သင့်ကလေး အငိုမတိတ်ရင် ဘာလုပ်ပေးမလဲ?

0
129
- Advertisement -

ကလေးတွေဟာ ဝမ်းနည်းနေတဲ့အခါ၊ ပင်ပန်းတဲ့အခါ၊ အစာမကြေပြဿနာတွေ ရှိတဲ့အခါ စသဖြင့် အကြောင်းရင်းအမျိုးမျိုးကြောင့် ငိုနိုင်ပါတယ်။ ကလေးသေးသေးလေးဟာ စကားမပြောနိုင်သေးတာကြောင့် ငိုကျွေးတဲ့နည်းလမ်းနဲ့ သူတို့ရဲ့ ခံစားမှုတွေကို ဖော်ပြတာ ဖြစ်ပါတယ်။ ကလေးတွေဟာ နို့ဆာတဲ့အခါ သို့ ပင်ပန်းတဲ့အခါ၊ အနှီးလဲဖို့လိုအပ်လာတဲ့အခါ၊ ဗိုက်နာတာ၊ နို့တိုက်ပြီးလေထုတ်ပေးဖို့ လိုအပ်တဲ့အခါ သို့ သူတို့ကိုချီစေချင်တဲ့အခါမျိုးမှာ အများဆုံးငိုတတ်ပါတယ်။ သူတို့ရဲ့မျက်ရည်နောက်မှာ အကြောင်းရင်းတစ်ခု အမြဲတမ်းရှိပေမယ့် မေမေအသစ်တွေအတွက်တော့ ကလေးဘာ့ကြောင့်ငိုလည်းဆိုတာ မသိပါဘူး။ ဒါ့ကြောင့် မိခင်လောင်းတွေအတွက် ကလေးအငိုတိတ်အောင် ဘာလုပ်မလဲဆိုတဲ့ အထိရောက်ဆုံးနည်းလမ်းများကို အကြံပြုပေးလိုက်ပါတယ်။

၁။ လက်မောင်းပေါ်မှာချီပြီး ဖြည်းဖြည်းလေးလှုပ်ပေးပါ

မေ့မေ့လက်မောင်းပေါ်မှာ နေရတာထက် ပိုပြီးသာယာတာ ဘာမှမရှိပါဘူး။ မေမေက သီချင်းလေးဆိုရင်း လက်မောင်းပေါ်မှာ သူ့ကိုအသာအယာပိုက်ပြီး လွှဲပေးတဲ့အခါ သူတို့လေးတွေ အံ့သြစရာကောင်းအောင် ငြိမ်သက်သွားပါလိမ့်မယ်။ မေမေက တစ်နေ့လုံးအနားမရသေးရင်တော့ အဘိုး၊ အဘွား၊ အန်တီ၊ ဦးလေးနှင့် အစ်ကိုကြီး၊ အစ်မကြီးစတဲ့ တစ်ခြားမိသားစုဝင်တွေကိုလည်း ချီခိုင်းထားနိုင်ပါတယ်။ တခါတရံမှာ ဒီအပြောင်းအလဲက ကလေးအတွက် ကောင်းစေပြီး ပင်ပန်းတဲ့ မိဘတွေအတွက် အနားယူချိန်ရရှိပါတယ်။

၂။ လမ်းလျှောက်ပေးပါ

အိမ်ကနေ ဝေးဝေးသွားဖို့ မလိုပါဘူး။ အိမ်ထဲမှာသာ လမ်းလျှောက်နိုင်ပါတယ်။ သင့်လက်မောင်း၊ပခုံးပေါ်မှာ သို့မဟုတ် တွန်းလှည်းထဲထည့်ပြီး ညင်ညင်သာသာ လှုပ်ရှားပေးတာက သူတို့ကို ငြိမ်သက်သွားစေဖို့ ကူညီပေးပါတယ်။ ကျောပိုးအင်္ကျီလေးတွေအသုံးပြုပြီးလည်း ချီပိုးပေးထားနိုင်ပါတယ်။

