Home Parenting သင့်ရဲ့မိဘအုပ်ထိန်းမှုပုံစံကို လွှမ်းမိုးနိုင်တဲ့ သင်ကြီးပြင်းလာမှုမှ အမှားများ

သင့်ရဲ့မိဘအုပ်ထိန်းမှုပုံစံကို လွှမ်းမိုးနိုင်တဲ့ သင်ကြီးပြင်းလာမှုမှ အမှားများ

0
သင့်ရဲ့မိဘအုပ်ထိန်းမှုပုံစံကို လွှမ်းမိုးနိုင်တဲ့ သင်ကြီးပြင်းလာမှုမှ အမှားများ

မိဘအုပ်ထိန်းမှုပုံစံနဲ့ ဗျူဟာတွေဟာ အချိန်နှင့်အမျှ ပြောင်းလဲတတ်ပါတယ်။ အချို့က ဆင့်ကဲတိုးတတ်လာပြီး အချို့က ပိုဆိုးလာပါတယ်။ ကျွန်မတို့ဟာ ကိုယ်ငယ်စဉ်က တွေ့ကြုံခဲ့ရတဲ့ အပြုသဘောဆောင်သောအရာတွေကနေ သင်ယူချင်ကြပေမယ့် ကျွန်မတို့ မိဘတွေရဲ့ အမှားတွေကို ထပ်မလုပ်မိဖို့လည်း ရှောင်ချင်ကြတယ်ဆိုတာ နားလည်နိုင်ပါတယ်။ စစ်တမ်းတစ်ခုအရ မိဘ ၁၀ယောက်မှာ ၉ယောက်လောက်က သူတို့ရဲ့ ကလေးဘဝဟာ သူတို့သားသမီးတွေကို ပြုစုပျိုးထောင်ပုံမှာ လွှမ်းမိုးတယ်လို့ ယုံကြည်ပေမယ့် မိဘ ၁၀ယောက်မှာ ၆ယောက်ကသာ အတွေ့အကြုံက အကျိုးရခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

ကျွန်မတို့ရဲ့ လက်ရှိမိဘအုပ်ထိန်းမှု အခြေအနေမှာ ကျွန်မတို့ရဲ့အတိတ်ကို ထင်ဟပ်စေတဲ့ မတူညီသော နည်းလမ်းများစွာရှိကြောင်း ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ ဒါ့ကြောင့် သင့်ကလေးတွေကို ပြုစုပျိုးထောင်ချိန်မှာ ဒါတွေကို ထပ်တလဲလဲလုပ်မိခြင်းမှ ရှောင်ရှားနိုင်အောင် ကူညီပေးမယ့် မိဘအုပ်ထိန်းမှုအမှားတွေကို မျှဝေပေးလိုက်ရပါတယ်။

၁။ ” မိဘကောင်း” -” မိဘဆိုး” ဂိမ်းကို ကစားခြင်း

သင်ဟာ ဥပမာ- အဖေက လက်သင့်ခံနိုင်ပြီး အမေက တစ်ချိန်လုံး ဆူပူကြိမ်းမောင်းတဲ့ အိမ်ထောင်စုမှာ ကြီးပြင်းလာခဲ့ရရင် သင့်မိဘအုပ်ထိန်းမှုမှာ ဒီလိုအလားတူပုံစံကို တွေ့ရနိုင်ပါတယ်။ သင့်ကိုယ်ရည်ကိုယ်သွေးက ဒီအမျိုးအစားတွေထဲမှာ သဘာဝအတိုင်း အံဝင်ခွင်ကျဖြစ်နိုင်ပေမယ့် သင်ဟာ အလားတူ အခန်းကဏ္ဍကိုပဲ ဆက်ပြီးကစားနေတယ်ဆိုရင် ဆန့်ကျင်ဘက်သို့ ကူးပြောင်းဖို့ စိန်ခေါ်မှုတစ်ခု ဖြစ်လာနို်ငပါတယ်။ အချို့သော သုတေသနပြုချက်တွေအရ ဒီနည်းဗျူဟာက မိဘတွေနဲ့ သားသမီးတွေအတွက် ခက်ခဲနိုင်ပါတယ်။

