Home Featured သင့်ရဲ့ ရာသီခွင်အရ သင်ဟာ ဘယ်လိုအမေမျိုးလဲ

သင့်ရဲ့ ရာသီခွင်အရ သင်ဟာ ဘယ်လိုအမေမျိုးလဲ

0
သင့်ရဲ့ ရာသီခွင်အရ သင်ဟာ ဘယ်လိုအမေမျိုးလဲ

မိဘတွေက မိမိတို့ရဲ့ကလေးတွေကို ဂရုစိုက်တဲ့နည်းလမ်းတွေများစွာရှိပါတယ်။ ဒီကနေ့မှာတော့ သင့်ရဲ့ရာသီခွင်အရ သင်ဟာ ဘယ်လိုအမေမျိုးထဲမှာပါ၀င်နေတာလဲဆိုတာ လေ့လာကြည့်လိုက်ပါဦးနော်။

၁။ Aquarius (Jan 20-Fab18)

Aquarius အမျိုးသမီးတွေဟာ သူတို့ရဲ့ကလေးတွေကိုပြုစုပျိုးထောင်ရာမှာ တစ်ခုခုကို အမြဲဦးဆောင်ပြီးလုပ်တယ်။ သူတို့ဟာ သူတို့ရဲ့ကလေးတွေအတွက် ရှေ့ဆောင်လမ်းပြ စံပြမိခင်တွေဖြစ်ပါတယ်။

၂။ Pisces (Feb 19-Mar 20)

သင့်ရဲ့ ကြင်နာမှုနှင့် စာနာထောက်ထားတတ်တဲ့ သဘောသဘာ၀က သင့်ရဲ့မိဘအုပ်ထိန်းမှုပုံစံတိုက်ရိုက်သက်ရောက်ပါတယ်။ သင့်ရဲ့ မြင့်မားလွန်းတဲ့စိတ်ခံစားမှုကြောင့် သင့်ကလေးရဲ့ ကိုယ်ပိုင်လုပ်နိုင်တဲ့အရာတွေအပေါ်မှာ ၀င်ရောက်လုပ်ကိုင်ပေးတတ်တာလေးတွေ ရှောင်ကြဥ်ပါ။

၃။ Aries(Mar21- Apr 19)

သင့်ရဲ့ ခွန်အားနှင့် ခံနိုင်ရည်က သင့်ကလေးတွေကို ဖြစ်စေချင်တဲ့အရည်အသွေးတွေဖြစ်ပါတယ်။ သင်က အလွန်ရည်မှန်းချက်ကြီးပြီးတော့ သင့်ကလေးတွေပေါ်မှာ မျှော်လင့်ချက်တွေထားတယ်။ အသစ်အသစ်သောအရာတွေကို ကြိုးစားဖို့နှင့် ၎င်းတို့တတ်နိုင်သမျှပါ၀င်ဖို့ အမြဲတွန်းအားပေးတယ်။

၄။Taurus ( Apr 20-May 20)

သင်ကတော့ သင့်ကလေးတွေအတွက် အမြဲတမ်းရှိနေတဲ့ အမေတစ်ယောက်ပါပဲ။ သင်က သူတို့အများဆုံးလိုအပ်လာတဲ့အခါ သူတို့ကိုလိုအပ်တဲ့ အထောက်အပံ့တွေပေးတယ်။ ပြီးတော့ သူတို့ထဲက တစ်ယောက်ယောက်နဲ့မှ အစဥ်အမြဲအတူရှိနေပါလိမ့်မယ်။

၅။ Gemini (May 21-June 20)

Geminiမိခင်တွေဟာ ဘ၀နှင့် စွမ်းအင်တွေပြည့်၀တယ်။ သင်က သင့်ကလေးတွေအတွက် အနှိမ့်ကျဆုံးအလုပ်တာ၀န်တွေကိုတောင် အကောင်းဆုံးဖြစ်အောင်လုပ်နိုင်တယ်။ ပြီးတော့ ဘ၀မှာ ရှိတဲ့အရာတွေကို တန်ဖိုးထားတတ်အောင် သင်ပေးတယ်။

၆။ Cancer(June 21-July 22)

