သင့်ရဲ့မိဘတွေကို Respect ထားဖို့ အခြေခံကျတဲ့ နည်းလမ်း (10 )ခု

0
30

သင်ဟာ ငယ်ငယ်တုန်းက မိဘစကားကို နားထောင်ပေမယ့် အရွယ်ရောက်လာတဲ့အခါ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ၊ သူတို့ရဲ့ အတွေးအခေါ်နဲ့ ထင်မြင်ချက်တွေကို မေးခွန်းထုတ်လာနိုင်ပါတယ်။ တစ်ချက်က သူတို့ထက် သင်ကောင်းကောင်းပိုသိတယ်လို့ ယူဆခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး သင်လုပ်ခဲ့တာရှိသလို မလုပ်ခဲ့တာလည်း ရှိမှာပါ။

အားလုံးကို သင်အကျိုးသင့် အကြောင်းသင့် ဆွေးနွေးခဲ့ ဖူးသော်လည်း သင့်ကို သူတို့ နားလည်ပေးစေလိုတဲ့ အချိန်လေးတွေ၊ သူတို့ဆီကနေ အဝေးကို ပြောင်းရွေ့ချင်တဲ့ အချိန်တွေ ရှိခဲ့မှာပါ။
သင့်မိဘတွေရဲ့ အချစ်က သင့်အတွက်ပါ။သူတို့အချစ်က သန့်စင်ပြီး သင်အသက်ရလာတာနှင့်အမျှ ကြီးထွားလာပါတယ်။ သင်ဘာပဲလုပ်လုပ်၊ သင်အမှားတွေ ဘယ်လာက်လုပ်လုပ်၊ ကိစ္စမရှိပါဘူး၊ သူတို့သင့်ကို ချစ်နေပါလိမ့်မယ်။ မိဘတွေက သင့်ဆီက ချစ်ခြင်းမေတ္တာအနည်းငယ်နှင့် လေးစားမှု ပြန်လာဖို့ပဲ မျှော်လင့်ပါတယ်။
သင်ဟာ ငယ်ငယ်တုန်းက မိဘအပေါ် ဆိုးခဲ့၊ မိုက်ခဲ့တဲ့သူ ဖြစ်ကောင်းဖြစ်မှာပါ။ အချိန်နှောင်းမှ နောင်တရသူမဖြစ်အောင် ခုချိန်မှာ မိဘတွေအပေါ် ပြန်လည်သိတတ်ပြီး ချစ်ခင်မှု၊ လေးစားမှုပေးဖို့ နောက်မကျသေးပါဘူး။ သူတို့တွေကို လေးစားမှုပေးဖို့ မခက်ခဲပါဘူးနော်။ သင်ဟာ သင့်အချစ်ကို ပြသချင်ပေမယ့် ဘယ်လိုပြသရမှန်းမသိရင် Lifestyle Myanmar ပြောပြပေးပါမယ်နော်။ သင်ဂရုစိုက်တာကို သူတို့ကို ပြသဖို့ သင်လုပ်နိုင်တဲ့ အရာလေးတွေနှင့် ပတ်သတ်ပြီး ပြောပြပေးပါမယ်။
မိဘတွေကို respectထားဖို့ ရိုးရှင်းသောနည်းလမ်းများ
မိဘနှင့် ကလေးတစ်ယောက်ရဲ့ relationship ဆိုတာ အားလုံးထဲမှာ အသန့်စင်ဆုံးဖြစ်ပါတယ်။ သားသမီးတွေ အရင်က ကောင်းခဲ့သည်ဖြစ်စေ ဆိုးခဲ့ သည်ဖြစ်စေ မိဘဆိုတာ အပြစ်ကြာရှည်မယူတတ်ပါဘူး။ ဒီအကြံပြုချက်တွေက သင့်မိဘတွေနှင့်အတူ မကောင်းတဲ့ အမှတ်တရာတွေထက် ပိုကောင်းတာတွေသာ ဖန်တီးပေးနိုင်ပါတယ်။

