Home adolescence သင့်ဆယ်ကျော်သက်ကလေးရဲ့ ပထမဆုံးအချစ်နဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲ

သင့်ဆယ်ကျော်သက်ကလေးရဲ့ ပထမဆုံးအချစ်နဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲ

0
503

တစ်စုံတစ်ယောက်ဟာ ဆယ်ကျော်သက်ဘဝမှာ ပထမဆုံးအချစ်ကြောင့် လောကနိဗ္ဗာန်ဘုံကို ရောက်သွားနိုင်သလို တစ်ဘဝလုံးစာငရဲဘုံလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ကျွန်မတို့အားလုံးအပေါ်မှာ မူတည်ပါတယ်။ ကျွန်မတို့ရဲ့ ဆယ်ကျော်သက်တွေကို ကူညီနိုင်ဖို့ အထူးသဖြင့် ဒီလိုအတွေ့အကြုံတွေကို ကောင်းကောင်းဖြတ်သန်းနိုင်ဖို့ ကျွန်မတို့မိဘတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းအရေးကြီးပါတယ်။

အရွယ်ရောက်ပြီးစလူငယ်လေးတွေမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေကြုံတွေ့ရလေ့ရှိပါတယ်။ ဒီလိုကာလရောက်လာတဲ့အခါ မိဘတွေဟာလည်း လူငယ်လေးတွေကို ကိုင်တွယ်ရတာဟာ အရမ်းခက်ခဲပါတယ်။ သူတို့ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေ၊ ပြောင်းလဲမှုတွေနဲ့ စိန်ခေါ်မှုတွေကနေ ရရှိလာနိုင်တဲ့ ကြောက်ရွံ့မှုတွေကို မိဘတွေအနေနဲ့ နည်းမှန်လမ်းမှန်နဲ့ လမ်းညွှန်ပေးရမယ့်ကာလလည်းဖြစ်ပါတယ်။ အထူးသဖြင့် ဒီလိုစိန်ခေါ်မှုတွေထဲက အရေးအကြီးဆုံးတစ်ခုက ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံးအချစ်နဲ့ တွေ့ဆုံခြင်းလည်း အပါအဝင်ဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ် ပထမဆုံးအချစ်

မြီးကောင်ပေါက်အရွယ်မှာ လူငယ်တွေဟာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအဆင့်တွေ နှစ်ခုလုံးဟာ ပြောင်းလဲစပြုလာတဲ့ကာလတွေဖြစ်ပါတယ်။ ဒါဟာ လုံးဝမရှိမဖြစ်ကျော်လွှားရမယ့်အဆင့်ဖြစ်ပါတယ်။ သူတို့ဟာ သူတို့အရင်က မကြုံခဲ့ဖူးတဲ့ ရှုပ်ထွေးတဲ့ခံစားချက်တွေနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တိုက်ရိုက်ရင်ဆိုင်လာရပါလိမ့်မယ်။

မြီးကောင်ပေါက်အရွယ်မှာ စိတ်ခံစားချက်တွေဟာ ကြီးမားပြင်းထန်တဲ့ အတွေ့အကြုံတွေလို ခံစားရပါတယ်။ လူငယ်တစ်ဦးရဲ့ ဘဝတစ်သက်တာမှာ သေးငယ်တဲ့အဖြစ်အပျက်တိုင်းဟာ သူတို့ရဲ့ အတွင်းစိတ်အခြေအနေနဲ့ ဘဝအပေါ်အသိအမြင်တွေဟာလည်း ပြင်းပြင်းထန်ထန်သက်ရောက်စေပါလိမ့်မယ်။ ဒါ့ကြောင့် သူတို့ရဲ့ ပထမဆုံးဆယ်ကျော်သက်အချစ်တွေဟာ အရမ်းအရေးကြီးတာပါ။

ပထမဆုံးအချစ်ရေးဟာ သက်တမ်းတိုကောင်း တိုနိုင်ပေမယ့် ဒီအတွေ့အကြုံဟာ နောက်ထပ်အနာဂတ် RS တွေအတွက် အခြေခံသာဓက (သို့) ရည်ညွှန်းချက်တွေဖြစ်လာပါလိမ့်မယ်။ ဒါတွေတင်မကဘဲ RS ရဲ့ အမျိုးအစားနဲ့ အရည်အသွေးတွေဟာ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားမှု၊ သူတို့ရဲ့ စိတ်အခြေအနေ နောက်ဆုံး သူတို့ရဲ့ အကြိုက်တွေအထိ လွှမ်းမိုးလာပါလိမ့်မယ်။ ကောင်းမွန်သော RS တစ်ခုဟာ ကျွန်မတို့ရဲ့ ကလေးတွေကို စွမ်းအားတွေအထိ ရရှိစေနိုင်စေပါတယ်။ ၎င်းဟာ သူတို့ကိုကြီးပြင်းဖို့ ကူညီပေးနိုင်ပါတယ်။ ပြီးတော့ အကျိုးကျေးဇူးမြောက်များစွာကိုလည်း သယ်ဆောင်လာနိုင်ပါတယ်။

