Home Parenting Child Care သင့်ရဲ့ဘေဘီလေး စိတ်ဖိစီးနေတယ်ဆိုတဲ့ လက္ခဏာများ

သင့်ရဲ့ဘေဘီလေး စိတ်ဖိစီးနေတယ်ဆိုတဲ့ လက္ခဏာများ

0
သင့်ရဲ့ဘေဘီလေး စိတ်ဖိစီးနေတယ်ဆိုတဲ့ လက္ခဏာများ

စိတ်ဖိစီးမှုဆိုတာ လူကြီးတွေမှ ခံစားရတတ်တဲ့အရာ မဟုတ်ပါဘူး၊ ကလေးတွေမှာလည်း စိတ်ဖိစီးမှုခံစားရတယ်လို့ ဆိုပါတယ်၊ မေမေတို့ သိသလောက်တော့ သူတို့ဟာ စားတယ်၊ အိပ်တယ်၊ အီအီးပါတယ်၊ အဲ့ဒါကလွဲလို့ ဘာမှ မလုပ်ရပါဘူး၊ ပြီးတော့ သူတို့ရဲ့ လိုအပ်ချက်တိုင်းကို မေမေတို့က ဖြည့်ဆည်းပေးတယ်၊ ဒါဆိုရင် ကလေးတွေ ဘာလို့ စိတ်ဖိစီးတာလဲ?

ကလေးတွေဟာ အသက် ၄လမှ ၆လအတွင်း ဘယ်နေရာမှာမဆို စိတ်ဖိစီးမှု ခံစားရလေ့ရှိပြီး ၅လအရွယ်က အရေးကြီးဆုံးဖြစ်ပါတယ်။ သင့်ကလေး ဖွံဖြိုးလာနေတဲ့ အရှိန်အဟုန်ကြောင့် အဓိကဖြစ်ရတာပါ။ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်က သဘာဝအတိုင်း တိုးတတ်နေပေမယ့်လည်း သူတို့မှာ ဖြစ်ပျက်နေသမျှကို ရင်ဆိုင်ဖို့ ခက်ခဲပါတယ်။

၁။ မျက်လုံးချင်းမဆုံတာ

လူသားအားလုံးလိုပဲ ကလေးတွေဟာ မျက်လုံးချင်းဆုံတာကို သူတို့အနီးပတ်ဝန်းကျင်ရှိလူတွေနဲ့ ဆက်သွယ်၊ ပြောဆိုဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုကြပါတယ်။ မိဘတွေက မျက်လုံးတွေကို ဖတ်ရုံဖြင့် သူတို့ကလေးရဲ့ စိတ်နေစိတ်ထားကို ပိုင်းခြားသိမြင်တတ်ပါတယ်။ဒါ့ကြောင့် မျက်လုံးချင်းမဆုံခြင်းက သင့်ကလေးမှာ စိတ်ဖိစီးနေကြောင်း ထင်ရှားတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

ကိုယ်က တစ်စုံတစ်ယောက်နဲ့ စကားပြောနေချိန် မျက်လုံးချင်းမဆုံဘဲနေတာက သူပြောတာကို စိတ်မဝင်စားကြောင်း၊ စိတ်မသက်မသာဖြစ်နေကြောင်း ပြသပါတယ်။ ဒီလိုပဲ ကလေးက မျက်လုံးချင်းဆုံပြီး အကြည့်လွှဲသွားခြင်းဖြင့် အလားတူ ဖော်ပြနိုင်ပါတယ်။ ဒါက ကလေးဟာ အပြောင်းအလဲကို လိုချင်တယ်(သို့) သူတို့ကို space ပေးဖို့ လိုအပ်တယ်လို့ ဆိုလိုပါတယ်။ ကလေးအပေါ် အာရုံစူးစိုက်မှု လွန်ကဲခြင်းကလည်း သူတို့ကို စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။ ခြေလှမ်း ငါးလှမ်းအကွာလောက်မှာ နေခြင်းဖြင့် သူတို့ကို စောင့်ကြည့်ပါ။

