သင့်ကလေးရဲ့ အသွင်အပြင်ကို ထိခိုက်စေနိုင်သော သိမ်မွေ့သောအရာ (၇) ခု

0
59
- Advertisement -

မျိုးရိုးဗီဇဆိုတာ ကလေးတစ်ဦးရဲ့ အသွင်အပြင်ကို ထိခိုက်စေသော တစ်ခုတည်းသောအချက်မဟုတ်တာကြောင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဖြစ်ပျက်နေသောအရာတွေက ကလေးရဲ့ ကျန်းမာရေးနှင့် အနာဂတ်ရုပ်ရည်တွေကို လွှမ်းမိုးနိုင်တာကြောင့်ဖြစ်ပါတယ်။ မိခင်ဝမ်းဗိုက်အတွင်း ထည့်ထားသော အစားအစာကနေ သူတို့ရဲ့ ပတ်ဝန်းကျင်အခြေအနေတွေအထိ မွေးကင်းစကလေးတွေရဲ့ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့ အံ့ဩစရာအချက်များစွာရှိပါတယ်။
ကလေးတစ်ဦးရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဍာကို ပုံဖော်နိုင်သော လူသိနည်းတဲ့ အချက် (၈) ချက်ကို ဖော်ပြပေးထားပါတယ်။ အမျိုးသမီးတွေက သူတို့ရဲ့ ကိုယ်ဝန်လမ်းခရီးကို ပိုမိုသတိထားနိုင်စေဖို့ ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

၁။ ဘေဘီလေး မွေးဖွားတဲ့ ရာသီဥတု

နွေရာသီမှာ မွေးဖွားသော ကလေးငယ်တွေက မွေးကင်းစကိုယ်အလေးချိန် ပျမ်းမျှ ပိုများကြပြီး အအေးလွန်ကဲသော ရာသီတွေမှာ ကမ္ဘာလောကကြီးသို့ ရောက်ရှိလာသော ကလေးတွေထက် အရပ်ပိုမြင့်ကြပါတယ်။ တကယ်တော့ ဆောင်းရာသီမှာ မွေးဖွားတဲ့ကလေးငယ်တွေဟာ နွေရာသီမှာမွေးဖွားတဲ့ ကလေးတွေနဲ့ ဆန့်ကျင်ဘက်အသွင်အပြင်တွေရှိကြတယ်လို့ ဆိုကြပါတယ်။

သိပ္ပံပညာရှင်တွေက နေရောင်ခြည်ကို လုံလောက်စွာ ထိတွေ့ခြင်းက သန္ဓေသားကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင် (ဒီ) အရင်းအမြစ်ကောင်းတစ်ခုဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေ မှတ်ချက်ပြုခဲ့ကြပါတယ်။ ဗီတာမင် ဒီ က ကယ်လ်စီယမ်နှင့် ဖော့စဖရပ်စ်စုပ်ယူမှုကို ခွင့်ပြုပေးပြီး ကလေးရဲ့ ကိုယ်အလေးချိန်နှင့် အရပ်ကို ကောင်းမွန်စွာ ပံ့ပိုးပေးခြင်းက ကျန်းမာသောအရိုးတွေကို ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီပေးပါတယ်။

၂။ မိခင်ရဲ့ Sugar Levels

ကိုယ်ဝန်ဆောင်ကာလမှာ အစားအသောက်ကို အငမ်းမရဖြစ်တာ၊ လုံးဝမစားသောက်ချင်တာတွေက ပုံမှန်ပဲဖြစ်ပါတယ်။ သို့ပေမယ့် သင့်ရဲ့ သကြားဓာတ်စားသုံးမှုက သင့်ကလေးအတွက် ဆီးချို၊ အဝလွန်ခြင်း၊ အသားဝါခြင်း(အရေပြားအနည်းဝါစေသော ကုသနိုင်တဲ့ အခြေအနေ)တွေမှာ အဝလွန်နိုင်ခြေ မြင့်မားပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း သွေးတွင်းသကြားဓာတ်တိုးလာခြင်းက ၎င်းရဲ့ အာဟာရအတွက် သင့်ကို မှီခိုနေရသော သန္ဓေသားကို ထိခိုက်စေပါတယ်။ ကျွမ်းကျင်သူတွေက သင့်လျော်သော အစားအသောက်နှင့် လေ့ကျင့်ခန်းလုပ်ခြင်းစတာတွေ လုပ်ပေးဖို့ အကြံပြုကြပါတယ်၊ သင့်ဆရာဝန်နှင့် စကားပြောဖို့ (သို့) သင့်လျော်သောကုသမှုအတွက် အထူးကုဆရာဝန်နှင့် အမြဲတိုင်ပင်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း သတိရပါ။