၃။ နှိပ်ပေးပါ

ဘေဘီလေးဟာ အရမ်းငယ်သေးပြီး မရပ်မနားငိုတဲ့အခါ သူတို့မှာ လေထိုးလေအောင့်ခံစားနေရတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီပြင်းထန်တဲ့ ဝမ်းဗိုက်နာကျင်မှုက အန်တာ၊ ဝမ်းလျှောတာနှင့်အတူ ပေါ်လာပါလိမ့်မယ်။
ဒီလိုဖြစ်လာရင် ကလေးရဲ့ ဗိုက် သို့ ကျောကို ညင်သာစွာနှိပ်နယ်ပေးပါ။ သင့်ကလေးကို ရေချိုးပေးပြီးရင်လည်း နှိပ်ပေးလို့ရပါတယ်။
သင့်လက်တွေကို ပူနွေးအောင်လုပ်ပြီး baby oil သို့မဟုတ် အစိုဓါတ်ထိန်းခရမ်နှင့် ကလေးရဲ့ခန္ဓာကိုယ်ကို ပွတ်ပေးပါ။

၄။ သီချင်းဆိုပြတာ၊ သီချင်းဖွင့်ပေးတာ ပြုလုပ်ပါ

ဘေဘီလေးကို အငိုတိတ်အောင် မေမေတို့က သီချင်းဆိုပြတာ၊ သီချင်းဖွင့်ပေးတာ၊ ဂီတတူရိယာတစ်ခုခု တီးခတ်ပြတာ ပြုလုပ်ပေးလို့ရပါတယ်။ သီချင်းက ကလေးရဲ့ အာရုံကြော စနစ်ကို တည်ငြိမ်စေပါတယ်။

၅။ ကလေးကို အဝတ်အစားချွတ်ပေးပါ

တခါတရံမှာ ကလေးဟာ အရမ်းပူနေရင် ၊ အဝတ်အစားအထပ်ထပ်နဲ့ မသက်မသာ ခံစားရလျင် ငိုတတ်ကြပါတယ်။ နွေရာသီဆိုရင် သင့်ကလေးကို အနှီးလှပ်ပေးထားတာ၊ အင်္ကျီချွတ်ပေးထားတာ ပြုလုပ်နိုင်ပါတယ်။ မိနစ်အနည်းငယ်လောက် ကိုယ်လုံးတီးထားပေးလိုက်ရင် ကလေးပျော်နေမှာပါ။ သူတို့က အရမ်းအေးနေရင်လည်း ငိုတတ်ကြပါတယ်။ ဆောင်းတွင်းမှာဆိုရင် ကလေးကို နွေးနွေးထွေးထွေးထားပေးပါ။

၆။ နို့တိုက်ပါ

ဒါကတော့ ဘယ်တော့မှ ပျက်ကွက်လို့မရတဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ ကလေးက နို့မဆာရင်တောင် မေမေနဲ့ နီးနီးကပ်ကပ်နေချင်ပါတယ်။ ဒါ့ကြောင့် နို့တိုက်လိုက်ရင် သူတို့ငြိမ်သွားပါလိမ့်မယ်။

၇။ အနှီးလဲပေးပါ

ကလေးက အနှီးထဲမှာ သေးစိုနေတာ သို့မဟုတ် အင်းအင်းပါထားတာဆိုရင် သက်တောင့်သက်သာမရှိတာကြောင့် ငိုနေတတ်ပါတယ်။ ဒါ့ကြောင့် မေမေတို့က အနှီးစိုမစိုကြည့်ပြီး အသစ်တစ်ခုလဲပေးရပါမယ်။
ဒီနည်းလမ်းတွေ အားလုံးနဲ့ ကြိုးစားချော့ပေမယ့် တအီအီနဲ့ အငိုမတိတ်ဘူးဆိုရင် ကလေးအထူးကုကို သွားပြဖို့ အကြံပြုပါတယ်။ သင့်ကလေးဟာ သင်မခွဲခြားနိုင်တဲ့ အချို့သော နာကျင်မှု ကြုံတွေ့ရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom

