သင့်ကလေးအတွက် ပထမဆုံးအကြိမ် ဆံပင်ညှပ်တဲ့အခါ သိထားသင့်သော အချက်များ

သင့်ကလေးအတွက် ပထမဆုံးအကြိမ် ဆံပင်ညှပ်တဲ့အခါ သိထားသင့်သော အချက်များ

0
386
- Advertisement -

မိဘအများစုက မိမိတို့ကလေးရဲ့ ဆံပင်ကို မည့်သည့်အချိန်မှာ ပထမဆုံးဖြတ်ရမယ်ဆိုတာ မိမိကိုယ်ကို မေးလေ့ရှိကြတယ်။ အဲ့ဒီ့အတွက် ရွေးချယ်မှုလွယ်ကူစေဖို့အတွက် ကူညီအကြံပြုပေးချင်ပါတယ်။
သင့်ကလေးရဲ့ ပထမဆုံးဆံပင်ပုံစံက ဆေးကုသဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ လူကြိုက်များသော ယုံကြည်မှုနှင့် ဆန့်ကျင်မှုတွေတစ်ခုမှ လုပ်ဖို့ မလိုပါဘူး။ ကလေးရဲ့ ဆံပင်ကို ဖြတ်တောက်ခြင်းက ကလေးကို ပိုမိုမြန်ဆန်စွာ ကြီးထွားစေမှာလည်း မဟုတ်ပါဘူး။ ဘယ်အချိန်မှာ သင်တို့ရဲ့ ကလေးဆံပင်ကို ပထမဆုံးညှပ်ရမလဲဆိုတာ စဥ်းစားရမှာ ဖြစ်ပါတယ်။ ဆံပင်လေးတွေဟာ သူတို့ရဲ့ အသားအရေ ၊ လက်သည်းတို့လိုပဲ နူးညံ့သိမ်မွေ့ပါတယ်။

ဘယ်အချိန်မှာ ညှပ်မလဲ

သင့်ကလေးရဲ့ ဆံပင်ကို ညှပ်ဖို့ အချိန်တိကျဖို့ မလိုပါဘူး။ ဆုံးဖြတ်ချက်ကတော့ မိဘတွေရဲ့ ဆန္ဒပေါ်မှာ မူတည်ပါတယ်။ အဓိကစဥ်းစားရမယ့်အချက်ကတော့ ကလေးငယ်ခေါင်းကနေတစ်ဆင့် သူတို့ရဲ့ အပူချိန်ကို ထိန်းညှိပေးခြင်း ဖြစ်ပါတယ်။ သင့်ကလေးရဲ့ ပထမဆံပင်ညှပ်ပြီးသောအခါ ကလေးငယ်ကို အအေးမိခြင်းနှင့် ထိခိုက်ရှနာမဖြစ်စေရန် အထူးဂရုပြုပါ။
ထည့်သွင်းစဥ်းစားရမယ့်နောက်တစ်ချက်က ကလေးငယ်ကို မွေးဖွားပြီးတာနဲ့ သူတို့ရဲ့ အပြောင်းအလဲတွေဘယ်လောက်ရှိတယ်ဆိုတဲ့ နေရာမှာ မူတည်ပါတယ်။ အကြောင်းကြောင်းကြောင့် တစ်ချို့ကျွမ်းကျင်သူတွေက မွေးဖွားပြီး တစ်လ၊ နှစ်လလောက်ကြာမှ ဆံပင်ညှပ်ခြင်းကို ပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒါဆိုရင် ဖြစ်စဥ်ကို အနည်းငယ်ပိုလွယ်ကူစေပါတယ်။ ထိုထက်ပိုပြီး အသက်၅လမှ ၆လအထိ ၊ သင့်ကလေးသူတို့ ဘာသာထိုင်နိုင်သည့်အချိန်မှာ ဖြစ်ပါတယ်။

- Advertisement -

ဘယ်လိုညှပ်မလဲ

မိဘအချို့က မိမိကလေးရဲ့ ဆံပင်ပုံစံကို ကိုယ်တိုင်ပုံဖော်ပြီး ညှပ်ရတာကို သဘောကျကြတယ်။ သင့်အနေနဲ့ အနည်းငယ်သာ
သပ်သပ်ရပ်ရပ်လုပ်ချင်တယ်ဆိုရင် အချို့သော တုံးသော ကတ်ကြေးနှင့် တည်ငြိမ်သောလက်များကို လိုအပ်ပါတယ်။ သင်ကလေးရဲ့ ဆံပင်ကို ညှပ်ဖို့ နောက်ထပ်နည်းလမ်းကတော့ လျှပ်စစ်ညှပ်များကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ညှပ်တွေကို သုံးသောအခါ ၎င်းကို နှေးစေပါ။ သင့်ကလေးရဲ့ ဦးခေါင်းကို ဖိအားအရမ်းမပေးပါနဲ့ ။ အကောင်းဆုံးအချိန်ကတော့ ကလေးအဆင်ပြေစွာ ထိုင်နေသော အချိန်ဖြစ်ပါတယ်။ နောက်ပြီး အစာစားပြီးချိန် (သို့) ကစားစရာနှင့် ပျော်ရွှင်စွာကစားနေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဆံပင်ကို မကိုက်သေးခင်မှာ ရေဆွတ်ဖို့ မလိုပါဘူး။

အပိုဆောင်းအကြံပြုချက်များ


ပထမဆုံးလုံခြုံမှု- ကလေးရဲ့ ဆံပင်ကို ညှပ်သောအခါ အထူးသဖြင့် အချို့ကြိုတင်ကာကွယ်မှုများပြုလုပ်ဖို့ အရေးကြီးပါတယ်။ ဥပမာ ရုတ်တရက်လှုပ်ရှားမှုများကို ရှောင်ရှားဖို့ သူတို့ရဲ့ ဦးခေါင်းကို ခိုင်မြဲစွာ ကိုင်ထားသင့်ပါတယ်။ အနီးအနားမှာ အခြားအရွယ်ရောက်သူတစ်ဦးရှိခြင်းက ပထမဆုံးအကြိမ်လိုအပ်ချက် ဖြစ်ပါတယ်။ ညှပ်များနှင့် ကတ်ကြေးများကို ကလေးလက်လှမ်းမမှီနိုင်သော နေရာမှာ ထားပါ။ လျှပ်စစ်ညှပ်တွေရဲ့ အသံတွေက ကလေးရဲ့ စိတ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သူတို့အနားယူချိန်မှာ သင့်ကလေးရဲ့ ဆံပင်ဖြတ်ဖို့ ပိုလွယ်ကူပါတယ်။ ငိုနေရင် ဆံပင်ညှပ်တာကို နောက်နေ့အတွက် ထားခဲ့ပါ။ ပြီးလျှင် ရေချိုးပေးနိုင်ပါတယ်။ သင်တုန်းကို ရှောင်ပါ။ မည်သည့်အခြေအနေမျိုးမှာမဆို ကလေးရဲ့ ဆံပင်ကို ဖြတ်တောက်ဖို့ သင်တုန်းကို မသုံးသင့်ပါဘူး။ ထိခိုက်လွယ်သော အသားပေါ်မှာ သင်တုန်းဓားက အလွန်ကြမ်းတမ်းတာကြောင့် သူတို့ရဲ့ နူးညံ့သောဦးရေပြားကို ထိရှနိုင်ပါတယ်။

Chit_May_May

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here