သင့်ကလေးရဲ့IQကို တိုးတက်အောင်လုပ်နိုင်မယ့်နည်းလမ်း ၅ ခု

0
4130
- Advertisement -

ကလေးတွေကို ညဏ်ကောင်းထက်မြက်စေချင်တာတော့ မိဘတိုင်းရဲ့စေတနာပါပဲ။ ကလေးတွေကို IQကောင်းအောင်၊ စမတ်ကျအောင် လုပ်တယ်ဆိုတာ မေးခွန်းတွေ ဒါမှမဟုတ် အကဲဖြတ်စာအုပ်တွေလုပ်စရာမလိုပဲ နေ့စဉ်ဖြတ်သန်းမှုတွေထဲမှာပဲ သူတို့ဦးနှောက်ကို ပိုမိုကောင်းမွန်လာအောင် လုပ်နိုင်မယ့်နည်းလမ်းတွေရှိပါတယ်။ ကလေးတွေ ရဲ့ညဏ်ရည်တိုးတက်လာစေဖို့အတွက် အောက်ကအချက် ၅ ချက်ကို မိဘတွေလုပ်ပေးနိုင်ပါတယ်နော်..

ဘာသာစကားဆိုင်ရာစွမ်းရည်တိုးတက်စေရန် နှုတ်နဲ့စာဖတ်ပြပါ

စကားလုံးတွေနဲ့ဘာသာစကားတွေကို အသုံးပြုပြီး သတင်းအချက်အလက်တွေကိုဖတ်ပြတာက ဘာသာစကားဆိုင်ရာစွမ်းရည်နဲ့မှတ်ညဏ်ကို တိုးတက်စေနိုင်ပါတယ်။ ရုပ်ပုံတွေနဲ့စကားပြောတာလောက်နဲ့ယှဉ်ရင် ဦးနှောက်အစိတ်အပိုင်းဆက်သွယ်မှုတွေတိုးတက်ဖို့အတွက် စာဖတ်ခြင်းက ပိုပြီးကောင်းပါတယ်။

စာဖတ်တာက ဘာသာစကားကိုတိုးတက်စေရုံသာမကပဲ ကျွန်တော်တို့စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပါတယ်။ ကလေးတွေကို ငယ်ငယ်ကတည်းက စာဖတ်တဲ့ အလေ့အထကို ပျိုးထောင်ပေးတာက စာတ်မြောက်မှုအတွက် အထောက်အကူဖြစ်စေရုံသာမကပဲ အသက်ကြီးလာတဲ့အခါ အရေးကြီးတဲ့ သိမြင်မှုစွမ်းရည်နဲ့ စဉ်းစားတွေးခေါ်မှုအပိုင်းတွေကိုပါ အကျိုးရှိစေနိုင်ပါတယ်။

စာဖတ်ခြင်းက ဝေါဟာရ၊ အထွေထွေဗဟုသုတတွေကိုလည်းရရှိစေပြီး ကလေးတွေကိုပိုပြီးအောင်မြင်မှုလမ်းကြောင်းကိုတင်ပေးနိုင်ပါတယ်။ ကလေးတွေနဲ့သင်စာအတူဖတ်တဲ့အခါ အချို့သော ဝေါဟာရတွေကို ဂရုပြုပေးရပါမယ်။

အသက်ကြီးတဲ့ကလေးတွေအတွက် သူတို့သိထားတဲ့ ဝေါဟာရတွေကို ချဲ့ထွင်ဖို့နဲ့စိတ်ကူးစိတ်သန်းတွေကို ပိုကောင်းလာစေဖို့ အယူအဆနက်နဲတဲ့ပုံပြင်တွေနဲ့ မိတ်ဆက်ပေးပါ။ ဒါတွေက သူတို့ရဲ့တွေးခေါ်မှုကို ပိုလေးနက်စေပြီး IQကောင်းအောင် ထောက်ပံပေးပါလိမ့်မယ်။

ညဏ်စမ်းဂိမ်းများဆော့ခိုင်းပါ

ပဟေဋိတွေ၊ မှတ်ညဏ်စမ်းတဲ့ဂိမ်းတွေ၊ လက်မှုပညာတွေဆိုတာ ကလေးတိုင်းအတွက် အရေးကြီးကစားစရာတွေပဲဖြစ်ပါတယ်။ သင့်ကလေးကို မူကြိုတက်ချိန်လောက်ကစပြီး ဒီလို ဆော့စရာတွေအတွက် အချိန်များစွာပေးပါ။

ဒီညဏ်စမ်းတဲ့ Gameတွေက သင့်ကလေးကို သင်ယူမှုပိုင်းအတွက် များစွာအထောက်အကူပြုစေပါလိမ့်မယ်။ ဒီဂိမ်းတွေက ကလေးတွေကို ဂဏန်းသင်္ချာစွမ်းရည်ပိုင်းမှာ သူများတွေနဲ့မတူအောင် တိုးတက်လာပါစေလိမ့်မယ်။

ဖြတ်ထိုးညဏ်ကောင်းဖို့သင်္ချာနဲ့လေ့ကျင့်ခန်းလုပ်ခိုင်းပါ

သင့်ကလေးတွေကို စတုရန်း နဲ့စတုဂံက ဘယ်လိုခြားနားလဲဆိုတာ သင်ပေးလို့ရပါတယ်။ သင့်အိမ်ပတ်၀န်းကျင်မှာရှိတဲ့ အရာတွေနဲ့လည်း နှိုင်းယှဉ်ပြသပြီးသင်ကြားပေးနိုင်ပါတယ်။ အရာ၀တ္တုတွေကို ခွဲခြမ်းစိတ်ဖြာပြီး တစ်ခုနဲ့တစ်ခုဘယ်လိုကွာခြားတ ယ်ဆိုတာကို ပြပါ။