သင့်ကလေးကိုလည်း ဒွိဟဖြစ်လာစေပြီး ” စည်းကမ်းကြီးသူ” မိဘကို ” ဆိုးတယ်”လို့ထင်လာစေပါတယ်။ ဒါက ” တင်းကျပ်တဲ့” မိဘကို မပျော်မရွှင်ဖြစ်စေနိုင်ပါတယ်။ လွတ်လပ်ခွင့်ပေးတဲ့ မိဘကို လေးစားပြီး တင်းကျပ်တဲ့ မိဘကို ဖွင့်ဟဖို့ တွန့်ဆုတ်တဲ့ ဆယ်ကျော်သက်တွေအဖြစ်လည်း ဦးတည်နိုင်ပါတယ်။ ဒါ့ကြောင့် အဖေကောင်း- အမေဆိုး ဖြစ်စေမယ့်အစား ပိုကောင်းမွန်တဲ့ ရွေးချယ်မှုကတော့ ကလေးတွေကို ဆုံးမသွန်သင်ဖို့ ကိုယ့်လက်တွဲဖော်နဲ့ ဝန်ထုပ်ဝန်ပိုးမျှယူတာ ဖြစ်ပါတယ်။ ချဉ်းကပ်မှုကို တစ်ခုတည်းဖြစ်စေပြီး ပြစ်ဒဏ်အမျိုးအစားအပေါ် သဘောတူညီမှု ရယူတာက ပိုမျှတတဲ့ ရွေးချယ်မှု ဖြစ်နိုင်ပါတယ်။

၂။ စီမံကိန်းချခြင်း

တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ ကိုယ့်ရဲ့ကလေးဘဝက ကြောက်ရွံ့မှု၊ အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေကို ကိုယ့်ကလေးငယ်တွေအပေါ် မသိလိုက်ဘဲ မကြာခဏဆိုသလို ပုံဖော်နေမိပါတယ်။ ကျွန်မတို့ ကလေးတွေဟာ တူညီတဲ့ စိတ်ခံစားမှုတွေ ခံစားရမှာပဲ၊ တူညီတဲ့ ရည်မှန်းချက်တွေရှိမှာပဲ၊ ကျွန်မတို့ ကလေးဘဝတုန်းကလိုပဲ တွေ့ကြုံခံစားကြမှာပဲလို့ ကျွန်မတို့ ယူဆခဲ့ကြပါတယ်။ ကျွန်မတို့ဟာ သူတို့ရဲ့ဝါသနာကို ရှာဖွေတွေ့ရှိစေ၊ ဖွံ့ဖြိုးတိုးတတ်စေမယ့်အစား ကျွန်မတို့ရဲ့ ဝါသနာတွေကို လိုက်လျှောက်ဖို့ မျှော်လင့်နေနိုင်ပါတယ်။ ဒီခန့်မှန်းမှုက သူတို့ကို သီးခြားထူးခြားတဲ့ ပုဂ္ဂိုလ်တွေအဖြစ် မြင်ဖို့ ခက်ခဲစေပါတယ်။ ကလေးတွေမှာ ကျွန်မတို့ ငယ်ငယ်တုန်းကလို လိုအပ်ချက်တွေ ရှိမှာပဲလို့ ယူဆတာထက် မိဘတွေအနေနဲ့ ကလေးတွေရဲ့ စစ်မှန်တဲ့ လိုအပ်ချက်၊ အရည်အချင်းတွေနဲ့ ဆန္ဒတွေကို အာရုံစိုက်ပြီး ပြုစုပျိုးထောင်သင့်ပါတယ်။