၁။ သူတို့ကို အချိန်ပေးပါ

တစ်ယောက်ယောက်ကို သင်ပေးနိုင်တဲ့ အကြီးမားဆုံးလက်ဆောင်က သင့်အချိန်ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲအလုပ်များနေပါစေ အမြဲတမ်း သင့်မိဘအတွက် အချိန်တစ်ချို့ပေးပါ။ ကလေးတွေ ကျောင်းတတ်ရဖို့ အဝေးမှာ သွားနေရတဲ့အခါ၊ အိမ်ထောင်ရက်သား ကျသွားလို့ ထွက်ခွာသွားတဲ့အခါ မိဘတွေဟာ အထီးကျန်မှုကို ခံစားကြရပါတယ်။ သင်ဟာ သူတို့တွေနဲ့ အဝေးမှာ နေထိုင်သူဖြစ်ရင် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ဖုန်းခေါ်ပါ။ ပိတ်ရက်အတွင်းမှာ သူတို့ဆီ အလည်သွားပါ။ သင့်ရဲ့ဖုန်းတစ်ကောက သူတို့ရဲ့ တစ်နေ့တာကို စိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်စေပါတယ်။

၂။ သင့်ရဲ့ကျေးဇူးတင်ကြောင်းကို ဖော်ပြပါ

သားသမီးတွေ မိဘကို သတိရတတ်တဲ့ အချိန်က အပြင်းဖျားပြီး အိပ်ရာကမထနိုင်တဲ့ အချိန်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ မိဘတွေဟာ သားသမီး ပြန်ကျန်းမာလာဖို့ နေ့ရောညကော အိပ်ပျက်ခံပြီး ပြုစုပေးနိုင်သူတွေပါ။ သင့်အိပ်ရာဘေးနားက ထွက်သွားမှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ ဒါက မိဘတွေအနေဖြင့် သူတို့ရဲ့ တာဝန်ယူမှုဖြစ်ပါတယ်။ သူတို့ဟာ အလေးအနက်ထားပြီး တာဝန်ယူခဲ့ပါတယ်။ သူတို့ရဲ့ တစ်ကိုယ်ကောင်းမဆန်မှုအတွက် ကျေးဇူးတင်ပေးပါ။ သင်ရတဲ့ အခွင့်အရေးတိုင်းမှာ သူတို့ကို ကျေးဇူးတင်ပါ။ သူတို့ကို သင်ချစ်တယ်ဆိုတာ သိပါစေ။

၃။ သူတို့ကို တန်ဖိုးထားပါ

မိဘတွေဟာ သားသမီးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ နေ့တိုင်းအလုပ်သွားပြီး တခါတရံသူတို့မသွားချင်တဲ့နေ့မှာတောင် သွားကောင်း သွားနိုင်ပါတယ်။ သူတို့ဟာ သင့်ရဲ့ဘဝကို သက်တောင့်သက်သာဖြစ်စေဖို့ ၊ ငွေရေးကြေးရေး ပူပန်စရာမလိုအောင် မဆုတ်မနစ် အလုပ်လုပ်ခဲ့ပါတယ်။ သူတို့ လုပ်ခဲ့တဲ့အရာအားလုံးအတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ တန်ဖိုးထားပေးပါ။ သင်ဟာ ဘဝခရီးလမ်းရှည်ကြီးကို လျှောက်ရဦးမှာပါ။ ဒါ့ကြောင့် သူတို့ကို ပျော်ရွင်မှုတွေပေးဖို့ ကြိုးစားပါ။

