
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ပါဘူး။ ကလေးတွေဟာ ကြီးပြင်းလာခြင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် သူတို့အတွက် မလွဲမရှောင်သာ မိမိကိုယ်ကိုယ် ထိခိုက်မှုတွေတော့ရှိလာမှာအမှန်ပါပဲ။ ကျွမ်းကျင်သူတွေက သင့်ကလေးအတွက် အခြေခံဘေးကင်းရေးစည်းမျဉ်းတွေကို အကောင်အထည်ဖော်ဖို့ ကူညီပေးနိုင်မယ့် အကြံပြုချက်တွေကို မကြာခဏမျှဝေလေ့ရှိပါတယ်။ ဒီကနေ့မှာလည်း ကလေးတွေရဲ့ ဘေးကင်းမှုကို ပိုမိုမြင့်မားလာစေမယ့် အကြံဉာဏ်တစ်ချို့ကို မျှဝေချင်ပါတယ်။
၁။ လူစည်ကားသောနေရာတွေကို မရောက်ခင်မှာ ကလေးကို ဓာတ်ပုံကြိုရိုက်ထားပါ

အပန်းဖြေဥယျာဥ်တစ်ခုကို သွားခြင်း (သို့) လူတွေထူထပ်များပြားလှသော ဖျော်ဖြေပွဲစတဲ့နေရာတွေဟာ ကလေးတွေအလွယ်တကူပျောက်နိုင်တာကြောင့် မိဘတွေအတွက်ကတော့ အိပ်မက်ဆိုးတစ်ခုဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ ဘယ်သူမှ မျှော်လင့်မထားပေမယ့် ကြိုတင်ပြင်ဆင်ထားရတာ အမြဲတမ်းအတွက် အဆင်ပြေပါတယ်။ အပြင်မထွက်ခင် သင့်ကလေးကို ဓာတ်ပုံရိုက်ထားသင့်ပါတယ်။ သို့မှသာ သူတို့လမ်းပျောက်တဲ့အခါ သင့်ရဲ့ ကလေးဘယ်လိုပုံစံနှင့် အဲဒီ့နေ့က ဘယ်လိုဝတ်ထားသလဲဆိုတာ အတိအကျဓာတ်ပုံထဲမှာ တွေ့နိုင်ပါတယ်။ ကလေးကို ပြန်ရှာဖို့လည်း လွယ်ကူပါလိမ့်မယ်။
၂။ သင့်ကလေးက အခွံမာသီးတွေကို ပထမဆုံးအကြိမ်ကျွေးတဲ့အခါ နည်းနည်းပဲ ကျွေးပါ

ကလေးတွေက လွန်ခဲ့တဲ့နှစ်တွေအတွင်း အသီးကြောင့် အလက်ဂျစ်ထတာတွေပိုအဖြစ်များလာနေပါတယ်။ ဒါ့ကြောင့် ကလေးတွေကို မြေပဲ (သို့) အခြားသစ်သီးတစ်မျိုးမျိုးတွေကို ကျွေးတဲ့အခါ နည်းနည်းချင်းကျွေးသင့်ပြီး ကလေးရဲ့ တုံ့ပြန်မှုကို သတိပြုပါ။ ဓာတ်မတည့်တာတွေမဖြစ်တာသေချာမှ နည်းနည်းချင်းတိုးကျွေးပါ။
၃။ ကလေးရဲ့ ဦးထုပ်ကို ချီးမွမ်းပေးပြီး နောက်ထပ်ဆောင်းလာအောင် ကြိုးစားပါ
ကလေးတွေက သူတို့ရဲ့ ရဲစွမ်းသတ္တိကို ပြသရတာကို နှစ်သက်ကြပြီး အန္တရာယ်များသော စွန့်စားမှုတွေလုပ်တတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ဦးထုပ်ဆောင်းတဲ့အခါ သူတို့ရဲ့ ဦးထုပ်ဟာ အရမ်းမိုက်ကြောင်း ဦးထုပ်နဲ့ လိုက်ဖက်ကြောင်း ချီးမွမ်းမေးပါ။ အရွယ်ရောက်ပြီးသူတွေဆီကနေ ချီးမွမ်းခံရတဲ့အခါ အနာဂတ်မှာ တွန်းအားတစ်ခုဖြစ်စေပါလိမ့်မယ်။
၄။ သင့်ကလေးကို ဘယ်အခြေအနေမှာမဆို သင်ရှိနေကြောင်း မြင်သာပါစေ

အထူးသဖြင့် ပြင်ပကမ္ဘာကို စူးစမ်းလေ့လာဖို့ ကြိုးစားကြတာ ကလေးတွေရဲ့ သဘာဝပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ သင့်ရဲ့ မျက်စိအောက်မှာပဲ ရှိနေစေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် သူတို့က သင့်ကို ပြန်လည်မြင်နိုင်သောနေရာမှာ ရှိနေသင့်ကြောင်း သတိပေးပါ။
Chit_May_May
Nyein_Thu
ref-brighsideme