Home Child Entertainment သင့်ရဲ့အမေနဲ့အတူ လွတ်လပ်စွာရယ်မောနိုင်သော မိခင်နဲ့သက်ဆိုင်သော ပြက်လုံးများ

သင့်ရဲ့အမေနဲ့အတူ လွတ်လပ်စွာရယ်မောနိုင်သော မိခင်နဲ့သက်ဆိုင်သော ပြက်လုံးများ

0
176

မိခင်တွေဟာ ကျွန်မတို့ဘဝမှာ ဩဇာအရှိဆုံးသော စူပါးဟီးရိုးတွေဖြစ်ပါတယ်။ ဒီနေ့မှာတော့ မိခင်နဲ့ပတ်သက်သော ဟာသတိုလေးတွေကို မျှဝေပေးမှာဖြစ်ပါတယ်။ ဒီအရာတွေနဲ့ သင့်မိခင်ကို ပျော်အောင်ထားလိုက်ပါ။

၁။ သား – အမေ၊ သားကို မုန့်ဖိုး ၅၀၀၀၀ လောက်ပေးဦး?
အမေ – ငါ့က ငွေလုပ်တဲ့စက်နဲ့များ တူနေလို့လား?
သား – အွန်၊ M.O.M ဆိုတာ အဲ့အဓိပ္ပာယ်မဟုတ်ဘူးလား အမေရဲ့? (Make of Money)

၂။ ကျောင်းက ဆရာမ – သား, အာကာ ဆရာမကို ပြောပါဦး၊ ထမင်းမစားခင် သားဆုတောင်းစာဆိုလေ့ရှိလား?
အာကာ – ဟင့်အင်း၊ အဲ့လိုမဟုတ်ဘူး ခင်ဗျ။ ကျွန်တော့်အမေက ဟင်းချက်ကောင်းတယ် ဆရာမ!!

၃။ အမေ – ကျွန်မမှာ အရမ်းလိမ္မာတဲ့ သားတစ်ယောက်ရှိတယ်။
အိမ်နီးချင်း – သူက ဆေးလိပ်သောက်လား?
အမေ – ဟင့်အင်း၊ ဆေးလိပ်ဆိုတာ မြင်တောင်မမြင်ဖူးဘူး။
အိမ်နီးချင်း – အရက်ရော သောက်လား?
အမေ – ဟင့်အင်း ၊ အရက်ဆိုတာ သောက်စရာမှန်းတောင် မသိဘူး။
အိမ်နီးချင်း – အိမ်ကို နောက်ကျမှ ပြန်တာမျိုးရော ရှိလား?
အမေ – ဟင့်အင်း၊ အရမ်းလိမ္မာတာလေ။
အိမ်နီးချင်း – အင်းပေါ့၊ ဒါဆိုရင်တော့ ရှင့်သားက အရမ်းလိမ္မာတာပဲနော်။ သူ့အသက် ဘယ်လောက်ရှိပြီလဲ?
အမေ – အွန်၊ ရှေ့အပတ် ဗုဒ္ဓဟူးဆိုရင်တော့ ၆ လပြည့်တော့မယ်။

၃။ သမီး – အမေ, ကမ္ဘာပေါ်က အကောင်းဆုံးသမီးဆိုတာ ဘယ်လိုမျိုးလဲ သိလား?
အမေ – အမေတော့ မသိဘူး။ သမီးရဲ့ အဘွားကို မေးကြည့်ပါလား?

၄။ ကလေး – အဖေ၊ ယောင်္ကျားကောင်းတစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲ?
အဖေ – ယောင်္ကျားကောင်းတစ်ယောက်ဆိုတာ သူတို့ရဲ့ မိသားစုကို တာဝန်ယူပြီး ဂရုစိုက်ပေးတဲ့ လူမျိုးကို ပြောတာ သားရဲ့။
ကလေး – ဒါဆိုရင် သားလည်း တစ်နေ့ကျရင် အမေ့လိုမျိုး ယောင်္ကျားကောင်းတစ်ယောက်ဖြစ်လာအောင် ကြိုးစားမယ်။

၅။ သား – အမေ၊ ဟာသတွေ လုပ်နေတာ တော်လိုက်တော့ဗျာ၊ အမေ့ဟာက မရီရဘူး။
အမေ – ငါမင်းကို ဖန်တီးခဲ့တာလေ? မဟုတ်ဘူးလား?

၆။ သိပ္ပံဆရာမ – ဘယ်အချိန်မှာ ရေဆူမှတ်ကို ရောက်လဲ?
ကျောင်းသား – သားအမေက သားရဲ့ ရီပို့ကဒ်ကို မြင်လိုက်တဲ့အချိန်မှာပေါ့။

၇။ မြွေဘေဘီလေး – မေမေ၊ သားတို့မှာ အဆိပ်ရှိတယ်ဆိုတာ ဟုတ်လား?
မြွေမေမေ – ဟုတ်တာပေါ့ သားရဲ့။ ဘာဖြစ်လို့လဲ?
မြွေဘေဘီလေး – ဟာ ဒါဆိုရင် ဒုက္ခပါပဲ။ သားလျှာကို သားကိုက်လိုက်မိပြီ။

၈။ ဆိတ်ဆိတ်နေခြင်းက ထောင်တန်ခြင်းတဲ့။ သင့်မှာ ကလေးမရှိဘူးဆိုရင်ပေါ့။ မဟုတ်ရင်တော့ ဆိတ်ဆိတ်နေတာက သံသယဖြစ်စရာဖြစ်လာပါလိမ့်မယ်။

၉။ မင်းရဲ့ ကလေးက ဆယ်ကျော်သက်အရွယ်ရောက်လာပြီဆိုရင် မင်းခွေးတစ်ကောင်မွေးသင့်တယ်။ မင်းပြန်လာတဲ့အခါ မင်းကို ပျော်ပျော်ရွှင်ရွှင်ကြိုဆိုမယ့်တစ်စုံတစ်ယောက်တော့ ရှိဖို့ အရေးကြီးတယ်လေ – Nora Ephron

Chit_May_May

Nyein_Thu

ref-themindsjournal,countryliving

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here