ကလေးမွေးတဲ့ အတွေ့အကြုံရှိပြီးသား မေမေတို့အတွက်ကတော့ ကလေးတစ်ယောက်ရဲ့တုံ့ပြန့်ပုံတွေကိုကြည့်ပြီး ကလေးရဲ့လိုအပ်ချက်ကို သိနေတတ်ကြပါတယ်။ ဒါပေမယ့် သားဦးလေးမွေးတဲ့ မေမေတို့အတွက်ကတော့ ကလေးဘာကြောင့်ငိုနေတယ်၊ ဘယ်လိုဝေဒနာခံစားနေရတယ် ဆိုတာကို သိရှိနိုင်ဖို့တော်တော်လေးခက်ပါတယ်။ ဖေဖေတို့ဆိုရင်တော့ ဆိုဖွယ်ရာ မရှိတော့ပါဘူး။ မွေးကင်းစကလေးတစ်ယောက်ဟာ တစ်ရက်ကိုပုံမှန် ၂ နာရီကနေ သုံးနာရီထိ ငိုနေတတ်ကြပါတယ်။ ဒါဟာ ကလေးမွေးပြီးကာစ မိဘတိုင်းကြုံတွေ့ရမယ့် ဒုက္ခတစ်ခုဖြစ်ပါတယ်။ ကလေးလေးတွေဟာ တစ်ခါတစ်လေမှာတော့ သိသာတဲ့အကြောင်းပြချက် မရှိပဲငိုနေတတ်ကြပြီး အချိန်အများစုကတော့ သူတို့ရဲ့မျက်ရည်တွေနဲ့ သင့်ကိုတစ်ခုခုပြောဖို့ ကြိုးစားနေတတ်ပါတယ်။ ဒီလိုသူတို့ပြောပြချင်တဲ့ အကြောင်းရင်းကိုသိမှသာ ကလေးရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးရင်း အငိုတိတ်အောင်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
၁။ ဗိုက်ဆာနေတဲ့အခါ
ကလေးလေးတစ်ယောက်ရဲ့ သုံးလအရွယ်အတွင်းမှာ နာရီခြားပြီး မကြာခဏနို့တိုက်ခြင်းကို ပြုလုပ်ရပါတယ်။ တကယ်လို့ သင့်ရဲ့ Baby လေးကအသံပြဲကြီးနဲ့ မအော်ပဲ အနိမ့်သံနဲ့အော်နေတာ ငိုလိုက်ရပ်လိုက် လုပ်နေတာဆိုရင်တော့ သူတို့ဗိုက်ဆာနေတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ နို့တိုက်ပေးရင် အငိုတိတ်သွားပါလိမ့်မယ်။ သူတို့ရဲ့ လက်မနဲ့ ခြေမကိုစုပ်နေခြင်းဟာလည်း နို့ဆာနေတာ ဖြစ်နေတတ်ပြီး ဒီလိုစုပ်နေတဲ့အချိန်မှာဆိုရင် သူတို့ကျေနပ်နေတတ်ပါတယ်။ ဒီလိုခြေမ လက်မစုပ်ခြင်းဟာ အကျင့်ဖြစ်သွားတတ်ပြီး သွားခေါခြင်းကို ဖြစ်စေနိုင်တာကြောင့် မပြုလုပ်အောင် ဂရုစိုက်ပါ။

၂။ မောပန်းခြင်း
ဘေဘီလေးတွေဟာ လူကြီးတွနဲ့မတူပဲ သူတို့ပင်ပန်းတဲ့အခါမှာ အိပ်ပျော်သွားရမယ့်အစား မအိပ်နိုင်ပဲ ဂျီကျနေတတ်ကြပါတယ်။ ဒီလိုဂျီကျနေရင်တော့ ကလေးရဲ့ မျက်နှာနဲ့ လည်ပင်းကိုသာဖော်ပြီး အနှီးနဲ့ထုပ်ပေးပါ။ ဒါဟာသူတို့ကို အမိဝမ်းထဲရောက်နေတုန်းကလို့မျိုး ခံစားချက်ဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင့် သူတို့မြင်တဲ့ရှုခင်းကိုပြောင်းလဲဖို့အတွက် နေရာတစ်ခုကိုရွှေ့ပြီးကြည်ခိုင်းပါ။
