သင့်ရဲ့ စိတ်ဖိစီးမှုတွေကို သင့်သားသမီးတွေအပေါ် စုပုံမချမိစေဖို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နည်းများ

သင့်ရဲ့ စိတ်ဖိစီးမှုတွေကို သင့်သားသမီးတွေအပေါ် စုပုံမချမိစေဖို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နည်းများ

0
247
- Advertisement -

သင့်ရဲ့တစ်နေ့တာမှာ စိတ်ဖိစီးမှုတွေများစွာ ရှိနေနိုင်ပြီးတော့ ဒီစိတ်ဖိစီးမှုတွေကို အိမ်ကို သယ်သွားခြင်းက မနှစ်မြို့ဖွယ်အခိုက်အတန့်တွေနှင့် အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ ၊ အလုပ်ခွင်စိုးရိမ်မှုများကို ထိန်းချုပ်ဖို့ တစ်ချို့အရာတွေကို ကူညီပေးပါလိမ့်မယ်။ များသောအားဖြင့် စိတ်ဖိစီးမှုနှင့်အမျက်ဒေါသတွေက ကျွန်တော်တို့ကို အဆိုးရွားဆုံးအခြေအနေတွေဆီကို တွန်းပို့နိုင်ပြီးတော့ သင့်ရဲ့ စိတ်ဓာတ်ကို တိုးတက်အောင်လုပ်ဖို့ သိပ်ခက်ခဲနိုင်ပါတယ်။ သင့်များ စိတ်ဖိစီးမှုများတဲ့နေ့တွေ ဖြတ်သန်းနေရပြီလား ၊ ဒီလိုအချိန်မျိုးမှာ သင့်ကလေးကို အမှားသေးသေးလေးတွေကအစ ဖိအားပေးတာမျိုးလုပ်မိနေပြီလား ။ ဒါဆိုရင်တော့ သင့်အနေနဲ့ စိတ်အခြေအနေကို တိုးတက်ကောင်းမွန်စေဖို့ သင့်မှာ ဒီလိုအချက်တွေ လိုနေပါပြီ။
အခြေခံအချက်အနေနဲ့ ပြောချင်တာက သင့်အနေနဲ့ အရာအားလုံးကို ချူပ်တည်းပြီး သင့်ရဲ့ ရည်မှန်းချက်ကို အာရုံစိုက်ပါ။ သင့်အနေနဲ့ သင့်ကလေးကို ဘာလုပ်စေချင်တယ်ဆိုတာ သေသေချာချာသိပြီးမှသာ သင့်ရဲ့ ပန်းတိုင်ကို ရောက်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။ သူတို့ကို စားဖို့၊ အိမ်စာလုပ်ဖို့ ၊ ရေချိုးဖို့ ….ဒါတွေကို သင့်အနေနဲ့ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မသိဘူးဆိုရင် ကြီးမားသော ရန်ပွဲတစ်ခုနဲ့ အဆုံးသတ်သွားပါလိမ့်မယ်။

လှည့်ကွက်များ

အကယ်၍ သင့်အနေနဲ့ စိတ်ဖိစီးမှုမှုတွေများနေတယ်ဆိုရင် ဒီလှည့်ကွက်တွေက သင့်ကလေးများအပေါ်မှာ မကျရောက်စေဖို့ ကူညီပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ ထိန်းချုပ်ပြီးတော့ အသက်ပြင်းပြင်းရှုခြင်းနှင့် အစပြုနိုင်ပါတယ်။ သင့်နှာခေါင်းကနေ ရူသွင်းပြီးတော့ ပါးစပ်ကနေ ပြန်ထုတ်ပါ။ သင့်ဦးနှောက်မှာ အောက်စီဂျင်တွေပြည့်နေပြီးတော့ အေးဆေးငြိမ်သက်စေပါတယ်။ တစ်ချိန်တည်းမှာ ဘာကြောင့် စိတ်ဖိစီးမှုဖြစ်နေရတယ်ဆိုတာ နားလည်ဖို့ကြိုးစားပါ။

- Advertisement -

တန်ဖိုးများအကြောင်း သင့်ကလေးတွေကို သင်ပေးပါ

လိုအပ်တဲ့အခါ သင့်ရဲ့ အမြင်တွေကို ကန့်သတ်ပါ။ သူတို့ရဲ့ အိမ်စာတွေလုပ်နေတာနဲ့ ရေချိုးတာတွေအပေါ်မှာ အာရုံစူးစိုက်တာတွေ ခဏနားခိုင်းထားပြီး သင့်ကလေးများနှင့်အတူ အတွေးအခေါ်တွေကို မျှ၀ေပါ၊ စကားပြောပါ၊ သို့သော်လည်း သူတို့ရဲ့ ကိုယ်ပိုင်စရိုက်တွေကိုတော့ ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ သင့်ရဲ့ ကိုယ်ပိုင်ဗားရှင်းကို ပြောင်းလဲတာမျိုးပေါ့။ သင့်အနေနဲ့ သူတို့ကို အမြဲဆူပူတာမျိုး မလုပ်ပါနဲ့။ သူတို့က သင့်ကို အမြဲတိုက်ခိုက်ပါလိမ့်မယ်။ သင့်ရဲ့ စံနှုန်းတွေကို သူတို့လေးတွေအပေါ်မှာ ချမှတ်ဖို့ ကြိုးစားခြင်းက ရလဒ်ကောင်းမဟုတ်ပါဘူး။

