သင့်မိသားစုနဲ့ အတူ ခရီးသွားတဲ့ အခါ သိကောင်းစရာများ

သင့်မိသားစုနဲ့ အတူ ခရီးသွားတဲ့ အခါ သိကောင်းစရာများ

0
174
- Advertisement -

မိသားစုတစ်စုအနေနဲ့ ခရီးသွားတယ်ဆိုတာ အလွန်ကောင်းတဲ့ အကြံညဏ်ဖြစ်ပါတယ်။ သင့်ရဲ့ မိသားစုနှင့်အတူခရီးသွားခြင်းဟာ အတူတူအချိန်ဖြုန်းရင်း အမှတ္တရတွေများစွာကို ဖန်တီးဖို့ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒါပေမယ့် ခရီးပင်ပန်းတဲ့အခါ စိတ်ဖိစီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒ့ါကြောင့်မို့ ဒီကနေ့မှာ ကျွန်မတို့ Lifestyle Myanmarကနေပြီးတော့ သင့်မိသားစုနဲ့ အတူ ခရီးသွားတဲ့အခါ ပျော်ရွှင်စရာဖြစ်စေဖို့ အထောက်အကူပြုအကြံပြုချက်အချို့ကို မျှ၀ေပေးလိုက်ပါတယ်။

ခရီးသွားအစီအစဥ်ဆွဲဖို့

အရာအားလုံးကို နောက်ဆုံးအသေးစိတ်အထိစီစဥ်ဖို့ မလိုပါဘူး။ ဒါပေမယ့် ကြိုတင်စီစဥ်ထားသင့်တဲ့ အရာတစ်ချို့တော့ ရှိပါတယ်။
ပထမဦးဆုံး သင် ဘယ်နေရာကို သွားမယ်ဆိုတာကို ဆုံးဖြတ်ဖို့လိုပါတယ်။ ဥပမာအားဖြင့် ကမ်းခြေတစ်ခုကို သွားချင်လား? မြို့သစ်တစ်မြို့ကို ရှာဖွေချင်ချင်လား? သင်ဘယ်နေရာကို သွားမယ်ဆိုတာ ဆုံးဖြတ်ပြီးတာနဲ့ သင့်မိသားစုကို ပြောပြပါ။ ပြီးလျှင် သူတို့ရဲ့ ခံစားချက်ကို မေးမြန်းပါ။ သင်တို့အားလုံးသဘောတူညီမှုရရှိပြီးပြီဆိုတာနဲ့ ဟိုရောက်သွားတာနဲ့ သင်လုပ်ချင်တဲ့ အရာတွေကို စဥ်းစားပါ။ အခွင့်အလမ်းတွေတိုင်းဟာ အရသာနှင့် စိတ်၀င်စားမှုတွေက အရာအားလုံးမတူညီနိုင်ပါဘူး။ ဒါကြောင့်မို့လို့ သင့်မိသားစုတစ်ခုလုံးအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အရာတစ်ခုကို တွေ့နိုင်ပါတယ်။အတွေ့အကြုံသစ်တွေကို ပွင့်ပွင့်လင်းလင်း ၀မ်းပန်းတသာ ကြိုဆိုပါ။

- Advertisement -

ပစ္စည်းတွေကို ဘယ်လိုထုတ်ပိုးမလဲ

တစ်ရက် ဒါမှမဟုတ် တစ်လလုံးခရီးသွားမယ်ဆိုရင်တောင် အိမ်မှာရှိတဲ့ ပစ္စည်းအကုန်မသယ်နိုင်ပါဘူး။ ဘယ်လိုခရီးပဲဖြစ်ပါစေ နေရာအကန့်အသတ်ရှိပါတယ်။ အဓိက လိုအပ်တဲ့ ပစ္စည်းကလွဲလို့ နည်းလေ ပိုကောင်းလေပါပဲ။ နောက်ပြီး သင်ခရီးသွားတဲ့ အခါ အမှတ္တရလက်ဆောင်ပစ္စည်း၀ယ်တဲ့အခါ ထည့်ဖို့ နေရာလည်း ချန်ဖို့ လိုမယ်မဟုတ်လား။ ဒါကြောင့် သင့်အိတ်ထဲ wiggle အခန်းတစ်ချို့ ထားပါ။
မိသားစုအလိုက် ခရီးသွားရတာဟာ သင့်အိမ်ရှိ အသေးအဖွဲအဖွဲ့၀င်များအတွက် အထူးစိတ်လှုပ်ရှားစရာပါ။ သင့်မှာ ကလေးတွေရှိမယ်ဆိုရင် သူတို့လေးတွေက ကိုယ်ပိုင်အိတ်တွေနဲ့ အထုတ်အပိုးတွေ အများဆုံးပြုလုပ်ပါလိမ့်မယ်။ ဒါ့ကြောင့် သူတို့ယူလာချင်တဲ့ ကစားစရာ အ၀တ်အစားတွေကို သင့်ကလေးတွေကို ကူညီပြီး ယူခွင့်ပြုပါ။ ဒီရိုးရှင်းတဲ့ တာ၀န်က သူတို့ကို ပိုပြီးပါ၀င်ပတ်သက်မှုကို ခံစားရစေမှာပါ။နောက်တစ်ခုက သင်လမ်းမှာ ကြုံတွေ့ရမယ့်အခက်အခဲတွေကို ကြိုတင်ခန့်မှန်းလို့ မရပါဘူး၊ အများအားဖြင့် အဆင်မပြေမှုတွေ ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် သင့်အား အချိန်ကောင်းရှိခြင်းနှင့် သင့်မိသားစုနှင့်အတူ ခရီးသွားခြင်းကို ပျော်ရွှင်စွာ အာရုံစိုက်ပါ။