၄။ သူတို့ရဲ့ ဖိနပ်ဖြစ်ဖို့ ကြိုးစားပါ

သင့်မိဘတွေဟာ သင့်ထင်မြင်ချက်ကို ဆန့်ကျင်ကြောင်း တစ်ခုခုပြောတိုင်း သူတို့ကို အရိုအသေမဲ့တဲ့ စကားတွေ သို့မဟုတ် ငြင်းခုန်တာတွေ မပြုလုပ်ပါနဲ့။ သင်နှင့် သင့်မိဘကြား မျိုးဆက်ကွာဟမှုကို လက်ခံလိုက်ပါ။ ရှေးရိုးဆန်တဲ့ သူတို့ကို နားလည်ပေးဖို့ ကြိုးစားပါ။ သင်ဟာ မှန်ကန်နေပေမယ့်လည်း သူတို့ဘာ့ကြောင့် သဘောမတူတာလည်းဆိုတာ သိဖို့ သူတို့ရဲ့ ဖိနပ်တွေ ဖြစ်ဖို့ ကြိုးစားပါ။ ဖြစ်နိုင်ရင် စိတ်ရှည်ရှည်ထားပြီး ရှင်းပြဖို့ အချိန်ယူပါ။

၅။ သူတို့ပေါ်မှာ သင့်အသံကို ဘယ်တော့မှ မြှင့်မပြောပါနဲ့

သင့်မိဘတွေဟာ သင့်ကို တစ်ခုခုမလုပ်ဖို့ တောင်းဆိုတဲ့အချိန် ရှိပါလိမ့်မယ်။ ဒီအခါမှာ သူတို့နားလည်နိုင်အောင် အကျိုးသင့်အကြောင်းသင့် ရှင်းပြပေးဖို့ ကြိုးစားပါ။ စိတ်မရှည်တဲ့လေသံနဲ့ သင့်အသံကို ဘယ်တော့မှ မြှင့်မပြောပါနဲ့။

၆။ အမြဲတမ်း တောင်းပန်ပါ

မိဘတစ်ယောက် နှင့် ကလေးအကြား နားလည်မှုလွဲမှားခြင်း၊ အငြင်းပွားခြင်းက အများအားဖြင့် ဖြစ်နေကျပါ။ ကျွန်တော်တို့ဟာ သွေးဆူနေတဲ့အချိန်မှာ အမှားတွေ ပြောမိနိုင်ပါတယ်။ ကြမ်းတမ်းစွာ ပြောမိလိုက်တယ်၊ အော်ပြီးပြောမိလိုက်တယ်လို့ ထင်ရင် တောင်းပန်ဖို့ မတွန့်ဆုတ်ပါနဲ့။ မမှားသော်လည်း သင့်ရဲ့ အပြုအမှုက သင့်မိဘတွေကို ထိခိုက်စေတယ်ထင်ရင် သူတို့ကို နာကျင်စေတဲ့ သင့်လုပ်ရပ်တွေအတွက် “စိတ်မကာင်းပါဘူး” လို့ပြောပေးပါ။

၇။ သူတို့အပေါ်မှာ ပွင့်လင်းပါ

ရိုးသားတဲ့ ဆက်ဆံပြောဆိုမှုက ဘယ် relationship မဆို အခြေခံဖြစ်ပါတယ်။ ကလေးဘဝတုန်းက ကျွန်မတို့ဟာ မိဘကို ကိုယ့်ရဲ့နေ့စဉ် ကြုံတွေ့ရတဲ့ အသေးစိတ်တိုင်းကို မျှဝေလေ့ရှိကြပေမယ့် ကျွန်မတို့ အရွယ်ရောက်လာတဲ့အခါ တချို့အရာတွေကို စစ်ထုတ်ပစ်လိုက်ကြပါတယ်။ လူဆိုတာ အမှားနဲ့ကင်းသူမရှိပါဘူး။ တခါတလေ အမှားတွေ၊ အပြစ်တွေလုပ်ခဲ့မိရင် မိဘကို ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ပါ။ တတ်နိုင်သလောက် ရိုးသားသူဖြစ်ဖို့ ကြိုးစားပါ။ သင့်ဘဝရဲ့ အရေးပါဆုံးကဏ္ဍထဲမှာ သူတို့ကိုထားပါ။ သူတို့ကို သင့်ဘဝရဲ့ တစ်စိတ်တပိုင်း ဖြစ်လိုတယ်ဆိုတာ သိပါစေနော်။