၃။ အတုယူခြင်း

အချို့သော မိဘတွေက တစ်ချို့သော အခြေအနေတွေမှာ သူတို့မိဘတွေပြုလုပ်ခဲ့တဲ့အတိုင်း ပြုမှုကြတာကို သတိပြုမိကြပါတယ်။ ကျွန်မတို့ ကြီးပြင်းလာစဉ် ကြုံတွေ့ခဲ့ရတဲ့ negative လုပ်ရပ်မျိုးတွေကို ထပ်လုပ်မိကြပါတယ်။ ဒီမှတ်ချက်တွေနဲ့ လုပ်ရပ်တွေက ကြမ်းတမ်းတဲ့ စကားလုံးတွေ (သို့) ကိုယ်ထိလက်ရောက် အပြစ်ပေးတာတွေ ပါဝင်နေရင် ပိုကောင်းအောင် ပြောင်းလဲဖို့ အမှန်တကယ် ကြိုးစားသင့်ပါတယ်။

၄။ လျော်ကြေးပေးခြင်း

“ငါတို့ငယ်ငယ်တုန်းက အမေက ဒါတွေမလုပ်ပေးခဲ့ဘူး၊ ငါ့သားသမီးတွေကြရင် ဒါတွေလုပ်ပေးမယ်”ဆိုတဲ့ အတွေးမျိုးရှိကြမှာပါ။ ကျွန်မတို့ရဲ့ မိဘတွေ ကျွန်မတို့အပေါ် ဆက်ဆံခဲ့ပုံအတွက် လျော်ကြေးပေးဖို့ ကြိုးစားခြင်းဖြင့် ကျွန်မတို့ဟာ အပျက်သဘောဆောင်တဲ့ ကလေးဘဝအတွေ့အကြုံတွေကို တုံ့ပြန်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ကောင်းသော်ငြားလည်း လွန်လွန်ကဲကဲ မလုပ်မိအောင် သတိထားသင့်ပါတယ်။ ဥပမာအားဖြင့် ကျွန်မတို့ရဲ့ မိဘတွေက အနည်းငယ်တင်းကျပ်ခဲ့ရင် ကျွန်မတို့ဟာ သားသမီးတွေကို ခွင့်ပြုပေးလွန်းခြင်းဖြင့် သူတို့ရဲ့ အမှားတွေကို အမှန်ဖြစ်ဖို့ ကြိုးစားမိနိုင်ပါတယ်။ ဒါမှမဟုတ် ကျွန်မတို့ဟာ တော်ရုံသင့်ရုံရှိတဲ့ အိမ်ထောင်စုမှာ ကြီးပြင်းလာပါက ကျွန်မတို့ကလေးတွေကို အများကြီးပိုပေးရမယ်လို့ ခံစားရပါလိမ့်မယ်။ လက်ရှိအခြေအနေမှာ ကျွန်မတို့ကလေးတွေနဲ့ ကျွန်မတို့အတွက် အရေးကြီးတဲ့အရာတွေကို အဓိပ္ပာယ်ဖွင့်ဆိုမယ့်အစား ကျွန်မတို့ ကြီးပြင်းလာခဲ့ရတဲ့အချိန်တုန်းက ကျွန်မတို့အပေါ် သက်ရောက်မှုရှိတဲ့ အရာတွေကို တုံ့ပြန်ရာမှာ တွယ်တာနေမိပါတယ်။ ဒါက ကျွန်မတို့ မိဘတွေရဲ့ အမှားအတွက် ကျွန်မတို့ overcompensate လုပ်မိစေနိုင်ပါတယ်။

