Home Parenting Parent Guide သင့်ရဲ့ကလေးတွေရဲ့ screen time စွဲလမ်းမှုကို ချိုးဖျက်နိုင်မယ့် အဆင့် (၃) ဆင့်

သင့်ရဲ့ကလေးတွေရဲ့ screen time စွဲလမ်းမှုကို ချိုးဖျက်နိုင်မယ့် အဆင့် (၃) ဆင့်

0
သင့်ရဲ့ကလေးတွေရဲ့ screen time စွဲလမ်းမှုကို ချိုးဖျက်နိုင်မယ့် အဆင့် (၃) ဆင့်

ဖုန်းမျက်နှာပြင်တွေကို စွဲလမ်းခြင်းက အစစ်အမှန်ဖြစ်ပြီး ဒီကနေ့ခေတ်ရဲ့ အဖြစ်အများဆုံးပြဿနာတစ်ခုဖြစ်ပါတယ်။ သင့်ကလေးကို ဖုန်းအသုံးပြုချိန်၊ တီဗီကြည့်ချိန်ကန့်သတ်ဖို့ က ထိရောက်သော နည်းလမ်းတွေကိုလည်း လေ့လာသင့်ပါတယ်။ ဒစ်ဂျစ်တယ်မျက်နှာပြင်တွေကနေ တစ်ခြားနေရာတွေကို စိတ်ပြောင်းနိုင်ဖို့ မေမေတို့ ဘာတွေလုပ်ဖို့လိုအပ်မလဲ?

၁။ လုပ်ဆောင်မှုတစ်ခုခုအတွက် မိသားစုအစည်းအဝေးတစ်ခုပြုလုပ်ပါ

ပထမဆုံးအဆင့်အနေနဲ့ မိသားစုဝင်အားလုံး ပါဝင်ဆုံးဖြတ်နိုင်တဲ့ အစည်းအဝေးတစ်ခုလုပ်ပါ။ သင့်မိသားဝင်တွေအကြားမှာ screen time ကို ဘာကြောင့် လျှော့ချချင်တာလဲ? သင့်ကလေးတွေနဲ့ အရည်အသွေးကောင်းတဲ့ အချိန်တွေကို ကုန်ဆုံးချင်လို့လား? ဆိုးကျိုးသက်ရောက်မှုတွေကို ရှောင်ရှားချင်လို့လား? ကလေးတွေရဲ့ ပြောင်းလဲလာသော အပြုအမူတွေနဲ့ ထူးဆန်းသော စကားလုံးအသုံးအနှုန်းတွေကိုတော့ သင့်အနေနဲ့ စိုးရိမ်ပူပန်လာမှာအမှန်ပါပဲ။

ဒီအစည်းအဝေးမှာ မိသားစုဝင်တိုင်း ပါဝင်စေပါ။ အသက် (၁၈) လနှင့် အထက်တွေအတွက် ရုပ်ပိုင်းဆိုင်ရာ ကစားချိန်ကို အာရုံစိုက်ပြီး ပညာပေးမီဒီယာတွေကိုသာ အသုံးပြုပါ။ အသက် (၂) နှင့် (၅) နှစ်အကြား ကလေးတွေကိုတော့ screen time က တစ်နာရီထက် မပိုသင့်ဘဲ သူတို့ရဲ့ ပညာသင်ကြားရေးအချိန်မှာ မိဘတွေလည်း ပါဝင်သင့်ပါတယ်။ အသက် (၆) နှစ်နှင့် အထက် မီဒီယာအသုံးပြုတဲ့အချိန်က အသုံးပြုမယ့် မီဒီယာအမျိုးအစားအပေါ် မူတည်ပါတယ်။ ကန့်သတ်ချက်တွေတော့ ထားသင့်ပြီး လုံလောက်သော အိပ်စက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနှင့် ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော တစ်ခြားအပြုအမူတွေကို မထိခိုက်စေကြောင်း သေချာနေပါစေ။ ၁၀ နှစ်နှင့် အထက် ၁၈ အထိကလေးတွေကတော့ တစ်နေ့ ၁ နာရီနှင့် ၂ နာရီအကြားသာဖြစ်သင့်တယ်လို့ CDC မှ အကြံပြုထားသင့်ပါတယ်။

၂။ အစားထိုးလုပ်စရာတွေကို စာရင်းတစ်ခုပြုလုပ်ပါ

screen time တွေကို လျှော့ချဖို့ဆိုရင် အဲ့ဒီ့အချိန်တွေမှာ အစားထိုးလုပ်စရာတွေကို စာရင်းလုပ်ပါ။ ရွေးချယ်စရာတွေအများကြီးရှိပါတယ်။

အားကစားပစ္စည်းတွေ – ဘတ်စကက်ဘော၊ ဘောလုံး၊ ကြက်တောင်
ပြင်ပကစားစရာပစ္စည်းများ – မြေဖြူခဲ၊ ပူဖောင်းများ၊ bubbles
အိမ်တွင်းလှုပ်ရှားမှုများ – Lego’s, Play-Doh, ဆေးရောင်စုံစာအုပ်များ စတဲ့အရာတွေနဲ့ အစားထိုးပါ။ ကလေးတွေကစားနေချိန်မှာ ဝင်ရောက်ကူညီကစားပါ။ အိမ်မှုကိစ္စတွေမှာ ဝင်ကူညီစေပါ။

၃။ အပြုအမူတွေအတွက် စံပြဖြစ်စေပါ

မိဘတွေအနေနဲ့ သူတို့ရဲ့ ဖုန်း (သို့) စက်ပစ္စည်းတွေကို အဆက်မပြတ်တွေ့နေရမယ်ဆိုရင် ကလေတွေအတွက် screen time လျှော့ချဖို့က မဖြစ်နိုင်သလောက်ဖြစ်ပါလိမ့်မယ်။ မိသားစုအလိုက် ပလပ်တွေကို ဖြုတ်ပါ။ ကလေးတွေကို ဖန်သားပြင်တွေမပေါ်ခင် အရင်အခြေအနေတွေကို ပြန်လည်ခေါ်ဆောင်သွားပါ။ ဆက်ဆံရေးတွေကို ဒီလိုနည်းနဲ့ ခိုင်မာစေဖို့ အသက်သွင်းပါ။

Chit_May_May

Nyein_Thu

ref-simplyrootedfamily

LEAVE A REPLY

Please enter your comment!
Please enter your name here