၈။ အမြဲတမ်း please လို့ပြောပါ

သင့်မိဘတွေဟာ သင့်ဆီကို ခြွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာတွေ ပြသပါလိမ့်မယ်။ သင့်ပျော်ရွင်မှုအတွက် တောင်တွေကို ရွေ့ပေးဆိုရင်တောင် နှစ်ခါစဉ်းစားမှာ မဟုတ်ပါဘူး။ သို့သော် ဒါက ခွင့်ပြုဖို့အတွက် သင့်ကို လက်ခံတယ်လို့ မဆိုလိုပါဘူး။ သူတို့ရဲ့အကူအညီကိုလိုလို့ တောင်းဆိုတဲ့အခါ ၊သူတို့ဆီက မျက်နှာသာရဖို့တောင်းဆိုတဲ့အခါ ယဉ်ကျေးပေးပါ။ မိဘတွေနဲ့ စကားပြောတာတဲ့အခါ “please” နဲ့ “thank you” ဆိုတဲ့စကားလုံးတွေကို ရက်ရက်ရောရော သုံးပါ။

၉။ သူတို့ကို ဘယ်တော့မှ အပြစ်မတင်ပါနဲ့

သင့်ဘဝက သင့်စိတ်ကူးခဲ့သလို ဖြစ်မလာတာကြောင့် မိဘတွေကို အပြစ်တင်ခြင်းက မမျှတပါဘူး။ သင့်မိဘတွေက သင့်အတွက် အကောင်းဆုံး လုပ်ပေးခဲ့တယ်ဆိုတာ သိပါ။ သူတို့ဟာ သင့်ကိုချစ်ပြီး သင့်အတွက် စွန့်လွတ်အနစ်နာခံဖို့ ဆန္ဒရှိနေကြပါတယ်။ ဒါပေမယ့် သင့်ဘဝက သူများတွေလို မပြည့်စုံလို့ဆိုပြီး မိဘတွေကို အပြစ်မတင်ပါနဲ့။ သူတို့ သင့်ကို ပေးနိုင်သလောက်ပေးခဲ့ပြီးပါပြီ။

၁၀။ သူတို့ရဲ့ ယုံကြည်မှုကို မရိုက်ချိုးပါနဲ့

သင့်မိဘတွေကို သင်လေးစားကြောင်း ဖော်ပြဖို့ နည်းလမ်းတစ်ခုက သူတို့ရဲ့ ယုံကြည်မှုကို ရိုက်ချိုးနိုင်တဲ့ အရာတွေကို ရှောင်ကြဉ်ဖို့ဖြစ်ပါတယ်။ သူတို့ကို ယုံကြည်မှုပေးထားရင် သင့်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ရရှိပါလိမ့်မယ်။ ယုံကြည်မှုကိုတော့ ဘယ်တော့မှ အလွဲသုံးစား မလုပ်ပါနဲ့။

