သင့်မွေးချင်းနံပါတ်စဉ်က သင့်ရဲ့မိဘအုပ်ထိန်းမှုပုံစံအကြောင်း ဘာပြောနိုင်သလဲ?

0
44
- Advertisement -

သင့်မွေးချင်းနံပါတ်စဉ်က သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို မူလထင်ထားတာထက်ပိုပြီး ပြင်းထန်စွာ သက်ရောက်စေနိုင်ပါတယ်၊ ပြီးတော့ ဒါက သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုသာ သက်ရောက်စေတာ မဟုတ်ပါဘူး။ သင့်ကလေးတွေကို ပြုစုပျိုးထောင်ပုံမှာလည်း သက်ရောက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာ သင့်မွေးချင်းနံပါတ်စဉ်နှင့် သင့်မိဘအုပ်ထိန်းမှုပုံစံအကြား ဆက်နွယ်မှုအကြောင်းကို ပြောပြပေးချင်ပါတယ်။

၁။ အကြီးဆုံးကလေး

ကိုယ်ရည်ကိုယ်သွေးစရိုက်များ

  • ပထမဆုံးမွေးတဲ့ ကလေးတွေဟာ များသောအားဖြင့် စည်းကမ်းတွေကို လိုက်နာတတ်ကြပြီး မြင့်မားသော ပန်းတိုင်တွေဆီကို လျှောက်လှမ်းတဲ့ ခေါင်းဆောင်တွေ ဖြစ်ပါတယ် ။ ဒီဝိသေသလက္ခဏာတွေကြောင့်ပဲ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းနှင့် ကိုယ်ရေးကိုယ်တာဘဝမှာ အလွန်အောင်မြင်မှုရနိုင်ပါတယ်။
  • သူတို့ဟာ အမြဲတမ်းသူတစ်ပါး စိတ်ကျေနပ်အောင် ကြိုးစားနေသူတွေဖြစ်ပြီး ပြီးပြည့်စုံတဲ့ ပညာရှင်တွေ ဖြစ်လာနိုင်ပါတယ်။
  • သူတို့မှာလည်း တာဝန်ယူမှု မြင့်မားပါတယ်။ အကြောင်းမှာ သူတို့ဟာ များသောအားဖြင့် အသေးစားလူကြီးတွေလို ပြုမှုပြီး အိမ်ကို တာဝန်ယူဖို့ လိုအပ်ခြင်းကြောင့် ဖြစ်ပါတယ်။
  • သူတို့ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး သူတို့ယူထားတဲ့ နေရာတွေကို လွှမ်းမိုးချင်တဲ့ စိတ်ရှိကြပါတယ်။
  • အမှားတွေလုပ်မိမှာကို ကြောက်လန့်တဲ့အတွက် အကြီးဆုံးကလေးတွေဟာ ပုံမှန်အားဖြင့် ပြောင်းလွယ်ပြင်လွယ်ရှိတတ်ပါတယ်၊ သူတို့သက်သောင့်သက်သာရှိတဲ့ ဇုန်ကနေ ထွက်ခွာဖို့ လိုအပ်တဲ့အခါ တွန့်ဆုတ်လာကြပြီး အရာရာကို မပြောင်းလဲချင်ကြတော့ပါဘူး။

