘာလဲဆိုတာကို နားမလည်တဲ့ အရမ်းအောင်မြင်သူတွေ ရှိပါတယ်။ ကျွန်တော်တို့ဟာ နှလုံးသားဖွဲ့စည်းမှုနဲ့ ယုံကြည်မှုကို မေ့လျော့နေရင် အဓိပ္ပာယ်ရှိတဲ့အရာတွေကို အဓိပ္ပာယ်မဲ့တဲ့ အရာတွေဖြင့် အစားထိုးဖို့ ရှာဖွေကြပါလိမ့်မယ်။ သင့်သမီးလေးရဲ့ ဘဝက အဓိပ္ပာယ်ပြည့်ဝနေသလား (သို့) သူက နောက်ထပ်အရာတွေကိုသာ လိုချင်နေသလား?၊ သင့်ရဲ့သားလေးက သူ့သူငယ်ချင်းတွေကို ဂရုစိုက်သလား ဒါမှမဟုတ် သူတို့ကို အထင်ကြီးစေဖို့ အသက်ရှင်နေတာလား? သင့်ကလေးတွေက ကိုယ့်တန်ဖိုးကိုယ် သိကြသလား။ ဒါမှမဟုတ် အခြားတစ်ယောက်ယောက်ကို ချီးကျူးတဲ့အခါ မနာလိုဖြစ်နေကြလား။ သင့်ကလေးတွေကို success ထက် Faithfulness ပေါ်မှာ အာရုံစိုက်နိုင်စေဖို့ ကူညီပေးပါ။
Chit_MayMay
Source- allprodad