Lifestyle_Myanmar

LM_Nandar

Source-momjunction

ZawGyi

သင့္ရဲ႕မိဘေတြကို Respect ထားဖို႔ အေျခခံက်တဲ့ နည္းလမ္း (10 )ခု
သင္ဟာ ငယ္ငယ္တုန္းက မိဘစကားကို နားေထာင္ေပမယ့္ အ႐ြယ္ေရာက္လာတဲ့အခါ သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြ၊ သူတို႔ရဲ႕ အေတြးအေခၚနဲ႔ ထင္ျမင္ခ်က္ေတြကို ေမးခြန္းထုတ္လာႏိုင္ပါတယ္။ တစ္ခ်က္က သူတို႔ထက္ သင္ေကာင္းေကာင္းပိုသိတယ္လို႔ ယူဆခဲ့တာ ျဖစ္ပါတယ္။ ဒါနဲ႔ပတ္သတ္ၿပီး သင္လုပ္ခဲ့တာရွိသလို မလုပ္ခဲ့တာလည္း ရွိမွာပါ။
အားလုံးကို သင္အက်ိဳးသင့္ အေၾကာင္းသင့္ ေဆြးေႏြးခဲ့ ဖူးေသာ္လည္း သင့္ကို သူတို႔ နားလည္ေပးေစလိုတဲ့ အခ်ိန္ေလးေတြ၊ သူတို႔ဆီကေန အေဝးကို ေျပာင္းေ႐ြ႕ခ်င္တဲ့ အခ်ိန္ေတြ ရွိခဲ့မွာပါ။
သင့္မိဘေတြရဲ႕ အခ်စ္က သင့္အတြက္ပါ။သူတို႔အခ်စ္က သန္႔စင္ၿပီး သင္အသက္ရလာတာႏွင့္အမွ် ႀကီးထြားလာပါတယ္။ သင္ဘာပဲလုပ္လုပ္၊ သင္အမွားေတြ ဘယ္လာက္လုပ္လုပ္၊ ကိစၥမရွိပါဘူး၊ သူတို႔သင့္ကို ခ်စ္ေနပါလိမ့္မယ္။ မိဘေတြက သင့္ဆီက ခ်စ္ျခင္းေမတၱာအနည္းငယ္ႏွင့္ ေလးစားမႈ ျပန္လာဖို႔ပဲ ေမွ်ာ္လင့္ပါတယ္။
သင္ဟာ ငယ္ငယ္တုန္းက မိဘအေပၚ ဆိုးခဲ့၊ မိုက္ခဲ့တဲ့သူ ျဖစ္ေကာင္းျဖစ္မွာပါ။ အခ်ိန္ေႏွာင္းမွ ေနာင္တရသူမျဖစ္ေအာင္ ခုခ်ိန္မွာ မိဘေတြအေပၚ ျပန္လည္သိတတ္ၿပီး ခ်စ္ခင္မႈ၊ ေလးစားမႈေပးဖို႔ ေနာက္မက်ေသးပါဘူး။ သူတို႔ေတြကို ေလးစားမႈေပးဖို႔ မခက္ခဲပါဘူးေနာ္။ သင္ဟာ သင့္အခ်စ္ကို ျပသခ်င္ေပမယ့္ ဘယ္လိုျပသရမွန္းမသိရင္ Lifestyle Myanmar ေျပာျပေပးပါမယ္ေနာ္။ သင္ဂ႐ုစိုက္တာကို သူတို႔ကို ျပသဖို႔ သင္လုပ္ႏိုင္တဲ့ အရာေလးေတြႏွင့္ ပတ္သတ္ၿပီး ေျပာျပေပးပါမယ္။
မိဘေတြကို respectထားဖို႔ ႐ိုးရွင္းေသာနည္းလမ္းမ်ား
မိဘႏွင့္ ကေလးတစ္ေယာက္ရဲ႕ relationship ဆိုတာ အားလုံးထဲမွာ အသန္႔စင္ဆုံးျဖစ္ပါတယ္။ သားသမီးေတြ အရင္က ေကာင္းခဲ့သည္ျဖစ္ေစ ဆိုးခဲ့ သည္ျဖစ္ေစ မိဘဆိုတာ အျပစ္ၾကာရွည္မယူတတ္ပါဘူး။ ဒီအႀကံျပဳခ်က္ေတြက သင့္မိဘေတြႏွင့္အတူ မေကာင္းတဲ့ အမွတ္တရာေတြထက္ ပိုေကာင္းတာေတြသာ ဖန္တီးေပးႏိုင္ပါတယ္။