တွန်းလှည်းလေးနဲ့ လမ်းလျှောက်ထွက်ပါ။ ကားထဲကိုဝင်ပြီး စက်နိုးထားခြင်းဟာလည်း တုန်ခါမှုကြောင့် ကလေးကိုအိပ်ပျော်သွားစေနိုင်ပါတယ်။
၃။ ဓါတ်မတည့်မှု
မိခင်ရဲ့စားသောက်မှုတွေဟာ မိခင်နို့ကတဆင့် ကလေးဆီကိုရောက်သွားပါတယ်။ တကယ်လို့ မိခင်ဖြစ်သူက ကလေးနဲ့ဓါတ်မတည့်တဲ့ အစားအစာတစ်ခုခုကို စားခဲ့ရင် ကလေးရဲ့ဗိုက်ထဲမှာ ကမောက်ကမဖြစ်နိုင်ပါတယ်။ ဒီလိုအကြိမ်ပေါင်းများစွာဖြစ်နေရင်တော့ မေမေတို့ရဲ့ ဘေဘီလေးဟာ နွားနို့ ၊ အစေ့အဆံများ၊ ဂျုံ၊ သို့မဟုတ် အခြားအစားအစာ တစ်ခုခုနဲ့ဓါတ်မတည့်တာဖြစ်နိုင်လို့ အစားအသောက်ကိုဂရုစိုက်ပေးပါ။
သင့်ကလေးမှာ ဓါတ်မတည့်မှုတစ်ခုခုကို သံသယရှိတာနဲ့ ကလေးအထူးကုသမားတော်နဲ့ တိုင်ပင်ပါ။ သမားတော်က သာမာန်အစားအစာတွေဖြစ်တဲ့ နွားနို့၊ ကြက်ဥစတာတွေသင့်ကို တပတ်လောက်ရှောင်ခိုင်ပြီး သင့်ကလေးရဲ့အခြေအနေကို စောင့်ကြည့်ပါလိမ့်မယ်။
၃။ နို့အန်ခြင်း
ကလေးကို နို့တိုက်ပြီးတဲ့အချိန်မှာ နို့အန်နေတတ်ပြီး ငိုတတ်ပါက ကလေးရင်ပူနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးကို နို့ဗူးနဲ့ တိုက်တာဆိုရင်တော့ နို့ဗူးဟာ ကလေးအတွက် သက်တောင့်သက်သာဖြစ်ရဲ့လား အပေါက်အနေတော်ဖြစ်ရဲ့လားဆိုတာကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
ကလေးကို နို့တိုက်နေတဲ့အချိန်မှာ မကြာခဏနားပေးတာတွေ ကျောကိုပုတ်ပြီးလေတက်အောင်ပြုလုပ်ပေးတာတွေ ပြုလုပ်ပေးပါ။ ကလေးကိုထိုင်လျက်အနေအထားနဲ့ နို့တိုက်ပေးပါ။ နို့ဗူးခေါင်းအဝကျယ်ခြင်းနဲ့ ဟနေခြင်းဟာ ကလေးနိုစို့တဲ့အခါ လေတွေအမြောက်အမြားဝင်စေတာကြောင့် ဒီဇိုင်းကောင်းမွန်ပြီး အရည်အသွေးကောင်းတဲ့ နို့ဗူးတွေကိုသုံးပါ။ ဆေးလိပ်ငွေ့ကို လုံးဝမရှုမိပါစေနဲ့။ မိခင်ကနေတဆင့် နွားနို့ရရှိခြင်းကို ရှောင်ရှားပေးပါ။

၄။ ကလေးလေအောင့်ခြင်း