အခြားတစ်ဖက်မှာလည်း ရိုသေလေးစားမှုမရှိသော ဆက်ဆံရေးနှင့် ရိုင်းစိုင်းဆိုးရွားတဲ့ ဆက်ဆံရေးမျိုးကို ပိုင်ဆိုင်ရတယ်ဆိုရင် သူတို့ရဲ့ Self-Image ကို ပျက်စီးစေနိုင်ပြီး ဝမ်းနည်းပူဆွေးမှုတွေ၊ ဆင်းရဲဒုက္ခတွေ အမြောက်အများကို ခံစားရပါလိမ့်မယ်။

သူတို့ရဲ့အတောင်ပံတွေမှာ ယုံကြည်မှုနဲ့ ပျံသန်းဖို့ သင်ကြားပေးပါ

မိဘတွေအနေနဲ့ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ပထမဆုံးအချစ်ဦးရဲ့ နာမည်ကို မှတ်မိနေဦးမယ်ဆိုတာ အသေအချာပါပဲ။ ကျွန်မတို့ဟာ ကျွန်မတို့ဘဝထဲမှာ ကျန်ရစ်နေခဲ့တဲ့ ဆက်ဆံရေးနဲ့ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း မှတ်မိနေဆဲပါပဲ။ ကျွန်မတို့ကလေးတွေဟာလည်း သူတို့ဘဝအတွက် အရေးကြီးတဲ့ခဏတာအချိန်ကို ရောက်ရှိနေတယ်ဆိုတာ ကျွန်မတို့နားလည်လိုက်တဲ့အခါ ကြောက်ရွံ့မှုတွေနဲ့ သံသယတွေ ပျောက်ကွယ်သွားမှာ အသေအချာပါပဲ။

ဒီလိုအချိန်ခဏလေးအတွင်းမှာ နောက်ထပ်ကလေးတွေ ကြုံတွေ့ရနိုင်တာက မနာလိုမှု၊ စိတ်ပျက်မှုနှင့် မလုံခြုံမှုအဖြစ် ပြင်းထန်တဲ့ စိတ်ခံစားမှုတွေကို မျက်နှာချင်းဆိုင်ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။ သင့်ကလေးကို သူကိုယ်တိုင်ရဲ့ အမှားတွေကတစ်ဆင့် အတွေ့အကြုံယူစေသင့်ပါတယ်။ မိဘတွေအနေနဲ့ ကောင်းမွန်တဲ့ပညာရေး၊ ကိုယ်ကျင့်တရားစံနှုန်းများ၊ တန်ဖိုးတွေအကြောင်းနှင့် တစ်ခြားအသုံးဝင်နိုင်မယ့် ဘဝအတွေ့အကြုံအကြောင်းအရာတွေအကြောင်း သင်ပေးထာသင့်ပါတယ်။

မိဘတွေဟာ Relationship မှာ ပါဝင်ပြီး ကန့်ကွက်တာပဲဖြစ်ဖြစ်၊ မြှောက်ပေးတာပဲဖြစ်ဖြစ် လုံးဝမလုပ်သင့်ပါဘူး။ သန်မာအားကောင်းသော ကိုယ့်ကိုယ်ကိုယ်လေးစားမှုဟာ ဘဝအတွက် အကောင်းဆုံးလက်နက်ကိရိယာဖြစ်ပါတယ်။ သို့ပေမယ့် လူငယ်တစ်ယောက်အတွက် ခက်ခဲသောအခြေအနေတွေကို ရင်ဆိုင်ဖြစ်ရှင်းလာရတဲ့အခါ မိသားစုတစ်ခုပိုင်ဆိုင်ထားရတယ်ဆိုတဲ့ စိတ်ခံစားမှုက မြောက်များစွာသော အထောက်အကူတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