၅။ ပြန်ဖန်တီးခြင်း

ကျွန်မတို့ရဲ့ကလေးဘဝအခြေအနေတွေကို နှစ်သက်ခဲ့သည်ဖြစ်စေ၊ မနှစ်သက်ခဲ့သည်ဖြစ်စေ ကျွန်မတို့ မိဘတွေ ဖြစ်လာတဲ့အခါမှာ မကြာခဏဆိုသလို အလားတူ အပျက်သဘောဆောင်တဲ့ အဖြစ်အပျက်တွေကို ထပ်ဖြစ်စေနိုင်တဲ့ အပြုအမှုပုံစံတစ်ချို့ကို ဖော်ထုတ်လေ့ရှိပါတယ်။ ဒီအခြေအနေတွေက အဆင်မပြေဖြစ်နိုင်ပေမယ့် ၎င်းတို့ကို ရင်းနှီးနေပုံရတာကြောင့် မသိစိတ်ဖြင့် ပြန်ဖန်တီးခြင်း ဖြစ်နိုင်ပါတယ်။ ဥပမာ သင့်မိသားစုက သင်ကြီးပြင်းလာချိန်မှာ ပြဿနာတွေကို ပွင့်ပွင့်လင်းလင်း မပြောခဲ့ရင် ဖြစ်ပျက်နေတာတွေကို သတိရှိရှိဖြင့် ဆွေးနွေးတာက ပိုကောင်းမယ်ဆိုတာ သိပေမယ့်လည်း ဒီရှောင်နည်းကိုပဲ ထပ်ခါတလဲလဲ လုပ်မိနိုင်ပါတယ်။

၆။ ကလေးကို Activities တွေဖြင့် မနိုင်ဝန်ထမ်းစေခြင်း

Activities များစွာမှာ ပါဝင်ကြီးပြင်းလာတဲ့မိဘတွေဟာ ဒါတွေက သူတို့ရဲ့ ကလေးတွေကို အလုပ်ရှုပ်နေစေမယ့် အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ သို့သော် တကယ်တော့ ဝန်ပိစေတဲ့အချိန်ဇယားက ကလေးအား ပင်ပန်းနွမ်းနယ်စေပြီး စိတ်တိုစေပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို ဒီလုပ်ဆောင်မှုတွေက ကလေးရဲ့ စိတ်ဝင်စားမှုကိုတောင် ထင်ဟပ်ခြင်းမရှိပါဘူး။ များစွာသော အခြေအနေတွေမှာ ဒီလိုOverscheduling လုပ်ခြင်းက မိဘတွေနဲ့ သားသမီးတွေကြားမှာ အရည်အသွေးပြည့်မီတဲ့ အချိန်ကင်းမဲ့တာကို ညွှန်ပြနေပါတယ်။ များသောအားဖြင့် မိဘတွေဟာ သားသမီးတွေ ကျောင်းကပြန်လာရင် အချိန်မပေးနိုင်တာကြောင့်ပါ။

Activities တွေက ကလေးတွေအတွက် အရမ်းအကျိုးရှိနိုင်ပေမယ့် မိဘတွေအနေနဲ့ activities အမျိုးမျိုးကို တက်ရောက်စေခြင်းဖြင့် သားသမီးတွေအပေါ် ဖိအားတွေ၊ စိတ်ဖိစီးမှုများစွာ ပေးတာတွေကို ရှောင်ရှားရန် ကြိုးစားသင့်ပါတယ်။ Activities တွေကို ပညာရှိရှိ ရွေးချယ်သင့်ပြီး လွတ်လပ်စွာ ကစားခြင်းရဲ့ အရေးပါမှုကို လျစ်လျူမရှုသင့်ပါဘူး။