ကလေးငါးယောက်မှာ တစ်ယောက်လောက်က ယခုလိုလေထိုးလေအောင့်တဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။ ဒီလိုလေအောင့်ခြင်းကြောင့် တစ်ရက်ကို သုံးနာရီအထက် ငိုနေတတ်ကြရပါတယ်။ ဖြစ်လေ့အရှိဆုံးက ကလေးမွေးပြီး တလအတွင်းမှာ ပိုများပါတယ်။ ကလေးလေအောင့်လို့ ငိုတဲ့အခါ အသံစူးစူးဝါးဝါးနဲ့ မျက်နှာပါနီနေတတ်ပါတယ်။ ယခုလိုအချိန်မှာ ကလေးဗိုက်က ဖောင်းနေတတ်ပြီး သူ့ရဲ့ခြေထောက်တွေက အပေါ်ကိုစုနေတတ်ပါတယ်။
ကလေးလေအောင်ခြင်းကိုဖြစ်စေတဲ့အရာကို ရှင်းရှင်းလင်းလင်း မသိရှိနိုင်ပါဘူး။ ကလေး အသက် ၃ လနဲ့ ၄ လလောက်ရောက်တဲ့အခါ လေအောင့်တဲ့ဝေဒနာဟာအမြဲလိုလို ရပ်သွားတတ်ပါတယ်။ ကလေးကို ချီပြီးချော့မြူပေးပါ။ စမုန်နက်နဲ့ အခြားဆေးဖက်ဝင်အပင်တွေက ကုသနိုင်ပြီး မတိုက်ကျွေးခင်ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ပါ။ ကလေးကိုပိုမိုဂရုစိုက်ဖို့ အချိန်ပေးပါ။ အချိန်အကြာကြီးငိုနေရင် ဝေဒနာပိုမဆိုးစေဖို့အတွက် ဆရာဝန်နဲ့ပြသဖို့မမေ့ပါနဲ့။
LM_Naung_Naung
Lifestyle_Myanmar
Source
Zawgyifont
သင့္ရဲ႕ေမြးကင္းစေဘဘီေလး ဘာေၾကာင့္ငိုေနတယ္ ဆိုတာသိႏိုင္မယ့္ လကၡဏာရပ္ေလးမ်ား
ကေလးေမြးတဲ့ အေတြ႕အႀကဳံရွိၿပီးသား ေမေမတို႔အတြက္ကေတာ့ ကေလးတစ္ေယာက္ရဲ႕တုံ႔ျပန္႔ပုံေတြကိုၾကည့္ၿပီး ကေလးရဲ႕လိုအပ္ခ်က္ကို သိေနတတ္ၾကပါတယ္။ ဒါေပမယ့္ သားဦးေလးေမြးတဲ့ ေမေမတို႔အတြက္ကေတာ့ ကေလးဘာေၾကာင့္ငိုေနတယ္၊ ဘယ္လိုေဝဒနာခံစားေနရတယ္ ဆိုတာကို သိရွိႏိုင္ဖို႔ေတာ္ေတာ္ေလးခက္ပါတယ္။ ေဖေဖတို႔ဆိုရင္ေတာ့ ဆိုဖြယ္ရာ မရွိေတာ့ပါဘူး။ ေမြးကင္းစကေလးတစ္ေယာက္ဟာ တစ္ရက္ကိုပုံမွန္ ၂ နာရီကေန သုံးနာရီထိ ငိုေနတတ္ၾကပါတယ္။ ဒါဟာ ကေလးေမြးၿပီးကာစ မိဘတိုင္းႀကဳံေတြ႕ရမယ့္ ဒုကၡတစ္ခုျဖစ္ပါတယ္။ ကေလးေလးေတြဟာ တစ္ခါတစ္ေလမွာေတာ့ သိသာတဲ့အေၾကာင္းျပခ်က္ မရွိပဲငိုေနတတ္ၾကၿပီး အခ်ိန္အမ်ားစုကေတာ့ သူတို႔ရဲ႕မ်က္ရည္ေတြနဲ႔ သင့္ကိုတစ္ခုခုေျပာဖို႔ ႀကိဳးစားေနတတ္ပါတယ္။ ဒီလိုသူတို႔ေျပာျပခ်င္တဲ့ အေၾကာင္းရင္းကိုသိမွသာ ကေလးရဲ႕လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးရင္း အငိုတိတ္ေအာင္ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။
