Home Parenting Child Care သင့်ကလေး ချောင်းတအားဆိုးနေပါကအရေးပေါ်ပြုလုပ်ပေးလို့ရတဲ့ နည်းလမ်းကောင်းများ

သင့်ကလေး ချောင်းတအားဆိုးနေပါကအရေးပေါ်ပြုလုပ်ပေးလို့ရတဲ့ နည်းလမ်းကောင်းများ

0
482

ဆောင်းတွင်းကာလမျိုးတွေမှာ ကလေးငယ်လေးတွေဟာ အမြဲတမ်း ချောင်းဆိုးတတ်ကြပါတယ်။အဲ့ဒီလိုအချိန်မျိုးတွေမှာ ကိုယ့်အိမ်မီးဖိုချောင်ကအလွယ်တကူရရှိနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများနဲ့ချောင်းဆိုးသက်သာသွားအောင်ပြုလုပ်ပေးနိုင်ဖို့ နည်းလမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်။

ကြက်သွန်နီ၊အဖြူ နဲ့ နွားနို့

ကြက်သွန်နီဟာ အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်းနဲ့ လည်ချောင်းနာခြင်းတို့ကိုထိရောက်စွာ ကုသပေးနိုင်ပါတယ်။ ကြက်သွန်နီအရွယ်တော်သုံးလုံး၊ ကြက်သွန်ဖြူ ဥတစ်ဝက်ကိုကြိတ်ချေပြီး နို့တစ်လီတာခန့်ထဲထည့်ပြီး ကြက်သွန်နီ၊ အဖြူများ ပျော့ပေျာင်းသွားသည်ထိ ပူနွေးအောင်ပြုလုပ်ပါ။ ပြီးရင်တော့ အဖတ်တွေကို စစ်ပါ။ အရသာကောင်းမွန်အောင် ပျားရည်အနည်းငယ်ထည့်ပြီး တိုက်လို့လည်းရပါတယ်။

နာနတ်သီးဖျော်ရည်

နာနတ်သီးမှာ ပါဝင်တဲ့ bromelain လို့ခေါ်တဲ့ ဒြပ်စင်တစ်မျိုးက ရောင်ရမ်းတာတွေကို ခုခံနိုင်တဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။ နာနတ်သီးဖျော်ရည်ဟာ လည်ချောင်းမှာရှိတဲ့ ချွဲများကို လျော့နည်းစေပြီး ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။ တစ်ခါတစ်ရံမှာတော့ နာနတ်သီးဖျော်ရည်တစ်မျိုးထဲနဲ့ မလုံလောက်ဘူးလို့ ထင်ရတဲ့အခါမျိုးမှာတော့ ဂျင်းနဲ့ပျားရည် အနည်းငယ်ထည့်ပြီး တိုက်လို့
ရပါတယ်။

ဂျင်းထုပ် အသုံးပြုနည်း

ကြိတ်ချေထားတဲ့ ဂျင်းတက် ဒါမှမဟုတ် ဂျင်းမှုန့်တို့ကို ဂျုံမှုန့်တစ်ဇွန်း၊ ပျားရည်၊ သံလွင်ဆီနည်းနည်းနဲ့ ရောစပ်ပါ။ လက်ကိုင်ပဝါထဲထည့် ကလေးငယ်ရဲ့ ရင်ဘတ်ပေါ်မှာတင်ပြီးပတ်တီးဖြင့် အိပ်ရာမဝင်ခင် ၃ နာရီလောက် စည်းပေးထားတာပါ။

နနွင်းနဲ့ နွားနို့

နနွင်းနဲ့နွားနို့ ဟာ အိန္ဒိယရဲ့ နာမည်ကျော်အအေးမိ၊ ချောင်းဆိုးပျောက်ဆေးကုထုံးဖြစ်ပါတယ်။ နို့ကိုပူနွေးအောင်လုပ်ပြီး နနွင်းမှုန့်တစ်ဇွန်းထည့် ကလေးအိပ်ရာမဝင်ခင်တိုက်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

ဆားရည်ဖြင့်ပလုတ်ကျင်းပေးခြင်း


ဆားငန်ရည်ဟာ လည်ချောင်းနာတာကို သက်သာစေပါတယ်။

ရေနွေးနွေးဖြင့် ရေချိုးပေးခြင်း


ရေနွေးဖြင့် ရေချိုးပေးခြင်းကလည်း ညအချိန်ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။

#Chit_may_may

#Dmo_aung

#Ref- Brightside

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here