မပါမဖြစ်လိုအပ်တဲ့ အရာများ

ခရီးသွားလာတဲ့ အခါ ဟန်းဖုန်းနှင့် အားသွင်းစက်၊ စာရွက်စာတမ်းများနှင့် ငွေအချို့ အခြေခံအနေနဲ့ လိုအပ်ပါတယ်။ အရေးပေါ်အခြေအနေမှာ ဖုန်းကို ယူသင့်ပါတယ်၊ မြေပုံတွေနှင့် GPSကဲ့သို့သော အပလီကေးရှင်းအချို့ က အင်မတန်အထောက်အကူဖြစ်စေပါလိမ့်မယ်။ နောက်ပြီး သင့်မိသားစုမှာ မည်သူမဆို ဖျားနာခြင်း (သို့) ကျန်းမာရေးအခြေအနေရှိလျှင် လိုအပ်တဲ့ ဆေး၀ါး (သို့) ဆေးပစ္စည်းကိရိယာတွေ ယူဆောင်ဖို့ လည်း မမေ့ပါနှင့်။ ကျန်းမာရေးအခြေအနေတစ်ခုမှာ စဥ်ဆက်မပြတ်ကုသမှု လိုအပ်မယ်ဆိုရင် သင့်ရဲ့ ခရီးသွားအစီအစဥ်နှင့် ပတ်သက်ပြီးတော့ ဆရာ၀န်တစ်ဦးအား တိုင်ပင်ခြင်းက အလွန်ကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှု ဖြစ်ပါတယ်။ အဓိက အရေးကြီးတဲ့ အချက်တစ်ချက်အနေနဲ့ ရေဓာတ်ဖြည့်တင်းဖို့ ပါ။ ကလေးသူငယ်တွေနဲ့ ခရီးသွားတဲ့ အခါ ရေ(သို့) ရေဓာတ်ဖြည့်တင်းဖို့ သေချာအောင် လုပ်ပါ။ အစားအနည်းငယ်စားတာ ကောင်းပါတယ်။

ခရီးလုံခြုံမှု

သင်ခရီးတစ်ခုကို သွားနေတယ်ဆိုရင် သင်မောင်းနှင်နေတဲ့နေရာရဲ့ ယာဥ်အန္တရာယ်ကလွဲလို့ ကိုယ့်ကိုယ်ကို ဘယ်လို ဖိအားမျိုးမှ မပေးပါနဲ့ ။ အနည်းဆုံး၂နာရီလျှင် တစ်ကြိမ် ရပ်တန့်ပြီးအနားယူပါ။အပြင်ထွက်ပြီး အညောင်းဆန့်ပါ။ အဆာပြေတစ်ခုခုစားသောက်ပါ။
သင့်အနေနဲ့ တစ်ခြားနည်းလမ်းနှင့် ခရီးသွားတယ်ဆိုရင်လည်း အတူတူပါပဲ။ အချိန်ကြာမြင့်စွာ တစ်ပုံစံတည်းနေတာက အလွန်ကို အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ပုံစံအမျိုးမျိုးပြောင်းရွှေ့နေထိုင်ဖို့ ကြိုးစားပါ။ ဒါဟာ မိသားစုထဲမှာရှိတဲ့ လူတိုင်းကို တစ်ယောက်ကိုတစ်ယောက် ခရီးမှာ ပိုပျော်မွေ့စေပါတယ်။
သင့်ရဲ့ မိသားစု အားလပ်ရက်ကို စီစဥ်ဖို့ အခြေခံတွေကို သိပြီဆိုရင် စတင်သင့်ပါပြီ။ သင်ရဲ့ အိမ်ရှေ့ တံခါးမှ ထွက်လမ်းလျှောက်ပြီး ခရီးစတင်သည်နှင့် ပြန်လှည့်လာသည်အထိ အဆုံးသတ်မထားပါဘူး။ ဒါကြောင့် သင်ချစ်မြတ်နိုးရသူတွေနှင့် အတူ စက္ကန့်တိုင်းပျော်မွေ့ဖို့ ပြင်ဆင်ပါ။

Lifestyle_Myanmar

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here