Home Lotaya သင့်အမေက သင့်ရဲ့အကောင်းဆုံးသူငယ်ချင်းဖြစ်ရတဲ့ အကြောင်းရင်းများ

သင့်အမေက သင့်ရဲ့အကောင်းဆုံးသူငယ်ချင်းဖြစ်ရတဲ့ အကြောင်းရင်းများ

0
သင့်အမေက သင့်ရဲ့အကောင်းဆုံးသူငယ်ချင်းဖြစ်ရတဲ့ အကြောင်းရင်းများ

သင့်ကလေးဘဝအစောဆုံးအမှတ်တရာတွေကို ပြန်ပြောင်းစဥ်းစားကြည့်ပါ။ သင်ဟာ ကံကောင်းတဲ့လူတစ်ယောက်ဖြစ်မယ်ဆိုရင် တစ်ယောက်သောသူဟာ သင့်ဘဝအစမှာကတည်းက အတူတူရှိခဲ့ဖူးလိမ့်မည်။ နောက်ပြီး သင့်ဘဝတစ်လျှောက်လုံးမှာလည်း သင့်ကိုဘယ်တော့မှ စွန့်ခွာမသွားဘဲ သင့်ဘေးနားမှာသာရှိနေလိမ့်မယ်။

အဲဒီ့တစ်ယောက်သောသူက ဘယ်သူဖြစ်မလဲ။ အဝေးကြီးစဥ်းစားစရာမလိုပါဘူး။ သင့်အမေပဲပေါ့။ သင့်မှာ စိတ်ညစ်စရာတွေမြောက်များစွာရှိနေမယ်ဆိုရင်တောင် သူမဟာ သင့်အနားမှာပဲရှိနေပါလိမ့်မယ်။ သင့်အမေဟာ သင့်ရဲ့ အကောင်းဆုံးသူငယ်ချင်းပါပဲ။

သင့်ကလေးဘဝတုန်းက သင်နဲ့ကစားပြီးတော့ သင့်ကိုအမြဲဖျော်ဖြေပေးခဲ့တယ်။ သူမက အမြဲတမ်းသင့်လောကမှာ အမှတ်အသားဖြစ်တဲ့ လူသားတစ်ဦးအဖြစ် သင်ကိုယ်တိုင်ဖွံ့ဖြိုးပြီး သေချာစေဖို့ကြိုးစားခဲ့ပါတယ်။ သူမကလေးဘဝတုန်းက အိပ်မက်မက်ခဲ့ဖူးတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ သင့်ကိုဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာကအစ အသေးစိတ်အချက်အလက်တွေကို သူမအမြဲတမ်းဂရုစိုက်နေတတ်တယ်။ သင့်အကြံဉာဏ်ကို လိုအပ်တဲ့အခါ သူမအမြဲရှိနေဖို့ သူမကြိုးစားနေတယ်။ အဲ့သလိုလူတစ်ယောက် သင့်ဘဝမှာ နောက်ထပ်လုပ်နိုင်တဲ့သူငယ်ချင်းရှိပါသေးသလား။

သင့်ဘဝမှာ သင့်အမေအမြဲလိုချင်တဲ့ အရာနှစ်ခုက သင့်ကိုထောက်ပံ့ဖို့နှင့် သင့်ကိုကြုံတွေ့ရနိုင်တဲ့ အန္တရာယ်အားလုံးမှ ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒါဟာ သူမရဲ့ ချွင်းခြက်မရှိတဲ့ မေတ္တာနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်ပါတယ်။ သင့်အနေနဲ့ သူမကို ဘယ်လိုတွေပဲပြုမူဆက်ဆံပါစေ သူမက သင့်ကိုချစ်ပါလိမ့်မယ်။ နောက်ပြီး သင့်ကိုယ်ပိုင်လိုအပ်ချက်တွေထက် အဆက်မပြတ်မြှင့်တင်သူတစ်ဦးကို သင်ဘယ်နေရာမှာ ရှာဖွေမလဲ။ ဒါဟာ သင့်အမေပဲလေ။ တကယ်တော့ ဒီကိစ္စဟာလည်း သင့်အမေက သင့်ရဲ့ အဓိကမိတ်ဆွေဖြစ်ရတဲ့ အကြောင်းရင်းပါပဲ။ သင်က မှားယွင်းနေခဲ့မယ်ဆိုရင်တောင် သင့်ဘက်ရှိနေပေးမှာက သင့်အမေပါ။

