သင့်ကို အံ့အားသင့်စေနိုင်တဲ့ ကိုယ်ဝန်ဆောင်နေစဥ်အတွင်း အမျိုးသမီးတွေရဲ့ ထူးခြားသောပြောင်းလဲမှု (၆)ချက်

0
418
- Advertisement -

ကိုယ်ဝန်ဆောင်တိုင်းကတော့ မတူညီသောကွဲပြားခြားနားမှုတွေရှိပါတယ်။ သို့ပေမယ့် သူတို့အားလုံးမှာ တူညီသောအရာတစ်ခုတော့ရှိပါတယ်။ သာမန်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ကိုယ်ဝန်သည်တွေက စိတ်ဝင်စားဖွယ်ကောင်းပြီးတော့ လျှို့ဝှက်ဆန်းကြယ်ပါတယ်။ ဒီအချိန်ကာလကို ဒဏ္ဍာန်ရီဆန်သော ပုံပြင်တွေနဲ့ ဝန်းရံထားပါတယ်။ ကိုယ်ဝန်နဲ့ပတ်သက်သော အချက်အလက်တွေကို စိတ်ကူးယဥ်ခြင်းနှင့် ခွဲခြားဖို့ ခက်ခဲနိုင်ပါတယ်။

လူတော်တော်များများက သူတို့ကအရာရာတိုင်းကို သိတယ်လို့ ထင်ကြပေမယ့် ကိုယ်ဝန်နဲ့ ပတ်သက်ပြီးတော့ များသောအားဖြင့် ကျွန်တော်တို့ယုံကြည်တာက မှားနေပါတယ်။ ကိုယ်ဝန်နဲ့ ပတ်သက်တဲ့အချက်အလက်များစွာက ကျွန်တော်တို့ကိုအံ့အားသင့်စေနိုင်ပါတယ်။ အချို့ကို အခြားလူတွေထက် ပိုပြီးတော့ လူသိများပါတယ်။

ကိုယ်ဝန်ဆောင်ခြင်းလုပ်ငန်းစဥ်နှင့် ပတ်သက်၍ကျွန်ုပ်တို့မှာ ရှိတဲ့သတင်းအချက်အလက်တွေက မတူညီပါဘူး။ ၎င်းက အချို့က လူကြိုက်များသော ယုံကြည်ချက်ကနေဖြစ်ပြီးတော့ တစ်ချို့ကတော့ သိပ္ပံဆိုင်ရာ လေ့လာမှုတွေဖြစ်ပါတယ်။ ဒီတော့ ကိုယ်ဝန်နဲ့ ပတ်သက်ပြီးတော့ ဒီအံ့ဩစရာကောင်းတဲ့အချက် (၇)ချက်ကို လေ့လာကြည့်ရအောင်။