ZawGyi

သင့္ကေလး အငိုမတိတ္ရင္ ဘာလုပ္မလဲ?
ကေလးေတြဟာ ဝမ္းနည္းေနတဲ့အခါ၊ ပင္ပန္းတဲ့အခါ၊ အစာမေၾကျပႆနာေတြ ရွိတဲ့အခါ စသျဖင့္ အေၾကာင္းရင္းအမ်ိဳးမ်ိဳးေၾကာင့္ ငိုႏိုင္ပါတယ္။ ကေလးေသးေသးေလးဟာ စကားမေျပာႏိုင္ေသးတာေၾကာင့္ ငိုေကြၽးတဲ့နည္းလမ္းနဲ႔ သူတို႔ရဲ႕ ခံစားမႈေတြကို ေဖာ္ျပတာ ျဖစ္ပါတယ္။ ကေလးေတြဟာ ႏို႔ဆာတဲ့အခါ သို႔ ပင္ပန္းတဲ့အခါ၊ အႏွီးလဲဖို႔လိုအပ္လာတဲ့အခါ၊ ဗိုက္နာတာ၊ ႏို႔တိုက္ၿပီးေလထုတ္ေပးဖို႔ လိုအပ္တဲ့အခါ သို႔ သူတို႔ကိုခ်ီေစခ်င္တဲ့အခါမ်ိဳးမွာ အမ်ားဆုံးငိုတတ္ပါတယ္။ သူတို႔ရဲ႕မ်က္ရည္ေနာက္မွာ အေၾကာင္းရင္းတစ္ခု အၿမဲတမ္းရွိေပမယ့္ ေမေမအသစ္ေတြအတြက္ေတာ့ ကေလးဘာ့ေၾကာင့္ငိုလည္းဆိုတာ မသိပါဘူး။ ဒါ့ေၾကာင့္ မိခင္ေလာင္းေတြအတြက္ ကေလးအငိုတိတ္ေအာင္ ဘာလုပ္မလဲဆိုတဲ့ အထိေရာက္ဆုံးနည္းလမ္းမ်ားကို အႀကံျပဳေပးလိုက္ပါတယ္။

၁။ လက္ေမာင္းေပၚမွာခ်ီၿပီး ျဖည္းျဖည္းေလးလႈပ္ေပးပါ

ေမ့ေမ့လက္ေမာင္းေပၚမွာ ေနရတာထက္ ပိုၿပီးသာယာတာ ဘာမွမရွိပါဘူး။ ေမေမက သီခ်င္းေလးဆိုရင္း လက္ေမာင္းေပၚမွာ သူ႔ကိုအသာအယာပိုက္ၿပီး လႊဲေပးတဲ့အခါ သူတို႔ေလးေတြ အံ့ၾသစရာေကာင္းေအာင္ ၿငိမ္သက္သြားပါလိမ့္မယ္။ ေမေမက တစ္ေန႔လုံးအနားမရေသးရင္ေတာ့ အဘိုး၊ အဘြား၊ အန္တီ၊ ဦးေလးႏွင့္ အစ္ကိုႀကီး၊ အစ္မႀကီးစတဲ့ တစ္ျခားမိသားစုဝင္ေတြကိုလည္း ခ်ီခိုင္းထားႏိုင္ပါတယ္။ တခါတရံမွာ ဒီအေျပာင္းအလဲက ကေလးအတြက္ ေကာင္းေစၿပီး ပင္ပန္းတဲ့ မိဘေတြအတြက္ အနားယူခ်ိန္ရရွိပါတယ္။

၂။ လမ္းေလွ်ာက္ေပးပါ

အိမ္ကေန ေဝးေဝးသြားဖို႔ မလိုပါဘူး။ အိမ္ထဲမွာသာ လမ္းေလွ်ာက္ႏိုင္ပါတယ္။ သင့္လက္ေမာင္းေပၚမွာ သို႔မဟုတ္ တြန္းလွည္းထဲထည့္ၿပီး ညင္ညင္သာသာ လႈပ္ရွားေပးတာက သူတို႔ကို ၿငိမ္သက္သြားေစဖို႔ ကူညီေပးပါတယ္။ ေက်ာပိုးအက်ႌေလးေတြအသုံးျပဳၿပီးလည္း ခ်ီပိုးေပးထားႏိုင္ပါတယ္။