၁။ ဗိုက္ဆာေနတဲ့အခါ
ကေလးေလးတစ္ေယာက္ရဲ႕ သုံးလအ႐ြယ္အတြင္းမွာ နာရီျခားၿပီး မၾကာခဏႏို႔တိုက္ျခင္းကို ျပဳလုပ္ရပါတယ္။ တကယ္လို႔ သင့္ရဲ႕ Baby ေလးကအသံၿပဲႀကီးနဲ႔ မေအာ္ပဲ အနိမ့္သံနဲ႔ေအာ္ေနတာ ငိုလိုက္ရပ္လိုက္ လုပ္ေနတာဆိုရင္ေတာ့ သူတို႔ဗိုက္ဆာေနတာျဖစ္ပါတယ္။ ဒီလိုအခ်ိန္မွာ ႏို႔တိုက္ေပးရင္ အငိုတိတ္သြားပါလိမ့္မယ္။ သူတို႔ရဲ႕ လက္မနဲ႔ ေျခမကိုစုပ္ေနျခင္းဟာလည္း ႏို႔ဆာေနတာ ျဖစ္ေနတတ္ၿပီး ဒီလိုစုပ္ေနတဲ့အခ်ိန္မွာဆိုရင္ သူတို႔ေက်နပ္ေနတတ္ပါတယ္။ ဒီလိုေျခမ လက္မစုပ္ျခင္းဟာ အက်င့္ျဖစ္သြားတတ္ၿပီး သြားေခါျခင္းကို ျဖစ္ေစႏိုင္တာေၾကာင့္ မျပဳလုပ္ေအာင္ ဂ႐ုစိုက္ပါ။
၂။ ေမာပန္းျခင္း
ေဘဘီေလးေတြဟာ လူႀကီးတြနဲ႔မတူပဲ သူတို႔ပင္ပန္းတဲ့အခါမွာ အိပ္ေပ်ာ္သြားရမယ့္အစား မအိပ္ႏိုင္ပဲ ဂ်ီက်ေနတတ္ၾကပါတယ္။ ဒီလိုဂ်ီက်ေနရင္ေတာ့ ကေလးရဲ႕ မ်က္ႏွာနဲ႔ လည္ပင္းကိုသာေဖာ္ၿပီး
အႏွီးနဲ႔ထုပ္ေပးပါ။ ဒါဟာသူတို႔ကို အမိဝမ္းထဲေရာက္ေနတုန္းကလို႔မ်ိဳး ခံစားခ်က္ျဖစ္ေစဖို႔ ကူညီေပးႏိုင္ပါတယ္။ ဒါ့အျပင့္ သူတို႔ျမင္တဲ့ရႈခင္းကိုေျပာင္းလဲဖို႔အတြက္ ေနရာတစ္ခုကိုေ႐ႊ႕ၿပီးၾကည္ခိုင္းပါ။
တြန္းလွည္းေလးနဲ႔ လမ္းေလွ်ာက္ထြက္ပါ။ ကားထဲကိုဝင္ၿပီး စက္ႏိုးထားျခင္းဟာလည္း တုန္ခါမႈေၾကာင့္ ကေလးကိုအိပ္ေပ်ာ္သြားေစႏိုင္ပါတယ္။
၃။ ဓါတ္မတည့္မႈ
မိခင္ရဲ႕စားေသာက္မႈေတြဟာ မိခင္ႏို႔ကတဆင့္ ကေလးဆီကိုေရာက္သြားပါတယ္။ တကယ္လို႔ မိခင္ျဖစ္သူက ကေလးနဲ႔ဓါတ္မတည့္တဲ့ အစားအစာတစ္ခုခုကို စားခဲ့ရင္ ကေလးရဲ႕ဗိုက္ထဲမွာ ကေမာက္ကမျဖစ္ႏိုင္ပါတယ္။ ဒီလိုအႀကိမ္ေပါင္းမ်ားစြာျဖစ္ေနရင္ေတာ့ ေမေမတို႔ရဲ႕ ေဘဘီေလးဟာ ႏြားႏို႔ ၊ အေစ့အဆံမ်ား၊ ဂ်ဳံ၊ သို႔မဟုတ္ အျခားအစားအစာ တစ္ခုခုနဲ႔ဓါတ္မတည့္တာျဖစ္ႏိုင္လို႔ အစားအေသာက္ကိုဂ႐ုစိုက္ေပးပါ။
သင့္ကေလးမွာ ဓါတ္မတည့္မႈတစ္ခုခုကို သံသယရွိတာနဲ႔ ကေလးအထူးကုသမားေတာ္နဲ႔ တိုင္ပင္ပါ။ သမားေတာ္က သာမာန္အစားအစာေတြျဖစ္တဲ့ ႏြားႏို႔၊ ၾကက္ဥစတာေတြသင့္ကို တပတ္ေလာက္ေရွာင္ခိုင္ၿပီး သင့္ကေလးရဲ႕အေျခအေနကို ေစာင့္ၾကည့္ပါလိမ့္မယ္။