၁။ သူတို႔ကို အခ်ိန္ေပးပါ

တစ္ေယာက္ေယာက္ကို သင္ေပးႏိုင္တဲ့ အႀကီးမားဆုံးလက္ေဆာင္က သင့္အခ်ိန္ပဲ ျဖစ္ပါတယ္။ ဘယ္လိုပဲအလုပ္မ်ားေနပါေစ အၿမဲတမ္း သင့္မိဘအတြက္ အခ်ိန္တစ္ခ်ိဳ႕ေပးပါ။ ကေလးေတြ ေက်ာင္းတတ္ရဖို႔ အေဝးမွာ သြားေနရတဲ့အခါ၊ အိမ္ေထာင္ရက္သား က်သြားလို႔ ထြက္ခြာသြားတဲ့အခါ မိဘေတြဟာ အထီးက်န္မႈကို ခံစားၾကရပါတယ္။ သင္ဟာ သူတို႔ေတြနဲ႔ အေဝးမွာ ေနထိုင္သူျဖစ္ရင္ တစ္ေန႔ကို အနည္းဆုံး တစ္ႀကိမ္ေလာက္ေတာ့ ဖုန္းေခၚပါ။ ပိတ္ရက္အတြင္းမွာ သူတို႔ဆီ အလည္သြားပါ။ သင့္ရဲ႕ဖုန္းတစ္ေကာက သူတို႔ရဲ႕ တစ္ေန႔တာကို စိတ္ဝင္စားဖြယ္အေကာင္းဆုံးျဖစ္ေစပါတယ္။

၂။ သင့္ရဲ႕ေက်းဇူးတင္ေၾကာင္းကို ေဖာ္ျပပါ

သားသမီးေတြ မိဘကို သတိရတတ္တဲ့ အခ်ိန္က အျပင္းဖ်ားၿပီး အိပ္ရာကမထႏိုင္တဲ့ အခ်ိန္ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ မိဘေတြဟာ သားသမီး ျပန္က်န္းမာလာဖို႔ ေန႔ေရာညေကာ အိပ္ပ်က္ခံၿပီး ျပဳစုေပးႏိုင္သူေတြပါ။ သင့္အိပ္ရာေဘးနားက ထြက္သြားမွာ မဟုတ္ပါဘူး။ ဟုတ္ပါတယ္။ ဒါက မိဘေတြအေနျဖင့္ သူတို႔ရဲ႕ တာဝန္ယူမႈျဖစ္ပါတယ္။ သူတို႔ဟာ အေလးအနက္ထားၿပီး တာဝန္ယူခဲ့ပါတယ္။ သူတို႔ရဲ႕ တစ္ကိုယ္ေကာင္းမဆန္မႈအတြက္ ေက်းဇူးတင္ေပးပါ။ သင္ရတဲ့ အခြင့္အေရးတိုင္းမွာ သူတို႔ကို ေက်းဇူးတင္ပါ။ သူတို႔ကို သင္ခ်စ္တယ္ဆိုတာ သိပါေစ။

၃။ သူတို႔ကို တန္ဖိုးထားပါ

မိဘေတြဟာ သားသမီးေတြကို ေကြၽးေမြးေစာင့္ေရွာက္ဖို႔ ေန႔တိုင္းအလုပ္သြားၿပီး တခါတရံသူတို႔မသြားခ်င္တဲ့ေန႔မွာေတာင္ သြားေကာင္း သြားႏိုင္ပါတယ္။ သူတို႔ဟာ သင့္ရဲ႕ဘဝကို သက္ေတာင့္သက္သာျဖစ္ေစဖို႔ ၊ ေငြေရးေၾကးေရး ပူပန္စရာမလိုေအာင္ မဆုတ္မနစ္ အလုပ္လုပ္ခဲ့ပါတယ္။ သူတို႔ လုပ္ခဲ့တဲ့အရာအားလုံးအတြက္ ေက်းဇူးဆပ္တဲ့အေနနဲ႔ တန္ဖိုးထားေပးပါ။ သင္ဟာ ဘဝခရီးလမ္းရွည္ႀကီးကို ေလွ်ာက္ရဦးမွာပါ။ ဒါ့ေၾကာင့္ သူတို႔ကို ေပ်ာ္႐ြင္မႈေတြေပးဖို႔ ႀကိဳးစားပါ။