သူမက အမြဲတမ်းသင့်ဘဝဘယ်လိုဖြစ်လာမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဂရုစိုက်တယ်။ သင့်မိခင်ကဲ့သို့ သင့်ဘဝမှာ ရင်းနှီးမြှုပ်နှံမယ့် အခြားသူတစ်ဦးကို ရှာတွေ့နိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ သူမဟာ သင့်ရဲ့ ဖြစ်ပျက်သမျှအရာအားလုံးနှင့်အတူ သူမရဲ့စိုးရိမ်ပူပန်မှုတွေကလည်းတရိပ်ရိပ်ဖြတ်သန်းသွားလာနေပါတယ်။

သူမက သင့်အနေနဲ့ သူမကို မစဥ်းစားမိဘူးဆိုရင်တောင် လိုအပ်ကောင်းလိုအပ်မယ့်အရာတွေကို အမြဲစဥ်းစားနေတတ်ပါတယ်။ သူမဟာ သင်အပြင်ထွက်တိုင်း အကာအကွယ်တစ်ခုအတွက် အင်္ကျီလက်ရှည်၊ ဦးထုပ်၊ ထီးတစ်ခုခုကို သယ်ဆောင်ဖို့ သေချာစေတယ်။ မိုးရွာလျှင့် သင့်ထီးကို မမေ့ဖို့ သေချာစေတယ်။ သူမက သင့်ကိုအမြဲတမ်းကောင်းမွန်စွာ ကျွေးမွေးဖို့သေချာစေတဲ့အပြင် အခြားကောင်းတဲ့အရာများစွာက သင့်အတွက်ချည်းပါပဲ။

သူမက တစ်ခြားကမ္ဘာမှာ လက်တွေ့ကျသော်လည်း သင့်အတွက်တော့ အကောင်းဆုံးနားလည်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေသူဖြစ်ပါတယ်။ သူမက အခြားမျိုးဆက်က အမျိုးသမီးတစ်ဦးဖြစ်ပေမယ့် သင့်ကို သူမရဲ့ အကောင်းဆုံးစွမ်းရည်ကို နားလည်ဖို့ကြိုးစားရာမှာ သူမကို မတားဆီးနိုင်ပါ။

သူမဟာ သင့်အနေနဲ့ ဘယ်သောအခါမှ ကြီးမားပြင်းထန်တဲ့ အမှားအယွင်းမျိုးလုပ်မှမဟုတ်ဘူးလို့ ယုံကြည်တဲ့အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။ သင်ဟာ ဂုဏ်သိက္ခာရှိပြီး ကိုယ်ကျင့်တရားကောင်းတဲ့ ကျက်သရေနဲ့ပြည့်စုံတဲ့လူတစ်ယောက်အဖြစ် သူမအမြဲတမ်းယုံကြည်နေပါလိမ့်မယ်။ သူမဟာ သင့်ကို အကောင်းဆုံးလို့ပဲယူဆတယ်။ သင့်ရဲ့ပျော်ရွှင်မှုက သူမရဲ့ ပျော်ရွှင်မှုလည်းဖြစ်လို့ သင့်ကို သူမက အမြဲပျော်ရွှင်စေချင်တယ်။

သူမက သင့်ရဲ့ပုံပန်းသဏ္ဍာန်ကို ပိုမိုဂရုစိုက်ပါလိမ့်မယ်။ သင့်ရဲ့ ပုံပန်းသဏ္ဍာကို အမြဲတမ်းယုံကြည်စိတ်ချမှုရှိစေဖို့ သူမက သင့်ကိုအကောင်းဆုံးသော အဝတ်အစားတွေရရှိဖို့ အတတ်နိုင်ဆုံးကြိုးစားပါလိမ့်မယ်။

သင့်အမေဟာ သင့်ရဲ့ ခံစားချက်တွေကို သင့်ကိုလိုလိုလားလားနားထောင်ပေးမယ့်ကမ္ဘာပေါ်က တစ်ဦးတည်းသော ပုဂ္ဂိုလ်ပါပဲ။ သင်လိုချင်တဲ့အချိန်တိုင်းမှာ သင်တစ်ယောက်ယောက်နဲ့ စကားပြောနိုင်တယ်လို့ ခံစားမိအောင် အမြဲတမ်းသေချာနေစေမယ့် သူတစ်ယောက်ပါပဲ။

သူမက သင့်ကိုသူမထက် ပိုပြီး ချစ်သွားမှာပါ။ ဒါဟာ ဘယ်နေရာမှာမှ သင်မဝယ်နိုင်တဲ့ ချစ်ကြည်ရေးမျိုးပါပဲ။

Chit_May_May

Nyein_Thu

ref-rerules

LEAVE A REPLY

Please enter your comment!
Please enter your name here