သင့်အနေနဲ့ အားကိုးလို့ မရသလို ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်တဲ့ ယောင်္ကျား၅မျိုး

0
132
- Advertisement -

အရူးအမူးစွဲလမ်းပြီး ချစ်တတ်တဲ့ မိန်းကလေးမျိုးကိုယ်တိုင်ကပင် သူမနှင့် သိသိသာသာကောင်းမွန်သောဆက်ဆံရေးကို သံသယ၀င်လာတဲ့အထိ ဖြစ်လာပါတယ်။ များသောအားဖြင့် အမျိုးသမီးများဟာ လူတစ်ဦးတစ်ယောက်ရဲ့ အကျင့်စရိုက်လက္ခဏာတွေကို အစပိုင်းမှာ သတိမထားမိဘဲ အထူးသဖြင့် ပြဿနာတွေကြုံတွေ့လာမှသာ သတိပြုမိတတ်ကြပါတယ်။ သင့်ဘ၀မှာ ရှောင်ရှားသင့်တဲ့အမျိုးသားတွေမှာ ဘယ်လိုအရည်အချင်းတွေရှိနေတတ်တယ်ဆိုတာ ကြိုတင်သိထားခြင်းက ပိုကောင်းပါတယ်။ အခုဖော်ပြမယ့် ယောင်္ကျားမျိုးတွေက သူတို့ရဲ့ ဘ၀မှာ ဘယ်တော့မှ ပြောင်းလဲဖို့ ကြိုးစားမှာမဟုတ်သလို သင့်မှီခိုအားကိုးလို့မရတဲ့ယောင်္ကျားမျိုးတွေဖြစ်ပါတယ်။

၁။ စကားများလွန်းပြီးတော့ အလုပ်နည်းနည်းပဲလုပ်ခြင်း

တစ်ချို့ယောင်္ကျားလေးတွေဟာ တစ်လောကလုံးမှာ သူတို့ပဲ ပါးစပ်ပါသလို ယောင်္ကျားတန်မဲ့ပေါက်ပေါက်ဖောက်တတ်ကြပါတယ်။ အကျိုးရှိစေတဲ့ စကားမျိုး၊ ချီးမွမ်းစကားတွေနှင့် နှစ်ဦးသားအနာဂတ်ကို ဆွေးနွေးကြတယ်ဆိုရင်တော့ တကယ်ကောင်းပါတယ်။

- Advertisement -

သို့သော်လည်းပဲ အရေးအရာမပါတဲ့ နှစ်ဦးစလုံးအတွက် အကျိုးမရှိတဲ့ စကားလုံးများဖြစ်နေတတ်ပါတယ်။
လူတစ်ယောက်က မင်္ဂလာဆောင်အကြောင်း၊ အိမ်အသစ်အကြောင် ပြီးတော့ ခရီးသွားခြင်းအကြောင်းတွေ အမြဲပြောနေပေမယ့်လည်း လက်တွေ့မှာ ဘာမှမလုပ်ဘူး။ ဒါဆိုရင်တော့ သင့်အနေနဲ့ ဒီလူနဲ့ပတ်သက်ပြီး ဘ၀ခရီးလမ်းဖြတ်သန်းဖို့ နောက်ထပ်တစ်ကြိမ် ပြန်လည်စဥ်းစားသင့်ပါတယ်။

၂။ သူ့ကိုယ်တိုင်ရဲ့အကြောင်းကိုသာ စဥ်းစားခြင်း

ဟုတ်ပါတယ် ၊ သင့်အနားမှာ ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော်ရှိခြင်းက မိန်းကလေးများစွာရဲ့ အိမ်မက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အတ္တသမားတစ်ချို့ယောင်္ကျားလေးတွေဟာ အလွန်အမင်းယုံကြည်မှုတွေရှိနေပါတယ်။

သင့်အနေနဲ့ သူတို့ကို ပထမဆုံးအကြိမ်ကြည့်လိုက်ရုံနဲ့ ဆွဲဆောင်မှုရှိပြီး ဩဇာရှိတဲ့သူအဖြစ် သူတို့ကိုယ်သူတို့ ထင်မှတ်ကြတယ်။ တကယ်လို့ သင့်ရဲ့ လက်တွဲဖော်က သူကိုယ်တိုင်အတွက်သာ အမြဲတမ်းအာရုံစိုက်ပြီး သူနဲ့ ဆက်ဆံရေးမှာ သူ့ကို ပထမနေရာထားဖို့ ကြိုးစားလာမယ်ဆိုရင် အခြေအနေက အချိန်ကြာလာတာနဲ့အမျှ ပိုမိုဆိုးရွားလာပါလိမ့်မယ်။

၃။ အလုပ်စွဲလမ်းလွန်းသူဖြစ်ခြင်း

ကိုယ့်ရဲ့ တိုးတက်မှု၊ အောင်မြင်မှုအတွက်မျှော်လင့်ခြင်းနှင့် သင့်အလုပ်ကို ကောင်းကောင်းလုပ်ဆောင်ခြင်းလောက် ကောင်းရဲ့အရာမရှိပါဘူး။ များသောအားဖြင့် အလွန်အမင်းအလုပ်လုပ်တဲ့သူတွေ သူတို့ရဲ့ အသက်မွေး၀မ်းကျောင်းအလုပ်ကိုသာ အာရုံစိုက်တတ်ကြသူများဖြစ်ပါတယ်။