ဆိုကြပါစို့ ၂ကို ရိုးရိုးလေးရေးတာကို စာရွက်ပေါ်မှာပြတာထက် တကယ့်အရာ၀တ္တုတွေနဲ့ပြသပါ။ အရုပ်တွေနဲ့ဖြစ်ဖြစ်ပြသလို့ရပါတယ်။ အဲ့ဒီလိုပဲ ၃ နဲ့ ၄ ရဲ့ ကွာခြားချက် ကိုလက်တွေ့ သရုပ်မှန်နဲ့ ပြသ သင်ကြားနိုင်ပါတယ်။

ဒါ့အပြင် ကာယလှုပ်ရှားမှုတစ်ခုခု လုပ်ခြင်းက ညဏ်ရည်ကို တိုးတက်စေတယ်လို့ သုတေသီတွေရဲ့အကြံပေးချက်အတိုင်း လုပ်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ဦးနှောက်ရဲ့လေ့လာမှုနဲ့ မှတ်ညဏ်ကို တိုးတက်စေတဲ့ ဟော်မုန်းတွေကို ထုတ်လွှ တ်ပေးတဲ့အတွက် ကလေးတွေကို လွတ်လွတ်လပ်လပ်ဆော့ကစားပါစေ။ ဘောလုံးကစားတာပဲဖြစ်ဖြစ်၊ ပြေးလွှားကစားမျိုးပဲဖြစ်ဖြစ် မပိတ်ပင်ပါနဲ့။ စာချည်းပဲ တချိန်လုံးလုပ်ခိုင်းနေလို့မရပါဘူး။

သူတို့ကိုယုံကြည်ပေးပါ

သင့်ကလေးက ညံသည်ဖြစ်ညဏ်မကောင်းသည်ဖြစ်စေ ဒါတွေကို သူတို့ကို သွားမပြောပါနဲ့။ သူတို့စိတ်ထဲမှာသူတို့ကိုသူတို့ ညံတယ်လို့ထင်သွားတဲ့အခါ သူတို့ကို သူတို့ ယုံကြည်မှု ကင်းမဲ့သွားနိုင်ပါတယ်။ အားငယ်သွားပြီး ဘာလုပ်လုပ် သူအကောင်းဆုံးလုပ်နိုင်မှာမဟုတ်ဘူးလို့ မှတ်ယူသွားတတ်ပါတယ်။

လေ့လာမှုတွေအရ အတန်းထဲက ကလေးအချို့ကို ဆရာမတွေက မင်းတို့က သိပ်တော်တဲ့ကလေးတွေပဲလို့ပြောခဲ့ပါတယ်။ နှစ်ကုန်တဲ့အခါ ဒီကလေးတွေကိုစစ်ဆေးကြည့်တော့ တခြားကလေးတွေထက်ပိုပြီးIQရမှတ်တွေ ပိုကောင်းနေတာတွေ့ခဲ့ရပါတ ယ်။ ဆိုလိုတာက ကလေးတွေကို ယုံကြည်မှု ဟာ သူတို့ဘ၀ကို အကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။

သူတို့ကြိုးစားအားထုတ်မှုကို ချီးမွမ်းပါ

ကလေးတွေရဲ့သင်ယူမှုနဲ့ကြိုးစားအားထုတ်မှုအတွက် သူတို့ကို စိတ်ဆင်းရဲအောင် စိတ်ညစ်အောင် မပြောမိပါစေနဲ့။ သူတို့ကို အာရုံစိုက်ပြီး စိတ်ပိုင်းဆိုင်ရာဖွံဖြိုးဖို့အတွက် ချီးကျူးပေးပါ။ကလေးတွေက သူတို့ရဲ့သင်ယူမှုကို လှုံဆော်ပေးဖို့၊ သူတို့ကိုတက်ကြွအောင်လုပ်ပေးဖို့များစွာလိုအပ်ပါတယ်။

မိဘတွေဟာ ကိုယ့်သားသမီးတွေကို တအားဖြစ်စေချင်တာကြောင့် တစ်ခုခု ကျရှုံးမှုဖြစ်ခဲ့ရင်ပဲဖြစ်ဖြစ် သူတို့လိုချင်တဲ့ ပုံစံအ တိုင်းမရရင် ပဲဖြစ်ဖြစ် ကလေးတွေကို စိတ်ပျက်အားလျော့အောင်ပြောတတ်ပါတယ်။ ဒါတွေက ကလေးငယ်ကို ကူညီတာမ ဟုတ်ပဲ နောက်ပိုင်းမှာ သူ့ကို ဘာမှလုပ်ချင်စိတ်မရှိအောင်လုပ်သလိုဖြစ်သွားတတ်ပါတယ်။

ဒါကြောင့် ညဏ်ကောင်းတဲ့ကလေးတစ်ယောက် တွေးခေါ်စဉ်းစားနိုင်တဲ့ကလေးတစ်ယောက်ဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင်ပေးရမလဲဆိုတာ သိသွားပြီဆိုခဲ့ရင် ကလေးတွေကို ဒီနေ့ကစပြီး အဲ့ဒီလို ပုံသွင်းယူဖို့မျှ၀ေပေးလိုက်ပါတယ်….

#Chit_May_May
# Mg_Htet
REF_seriouslyaddictivemaths.com

LEAVE A REPLY

Please enter your comment!
Please enter your name here