အကြီးဆုံးကလေးတွေ မိဘတွေဖြစ်လာရင်

  • သင်ဟာ သားဦးဖြစ်ပါက သင့်ကလေးတွေအတွက် မျှော်လင့်ချက်များစွာ ရှိပါလိမ့်မယ် ။ သင့်ရဲ့ type A ကိုယ်ရည်ကိုယ်သွေးနှင့် ယိမ်းယိုင်မှုက သင့်မိဘပုံစံကို ရောင်ပြန်ဟပ်ပါလိမ့်မယ်။
  • သင်မိဘတစ်ယောက်ဖြစ်လာတဲ့အခါ သင့်အငယ်ဆုံးမောင်နှမတွေနဲ့ သူတို့ရဲ့အပြုအမှုတွေကို မှတ်မိပါလိမ့်မယ်။ ဥပမာအားဖြင့် အငယ်ဆုံးမောင်လေးရဲ့ ခံစားချက်တွေကို ကြားရခဲတယ်ဆိုရင် သင့်ကလေးကို ပြုစုပျိုးထောင်တဲ့အခါ ဒါကို ထည့်သွင်းစဉ်းစားပြီး သူတို့ရဲ့သဘောထားကို မကြာခဏ ပိုမေးပေးနိုင်ပါတယ်။ (သို့မဟုတ်) သင့်ရဲ့မောင်ငယ်၊ ညီမငယ်တွေက သင့်ကိုစိတ်အနှောက်အယှက်ပေးလေ့ရှိပါက မိဘတစ်ယောက်ဖြစ်လာရင် ရုန်းကန်ရမှုအချို့ ရှိနိုင်ပါတယ်။ ကိုယ်ပိုင်မိသားစုရလာရင် ကလေးကို သည်းခံရပါတော့မယ်။
  • တစ်ခါတစ်ရံမှာ သင်ဟာ သင့်ကလေးအတွက် မိမိကိုယ်ကို အလွန်အမင်းခွဲခြားသတ်မှတ်ခြင်းနှင့် တောင်းဆိုမှုများလွန်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ သို့သော် သင့်မှာ ကလေးနှစ်ယောက် (သို့မဟုတ်) ဒီထက်ပိုပါက ပိုပြီး သက်တောင့်သက်သာခံစားရပါလိမ့်မယ်။

၂။ အလတ်တွေ

  • သူတို့က များသောအားဖြင့် မိသားစုမှာ ငြိမ်းချမ်းရေးတည်ဆောက်သူများ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အငယ်ဆုံးလေးတွေ မွေးလာရင် လူတိုင်းနှင့် အံဝင်ခွင်ကျဖြစ်ဖို့ ဘယ်လိုညှိနှိုင်းရမယ်၊ ဘယ်လိုအပေးအယူလုပ်ရမယ်ဆိုတာကို လေ့လာရပါတယ်။
  • ပိုမိုကောင်းမွန်သော ညှိနှိုင်းဆွေးနွေးနိုင်စွမ်းရှိခြင်းကြောင့် အလတ်ကလေးငယ်တွေဟာ လူမှုရေးအသိုင်းအဝိုင်း ပိုမိုများပြားလာပြီး သူငယ်ချင်းတွေပေါ်မှာ ရှင်သန်ကြပါတယ်။
  • သူတို့က အရမ်းကို ပြောင်းလွယ်ပြင်လွယ်ရှိကြပြီး flow အတိုင်းသွားဖို့ ဆန္ဒရှိကြပါတယ်။
  • အလယ်အလတ်ကလေးတွေဟာ မိဘတွေဆီကနေ ဂရုစိုက်မှု သိပ်မရတာကြောင့် လူတွေကို စိတ်ကျေနပ်စေနိုင်ကြပါတယ်။ ထို့ကြောင့် သူတို့ဟာ မိသားစုထက် သူငယ်ချင်းတွေနဲ့ ပိုရင်းနှီးသော နှောင်ကြိုးတွေ ရှိကြပါတယ်။

မိဘတွေအနေဖြင့် အလတ်ကလေးတွေ

  • တကယ်လို့ သင်ဟာ မွေးချင်းထဲမှာ အလတ်တစ်ယောက်ဖြစ်ပါက သင့်မိသားစုနှင့် သင့်မိဘတွေရဲ့ အာရုံစူးစိုက်မှု ကင်းမဲ့ခြင်းကို ခံစားခဲ့ရတဲ့အတွက် ကိုယ့်ကလေးတွေပေါ်မှာ အဲ့လိုမဖြစ်အောင် ဂရုစိုက်ပါလိမ့်မယ်၊
  • သင်ဟာ သင့်ကလေးတွေနဲ့ ပတ်သတ်ပြီး ဘယ်ဆုံးဖြတ်ချက်ကိုမှ မြန်မြန်ချမှာ မဟုတ်ပါဘူး။ အဲဒီအစား ကလေးတွေကို နားထောင်ပေးဖို့နှင့် ဘယ်အငြင်းအခုံပဲဖြစ်ဖြစ် နှစ်ဖက်စလုံးက ကြည့်နိုင်ချေ ပိုရှိပါလိမ့်မယ်။
  • သင်ဟာ မိသားစုတစ်ခုလုံးအတွက် အကောင်းဆုံးနှင့် မျှတတယ်လို့ ထင်သောအရာကို အခြေခံပြီး ဆုံးဖြတ်ချက်ချပါလိမ့်မယ်။
  • ဖယ်ကြဉ်ခံရခြင်းက ဘယ်လိုခံစားရတယ်ဆိုတာကို သင်သိတာကြောင့် သင့်ကလေးတွေရဲ့ခံစားမှုတွေကို နားထောင်ပေးဖို့ ကြိုးစားတတ်ပါတယ်။