- Advertisement -

ကိုယ်ဝန်ဆောင်တွေနဲ့ပတ်သက်ပြီး ထူးခြားဆန်းပြားသောအကြောင်းအရာ(၇)ချက်

  • တုန်လှုပ်ချောက်ချားခြင်းနှင့် ပျို့အန်ချင်ခြင်းက ကိုယ်ဝန်ဆောင်နေစဥ်အတွင်းမှာ အမျိုးသမီးတစ်ဦးရဲ့ အနံ့ခံနိုင်စွမ်းကို ဖွံ့ဖြိုးစေပါတယ်။ သုတေသနပြုချက်တစ်ခု အမျိုးသမီးတစ်ဦးရဲ့ အနံ့ခံခြင်းက ဒီအဆင့်ပိုမိုထိခိုက်လွယ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ပြင်းပြင်းထန်ထန်မဟုတ်ပေမယ့်လည်း အချို့သောအနံ့တွေကြောင့် သူတို့ဟာ စိတ်တိုဒေါသထွက်တာတွေဖြစ်တတ်ပါတယ်။
  • ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးရဲ့ ထူးခြားထင်ရှားသောရုပ်ပိုင်းဆိုင်ရာလက္ခဏာတစ်ခုကတာ့ သူမရဲ့ဆံပင်ဖြစ်ပါတယ်။ ဒါက အကောင်းဆုံးအချိန်ကာလတစ်ခုလို့ပြောလို့ရအောင် ကြွားလုံးထုတ်နိုင်တဲ့ ကျန်းမာရေး၊ အရောင်ဖြာထွက်နေတဲ့ တောက်ပတဲ့ဆံနွယ်တွေ ပိုင်ဆိုင်ထားချိန်ဖြစ်ပါတယ်။ ဒါဟာ တကယ်တော့ ဟော်မုန်းရဲ့ လှုံ့ဆော်မှုကြောင့်ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ မွေးဖွားပြီးနောက်မှာတော့ သိသိသာသာပြောင်းလဲနိုင်ပါတယ်။ အမျိုးသမီးတွေအားလုံးက ဒီအချက်ကို ကြုံတွေ့ရခြင်းမရှိပါဘူး။ ကိုယ်ဝန်ဆောင်နေစဥ် ဆံပင်ကျွတ်ခြင်းတွေ ဖြစ်ပွားလေ့ရှိပါတယ်။
  • သင့်ကလေးက သားအိမ်အတွင်းမှာရှိနေသေးတယ်ဆိုပေမယ့်လည်း အမှန်တကယ်မှာတော့ သူတို့ကမတူညီသောအရာများစွာကို လုပ်နေခြင်းဖြစ်ပါတယ်။ ဥပမာ- သူတို့က ကြို့ထိုးခြင်း၊ ဟောက်ခြင်း၊ လက်မကို စို့ခြင်း (သို့) လှည့်ခြင်းတွေသာမက အိပ်မက်တွေတောင် မက်နေနိုင်ပါတယ်။ သင့်ကလေးက သားအိမ်ထဲမှာ ဘယ်လိုအိပ်မက်မျိုးတွေမက်နေမယ်လို့ ထင်ပါသလဲ။
  • သင့်အတွက်မနက်ခင်း နာမကျန်းဖြစ်ခြင်းက သင့်ကလေးကို ယောင်္ကျားလေးလား/မိန်းကလေးလားဆိုတာ ပြောပြဖို့ သင့်ကိုကူညီပေးပါလိမ့်မယ်။ လေ့လာမှုအချို့အရ ကလေးက မိန်းကလေးတစ်ဦးဖြစ်တဲ့အခါ ယောင်္ကျားလေးတစ်ယောက်ထက် ပိုပြီးတော့ ပျို့အန်ခြင်းတွေ၊ မအီမသာဖြစ်ခြင်းတွေဖြစ်လေ့ရှိပါတယ်တဲ့။
  • ကိုယ်ဝန်ဆောင်နေစဥ်အမျိုးသမီးရဲ့ ခြေထောက်တွေ ကြီးထွားနိုင်ပါတယ်။ ဒါက သားအိမ်အတွင်း သားအိမ်အခေါင်းအပြင် အင်္ဂါဇာတ်လမ်းကြောင်းကို ချဲ့ထွင်နိုင်တဲ့ relaxin ဟော်မုန်းရဲ့ အကျိုးသက်ရောက်မှုကြောင့်ဖြစ်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသမီး (၁၀)ဦးမှာ အနည်းဆုံး(၇)ဦးက ဒီအပြောင်းအလဲကို ကြုံတွေ့ရနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဟော်မုန်းက ခြေထောက်အရွတ်တွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။
  • ကလေးရဲ့ နှလုံးက ဖွံ့ဖြိုးတိုးတက်ဖို့ ပထမဆုံးသော ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ ပထမဆုံးရက်သတ္တပတ်အနည်းငယ်မှစပြီးတော့ သင်က စကင်ဖတ်စစ်ဆေးသောအခါ သူတို့ရဲ့ နှလုံးခုန်သံကိုကြားနိုင်ပါလိမ့်မယ်။ ၎င်းက ကိုယ်ဝန်ဆောင်ခြင်းရဲ့ အဓိပ္ပာယ်အရှိဆုံးအချိန်များထဲမှ တစ်ခုဖြစ်ပါတယ်။ သန္ဓေအောင်ပြီး ခြောက်ပတ်လောက်မှာ ဖြစ်ပွားပါတယ်။ မိဘတွေအတွက် စိတ်လှုပ်စရာကောင်းတဲ့အပြင် သန္ဓေသားရဲ့ နှလုံးခုန်ခံကို နားထောင်ခြင်းက သူတို့က ပုံမှန်ပုံသဏ္ဍာန်ရှိတယ်ဆိုတာ သေချာစေဖို့ အထူးကုတွေကို ကူညီခြင်းလည်း ဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here