
မိသားစုဆိုတာ ငါတို့အားလုံးရဲ့ လုံခြုံအားထားရာ အသိုက်အမြုံတစ်ခုဖြစ်ရပါမယ်။ ဒါပေမယ့် မကြာခဏဆိုတာ အဲ့ဒီ့နေရာက ကျွန်မတို့ကို အနာကျင်စေဆုံးဒဏ်ရာတွေပေးတဲ့နေရာလည်း ဖြစ်နေပြန်ပါတယ်။ – Lyanla Vansant
ပျော်ရွှင်ပြီး အေးချမ်းတည်ငြိမ်တဲ့ မိသားစုကို ပိုင်ဆိုင်ဖို့ဆိုတာက လူများစွာအတွက် အိပ်မက်တစ်ခုပါ။ ဒါပေမယ့် လူတိုင်းက ဒီလိုကံမကောင်းကြပါဘူး။ အဲ့ဒီ့အစား နေ့စဉ်နဲ့အမျှ အကြမ်းဖက်နေကြပြီး ပြဿနာတွေကို တစ်ယောက်အပေါ် တစ်ယောက်လွဲချနေကြတဲ့ စိတ်ပျက်စရာအဆိပ်သင့်မိသားစုကိုသာ ပိုင်ဆိုင်ရကြပါတယ်။
ပျော်ရွှင်သော မိသားစုဆိုတာ သင့်လမ်းကြောင်းကို ဖွံ့ဖြိုးတိုးတက်စေဖို့နှင့် မှန်ကန်သော လမ်းညွှန်မှုတွေပေးနိုင်သော မိသားစု၊ သင့်ကို လွတ်လပ်စွာ ရှင်သန်စေလိုသော မိသားစုကို ဆိုလိုပါတယ်။ သင့်မိဘတွေက သင့်ကို ချစ်ပြီး သင့်ကို ထောက်ပံ့ပေးသလို သင်ဘယ်သူဖြစ်တယ်ဆိုတာ လက်ခံပေးကြပါလိမ့်မယ်။ အဆိပ်သင့်သော မိသားစုက ဒီအရာနဲ့ ဆန့်ကျင်ဘက်ပါ။ ဒီတော့ အဆိပ့်သင့်မိသားစုတွေမှာ ဘယ်လိုမျိုး အဆိပ်အတောက်ဖြစ်စေသော အလေ့အထတွေရှိနေတတ်ပါသလဲ?
၁။ မိသားစုဝင်အချင်းချင်း ပြဿနာရှာတတ်၊ ရက်စက်တတ်သော မိသားစုမျိုး

အကြမ်းဖက်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ စသဖြင့် နည်းမျိုးစုံရှိပါတယ်။ သင့်မိသားစုဟာ တစ်နည်းနည်းဖြင့် တစ်ဖက်သားကို နာကျင်စေမယ်ဆိုရင် သင်မှာ အကျင့်မကောင်းသော မိသားစုအတွင်းမှာ ရှိနေနိုင်ပါတယ်။ အဆက်မပြတ်အကြမ်းဖက်မှုဟာ ဘယ်လိုပုံစံနဲ့မဆို အဖျက်သဘောဆောင်သော အပြုအမူ၊ စိတ်ဒဏ်ရာ၊ မိမိကိုယ်ကိုယ် တန်ဖိုးထားမှုနည်းပါးခြင်း၊ အရွယ်ရောက်ပြီးစမှာ မတည်မငြိမ်ဖြစ်စေသော အချစ်ရေးကိစ္စတွေနှင့် စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြစ်စေပါတယ်။
၂။ သင့်မိသားစုဝင်တွေရဲ့ ရိုင်းစိုင်းသော အပြုအမူတွေနဲ့ အဆိပ်အတောက်တွေက သင့်အပေါ် တာဝန်ရှိခြင်း

