အသက်ကိုးနှစ်ဆိုတာက ဆယ်ကျော်သက်အရွယ်မရောက်သေးတဲ့ ဘေဘီလေးဘဝမှ ကြီးပြင်းလာသော ကလေးကြီးကြီးလေးတွေဖြစ်ပါတယ်။ အတွေ့အကြုံအသစ်တွေ၊ စိန်ခေါ်မှုအသစ်တွေအတွက်လည်း အဆင်သင့်ဖြစ်နေကြပါပြီ။ ဒီတော့ ကိုးနှစ်အရွယ် မေမေတို့ကလေးလေးကို ဘာတွေကို ပြောပြပေးဖို့ လိုအပ်မလဲဆိုတာကို မျှဝေပေးမှာဖြစ်ပါတယ်။
အရွယ်ရောက်လာခြင်းအတွက် တစ်ခါတလေဝမ်းနည်းတတ်တာက ပုံမှန်ဖြစ်ကြောင်း ပြောပြပါ။ ကိုးနှစ်အရွယ်ဆိုတာ အမြင်တွေ စတင်ပြောင်းလဲနေပါပြီ။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အရွယ်ရောက်လာပြီ၊ တာဝန်တွေယူရတော့မယ်ဆိုတာ သိလာတဲ့အခါ ဝမ်းနည်းတတ်ပါတယ်။ သူမက ဘဝမှာ အလွယ်တကူမှားတတ်သော ကလေးမလေး၊ ကမ္ဘာကြီးနဲ့ပတ်သက်သော စူးစမ်းလိုစိတ် အပြည့်၊ ယုံကြည်မှုအပြည့်ရှိသော ကလေးတစ်ယောက် ဖြစ်လိုပါတယ်။ ဒါဟာ ကြီးပြင်းလာခြင်းအတွက် ပုံမှန်အပြောင်းအလဲဖြစ်ကြောင်း အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။

သူမရဲ့ ခန္ဓာကိုယ်ပြောင်းလဲလာခြင်းက ပုံမှန်အပြောင်းအလဲတစ်ခုဖြစ်ကြောင်း သူမနဲ့အတူ သင်အမြဲရှိနေကြောင်း ပြောပြပါ။ အသက် (၉) နှစ်ဆိုတဲ့အရွယ်က မသေချာမရေရာမှုတွေကို နားလည်စပြုလာတဲ့အရွယ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအရာတွေကို တစ်ယောက်တည်းဖြတ်သန်းရမှာမဟုတ်ဘူးဆိုတာ သိထားခြင်းက လမ်းတွေကို ချောချောမွေ့မွေ့နဲ့ ကြောက်ရွံ့မှုတစ်ချို့ကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ မေးသမျှ မေးခွန်းတိုင်းကို နားလည်ပေးပြီး သူမ သိနိုင်လောက်အောင် ရင့်ကျက်နေပြီလို့ ခံစားပြီး သင်သိတဲ့အတိုင်း ရိုးရိုးသားသားဖြေပေးပါ။
သူမကို လှကြောင်း ပြောပါ။ အပြင်ပိုင်း ရုပ်ရည်အသွင်အပြင်ရော၊ စိတ်အတွင်းပိုင်းမှာပါ လှပကြောင်း ပြောပါ။ ဒီအရွယ်ဟာ သူမရဲ့ ရုပ်ရွယ်အသွင်အပြင်ကို စတင်သတိပြုမိလာပြီး မိန်းကလေးတွေနဲ့ အမျိုးသမီးတွေဟာ သူမရဲ့ အလှအပနဲ့ ပတ်သက်သမျှ အရာရာဟာ သူမရဲ့ ဦးနှောက်ထဲမှာ စွဲထင်စပြုနေပါပြီ။ အလှအပနဲ့ပတ်သက်ပြီး သူမကိုယ်တိုင်သတ်မှတ်ထားတဲ့ စံနှုန်းတစ်ခုခု(ဥပမာ – အသားဖြူမှ လှတယ်၊ ပိန်မှ လှတယ်၊ စသဖြင့်) နဲ့ မကိုက်ညီတဲ့အခါ ဝမ်းနည်းတတ်လာပါလိမ့်မယ်။ အလှအပတွေအကြောင်း၊ ဆိုရှယ်မီဒီယာတွေရဲ့ ဆိုးကျိုးတွေအကြောင်း ရှင်းပြပါ။

ဘယ်လိုကိစ္စမျိုးကိုမဆို သင့်ကို ယုံယုံကြည်ကြည်တိုင်ပင်လို့ရကြောင်း ပြောပြပါ။ သူတို့ရဲ့ နောက်ကျောဘက်မှာ သင်အမြဲတမ်းရှိနေကြောင်း ပြောပါ။ သူမကို သင့်အပေါ်မှာ ပွင့်လင်းမြင်သာဖြစ်စေဖို့ ပြောပါ။ သူမအား အကဲဖြတ်ခြင်း (သို့) မအော်မငေါက်ဘဲ သူမစကားကို နားထောင်ပြီး နားလည်ပေးဖို့ ကြိုးစားသင့်ပါတယ်။ သင့်မှာ အဖြေတွေရှိနေဖို့ မလိုအပ်ပါဘူး။ သင်ဟာ သူနဲ့အတူရှိနေဖို့ပဲ လိုအပ်တာပါ။

တတ်နိုင်သမျှ သူမကို ပွေ့ဖက်ပါ။ သူမ စကားပြောပါစေ။ ဘာပဲဖြစ်ဖြစ် သူ့ကို ချစ်နေမယ့်အကြောင်း ပြောပါ။ ကလေးတိုင်းဟာ ချစ်ခြင်းမေတ္တာအတွက် အာရုံစိုက်မှုကို အားလုံးရသင့်ပြီး သူတို့ကို ချစ်မြတ်နိုးကြောင်း ပြောသင့်ပါတယ်။ တစ်ဖက်မှာလည်း ခေတ်နဲ့အညီ လိုက်လျောညီထွေဖြစ်ပြီး မကြာခဏစကားစမြည်ပြောပေးဖို့လည်း လိုအပ်ပါတယ်။
သင့်မှာ ကိုးနှစ်အရွယ် ကာလကို ဖြတ်သန်းနေရတဲ့ သမီးတစ်ယောက်ရှိနေပြီလား? သင်ကိုယ်တိုင် သင့်ကလေးကို ဘယ်လိုနည်းလမ်းတွေနဲ့ ပေါင်းသင်းဆက်ဆံဖြစ်နေလဲ? comment box မှာ မျှဝေပေးခဲ့ပါဦး။
Chit_May_May
Nyein_Thu
ref-thereadingresidence