၇။ ကိုယ့်ရဲ့အဆိုးမြင်စိတ်ကို နားထောင်ခြင်း

ကျွန်မတို့ဟာ တစ်ခါတစ်ရံမှာ ကိုယ်ငယ်ငယ်လေးကတည်းက ဖြစ်ပေါ်လာတဲ့ အပျက်သဘောဆောင်သော self-perceptions တွေ ဆက်လွှမ်းမိုးနေတတ်ပါတယ်။ ပြီးတော့ မိဘတွေ ဖြစ်လာတဲ့အခါ ဒီမလုံခြုံမှုတွေ ပိုသိသာထင်ရှားလာတတ်ပါတယ်။ ကျွန်မတို့ဟာ ကလေးဘဝမှာ ယုံကြည်မှုနည်းတယ်လို့ ခံစားခဲ့ရပါလိမ့်မယ်။ ကျွန်မတို့ဟာ ကိုယ်အရွယ်ရောက်ချိန်မှာလည်း မိမိကိုယ်ကို အားနည်းတယ်လို့ ဆက်ယူဆကြပါတယ်။ အထူးသဖြင့် ကိုယ့်ကလေးတွေကို ဆုံးမဖို့ ကြိုးစားတဲ့အခါ ဒါမှမဟုတ် သူတို့အတွက် ကြံ့ခိုင်ပုံပေါက်တဲ့အခါ ဒီအားနည်းချက်တွေ ပေါ်လာတတ်ပါတယ်။

ကျွန်မတို့ရဲ့ ငယ်စဉ်ကလေးဘဝ မလုံခြုံမှုတွေက “ငါက ဒီလိုမကောင်းတဲ့ မိဘတစ်ယောက်ပဲ”, “သူတို့ နာခံအောင် ငါဘာမှမလုပ်နိုင်ဘူး”, “ငါ့ကလေးတွေက ငါ့ကိုမကြိုက်ဘူး” စသဖြင့် ထိုကဲ့သို့သော အတွေးမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သို့သော် ဒီအဆိုးမြင်အသံတွေကို ကျွန်မတို့ မေးခွန်းများများထုတ်ပြီး စိန်ခေါ်လေလေ ကျွန်မတို့ ပိုလွတ်လပ်ပြီး ယုံကြည်မှု ပိုရှိလာလေဖြစ်ပါတယ်။ မိမိကိုယ်ကို သိလာခြင်းက ကျွန်မတို့ရဲ့ အတိတ်က အဆိုးမြင်တွေးခေါ်မှုတွေကို အသိအမှတ်ပြုဖို့၊ ဖယ်ရှားဖို့နဲ့ ပစ္စုပ္ပန်မှာ ကျွန်မတို့ရဲ့ခွန်အားကို ရှာဖွေဖို့ ကူညီပေးပါတယ်။

၈။ ကိုယ့်ကိုယ်ကို နောက်ဆုံးမှာ ထားခြင်း

ကျွန်မတို့အများစုက သူတို့ရဲ့ မိဘတာဝန်တွေကို အချိန်အတော်ကြာယူဖို့ တွန့်ဆုတ်နေတဲ့ မိဘတွေ အထူးသဖြင့် မိခင်တွေနဲ့ ကြီးပြင်းခဲ့ရဖူးပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို ဂရုစိုက်ခြင်း(self-care)ရဲ့ အရေးပါမှုကို လျစ်လျူမရှုသင့်ပါဘူး။ အဲဒါက ကျွန်မတို့ မိခင်တွေဆီကနေ သင်ယူလေ့ရှိတဲ့ အရာပါ။ ဒါ့ကြောင့် မိဘတွေအနေနဲ့ သူတို့ရဲ့ ကလေးတွေအတွက် စံနမူနာကောင်းပြဖို့ အရေးကြီးပါတယ်။

သင့်ကလေးတွေနှင့်အတူ ကျန်းမာစွာ ရင်ဆိုင်ဖြေရှင်းနိုင်မှု စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ဖို့လည်း အရေးကြီးပါတယ်။ ဥပမာ – ကိုယ့်မှာ ခက်ခဲတဲ့နေ့လေးရှိရင် သင့်ကလေးတွေကို သင့်ခံစားချက်တွေ မဖုံးထားပါနဲ့ ။ သင်ဘာကြောင့် ခံစားရလဲ၊ အနားယူဖို့ ဘာ့ကြောင့်လိုအပ်လဲ ဆိုတာကို ရှင်းပြခြင်းဖြင့် မျှဝေကြည့်ပါ။

Chit_MayMay

Nandar

Ref -brightside

LEAVE A REPLY

Please enter your comment!
Please enter your name here