သင်က မောင်နှစ်မတွေထဲမှာ အကြီးဆုံးဖြစ်ပြီး အငယ်တွေလုပ်သမျှ သင့်ကို အပြစ်ပုံခံရတာမျိုး ကြုံနေရပါသလား? ဒီနည်းကလည်း အဆိပ်သင့်ခြင်းတစ်မျိုးပါပဲ။ သင်တို့က ဘယ်လောက်အထိ မောင်နှစ်မတွေပဲဖြစ်နေပါစေ သူတို့လုပ်သမျှအမှားတွေအတွက် သူတို့ကိုယ်တိုင် တာဝန်ယူရပါမယ်။
၃။ သင့်နယ်နိမိတ်တွေကို ဘယ်တော့မှ မလေးစားတဲ့ မိသားစုဝင်တွေရှိတဲ့ မိသားစုမျိုး
ရိုင်းစိုင်းပြီး အဆိပ်အတောက်ဖြစ်စေသော မိသားစုဝင်တွေဟာ ကိုယ်ပိုင်နယ်နိမိတ်တွေ (သို့) တစ်ခြားလူတွေရဲ့ နယ်နိမိတ်တွေကို နားမလည်ကြသူတွေပါ။ သူတို့ကြောင့် သင်ဟာ စိတ်မသက်မသာခံစားရနိုင်တယ်ဆိုတာကို ဂရုမစိုက်ဘဲ သင့်ဆီကနေ သူတို့မျှော်လင့်ထားသော အရာနှင့် သင်လုပ်ရဖို့ လိုအပ်တာတွေကိုသာ အာရုံစိုက်ကြပါတယ်။
လူတိုင်းက သူတို့ရဲ့ နယ်နိတ်မိတ်တွေကို ခံစားခွင့်ရှိကြပြီး အဆိပ်သင့်တဲ့ မိသားစုအတွင်းရှိနေမယ်ဆိုရင် သင်က ဒီအရာကို လက်လွှတ်ရပါလိမ့်မယ်။ သင့်မိဘတွေက သင့်ကိုယ်ရေးကိုယ်တာကို အလွန်အကျွံပါဝင်ပတ်သက်ပါလိမ့်မယ်။ သင့်ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဖြတ်သန်းဖို့၊ သင့်ဂျာနယ်တွေကို ဖတ်ဖို့၊ သင့်ကို နေရာလွတ်သီးသန့်မပေးချင်ဘဲ သူတို့ကိုပဲ နားလည်စေချင်ကြပြီး သင့်အပေါ် သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ ထင်မြင်ချက်တွေနဲ့ပဲ ဝေဖန်သုံးသပ်နေပါလိမ့်မယ်။
၄။ ပြီးပြည့်စုံဖို့ တွန်းအားပေးခံနေရပါလိမ့်မယ်

သင်ဘယ်သူဖြစ်တယ်၊ ဘယ်လိုလူဖြစ်တယ်ဆိုတာကို သူတို့လက်ခံဖို့ မကြိုးစားကြဘဲ ပြီးပြည့်စုံဖို့ကိုပဲ တိုက်တွန်းနေကြပါလိမ့်မယ်။ အနည်းငယ်ပြည့်စုံခြင်းက ကောင်းသော အကျင့်သီလတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် အလွန်အကျွံပြည့်စုံလာတဲ့အခါ အဆိပ်အတောက်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ သင့်မိသားစုက သင့်ကို အမြဲတစေ တွန်းအားပေးပြီး ပြီးပြည့်စုံသူတစ်ယောက်ဖြစ်ဖို့ မျှော်လင့်နေတယ်ဆိုရင် ဒါဟာပုံမှန်ပါပဲလို့ တစ်စက္ကန့်တောင် မတွေးပါနဲ့။ ပြီးပြည့်စုံခြင်းဆိုတာ ဒဏ္ဍာရီတစ်ခုသက်သက်ဖြစ်ပြီး လက်တွေ့ဘဝမှာ မရှိပါဘူး။
ကျရှုံးခြင်းဆိုတာကလည်း အရာအားလုံးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပြည့်စုံဖို့ တစ်ချိန်လုံးတွန်းအားပေးနေခြင်းက ဘဝကို ပိုမိုထိန်းချုပ်ဖို့ ကြိုးကိုင်နေတဲ့ အဆိပ်သင့်မိသားစုရဲ့ လက္ခဏာတွေဖြစ်ပါတယ်။
၅။ သင့်မိသားစုကနေ မေတ္တာ၊ စာနာမှုနှင့် ဂရုဏာတရားတွေ ရလေ့မရှိဘူး