၃။ ႏို႔အန္ျခင္း
ကေလးကို ႏို႔တိုက္ၿပီးတဲ့အခ်ိန္မွာ ႏို႔အန္ေနတတ္ၿပီး ငိုတတ္ပါက ကေလးရင္ပူေနတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ကေလးကို ႏို႔ဗူးနဲ႔ တိုက္တာဆိုရင္ေတာ့ ႏို႔ဗူးဟာ ကေလးအတြက္ သက္ေတာင့္သက္သာျဖစ္ရဲ႕လား အေပါက္အေနေတာ္ျဖစ္ရဲ႕လားဆိုတာကို ထည့္သြင္းစဥ္းစားဖို႔ လိုပါတယ္။
ကေလးကို ႏို႔တိုက္ေနတဲ့အခ်ိန္မွာ မၾကာခဏနားေပးတာေတြ ေက်ာကိုပုတ္ၿပီးေလတက္ေအာင္ျပဳလုပ္ေပးတာေတြ ျပဳလုပ္ေပးပါ။ ကေလးကိုထိုင္လ်က္အေနအထားနဲ႔ ႏို႔တိုက္ေပးပါ။ ႏို႔ဗူးေခါင္းအဝက်ယ္ျခင္းနဲ႔ ဟေနျခင္းဟာ ကေလးႏိုစို႔တဲ့အခါ ေလေတြအေျမာက္အျမားဝင္ေစတာေၾကာင့္ ဒီဇိုင္းေကာင္းမြန္ၿပီး အရည္အေသြးေကာင္းတဲ့ ႏို႔ဗူးေတြကိုသုံးပါ။ ေဆးလိပ္ေငြ႕ကို လုံးဝမရႈမိပါေစနဲ႔။ မိခင္ကေနတဆင့္ ႏြားႏို႔ရရွိျခင္းကို ေရွာင္ရွားေပးပါ။
၄။ ကေလးေလေအာင့္ျခင္း
ကေလးငါးေယာက္မွာ တစ္ေယာက္ေလာက္က ယခုလိုေလထိုးေလေအာင့္တဲ့ ေဝဒနာကို ခံစားရႏိုင္ပါတယ္။ ဒီလိုေလေအာင့္ျခင္းေၾကာင့္ တစ္ရက္ကို သုံးနာရီအထက္ ငိုေနတတ္ၾကရပါတယ္။ ျဖစ္ေလ့အရွိဆုံးက ကေလးေမြးၿပီး တလအတြင္းမွာ ပိုမ်ားပါတယ္။ ကေလးေလေအာင့္လို႔ ငိုတဲ့အခါ အသံစူးစူးဝါးဝါးနဲ႔ မ်က္ႏွာပါနီေနတတ္ပါတယ္။ ယခုလိုအခ်ိန္မွာ ကေလးဗိုက္က ေဖာင္းေနတတ္ၿပီး သူ႔ရဲ႕ေျခေထာက္ေတြက အေပၚကိုစုေနတတ္ပါတယ္။
ကေလးေလေအာင္ျခင္းကိုျဖစ္ေစတဲ့အရာကို ရွင္းရွင္းလင္းလင္း မသိရွိႏိုင္ပါဘူး။ ကေလး အသက္ ၃ လနဲ႔ ၄ လေလာက္ေရာက္တဲ့အခါ ေလေအာင့္တဲ့ေဝဒနာဟာအၿမဲလိုလို ရပ္သြားတတ္ပါတယ္။ ကေလးကို ခ်ီၿပီးေခ်ာ့ျမဴေပးပါ။ စမုန္နက္နဲ႔ အျခားေဆးဖက္ဝင္အပင္ေတြက ကုသႏိုင္ၿပီး မတိုက္ေကြၽးခင္ဆရာဝန္နဲ႔ အရင္ဆုံးတိုင္ပင္ပါ။ ကေလးကိုပိုမိုဂ႐ုစိုက္ဖို႔ အခ်ိန္ေပးပါ။ အခ်ိန္အၾကာႀကီးငိုေနရင္ ေဝဒနာပိုမဆိုးေစဖို႔အတြက္ ဆရာဝန္နဲ႔ျပသဖို႔မေမ့ပါနဲ႔။
LM_Naung_Naung
Lifestyle_Myanmar
Source
Zawgyifont