
လူတိုင်းက လေးစားမှုခံချင်ကြပြီး မိဘတွေအနေနဲ့ကလည်း သူတို့ကလေးတွေဆီကနေ အလိုချင်ဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်။ လေးစားမှုဆိုတာ မတောင်းဆိုနိုင်တဲ့အရာတစ်ခုဖြစ်ကြောင်း မိဘတိုင်း နားလည်ဖို့ လိုအပ်ပါတယ်။ ကလေးတွေကို တစ်ခြားလူတွေအပေါ် လေးစားတတ်ဖို့ သင်ပေးခြင်းက မရှိမဖြစ်လိုအပ်ပြီး ခက်ခဲသောအလုပ်တစ်ခုဖြစ်ပါတယ်။
ကလေးတစ်ယောက်က လေးစားတတ်ခြင်းက မိဘတွေကနေ စတင်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မှာ ကလေးတွေအနေနဲ့ သူတို့မိဘကို လေးစားတတ်အောင် သင်ပေးနိုင်ဖို့ အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကို မျှဝေပေးမှာဖြစ်ပါတယ်။
၁။ ဦးဆုံး သူတို့ကို လေးစားပါ

မိဘတွေအနေနဲ့ ကလေးကို ဦးဆုံးလေးစားပါ။ သူတို့ကို လေးစားခြင်းဆိုတာ ဘယ်လိုအရာဖြစ်ကြောင်း လေးစားမှုပြပြီး သင်ပေးပါ။ ကိုယ့်ဘက်က ပေးဆပ်ခြင်းမရှိဘဲ အောင်မြင်နိုင်သောအရာမရှိပါဘူး။ မိဘကို လေးစားစေချင်ရင် ကလေးကို လေးစားမှုပေးရပါမယ်။
၂။ အော်ဟစ်ခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းတွေကို အတတ်နိုင်ဆုံး ထိန်းပါ
သင့်ကလေးကို စိတ်ဆိုးခြင်းက သဘာဝဖြစ်ပေမယ့် အော်ဟစ်ခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းတွေက သင့်ကလေးကို ချစ်ခြင်းမေတ္တာကြောင့်မဟုတ်ဘဲ အရိုအသေမဲ့ပြီး ကြောက်လန့်ခြင်းတွေဖြစ်စေပါတယ်။ ကလေးရဲ့ နှစ်သက်မှုနှင့် တန်ဖိုးထားမှုတွေကို နားလည်ပြီး လေးစားပါ။ သူတို့ကို ရွဲ့တာမျိုး ရိုင်းတာမျိုးမလုပ်သင့်ပါဘူး။ သူတို့က သင့်ရဲ့ အပြုအမူတွေကို သူတို့အတွေးထဲမှာ စွဲမြဲနေပါလိမ့်မယ်။
၃။ သူတို့ရဲ့ အမူအကျင့်တွေကို ရှင်းပြပါ၊ မိသားစည်းကမ်းတွေကို သတိပေးပါ

မေမေတို့မိသားစုမှာ ဒီလိုမျိုးအပြုအမူမျိုးတွေ မရှိပါဘူးဆိုတာကို ပြောပြပါ။ သင်ကိုယ်တိုင်ရော ဒီအပြုအမူတွေကို လုပ်ခဲ့မိလား ပြန်စဉ်းစားသင့်ပါတယ်။ သေချာတာကတော့ သင့်အပြုအမူတွေကို ပြန်လည်ဆန်းစစ်ပါ။
၄။ သင့်ပတ်ဝန်းကျင်က သင့်ထက်အားနည်းသူတွေနှင့် ငယ်ရွယ်သူတွေကို လေးစားပြပါ
သင့်ကလေးက သူတို့ရဲ့ ဘိုးဘွားတွေ့ဆုံပွဲမှာ အော်ဟစ်နေတာမျိုးတွေ တွေ့တဲ့အခါ ကောင်းမွန်စွာစကားပြောဆိုခြင်းရဲ့ အရေးပါမှုကို သူတို့ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။ သူတို့ရှေ့မှာ အိမ်ခြေယာမဲ့တွေ၊ သင့်ထက်အားနည်းသူတွေကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတာမြင်ထားတဲ့အခါ သင့်ကလေးသည်လည်း သင့်လိုပဲ ပြုမူပါလိမ့်မယ်။ သူတို့ဆီကနေ သင်လိုချင်တဲ့ လေးစားမှုအတွက် သင်ကိုယ်တိုင်သရုပ်ပြဖို့ လိုအပ်ပါလိမ့်မယ်။
၅။ သူတို့စကားကို နားထောင်ပါ
မိဘတွေကို လေးစားတတ်စေဖို့ သင်ကြားနိုင်သော နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ သူတို့အတွက် အခက်အခဲတွေကြုံတွေလာရတဲ့အခါ ကလေးတွေကို စကားပြောဖို့ အားပေးပါ။ သင်လုပ်နေတာတွေကို ရပ်ပြီး အာရုံအပြည့်နဲ့ နားထောင်ပါ။ သင့်စကားဝိုင်းကို ကလေးတွေကို စုံစမ်းစစ်ဆေးမှုအဖြစ်ကို မရောက်စေဖို့ သတိထားပါ။
၆။ သူတို့ရဲ့ ခံစားချက်တွေကို ပြောပြဖို့ သက်တောင့်သက်သာဖြစ်နေပါစေ

မဝေဖန်ပါနဲ့။ သူတို့ခံစားချက်တွေကို အသိအမှတ်ပြုပါ။ သူတို့ရဲ့ လိုအပ်ချက်တွေကို နားထောင်ပါ။ သူတို့အတွက် အထောက်အပံ့တစ်ခုပဲဖြစ်လာပါစေ။
၇။ ရိုးသားပါ
ကလေးတွေကို ရိုးရိုးသားသားစကားပြောပါ။ သင့်အမှားရှိလာတဲ့အခါ လက်ခံပါ။ မှားယွင်းသော မျှော်လင့်ချက်တွေကို အလွယ်တကူမပေးမိပါစေနဲ့။ သင့်ကလေးက သင့်စကားကို နားထောင်ခြင်းကို တဖြည်းဖြည်းရပ်တန့်သွားစေနိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ စိတ်ပိုင်းဆိုင်ရာ ပြိုလဲပျက်စီးမှုတွေကို ပံ့ပိုးပေးခြင်းက သင်ကိုယ်ပိုင်ခံစားချက်တွေကို သင့်လျော်မှန်ကန်စွာ ရိုးသားစွာ အသိအမှတ်ပြုဖော်ပြခြင်းနဲ့အတူ လက်တွဲဆောင်ရွက်နိုင်ပါတယ်။
Chit_May_May
Nyein_Thu
ref-themindsjournal