၃။ တစ်နေ့လျှင် နို့သောက်သော နှုန်းထား

နွားနို့သောက်ခြင်းက ကလေးရဲ့ အသားအရေကို ပိုမိုဖြူစင်စေတယ်လို့ ယုံတမ်းစကားတစ်ခုဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေရှိနေပေမယ့် သိပ္ပံနည်းကျသက်သေမရှိသော်လည်း လေ့လာမှုတွေအရ နို့သောက်သုံးမှုနှင့် ကျန်းမာသော မွေးကင်းစကိုယ်အလေးအချိန်အကြား ဆက်စပ်မှုတစ်ခုရှိပါတယ်။ ဆေးပညာဂျာနယ်တစ်ခုအရ တစ်နေ့လျှင် နို့တစ်ခွက်သာ သောက်သုံးကြသော အမျိုးသမီးတွေက နို့များများသောက်သုံးသော အမျိုးသမီးများထက် ပိုသေးငယ်သောကလေးတွေကို မွေးဖွားနိုင်တယ်လို့ ဆိုကြပါတယ်။

၄။ ကဖိန်းဓာတ်များခြင်း

American College of Obstetricians and Gynecologists (ACOG) ကနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ကော်ဖီသောက်သုံးမှုကို တစ်နေ့လျှင် ၂၀၀ မီလီဂရမ်အောက်တွင်သာ ထားရှိဖို့ အကြံပြုထားပါတယ်။ ကဖိန်းဓာတ်မြင့်မားမှုက သန္ဓေသားကြီးထွားမှုကို ကန့်သတ်နိုင်ပြီး ကိုယ်အလေးချိန်မပြည့်သော မွေးကင်းစကလေးတွေဆီကို ဦးတည်သွားနိုင်ပါတယ်။

၅။ ကိုယ်ဝန်ဆောင်စဉ် မြေပဲစားခြင်း

ကလေးမွေးဖွားသော လအတွင်း မြေပဲစားခြင်းက သူတို့ရဲ့ သားစဉ်မြေးဆက်တွေမှာ မြေပဲဓာတ်မတည့်မှုဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။ ဓာတ်မတည့်သော တုန့်ပြန်မှုဖြစ်စေသော အကြောင်းအရာတွေမှာ အင်ပျဉ်ထခြင်း၊ နီခြင်း (သို့) ရောင်ရမ်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ တစ်ခြားမမြင်နိုင်သော လက္ခဏာတွေကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ အသက်ရှူမဝခြင်းနှင့် နှာရည်ယိုတွေလည်း ဖြစ်နိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ မြေပဲလို အစားအစာအမျိုးအစားကို စောစီးစွာထိတွေ့ခြင်းက ကလေးအား ဒီလိုလက္ခဏာတွေကနေ ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။

၆။ လေထုအရည်အသွေး

ညစ်ညမ်းသော လေထုဟာ ကလေးရဲ့ မွေးဖွားချိန်အလေးချိန်ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ လေထုညစ်ညမ်းမှု ၁၀ မိုက်ခရိုဂရမ်တိုးလာတိုင်း ကလေးရဲ့ ပျမ်းမျှ မွေးရာပါ ထုထည်ဟာ (၁/၃အောင်စခန့်) လျော့နည်းသွားတယ်လို့ ဆိုကြပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ဗီတာမင်နှင့် ဓာတ်တိုးပစ္စည်း ကြွယ်ဝသော အစားအစာတွေဖြင့် လေထုညစ်ညမ်းမှုရဲ့ သက်ရောက်မှုကို တွန်းလှန်ဖို့ ကြိုးစားနိုင်ပါတယ်။

၇။ ပရိုတိန်းဓာတ်ကြွယ်ဝသော အစားအစာတွေက ဆံပင်ကို ဖွံ့ဖြိုးစေတယ်

ကိုယ်ဝန် ၁၄ ပတ် (သို့) ၁၅ ပတ်အတွင်းမှာ သားအိမ်ထဲက ကလေးဟာ ဆံပင်တွေ စတင်ပေါက်နေပြီဖြစ်ပါတယ်။ ပရိုတင်းဓာတ်ဟာ သင့်ဆံပင်တွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကောင်းမွန်ပြီး သင့်ကလေးရဲ့ အာဟာရဓာတ်တွေရောက်သွားသည်အထိ ထိရောက်မှုရှိသောအာဟာရဓာတ်ဖြစ်ပါတယ်။ ကြက်ဥတွေက ပရိုတင်းဓာတ်ရဲ့ ကြီးမားသော အရင်းအမြစ်ဆိုတာ မှန်ကန်ပေမယ့် အမျှင်ဓာတ်တွေပါဝင်သော အစားအသောက်တွေက ကောင်းမွန်သော ဘိုင်အိုတင်းများ ပါဝင်ပါတယ်။

ဆံသားကို ကျန်းမာစေပြီး ဦးရေပြားကို အစိုဓာတ်ထိန်းပေးသော ဟင်းနုနယ်ရွက် (ဖောလိတ်၊ သံဓာတ်၊ ဗီတာမင် အေနှင့် စီကြွယ်ဝသော) ၊ ထောပတ်သီးနှင့် အခွံမာသီးတွေက ဆံပင်ကို ကျန်းမာသန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းကို တိုက်ဖျပ်ပေးပါတယ်။ အဆီဓာတ်ပြည့်ဝသော ငါးတွေက အိုမီဂါ – ၃ အတွက် အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် တစ်ချို့ငါးတွေက ကိုယ်ဝန်ဆောင်စဉ်စားသုံးခြင်းအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

Chit_May_May

Nyein_Thu

ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here