ဆယ်ကျော်သက်အချစ်နဲ့ ပတ်သက်ပြီး သင့်ကလေးကို ဘယ်လိုကိုင်တွယ်မလဲ

ထိန်းချုပ်မှုမှာ နေထိုင်ပါ – ကျွန်မတို့ဟာ ကျွန်မကလေး ရွေးချယ်ထားတဲ့လူကို ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ တစ်ခါတလေ သင့်ကလေးရဲ့ ဆုံးဖြတ်ချက်တစ်ချို့ကို သိရတဲ့အခါ သင်စိတ်ဆိုးကောင်း ဆိုးပါလိမ့်မယ်။ သို့ပေမယ့် သင့်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားပါ။ သင့်ကလေးကို အကဲဖြတ်ခြင်း၊ အော်ခြင်း (သို့) အပြစ်တင်ခြင်းတွေကို မလုပ်ပါနဲ့။ သူတို့အတွက် သင်ဟာ မှီခိုအားထားလို့ ရနိုင်မယ့်လူတစ်ယောက်အဖြစ် သူတို့ ခံစားရပါစေ။ သင်ဟာ သူတို့အတွက် ကူညီပေးမယ့်သူတစ်ယောက်အဖြစ် သူတို့ခံစားမိပါစေ။ အဲဒီလိုဖြစ်လာစေဖို့ သင်ဟာ သူတို့ကို နားလည်ပေးခြင်း၊ ထောက်ပံ့ပေးခြင်းတို့နဲ့ ပြသပါ။

ချစ်ခြင်းမေတ္တာနဲ့ လိင်ပညာရဲ့ ဆိုလိုရင်းတွေအကြောင်း သင့်ကလေးကို ပြောပြထားပါ – သင့်ကလေးရဲ့ စိတ်ထဲမှာ Relationship တစ်ခုဆိုတာ အမြဲတမ်းလေးစားမှု၊ မျှတမှု နှင့် စိတ်ကျေနပ်မှုတွေဟာ ရှိနေသင့်တယ်လို့ စွဲမြဲနေပါစေ။ ကိုယ်ချင်းစာနာမှုဆိုတာ ကျန်းမာသောဆက်ဆံရေးတစ်ခုမှာ အရေးအကြီးဆုံးကိုယ်ရည်ကိုယ်သွေးဖြစ်ပြီး ဘယ်လိုအကြမ်းဖက်မျိုးမှ မရှိသင့်ကြောင်း၊ သင့်ကို နာကျင်စေနိုင်သော ဘယ်သူ့ဘက်ကမှ မရပ်တည်သင့်ကြောင်းသင်ကြားပါ။

ရှေးဆောင်လမ်းပြပါ – အားလုံးသိပြီးတဲ့အတိုင်း လူငယ်လေးတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် role model တွေရှိတတ်ကြပါတယ်။ သူတို့ရဲ့ role model က သင်ကိုယ်တိုင်ဖြစ်မယ်ဆိုရင်တော့ ပိုအဆင်ပြေပါလိမ့်မယ်။ မိမိကိုယ်ကို ချစ်ခြင်း၊ လေးစားခြင်းနှင့် သည်းခံခြင်းရဲ့ စံပြဖြစ်နိုင်ဖို့ ကြိုးစားပါ။

စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်ပါ – သူတို့မှာ ချစ်သူရှိတယ်ဆိုရင် တာဝန်ဝတ္တရားနှင့် တာဝန်သိစိတ်တွေကို ဘယ်တော့မှ လျစ်လျူမရှုသင့်ကြောင်း သင်ပေးပါ။ အကြောင်းကြောင်းကြောင့် တစ်နေရာရာမှာတွေ့ဖို့ ချိန်းထားတယ်ဆိုရင် ရောက်အောင်သွားဖို့ သင်ကြားပါ။

သူတို့ရဲ့ အချိန်တွေကို စီစဉ်တတ်ဖို့ သင်ကြားပေးပါ- သူတို့ရဲ့ ချစ်သူတွေနဲ့ အပြင်မသွားခင်မှာ ပုံမှန်လုပ်နေကျ အလုပ်တွေ၊ အချိန်ဇယားတွေကို အကောင်းဆုံးပြီးမြောက်ပါစေ။ ဒါဟာ အရမ်းအရေးကြီးပါတယ်။ သူတို့ရဲ့ သူငယ်ချင်းတွေ၊ ဝါသနာတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအကြား သူတို့ရဲ့ အချိန်တွေကို ပိုင်းခြားတတ်ဖို့ အရေးကြီးပါတယ်။ သူတို့ဘဝအတွက် အရေးကြီးတဲ့အရာတွေအတွက် ဘယ်သူ့ကြောင့်မှ မစွန့်လွှတ်ဖို့ (သို့) တစ်စုံတစ်ယောက်အတွက် သူတို့ဘဝကို စွန့်လွှတ်ခြင်းရဲ့ အရေးကြီးမှုတွေကို အလေးပေးသင်ကြားပါ။

Chit_May_May

Nyein_Thu

Ref- youaremom

Chit May May မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here