၄။ သူတို႔ရဲ႕ ဖိနပ္ျဖစ္ဖို႔ ႀကိဳးစားပါ

သင့္မိဘေတြဟာ သင့္ထင္ျမင္ခ်က္ကို ဆန္႔က်င္ေၾကာင္း တစ္ခုခုေျပာတိုင္း သူတို႔ကို အ႐ိုအေသမဲ့တဲ့ စကားေတြ သို႔မဟုတ္ ျငင္းခုန္တာေတြ မျပဳလုပ္ပါနဲ႔။ သင္ႏွင့္ သင့္မိဘၾကား မ်ိဳးဆက္ကြာဟမႈကို လက္ခံလိုက္ပါ။ ေရွး႐ိုးဆန္တဲ့ သူတို႔ကို နားလည္ေပးဖို႔ ႀကိဳးစားပါ။ သင္ဟာ မွန္ကန္ေနေပမယ့္လည္း သူတို႔ဘာ့ေၾကာင့္ သေဘာမတူတာလည္းဆိုတာ သိဖို႔ သူတို႔ရဲ႕ ဖိနပ္ေတြ ျဖစ္ဖို႔ ႀကိဳးစားပါ။ ျဖစ္ႏိုင္ရင္ စိတ္ရွည္ရွည္ထားၿပီး ရွင္းျပဖို႔ အခ်ိန္ယူပါ။

၅။ သူတို႔ေပၚမွာ သင့္အသံကို ဘယ္ေတာ့မွ ျမႇင့္မေျပာပါနဲ႔

သင့္မိဘေတြဟာ သင့္ကို တစ္ခုခုမလုပ္ဖို႔ ေတာင္းဆိုတဲ့အခ်ိန္ ရွိပါလိမ့္မယ္။ ဒီအခါမွာ သူတို႔နားလည္ႏိုင္ေအာင္ အက်ိဳးသင့္အေၾကာင္းသင့္ ရွင္းျပေပးဖို႔ ႀကိဳးစားပါ။ စိတ္မရွည္တဲ့ေလသံနဲ႔ သင့္အသံကို ဘယ္ေတာ့မွ ျမႇင့္မေျပာပါနဲ႔။

၆။ အၿမဲတမ္း ေတာင္းပန္ပါ

မိဘတစ္ေယာက္ ႏွင့္ ကေလးအၾကား နားလည္မႈလြဲမွားျခင္း၊ အျငင္းပြားျခင္းက အမ်ားအားျဖင့္ ျဖစ္ေနက်ပါ။ ကြၽန္ေတာ္တို႔ဟာ ေသြးဆူေနတဲ့အခ်ိန္မွာ အမွားေတြ ေျပာမိႏိုင္ပါတယ္။ ၾကမ္းတမ္းစြာ ေျပာမိလိုက္တယ္၊ ေအာ္ၿပီးေျပာမိလိုက္တယ္လို႔ ထင္ရင္ ေတာင္းပန္ဖို႔ မတြန္႔ဆုတ္ပါနဲ႔။ မမွားေသာ္လည္း သင့္ရဲ႕ အျပဳအမႈက သင့္မိဘေတြကို ထိခိုက္ေစတယ္ထင္ရင္ သူတို႔ကို နာက်င္ေစတဲ့ သင့္လုပ္ရပ္ေတြအတြက္ “စိတ္မကာင္းပါဘူး” လို႔ေျပာေပးပါ။

၇။ သူတို႔အေပၚမွာ ပြင့္လင္းပါ

႐ိုးသားတဲ့ ဆက္ဆံေျပာဆိုမႈက ဘယ္ relationship မဆို အေျခခံျဖစ္ပါတယ္။ ကေလးဘဝတုန္းက ကြၽန္မတို႔ဟာ မိဘကို ကိုယ့္ရဲ႕ေန႔စဥ္ ႀကဳံေတြ႕ရတဲ့ အေသးစိတ္တိုင္းကို မွ်ေဝေလ့ရွိၾကေပမယ့္ ကြၽန္မတို႔ အ႐ြယ္ေရာက္လာတဲ့အခါ တခ်ိဳ႕အရာေတြကို စစ္ထုတ္ပစ္လိုက္ၾကပါတယ္။ လူဆိုတာ အမွားနဲ႔ကင္းသူမရွိပါဘူး။ တခါတေလ အမွားေတြ၊ အျပစ္ေတြလုပ္ခဲ့မိရင္ မိဘကို ပြင့္ပြင့္လင္းလင္း ေျပာဆိုတိုင္ပင္ပါ။ တတ္ႏိုင္သေလာက္ ႐ိုးသားသူျဖစ္ဖို႔ ႀကိဳးစားပါ။ သင့္ဘဝရဲ႕ အေရးပါဆုံးက႑ထဲမွာ သူတို႔ကိုထားပါ။ သူတို႔ကို သင့္ဘဝရဲ႕ တစ္စိတ္တပိုင္း ျဖစ္လိုတယ္ဆိုတာ သိပါေစေနာ္။