သင်က သင့်ရဲ့စိတ်ပိုင်းဆိုင်ရာဘက်မှာ အလွန်ကျွမ်းကျင်တာကြောင့် ပြုစုပျိုးထောင်မှုတွေမှာ သနားကြင်နာတတ်တဲ့မိခင်တစ်ဦးဖြစ်ပါတယ်။ သင့်ကလေးတွေဘယ်လိုခံစားရနေရတယ်ဆိုတာ ဒါမှမဟုတ် သူတို့ဖြတ်သန်းနေရတဲ့အရာတွေအပေါ်မှာ အလွယ်တကူစာနာနားလည်နိုင်တယ်။

၇။ Leo( July23-Aug 22)

Leo မိခင်တွေဟာ သူတို့ရဲ့ကလေးတွေနှင့် သူတို့ရဲ့အောင်မြင်မှုတွေအတွက် အရမ်းဂုဏ်ယူတတ်ကြတယ်။ အားကစားပွဲတိုင်း၊ အကပွဲတိုင်းမှာ သင့်ကလေးကို အားပေးအားမြှောက်ပြုဖို့ အမြဲရှိနေတတ်တယ်။

၈။ Virgo(Aug 23-Sep 22)

Virgoမိခင်တွေက ဖွဲ့စည်းပုံတွေနဲ့ ရှင်သန်ကြတယ်။ ဒီအတွေးအခေါ်တွေက သင့်ရဲ့မိဘအုပ်ထိန်းမှုပုံစံမှာလည်း သက်ရောက်မှုရှိပါတယ်။ သင့်ရဲ့ကလေးက အလိုလျောက်တစ်ခုခုအကြံပြုတဲ့အခါ ၎င်းက သင့်ကိုအနည်းငယ်တင်းကျပ်စေနိုင်ပါတယ်။

၉။ Libra (Sep23-Oct22)

Libraမိခင်တွေဟာ သူမရဲ့ကလေးတွေကို အမှားလုပ်ခွင့်ပေးတယ်။ သင့်အနေနဲ့ သူတို့ကို စမ်းသပ်မှုနှင့် အမှားရဲ့တန်ဖိုးအပြင်သူတို့လုပ်ခဲ့တဲ့အရာတွေကနေပြီးတော့ သင်ခန်းစာယူနိုင်စွမ်းတွေကိုလည်း သင်ပေးတယ်။

၁၀။ Scorpio (Oct23- Nov21)

Scorpioမိခင်တွေဟာ အမိန့်ပေးတတ်တဲ့ အကျင့်ရှိနေတတ်ပါတယ်။ သင့်ကလေးတွေကို စိန်ခေါ်တတ်ဖို့နှင့် အသစ်အသစ်သောအရာတွေကို ပြုလုပ်ဖို့ တွန်းအားပေးရတာကို နှစ်သက်တယ်။ သင့်ကလေးတွေကို သင်လုပ်ချင်တဲ့အရာမဟုတ်ဘဲ သူတို့လုပ်ချင်တဲ့အရာတွေကို ပြုလုပ်ဖို့ခွင့်ပြုပါ။

၁၁။ Sagittarius( Nov 22- Dec21)

Sagittariusမိခင်တွေက သူတို့ကလေးတွေကို ပတ်၀န်းကျင်မှာရှိတဲ့ ကမ္ဘာကိုတန်ဖိုးထားတတ်ဖို့ သင်ပေးတယ်။ ပစ္စုပ္ပန်မှာ နေထိုင်တတ်ဖို့နှင့် သူတို့ဘ၀ရဲ့ ကောင်းကျိုးတွေကို အပြည့်အ၀ရရှိခြင်းရဲ့ တန်ဖိုးကို အလေးထားတယ်။

၁၂။ Capricorn(Dec22-Jan 19)

သင့်ရဲ့ကလေးတွေက သင့်အလုပ်ပေါ်မှာထားတဲ့ ကျင့်၀တ်တွေကို သေချာဂရုစိုက်ပြီးတော့ စောင့်ကြည့်နေတယ်။ သူတို့က သင့်မှာဘယ်လောက်ခံနိုင်ရည်ရှိပြီးတော့ ခိုင်ခံသန်မာတယ်ဆိုတာကို မြင်ပြီးသူတို့က သင့်လိုဖြစ်ချင်ကြတယ်။

Chit_May_May

Nyein_Thu

sources-womenworking.

LEAVE A REPLY

Please enter your comment!
Please enter your name here