သင့်ရဲ့ ကန့်သတ်ချက်တွေကို သိပါ

အိမ်မရောက်ခင်မှာကတည်းက တစ်ယောက်တည်းနေလို့ရမယ့်နေရာကို ကြိုစဥ်းစားခဲ့ပါ။ ပြီးရင် သင်အကြိုက်ဆုံးဂီတကို နားထောင်ပါ။ သင့်ရဲ့ မျက်လုံးများကို ပိတ်ပြီး အနားယူပါ။ ကလေးများကို လုံခြုံပြီး သင့်လက်တွဲဖော်နဲ့ အတူတူရှိနေမယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။ သင့်မျက်နှာကို ရေအေးဖြင့် ဆေးပါ။ သင့်ရဲ့ Limitကို သိခြင်းက သင့်အတွက် ပိုလွယ်ကူစေပါလိမ့်မယ်။ သင့်ရဲ့ ထိန်းချုပ်နိုင်စွမ်းကို မသိဘူးဆိုရင် တစ်ချိန်ချိန်ပြိုလဲကျနိုင်ပါတယ်။

တစ်ယောက်တည်း( သို့) သူတို့နဲ့အတူ

ဘယ်လိုအငြင်းပွားမှုမျိုးကို မဆို ရှောင်ကြဥ်ရန်၊ အနည်းဆုံးတစ်ပတ်လျှင် တစ်ကြိမ်လောက်ဖြစ်ဖြစ် သီးသန့်ရှင်သန်ဖို့၊ သူငယ်ချင်းများနှင်အတူ အားကစားပြုလုပ်ဖို့ အဆင်ပြေပါတယ်။ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊အိမ်မှာပဲဖြစ်ဖြစ် စိတ်ဖိစီးမှုတွေ ကင်း၀ေးချင်တယ်ဆိုရင် ဒီအပန်းဖြေမှုတွေမှာ ပျော်ရွှင်မှုတွေကို ခံစားနိုင်ပါတယ်။ သင့်ကလေးတွေနဲ့ အချိန်ဖြုန်းဖို့လည်း အရေးကြီးပါတယ်။ ဒါကိုမကြာခဏလုပ်ပေးဖြစ်အောင် ကြိုးစားပါ။ အကျိုးဆက်အနေနဲ့ ပဋိပက္ခကို အနိမ့်ဆုံးဖြစ်စေနိုင်ပြီး မိသားစုအတွင်းမှာ တစ်ယောက်အပေါ်တစ်ယောက် ပိုပြီး နားလည်လာစေနိုင်ပါတယ်။

ခွင့်လွှတ်ဖို့ကြိုးစားပါ

သင့်မှာ မကောင်းသော စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် စိတ်မကောင်းပါဘူးလို့ ပြောခြင်းက သင့်ကို များစွာကူညီပေးပါလိမ့်မယ်။ သင့်ကို အမျက်ထွက်စေတဲ့အရာတွေကို နားလည်ဖို့ ကြိုးစားပါ။ သူတို့ကြောင့်ဆိုတာမျိုး မခံစားပါနဲ့ ။ သင့်ကလေးတွေကို ဆူပူကြိမ်းမောင်းတာမျိုးရှောင်ပါ။ ”အသုံးမကျဘူး” ”ဘာမှ မလုပ်ဘူး””’ဘယ်နေရာမှ မကောင်းဘူး”စတဲ့ အန္တရာယ်ရှိတဲ့ စကားလုံးတွေဟာ ဆိုးကျိုးတွေပဲ ဖြစ်စေပါတယ်။ သူတို့ရဲ့ မိခင် (သို့)ဖခင် ဘာကြောင့် စိတ်ဆိုးရတယ်ဆိုတာ နားမလည်ဘဲ သူတို့ကြီးပြင်းလာတဲ့အခါ သူတို့အမှားလို့ တွေးပြီးတော့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ကလေးရဲ့ စံပြဖြစ်နေပါစေ

များသောအားဖြင့် ကလေးများဟာ မိဘများရဲ့ ခြေရာကို လိုက်လျှောက်တတ်ကြပါတယ်။ သင်ဒီနေ့ဘာပဲလုပ်လုပ် သူတို့မနက်ဖြန်စလုပ်ပါလိမ့်မယ်။ သင်က သူတို့ကို အော်ဟစ် (သို့) ညှဥ်းဆဲမယ်ဆိုရင် သူတို့က တစ်ခြားသူတွေကို အလားတူ လုပ်ပါလိမ့်မယ်။ ဒီလှည့်ကွက်လေးတွေက သင်ရဲ့ ကလေးများနှင့် သင့်ရဲ့ ဆက်ဆံရေးကို တိုးတက်စေပြီး သင်ကိုယ်တိုင်နဲ့ ပတ်သက်ပြီး ပိုမိုကောင်းမွန်စွာ ခံစားမိလာပါလိမ့်မယ်။

Chit_May_May

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here