Home Parenting Parent Guide သင့်ကလေး မလုံခြုံသလိုခံစားရတဲ့အခါမျိုး လုပ်ဆောင်ရမယ့်အဆင့် (၅) ဆင့်

သင့်ကလေး မလုံခြုံသလိုခံစားရတဲ့အခါမျိုး လုပ်ဆောင်ရမယ့်အဆင့် (၅) ဆင့်

0
သင့်ကလေး မလုံခြုံသလိုခံစားရတဲ့အခါမျိုး လုပ်ဆောင်ရမယ့်အဆင့် (၅) ဆင့်

မိဘတွေဟာ ကလေးတွေကို မလုံခြုံမှုတွေကို ဖြစ်စေသော အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး ဘာကြောင့် ဒီလိုမလုံခြုံမှုတွေရှိနေရတာလဲ? အဆိုးမြင်သော မိမိကိုယ်ကိုယ်စကားပြောဆိုခြင်းကို တိုက်ဖျက်ဖို့ ဘာတွေကို လုပ်ဆောင်နိုင်မလဲစသဖြင့် မိဘတွေက မကြာခဏမေးကြပါတယ်။ ဒီမေးခွန်းတွေရဲ့ အဖြေက အခြေအနေတစ်ခုနဲ့ တစ်ခုအပေါ် မူတည်ပြီး သက်ရောက်မှုတွေက ကွာဟနိုင်တာကြောင့် ကလေးဟာ မလုံခြုံမှုတွေကို ခံစားနေရတယ်လို့ သံသယရှိလာပြီဆိုရင် လုပ်ဆောင်ရမယ့် အဓိကခြေလှမ်းတစ်ချို့ရှိပါတယ်။ သင့်ကလေးကို စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေဖို့ သင်ဘာလုပ်နိုင်တယ်ဆိုတာ ရှာဖွေကြည့်ပါ။

၁။ သင့်မိဘအုပ်ထိန်းမှုပုံစံကို ပြန်စဉ်းစားပြီး လိုအပ်ရင် တောင်းပန်တတ်ပါစေ

မလုံခြုံမှုဆိုတာ တစ်ခြားနေရာကနေ ထွက်လာခြင်းမဟုတ်ဘဲ သင့်ရဲ့ ပျိုးထောင်နည်းအမှားတွေကနေ ရောက်လာတာဖြစ်နိုင်ခြေအများဆုံးပါပဲ။ ဒါ့ကြောင့် ပျိုးထောင်နည်းတွေကို ပြန်လည်သတိထားမိဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးမိဘတွေတောင်မှ သူတို့ကလေးတွေအပေါ် အပျက်သဘောလွှမ်းမိုးမှုတွေရှိကြပါသေးတယ်။ သင့်အုပ်ထိန်းမှုတွေက သင့်ကလေးအပေါ် ဘယ်လိုအကျိုးသက်ရောက်နေတယ်ဆိုတာ ကိုယ်တိုင်ပြန်လည်သုံးသပ်ခြင်းက ကောင်းမွန်သော မိဘဖြစ်လာခြင်းရဲ့ အခက်အခဲဆုံးအစိတ်အပိုင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ အမှားတွေအတွက် ကလေးကို တောင်းပန်တတ်ပါစေ။

၂။ မလုံခြုံခြင်းတွေနဲ့ ပတ်သက်ပြီး စကားပြောဆိုပါ

သင့်အုပ်ထိန်းမှုတွေကို ပြန်လည်စစ်ဆေးပြီးတဲ့အခါ ဒုတိယတစ်ဆင့်အနေနဲ့ ကလေးတွေနဲ့ စားပွဲတစ်လုံးထဲမှာ ထိုင်ပြီး သင့်ရဲ့ ဝေဖန်မှုတွေ၊ မှားယွင်းသော ပဲ့ပြင်မှုတွေနဲ့ သူတို့ဘက်က လက်ခံခြင်းတွေအကြောင်း ပြောပြီးပြီဆိုပါစို့။ ဒီတော့ သင့်ဘက်က ကိစ္စတော်တော်များများပြောပြီးပြီမို့ ကလေးတွေဘက် စကားတွေကို နားထောင်ရမယ့် အချိန်ရောက်လာပါပြီ။ ဒီတော့ သင့်ဘက်က ဒီမေးခွန်းတွေကို မေးပါ။ ကိုယ့်ကိုယ်ကိုယ် မလုံလောက်ဘူးလို့ ခံစားရဖူးပါသလား? ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်အတွေးတွေ ဘယ်လောက်တောင်ရှိနေပြီလဲ? ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဖော်ပြမလဲ? သင့်ရဲ့ ထူးခြားချက်တွေက ဘာတွေလဲ? ကိုယ့်ကိုယ်ကိုယ်သဘောအကျဆုံးအရာတွေက ဘာတွေလဲ? ဒီနေရာမှာ ဒီမေးခွန်းတွေရဲ့ အဖြေတွေနဲ့ ပတ်သက်ပြီး အရမ်းတွန်းအားမပေးပါနဲ့။ သင့်ဘက်က ကူညီပြီးဖြေပေးနိုင်တာတွေကို ဖြည့်စွက်ဖြေပေးပါ။ အပြန်အလှန်နားလည်မှုရှိပါ။