၃။ အငယ်ဆုံးကလေးများ

ကိုယ်ရည်ကိုယ်သွေးစရိုက်လက္ခဏာများ

  • မိသားစုရဲ့အထွေးဆုံးလေးတွေဟာ အခြားမွေးချင်းတွေထက် လွတ်လပ်မှု ပိုရလေ့ရှိပြီး ရလဒ်အနေနဲ့ သူတို့ဟာ လွတ်လပ်ပြီး ယုံကြည်မှု ပိုရှိကြပါတယ်. သူတို့ဟာ များသောအားဖြင့် လွတ်လပ်တဲ့ စိတ်တွေရှိကြပါတယ်၊ ပျော်တတ်ပြီး ဖော်ဖော်ရွေရွေနေတတ်ကြပါတယ်။
  • အငယ်ဆုံးတွေက စွန့်စားရတာကြိုက်သူတွေဖြစ်ပြီး သမားရိုးကျမဟုတ်တဲ့ အတွေ့အကြုံတွေနဲ့ ပိုပွင့်လင်းကြပါတယ်။
  • သူတို့ဟာ ပင်ကိုသဘာဝအရ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းရှိသူတွေဖြစ်ပြီး ဒီအတွက်ကြောင့် မကြာခဏ အာရုံစိုက်ခံရနိုင်ပါတယ်၊
  • မိသားစုရဲ့ အထွေးဆုံးအနေနဲ့ သူတို့ဟာ တာဝန်ယူမှုနည်းပါးပြီး တစ်ခါတစ်ရံမှာ ဂရုမစိုက်သော အပြုအမှုများ ရှိတတ်ပါတယ်။
  • အငယ်ဆုံးတွေဟာ အခြားသူတွေကို ခြယ်လှယ်တဲ့ ကလေးအဖြစ် သူတို့ရဲ့ အခန်းကဏ္ဍကို အသုံးချဖို့ သင်ယူကြပါတယ်။

မိဘတွေအဖြစ် အငယ်ဆုံးကလေးတွေ

  • သင်က မိသားစုထဲမှာ အငယ်ဆုံးကလေးဆိုရင် ကိုယ့်ကလေးတွေကို စွန့်စားခန်းရှာဖို့ အားပေးပါလိမ့်မယ်။
  • သင်ဟာ များသောအားဖြင့် မိသားစုအတွက် မှန်ကန်တဲ့အရာကို ရွေးချယ်တဲ့အခါ သင့်ကိုယ်ပိုင်ပင်ကိုယ်သိစိတ်ကို ယုံကြည်ပါတယ်။
  • သင်ပြုစုပျိုးထောင်ခဲ့ရတဲ့သူ ဘယ်သူမှမရှိတာကြောင့် သင့်မိသားစုမှာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ရတဲ့အခါ ပြဿနာအချို့ ရှိနိုင်ပါတယ်။
  • ဒါပေမယ့် ကလေးတွေကို ပြုစုပျိုးထောင်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ လိုအပ်တယ်ဆိုတာ သတိရသင့်ပါတယ်။ ဒါ့ကြောင့် အချို့သော အဖွဲ့အစည်းဆိုင်ရာ ကျွမ်းကျင်မှုကို ဆည်းပူးတာ၊ ဖွဲ့စည်းပုံအကြောင်း လေ့လာသင်ယူတာက ပိုကောင်းပါတယ်။
  • တစ်ခါတစ်ရံမှာ ကလေးတွေကို နူးညံ့သိမ်မွေ့ပေးရပါမယ်၊ သို့သော် ဒါက အမြဲတမ်းကောင်းတဲ့ ချဉ်းကပ်မှုမဟုတ်ကြောင်း မမေ့ပါနဲ့နော်။

