ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို အမြဲတမ်းကျန်းမာမျှတမှုရှိစေဖို့အတွက် ကြိုးစားအားထုတ်မှုတွေမြောက်များစွာလိုအပ်ပါတယ်။ ဒါ့အပြင် စိတ်ကူးယဥ်ဆန်တဲ့ ဆက်ဆံရေးမျိုးမဖြစ်ဖို့အတွက် ကတိကဝတ်တွေလည်း လိုအပ်ပါတယ်။ သင်နဲ့ သင့်ကလေးရဲ့ နှောင်ကြိုးကို အမြဲခိုင်မြဲနေဖို့အတွက် လိုအပ်ပါတယ်။ သင်က သင့်ကလေးနဲ့ အမြဲတမ်းရင်းရင်းနှီးနှီးနေချင်တယ်။ သင့်ကလေးကလည်း အလားတူလိုလားကြောင်း သင်သိသင့်ပါတယ်။ သင့်ဆက်ဆံရေးခိုင်မြဲဖို့အတွက် ဘယ်လိုကြိုးပမ်းအားထုတ်မှုမျိုးမှ မလုပ်ဘူးဆိုရင် သင့်ကလေးကို သင်နဲ့ ဝေးနိုင်သမျှ ဝေးအောင်တွန်းပို့နေသလိုဖြစ်နေပါလိမ့်မယ်။ ဒါဟာ အမြဲတမ်းကြေကွဲဖွယ်ဇာတ်လမ်းတစ်ခုဖြစ်နေပါလိမ့်မယ်။
မိဘအုပ်ထိန်းခြင်းကို ကမ္ဘာပေါ်က အခက်ခဲဆုံးအလုပ်လို့ ပြောမိတဲ့အခါ ဒါဟာ ချဲ့ကားပြောဆိုနေတာမဟုတ်ပါဘူး။ အမြဲတမ်းပျော်ရွှင်နေရဖို့တော့ လုံးဝမဖြစ်နိုင်ပါဘူး။ တစ်ခါတလေမှာ သင့်ခေါင်းက ဆံပင်တွေကို ဂတုံးတုံးပစ်ချင်လောက်အောင်အထိ စိတ်ညစ်ရတဲ့အချိန်တွေရှိပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးမိဘတွေအနေနဲ့ သူတို့သားသမီးတွေအတွက် အကောင်းဆုံးအရာတွေကိုသာ လုပ်ဖို့အတွက် ဆန္ဒရှိတာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ကျွန်တော်တို့အားလုံးဟာ လူသားတွေဖြစ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ ဘယ်လောက်ပဲကောင်းမွန်သန့်စင်နေပါစေ အမှားအယွင်းအနည်းငယ်ကိုတော့ ကျူးလွန်မိပါလိမ့်မယ်။ ဒါ့ကြောင့် သင့်ကလေးကို ချစ်တဲ့နေရာမှာ လုံလောက်နေပြီလို့ ဘယ်တော့မှမတွေးပါနှင့်။ သင့်ကလေးကို မှားယွင်းတဲ့နည်းနဲ့ ချစ်ခြင်းမေတ္တာကို ပြသရာရောက်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးငယ်နှင့် နေ့စဥ်အပြန်အလှန်ဆက်ဆံမှုတွေမှာ ကောင်းမွန်ကျန်းမာစေတဲ့ အလေ့အထတွေကို ထည့်သွင်းပေးမယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။ ဒါ့ကြောင့် ကောင်းမွန်ကျန်းမာစေတဲ့ တစ်ချို့နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ သားသမီးနဲ့ ပွေ့ဖက်ရာမှာ ဘယ်တော့မှ မရှက်ပါနဲ့
ပွေ့ဖက်ခြင်းက သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးခြင်း၊ ရင်းနှီးခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကလေးကို ပွေ့ဖက်ခြင်းရဲ့ နွေးထွေးမှုကို ခံစားရစေဖို့ ဘယ်သောအခါမှ မတွန့်ဆုတ်သင့်ပါဘူး။ ဒါဟာ သင့်ရဲ့ချစ်ခြင်းမေတ္တာကို ထင်ထင်ရှားရှားပြသတဲ့နေရာမှာ အရေးပါပါတယ်။

၂။ တတ်နိုင်သမျှ ရယ်မောပါ
ဒီအချက်က သင့်ကလေးရဲ့ ဘဝမှာ အပြုဘောဆောင်တဲ့ပတ်ဝန်းကျင်တစ်ခုကို မွေးမြူနိုင်ဖို့အတွက် ကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပါတယ်။ သင်ရယ်မောပျော်ရွှင်ဖို့အကြောင်းပြချက်ရှာနိုင်တယ်ဆိုရင် ဒါဟာ အမြဲတမ်းကောင်းမွန်တဲ့အရာပါပဲ။ သင့်ကလေးက သင်နဲ့ ပိုမိုသက်တောင့်သက်သာရှိခြင်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
၃။ ကလေးနဲ့ သီးသန့်အချိန်ပေးပါ
သင်က ကလေးတွေနဲ့အတူ တစ်နေ့လုံးအမြဲတမ်းရှိနေမယ်ဆိုရင် အချိန်အများကြီးကုန်နေတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဆိုလိုတာက သင်တို့နှစ်ယောက် အမှန်တကယ်လေးလေးနက်နက် အချိန်လေးတစ်ခုရှိခြင်းကို ပိုထူးခြားပါတယ်။