အလုပ်ကို စွဲလမ်းလွန်းသူဟာ သင်တို့ရဲ့ အဓိပ္ပာယ်ရှိတဲ့ဆက်ဆံရေးအတွက် အချိန်နည်းနည်းလောက်ပဲ ပေးနိုင်ပါတယ်။ သူတို့ချစ်မြတ်နိုးရသူနှင့် အရေးကြီးတဲ့ နှစ်ပတ်လည်တွေနဲ့ တွေ့ဆုံခြင်းတွေကို မေ့ပြီး သူတို့ရဲ့ စွမ်းအင်အားလုံးကို သူ့ရဲ့ အလုပ်နယ်ပယ်မှာပဲ ထားပါလိမ့်မယ်။ နောက်တစ်ခုက သင်နဲ့အတူ ရုပ်ပိုင်းဆိုင်ရာအတူရှိနေမယ်ဆိုရင်တောင် သူ့ရဲ့ အကြံအစည်တွေက သူ့ရဲ့ မဟာစီမံကိန်းကြီးတွေဆီရောက်နေတတ်ပါတယ်။

၄။ ကြိုးစားအားထုတ်မှုမရှိဘူး

အလုပ်ကိုယ်စီရှိတဲ့ relationshipတစ်ခုအနေနဲ့ မျှတတဲ့ ဖွံ့ဖြိုးတိုးတက်မှုရှိပါတယ်။ တကယ်လို့ တစ်ချိန်ချိန်မှာ သူ့ရဲ့ ခံစားချက်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေနှင့် ပတ်သက်ပြီးတော့ သင့်အနေနဲ့ ပိုပြီးစဥ်းစားလာတာမျိုးတွေ သံသယ၀င်လာတာတွေ ရှိလာပါလိမ့်မယ်။

ဒါမှမဟုတ် သင့်ရဲ့ လက်တွဲဖော်က သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေလုပ်ပြီး ပဋိပက္ခတွေအားလုံးကို သင့်ရဲ့မွေးရာပါ အကျင့်စရိုက်တွေအပေါ် အပြစ်တင်တာတွေ ရှိလာပါလိမ့်မယ်။ ဥပမာ သူက သူ့သူငယ်ချင်းတွေကို သင်နဲ့ ပတ်သက်ပြီး အလောင်းအစားလုပ်တာမျိုးတွေမှာ ရှုံးလာတဲ့အခါ သင့်ကို မာန်မဲတာမျိုးပေါ့။ ဒါဆိုရင်တော့ အဲ့သလိုလက်တွဲဖော်မျိုးနဲ့ နောက်ဆုံးဘုံဘ၀ မြေကျသည်အထိ အတူရှိနေဖို့ ဖြစ်နိုင်ပါ့မလား စဥ်းစားပါ။

၅။ သူ့ရဲ့ခံစားချက်အမှန်ကို ဖုံးကွယ်ထားခြင်း

လူတွေဟာ ကွဲပြားခြားနားကြတယ်။ အချို့က စိတ်ခံစားချက်တွေကို မျှ၀ေလိုကြတယ်။ ဒါပေမယ့် သင်တို့ရဲ့ relationshipမှာ လူတစ်ယောက်ရဲ့ ခံစားချက်၊ သူကြိုက်နှစ်သက်တဲ့အရာ၊ သူဘာတွေခံစားနေရလဲ ၊သူဘာတွေစိတ်ရှုပ်နေတာလဲဆိုတာကို နားလည်ဖို့ အရမ်းအရေးကြီးပါတယ်။

သင့်ရဲ့လက်တွဲဖော်က စကားစမြည်ပြောခြင်း၊ ပြုံးခြင်း (သို့) မကျေနပ်ချက်တွေရဲ့ နောက်ကွယ်က သူ့ရဲ့ ခံစားချက်အစစ်အမှန်တွေကို ဖုံးကွယ်ထားတယ်ဆိုရင် ဒါဟာ ခွဲထွက်ချင်နေတဲ့အမူအရာတွေဖြစ်ပါတယ်။ သင့်ကို သူနဲ့ပတ်သက်တဲ့ အရာရာကို အဆက်ဖြတ်ချင်နေတဲ့ အကြောင်းပြချက်တွေဖြစ်ပါတယ်။
သင့်နှလုံးသားကိုသာ နားထောင်ပါ။ ၎င်းက စိတ်ထဲက အဖြေမရတဲ့ မေးခွန်းတွေကိုပါ ဖြေနိုင်ပါတယ်။ ပျော်ရွှင်ပါစေ။

Chit_May_May

Nyein_Thu

sources-mambee

LEAVE A REPLY

Please enter your comment!
Please enter your name here