၄။ တစ်ဦးတည်းသော ကလေး

ပင်ကိုယ်စရိုက်လက္ခဏာများ

  • တစ်ဦးတည်းသော ကလေးတွေဟာ သားဦးကလေးတွေနဲ့ ဆင်တူပါတဘ်။ သူတို့ဟာ ယုံကြည်မှုရှိပြီး အောင်မြင်ကြပါတယ်။ ကောင်းမွန်စွာ ပြောဆိုတတ်ကြပါတယ်။ ခေါင်းဆောင်အဖြစ် မွေးဖွားလာသူတွေ ဖြစ်ပါတယ်။
  • သို့သော် သူတို့ဟာ အခြားကလေးတွေကို ဂရုစိုက်ခြင်း (သို့) ကစားစရာကို မျှဝေခြင်းတို့ မရှိတတ်ကြပါဘူး။ တခြားသူတွေနဲ့ တစ်ခါမျှ ယှည်ပြိုင်ခဲ့ရတာ မရှိတာကြောင့် အတ္တဆန်တတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဦးစားပေးခြင်း ဖြစ်လာနိုင်ပါတယ်။
  • သူတို့ဟာ အရမ်းကို ရည်မှန်းချက်ကြီးပြီး စွန့်ဦးတီထွင်ချင်စိတ်တွေ ရှိကြပါတယ်။ လုံလရှိသူတွေလည်း ဖြစ်ကြပါတယ်။
  • လူကြီးတွေဖြင့်သာ ဝန်းရံခံထားရတဲ့ တစ်ဦးတည်းသော ကလေးတွေဟာ ကြီးပြင်းလာတာနှင့်အမျှ နှုတ်ရေးပိုကြွယ်ပြီး ရင့်ကျက်လာကြပါတယ်။

မိဘတွေအနေဖြင့် တစ်ဦးတည်းသော ကလေးတွေ

  • တကယ်လို့ သင်ဟာ တစ်ဦးတည်းသော ကလေးဖြစ်ပါက သင့်မိသားစုကို ဖန်တီးတဲ့အခါ ပြဿနာအချို့ရှိပါလိမ့်မယ်။ မွေးချင်းမောင်နှမတစ်ဦးအတွက် မိဘတစ်ယောက်အဖြစ် ဖြစ်ခဲ့ဖူးခြင်း မရှိတာကြောင့် သင်ပိုင်ဆိုင်သမျှကို ဝေမျှဖို့ ဘယ်လိုသင်ယူရမယ်ဆိုတာကို မသိတဲ့အတွက် ရေနည်း ငါးကဲ့သို့ ခံစားမိနိုင်ပါတယ်။
  • သင်ဟာ သင့်လက်တွဲဖော်အဖြစ် ” အငယ်ဆုံး” ကိုရွေးချယ်မယ်ဆိုရင် အကောင်းဆုံးစုံတွဲတွေ ဖြစ်နိုင်ချေများပါတယ်။ သူတို့ရဲ့ စိတ်ရှုပ်ထွေးမှုကင်းမဲ့သော စိတ်ဓါတ်နှင့် ပေါင်းစပ်ထားတဲ့ ဖွဲ့စည်းပုံကိုသိထားခြင်းက ကောင်းမွန်သော မျှတမှုကို ဖြစ်စေပါတယ်။
  • ကိုယ့်ကိုယ်ကို သီးသန့်အချိန်ပေးဖို့ လိုအပ်ကြောင်း မမေ့ပါနဲ့။ ကြီးပြင်းလာတဲ့အခါ သင့်ရဲ့ ကိုယ်ပိုင်အချိန်နဲ့ နေရာတွေမှာ နေသားတကျရှိပြီးသားဖြစ်ပါမယ်။

Chit_MayMay

LM_Nandar

Source-brightside

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here