ချစ်ခြင်းမေတ္တာ၊ စာနာမှု၊ ဂရုဏာနှင့် ကြင်နာမှုစတဲ့အရာတွေက လူသားဘဝကို စတင်လာတဲ့မိသားစုကနေ စလာတတ်ပါတယ်။ သို့ပေမယ့် အဲ့ဒီ့အရာတွေအစား လှောင်ပြောင်မှု၊ နှိုင်းယှဉ်မှု၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ နာကျင်မှုတွေပဲ ခံစားနေရတယ်ဆိုရင် သင်ဟာ အဆိပ်သင့်မိသားစုထဲရောက်နေပြီဆိုတဲ့ အခြေအနေတွေပါပဲ။ သင့်ရဲ့ ခံစားချက်တွေကို လှောင်ပြောင်ပြီး မျှော်လင့်ချက်တွေကို လှောင်ရယ်နေပါလိမ့်မယ်။
ပျော်ရွှင်မှုဆိုတာ သင်မက်ခွင့်မရတဲ့ အိပ်မက်လိုပါပဲ။ သင်မှာ သင့်မိဘတွေနဲ့ ခိုင်မာတဲ့နှောင်ကြိုးတွေမရှိဘဲ အဆိပ်အတောက်ဖြစ်စေတဲ့ မှီခိုမှုတွေပဲ ရှိနေပါလိမ့်မယ်။
၆။ သင်ဟာ အမြဲတမ်းအကဲဖြတ်ပြီး ဝေဖန်ခံနေရတယ်

မိသားစုတွေ့ဆုံပွဲတွေကို သင်မုန်းတီးရတဲ့ အကြောင်းရင်းတစ်ခုရှိပါတယ်။ သင့်မိသားစုက သင့်ကို ဝေဖန်အကဲဖြတ်ပြီး သူတို့မရခဲ့တဲ့ အခွင့်အရေးတိုင်းကို သင့်ကို ရစေချင်ကြပါတယ်။ တစ်ဆက်တည်း ဒီအရာကို သင်မလုပ်နိုင်တဲ့အခါ သင့်ကို အပြစ်တင်ပါလိမ့်မယ်။ သင်ဘယ်လောက်ကြိုးစားပါစေ သူတို့အတွက် လုံလောက်မှာမဟုတ်ပါဘူး။ သင့်အလုပ်၊ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်၊ ဆက်ဆံရေးအခြေအနေနှင့် သင့်အောင်မြင်မှုတွေကို နှိမ့်ချလှောင်ပြောင်ခံရခြင်းနဲ့ပဲ အချိန်တိုင်း အရှုံးသမားလိုမျိုး ခံစားရစေပါလိမ့်မယ်။
၇။ သင့်မိသားစုရဲ့ အခြေအနေအမှန်ကို တစ်ခြားလူတွေရှေ့မှာ အမြဲဖုံးကွယ်နေရတယ်
ပျက်စီးပြီး အဆိပ်သင့်နေသော မိသားစုအခြေအနေကို တစ်ခြားလူတွေ သတိမထားရအောင် တစ်ချိန်လုံးဖုံးကွယ်နေရခြင်းကလည်း ဝဋ်ကြွေးတစ်ခုလိုပါပဲ။ အပေါ်ယံဟန်ဆောင်မှုတွေနဲ့ အတုအယောင်တွေနဲ့ ဖုံးကွယ်နေရခြင်းက သင့်မိသားစုအခြေအနေဟာ တော်တော်လေးအဆိပ်အတောက်ဖြစ်နေတယ်ဆိုတာပါပဲ။
Chit_May_May
Nyein_Thu
ref-themindsjournal