၂။ မရပ်မနားငိုခြင်း

ဒါက တော်တော်သိသာပါတယ်။ သင့်ကလေးက သူတို့ကို တစ်စုံတစ်ရာ အနှောက်အယှက်ပေးတဲ့အခါမှသာ ငိုတာပါ။ ဒါပေမယ့် သူတို့ရဲ့ ပုံမှန်ငိုတဲ့ အပိုင်းနဲ့ ဒီတစ်ခုကြားကို သင်ဘယ်လိုခွဲခြားမလဲ။ သင့်ကလေးက အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်ငိုတတ်ပါတယ်။ သူတို့အနှီးလဲဖို့ လိုအပ်လို့၊ ဗိုက်ဆာလို့ (သို့) ပင်ပန်းပြီး အိပ်ချင်လို့ စသဖြင့်ပါ။ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလိုက်တာနဲ့ မြန်မြန်တိတ်သွားကြပါတယ်။ အဆက်မပြတ် ကျယ်လောင်စွာ ငိုနေမှသာ စိုးရိမ်သင့်ပါတယ်။ သင့်ကလေးက မီးရောင်တွေ၊ အသံတွေ (သို့) လူများတာတွေ ကဲ့သို့သော သူတို့ပတ်ဝန်းကျင်မှာ စိတ်ဖိစီးမှု တစ်ခုခုရှိတဲ့အခါမှသာ ဒီလိုငိုတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကို ချက်ချင်းသေချာကြည့်ပေးပါ။ သူတို့အာရုံပြောင်းသွားစေဖို့ ကစားစရာအရုပ်လေးတွေ ပြတာမျိုး၊ ချော့မြူတာမျိုး လုပ်ပေးပါ။

၃။ သူတို့ အိပ်မပျော်နိုင်တဲ့အခါ

တစ်ခါတရံမှာ အိပ်မက်ဆိုးတစ်ခုက သင့်ကလေးကို စိတ်ဖိစီးမှုဖြစ်စေဖို့ လုံလောက်ပါတယ်၊ သူတို့ရုတ်တရက်နိုးလာပြီး ထိုင်နေရင် သူတို့ကို ချော့မြူပြီး ပြန်သိပ်ပေးလိုက်ပါ။ တောက်ပတဲ့ ရောင်စုံအိပ်ရာခင်းတွေ၊ မွေ့ယာတွေကို အသုံးပြုခြင်းဖြင့် သူတို့ပုခက်ကို တောက်ပအောင်လုပ်ပါ။ ပြီးရင် သူတို့နှစ်သက်တဲ့ အရုပ်တွေကို အထဲမှာ ထည့်ထားပေးပါ။

၄။ လှုပ်ရှားမှုများလွန်းတာ

သင့်ကလေးငယ်က သင့်ဆီကို မကြာခဏ လက်ဆန့်တန်းနေပါက (သို့) သူတို့နဖူးပေါ်လက်တင်ထားပါက သူတို့ဟာ စိတ်ဖိစီးမှု ခံစားရဖွယ်ရှိပါတယ်။ ဒါတွေက သူတို့ကိုယ်သူတို့ ငြိမ်သက်ဖို့အတွက် လှုပ်ရှားမှုတွေ လုပ်ကြတာပါ။ အကူအညီလိုတယ်လို့ အဓိပ္ပာယ်ရပါတယ်။

အလားတူပဲ သူတို့ဟာ မကြာခဏ ကော့ထိုးနေတာမျိုးဆိုရင် ဗိုက်နာတာကို ခံစားရခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အဆက်မပြတ် သန်းဝေတာ၊ ကြို့ထိုးတာကလည်း စိတ်ဖိစီးမှုရဲ့ ညွှန်ပြချက်တစ်ခု ဖြစ်ပါတယ်။

Chit_MayMay

Nandar

Source-momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here