၈။ အၿမဲတမ္း please လို႔ေျပာပါ

သင့္မိဘေတြဟာ သင့္ဆီကို ႁခြင္းခ်က္မရွိတဲ့ ခ်စ္ျခင္းေမတၱာေတြ ျပသပါလိမ့္မယ္။ သင့္ေပ်ာ္႐ြင္မႈအတြက္ ေတာင္ေတြကို ေ႐ြ႕ေပးဆိုရင္ေတာင္ ႏွစ္ခါစဥ္းစားမွာ မဟုတ္ပါဘူး။ သို႔ေသာ္ ဒါက ခြင့္ျပဳဖို႔အတြက္ သင့္ကို လက္ခံတယ္လို႔ မဆိုလိုပါဘူး။ သူတို႔ရဲ႕အကူအညီကိုလိုလို႔ ေတာင္းဆိုတဲ့အခါ ၊သူတို႔ဆီက မ်က္ႏွာသာရဖို႔ေတာင္းဆိုတဲ့အခါ ယဥ္ေက်းေပးပါ။ မိဘေတြနဲ႔ စကားေျပာတာတဲ့အခါ “please” နဲ႔ “thank you” ဆိုတဲ့စကားလုံးေတြကို ရက္ရက္ေရာေရာ သုံးပါ။

၉။ သူတို႔ကို ဘယ္ေတာ့မွ အျပစ္မတင္ပါနဲ႔

သင့္ဘဝက သင့္စိတ္ကူးခဲ့သလို ျဖစ္မလာတာေၾကာင့္ မိဘေတြကို အျပစ္တင္ျခင္းက မမွ်တပါဘူး။ သင့္မိဘေတြက သင့္အတြက္ အေကာင္းဆုံး လုပ္ေပးခဲ့တယ္ဆိုတာ သိပါ။ သူတို႔ဟာ သင့္ကိုခ်စ္ၿပီး သင့္အတြက္ စြန္႔လြတ္အနစ္နာခံဖို႔ ဆႏၵရွိေနၾကပါတယ္။ ဒါေပမယ့္ သင့္ဘဝက သူမ်ားေတြလို မျပည့္စုံလို႔ဆိုၿပီး မိဘေတြကို အျပစ္မတင္ပါနဲ႔။ သူတို႔ သင့္ကို ေပးႏိုင္သေလာက္ေပးခဲ့ၿပီးပါၿပီ။

၁၀။ သူတို႔ရဲ႕ ယုံၾကည္မႈကို မ႐ိုက္ခ်ိဳးပါနဲ႔

သင့္မိဘေတြကို သင္ေလးစားေၾကာင္း ေဖာ္ျပဖို႔ နည္းလမ္းတစ္ခုက သူတို႔ရဲ႕ ယုံၾကည္မႈကို ႐ိုက္ခ်ိဳးႏိုင္တဲ့ အရာေတြကို ေရွာင္ၾကဥ္ဖို႔ျဖစ္ပါတယ္။ သူတို႔ကို ယုံၾကည္မႈေပးထားရင္ သင့္မွာ ကိုယ္ပိုင္လြတ္လပ္ခြင့္ ရရွိပါလိမ့္မယ္။ ယုံၾကည္မႈကိုေတာ့ ဘယ္ေတာ့မွ အလြဲသုံးစား မလုပ္ပါနဲ႔။

Lifestyle_Myanmar

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here