၃။ သူတို့ကိုယ်သူတို့ ခွင့်လွှတ်တတ်အောင် သင်ပေးပါ

အမှားတစ်ခုခုလုပ်မိတိုင်း အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်က မလုံလောက်ခြင်းကို ဖြစ်စေပြီး မလုံခြုံမှုတွေကို ခံစားကြရပါတယ်။ ကလေးတွေဟာ သူတို့လုပ်ခဲ့တဲ့အရာတွေအပေါ် အခြေခံပြီး သူတို့ကိုယ်သူတို့ ခွင့်လွှတ်တတ်ဖို့ (သို့) ချစ်တတ်ဖို့ မမြင်နိုင်ဘူးဆိုရင် သူတို့ဟာ မလုံခြုံမှုတွေလည်းဖြစ်လာနိုင်ပါတယ်။

ခွင့်မလွှတ်တတ်ဘူးဆိုရင် ဘယ်လိုကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနိုင်မလဲ? မိဘတွေအနေနဲ့ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်တတ်မှုတွေကို မြှင့်တင်ပေးသင့်ပါတယ်။ ဘုရားသခင်ရဲ့ လှပတဲ့ ခွင့်လွှတ်ခြင်းတွေအကြောင်း ကလေးတွေ သင်ယူနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ သူတို့ရဲ့ မိဘတွေဆီက စံနမူနာယူခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် မိဘတွေက ကလေးတွေကို အရင်ခွင့်လွှတ်ပေးသင့်ပါတယ်။

၄။ သူတို့ရဲ့ ဆိုရှယ်မီဒီယာနဲ့ စမတ်ဖုန်းတွေကို ဆန်းစစ်ပါ

ဒီနေ့ခေတ်ရဲ့ မိဘတစ်ဦးအနေနဲ့ သင်ထည့်တွက်ရမယ့်အကြောင်းအရာတစ်ခုက ဆိုရှယ်မီဒီယာရဲ့ ဆိုက်ဘာအနိုင်ကျင့်ခြင်းတွေကို စဉ်းစားရမှာြဖစ်ပါတယ်။ ဆိုရှယ်မီဒီယာက ဒီနေ့ခေတ်ကလေးတွေ အချင်းချင်းဆက်သွယ်ပြောဆိုရာမှာ အဓိကနည်းလမ်းတစ်ခုဖြစ်ပြီးတော့ မိဘတွေအနေနဲ့ အပြန်အလှန်ဆက်သွယ်မှုတွေကို စောင့်ကြည့်ဖို့ ခက်ခဲစေပါတယ်။

ဒါပေမယ့် မိဘအုပ်ထိန်းမှုဆော့ဖ်ဝဲတွေလည်း ဒီနေ့ကာလမှာ ရှိနေပါပြီ။ ဒီအခြေအနေဟာ ကလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သလို မယုံကြည်သလိုလည်း ဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့ အဓိက ရည်ရွယ်ချက်က သင့်ကလေးကို နာကျင်စေမယ့် ကမ္ဘာကနေ ကာကွယ်လိုစိတ်ဖြစ်ကြောင်း သေချာပါစေ။ အကယ်၍ မိဘအုပ်ထိန်းမှုဆော့ဖ်ဝဲတွေကို ထည့်ခွင့်မပေးဘူးဆိုရင် ကလေးတွေကို ဖုန်းကိုင်ခွင့်မပြုပါနဲ့။

ကလေးတွေနဲ့ ပွင့်လင်းရိုးသားသော ဆက်ဆံရေးကို မွေးမြူထားမယ်ဆိုရင်တော့ ဒီကိစ္စကာ ထင်သလောက်ခက်ခဲမှာမဟုတ်ပါဘူး။ အကယ်၍ သင်တို့မှာ တစ်ခြားမိသားစုပြဿနာတွေရှိနေမယ်ဆိုရင်တော့ ဒီပြဿနာတွေက ခက်ခဲနိုင်ပါတယ်။

၅။ သင့်အနေနဲ့ ဒီလိုစကားလုံးတွေကို မပြောမိကြောင်း သေချာပါစေ

တစ်ချို့ကလေးတွေက တစ်ခြားကလေးတွေထက် ပိုပြီး နူးညံ့သိမ်မွေ့ကြပါတယ်။ ခံနိုင်ရည်ချင်းမှာလည် မတူပါဘူး။ သို့ပေမယ့် လူတော်တော်များများဟာ ထိလွယ်ရှလွယ်သူတွေ ဖြစ်ကြောင်း သိထားဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ကလေးတွေကို ပြောတဲ့စကားလုံးတွေကို သတိထားရပါမယ်။ မိဘက သားသမီးကို body shaming မလုပ်မိစေဖို့ သတိထားရပါမယ်။ အကျိုးကျေးဇူးများနိုင်မယ့် အပြုသဘောဆောင်သော စကားလုံးတွေနဲ့သာ ဆုံးမသင့်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

ref-wordfromthebird

LEAVE A REPLY

Please enter your comment!
Please enter your name here