၃။ ႏွိပ္ေပးပါ

ေဘဘီေလးဟာ အရမ္းငယ္ေသးၿပီး မရပ္မနားငိုတဲ့အခါ သူတို႔မွာ ေလထိုးေလေအာင့္ခံစားေနရတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒီျပင္းထန္တဲ့ ဝမ္းဗိုက္နာက်င္မႈက အန္တာ၊ ဝမ္းေလွ်ာတာႏွင့္အတူ ေပၚလာပါလိမ့္မယ္။
ဒီလိုျဖစ္လာရင္ ကေလးရဲ႕ ဗိုက္ သို႔ ေက်ာကို ညင္သာစြာႏွိပ္နယ္ေပးပါ။ သင့္ကေလးကို ေရခ်ိဳးေပးၿပီးရင္လည္း ႏွိပ္ေပးလို႔ရပါတယ္။
သင့္လက္ေတြကို ပူေႏြးေအာင္လုပ္ၿပီး baby oil သို႔မဟုတ္ အစိုဓါတ္ထိန္းခရမ္ႏွင့္ ကေလးရဲ႕ခႏၶာကိုယ္ကို ပြတ္ေပးပါ။

၄။ သီခ်င္းဆိုျပတာ၊ သီခ်င္းဖြင့္ေပးတာ ျပဳလုပ္ပါ

ေဘဘီေလးကို အငိုတိတ္ေအာင္ ေမေမတို႔က သီခ်င္းဆိုျပတာ၊ သီခ်င္းဖြင့္ေပးတာ၊ ဂီတတူရိယာတစ္ခုခု တီးခတ္ျပတာ ျပဳလုပ္ေပးလို႔ရပါတယ္။ သီခ်င္းက ကေလးရဲ႕ အာ႐ုံေၾကာ စနစ္ကို တည္ၿငိမ္ေစပါတယ္။

၅။ ကေလးကို အဝတ္အစားခြၽတ္ေပးပါ

တခါတရံမွာ ကေလးဟာ အရမ္းပူေနရင္ ၊ အဝတ္အစားအထပ္ထပ္နဲ႔ မသက္မသာ ခံစားရလ်င္ ငိုတတ္ၾကပါတယ္။ ေႏြရာသီဆိုရင္ သင့္ကေလးကို အႏွီးလွပ္ေပးထားတာ၊ အက်ႌခြၽတ္ေပးထားတာ ျပဳလုပ္ႏိုင္ပါတယ္။ မိနစ္အနည္းငယ္ေလာက္ ကိုယ္လုံးတီးထားေပးလိုက္ရင္ ကေလးေပ်ာ္ေနမွာပါ။ သူတို႔က အရမ္းေအးေနရင္လည္း ငိုတတ္ၾကပါတယ္။ ေဆာင္းတြင္းမွာဆိုရင္ ကေလးကို ေႏြးေႏြးေထြးေထြးထားေပးပါ။

၆။ ႏို႔တိုက္ပါ

ဒါကေတာ့ ဘယ္ေတာ့မွ ပ်က္ကြက္လို႔မရတဲ့ နည္းစနစ္တစ္ခု ျဖစ္ပါတယ္။ ကေလးက ႏို႔မဆာရင္ေတာင္ ေမေမနဲ႔ နီးနီးကပ္ကပ္ေနခ်င္ပါတယ္။ ဒါ့ေၾကာင့္ ႏို႔တိုက္လိုက္ရင္ သူတို႔ၿငိမ္သြားပါလိမ့္မယ္။

၇။ အႏွီးလဲေပးပါ

ကေလးက အႏွီးထဲမွာ ေသးစိုေနတာ သို႔မဟုတ္ အင္းအင္းပါထားတာဆိုရင္ သက္ေတာင့္သက္သာမရွိတာေၾကာင့္ ငိုေနတတ္ပါတယ္။ ဒါ့ေၾကာင့္ ေမေမတို႔က အႏွီးစိုမစိုၾကည့္ၿပီး အသစ္တစ္ခုလဲေပးရပါမယ္။
ဒီနည္းလမ္းေတြ အားလုံးနဲ႔ ႀကိဳးစားေခ်ာ့ေပမယ့္ တအီအီနဲ႔ အငိုမတိတ္ဘူးဆိုရင္ ကေလးအထူးကုကို သြားျပဖို႔ အႀကံျပဳပါတယ္။ သင့္ကေလးဟာ သင္မခြဲျခားႏိုင္တဲ့ အခ်ိဳ႕ေသာ နာက်င္မႈ ႀကဳံေတြ႕ရတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here