၄။ သူတို့ရဲ့ စိတ်ဓာတ်ပြင်းပြမှုကို မြေတောင်မြှောက်ပေးဖို့ သူတို့ကိုအားပေးပါ
သင့်ကလေးတွေကို သူတို့ရဲ့ ဝါသနာနောက်ကို လိုက်လျောတတ်ဖို့ သင်ကြားပါ။ ၎င်းတို့က ဒီလိုကြိုးပမ်းမှုတွေမှာ ကောင်းခြင်း (သို့) မကောင်းခြင်းက အရေးမကြီးပါဘူး။ ဒါဟာ သူတို့ရဲ့ စွမ်းရည်အမျိုးမျိုးအတွက် သူတို့ကိုယ်သူတို့အကြောင်း ပိုမိုလေ့လာသင်ယူဖို့ အခွင့်အလမ်းပေးဖို့ပဲ အရေးကြီးပါတယ်။
၅။ သင့်ရဲ့ ခံစားမှုတွေ၊ စိတ်ခံစားချက်တွေနဲ့ ပတ်သက်ပြီးတော့ ဖွင့်ဟပါ၊ လက်ခံပါ
လူတစ်ယောက်ဖြစ်တည်ခြင်းမှာ ခံစားချက်တွေကို ပုံသွင်းပေးခြင်းက အမြဲတမ်းအရေးကြီးသောအရာတွေဖြစ်လာပါလိမ့်မယ်။ သင့်ကလေးတွေ ကြီးပြင်းလာတာနဲ့အမျှ သူတို့ကိုယ်တိုင် ဘယ်လိုပြုမူနေထိုင်မယ်ဆိုတာ အုတ်မြစ်ချနေခြင်းလည်း ဖြစ်ပါတယ်။ ပြီးတော့ သူတို့ကို နုပျိုငယ်ရွယ်တဲ့ကာလမှာ သူတို့ရဲ့ခံစားချက်တွေကို ဝေမျှဖို့နှင့် ဆွေးနွေးဖို့ အားပေးတဲ့အခါ သူတို့ကိုစာနာစိတ်ပိုရှိဖို့ သင်ပေးခြင်းလည်းဖြစ်ပါတယ်။

၆။ သူတို့ကို စိတ်ပျက်အားလျှော့စေမယ့် စကားလုံးတွေမပြောပါနှင့်
သူတို့ကိုယ်သူတို့ ဖော်ပြတတ်ဖို့ တွန်းအားပေးတယ်ဆိုတာ သေချာပါစေ။ ဘယ်လိုပဲဖြစ်ဖြစ် သူရဲ့ စိတ်ကူးအယူအဆတွေကို အဓိပ္ပာယ်မရှိတဲ့ စကားလုံးတွေ၊ အမြီးအမောက်မတည့်တဲ့စကားလုံးတွေနဲ့ ဖျက်ဆီးမပစ်ပါနှင့်။ သင့်အနေနဲ့ သူတို့ကို ဧည့်ခံနေတယ်ဆိုတာ သေချာပါစေ။ သင့်အနေနဲ့ သူတို့အိပ်မက်တွေ၊ စိတ်ကူးတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ကိုယ်ပိုင်ယုံကြည်မှုကိုသာ ပေးပါ။ တစ်ခြားသူတွေနဲ့အတူ စိတ်ကူးတွေကို မျှဝေတတ်ဖို့ ၊ နောက်ပြီး စိတ်ကူးတွေကို အကောင်အထည်ကို ထုတ်ဖော်တတ်ဖို့ အဆင်ပြေကြောင်း သူတို့ကိုပြောပါ။
၇။ သူတို့တစ်ခုခုမှားယွင်းနေရင်တောင် သူတို့ဘက်မှာ ရှိနေပါစေ
သင့်ကလေးက စိတ်ဆိုးဒေါသထွက်တာတွေ ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ဒါဟာ ပုံမှန်ဆိုတာ နားလည်ထားပါ။ ဒီအခြေအနေတွေကို ဂရုတစိုက်ကိုင်တွယ်ရပါတယ်။ သင်က သူတို့ဘက်မှာရှိနေသေးတယ်ဆိုတာ သူတို့ခံစားရပါစေ။
Chit_May_May
Nyein_Thu
Ref- rerules