သင့်အသက်မွေး၀မ်းကျောင်းအလုပ်ရွေးချယ်ရာမှာ သင့်မိဘတွေရဲ့ အကြံပေးချက်ကို လက်မခံသင့်တဲ့အကြောင်းရင်း (၅)ချက်

0
131
- Advertisement -

ဒီအချက်က ရွှေ့ပြောင်းနေထိုင်သူအိမ်ထောင်စုတစ်ခုမှာ ကြီးပျင်းလာခဲ့ကြတဲ့လူငယ်တွေအားလုံးအတွက် သတင်းစကားဖြစ်ပါတယ်။ သင့်မိဘတွေက အခုအချိန်မှာလက်မခံဘူးဆိုရင်တောင် သင်ကိုယ်တိုင်နှင့် သင်ချစ်မြတ်နိုးတဲ့အရာတွေကို လုပ်ဆောင်ပါ။ ကျွန်တော်တို့ရဲ့ အာရှဒေသအတွေ့အကြုံတွေအရ ယဥ်ကျေးမှုအပြောင်းအလဲတွေအပြင်လက်တဆုပ်စာတသမတ်တည်းသောအမြင်တွေက တည်ရှိနေဆဲပါ။

လက်ရှိမျိုးဆက်သစ်တွေနဲ့ မျိုးဆက်ဟောင်းတွေနဲ့ နေ့စဥ်ကြုံတွေ့နေရတဲ့ ထင်ရှားတဲ့ယဥ်ကျေးမှုကွဲပြားမှုတွေဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေကတော့ တကယ့်နာကျင်ကိုက်ခဲတဲ့လူ့အတွေ့အကြုံတွေကို ဖြေရှင်းနည်းတွေဖြစ်ပါတယ်။ မိခင်တွေရဲ့ ”စိတ်ပျက်စရာ”လို့ အခေါ်ခံရခြင်းက ကျွန်တော်တို့မျိုးဆက်ရဲ့ ထူးခြားတဲ့လက္ခဏာတစ်ခုဖြစ်လာနေပါတယ်။

၁။ သူတို့က သင့်ထက်ခြားနားတဲ့ကြောက်ရွှံ့မှုတွေရှိကြတယ်

- Advertisement -

ကျွန်တော်တို့ရဲ့မိဘတွေက ကျွန်တော်တို့ထက်မတူညီတဲ့ဘ၀တွေမှာ နေထိုင်ခဲ့တာကို ကျွန်တော်တို့မကြာခဏမေ့တတ်ကြတယ်။ သူတို့ဟာ မတူညီတဲ့အတားအဆီးတွေ၊ ဆုံးရှုံးမှုတွေ သူတို့မှာ မတူညီတဲ့စိုးရိမ်မှုတွေရှိကြတယ်။ တကယ်လို့ သင်က သူတို့ဖိနပ်နေရာမှာတခဏနေကြည့်မယ်ဆိုရင် ၎င်းတို့ဟာ သူတို့ရဲ့ဘ၀တစ်ခုလုံးတိုင်းပြည်အသစ်ဖြစ်တဲ့ တိုင်းပြည်ကိုပြောင်းရွှေ့ဖို့ ဘယ်လောက်ထိခက်ခဲတယ်ဆိုတာ နားလည်သဘောပေါက်ပါလိမ့်မယ်။

ဘာသာစကားမသိဘဲ၊ တည်မြဲအလုပ်အကိုင်မရှိဘဲ တိုင်းတစ်ပါးမှာ အခြေချဖို့ဆိုတာ မလွယ်ကူပါ။ ဒါ့ကြောင့် ရွှေ့ပြောင်းနေထိုင်ကြတဲ့မိဘအများစုဟာ တည်ငြိမ်တဲ့အသက်မွေး၀မ်းကျောင်းမှုအတွက် ဘာကြောင့်ဒီလောက်အထိအလေးထားရသလဲဆိုတာ နားလည်နိုင်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ”လူမှုစီးပွားရေးအောင်မြင်မှုအတိုင်းအတာ”အပေါ်မှာအခြေခံပြီးတော့ ၀င်ငွေပိုများပြားလာတယ်။ ဒါက ဒုတိယမျိုးဆက်အမေရိကန်တွေဟာ သူတို့ရဲ့မိဘတွေထက်ပိုအခွင့်အလမ်းများလာတာကို ပြောတာပါ။ ဒါ့ကြောင့် ရွေ့ပြောင်းနေထိုင်သူတွေရဲ့သားသမီးတွေက သူတို့မိဘတွေရဲ့တူညီတဲ့စိုးရိမ်ပူပန်မှုတွေ ကပ်ပါလာတတ်ကြတာပါ။

၂။ သင်ကြိုက်နှစ်သက်တဲ့အလုပ်ကို လုပ်ခြင်းက ပိုမိုကြီးမားတဲ့အကျိုးသက်ရောက်မှုကို ဖန်တီးလိမ့်မယ်

သဘာ၀ကျကျသင်ချစ်တဲ့အလုပ်ကို လုပ်ခြင်းကသင်ကိုယ့်သင် ပိုမိုပြီးတော့ရင်းနှီးမြှပ်နှံရာရောက်ပါလိမ့်မယ်။ ဒါဟာ ရေရှည်မှာ သင်က သင့်ရဲ့အလုပ်ကနေပြီးတော့ ပိုမိုကြီးမားတဲ့အကျိုးသက်ရောက်မှုကို ဖန်တီးပေးနိုင်ရုံသာမက သင့်မိဘတွေအလိုရှိတဲ့ အရာဟာလည်း နောက်ဆုံးမှာ သင်ကိုယ်တိုင်ပိုမိုကောင်းမွန်တဲ့တိုးတက်မှုဖြစ်လာပါလိမ့်မယ်။

၃။ သင့်မိဘတွေကို ပျော်ရွှင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူး

ကျွန်တော်တို့အများစုက သူတို့အတွက်ကျွန်တော်တို့ရွေးချယ်ထားတဲ့ အသက်မွေး၀မ်းကျောင်းလုပ်ငန်းကိုလိုက်စားပြီးတော့ ကျွန်တော်တို့မိဘတွေကို ပျော်ရွှင်အောင်လုပ်ဖို့တာ၀န်ယူရှိတယ်လို့ ခံစားရပေမယ့်လည်း ပြဿနာကကျွန်တော်တို့က ဒီ”ပြီးပြည့်စုံသော”အသက်မွေး၀မ်းကျောင်းကို သွားဖို့ရွေးချယ်ခဲ့မယ်ဆိုရင်တောင် ကျွန်တော်တို့မိဘတွေရဲ့ ပျော်ရွှင်မှုကို အာမခံမခံနိုင်ပါဘူး။ စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ အတွင်းကလာတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့မိဘတွေကို ကျွန်တော်တို့ချစ်တယ်ဆိုတာ မပြသင့်ဘူးဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ချစ်ခြင်းမေတ္တာကိုပြသဖို့ တခြားနည်းလမ်းတွေများစွာရှိပါတယ်။ ဒါမှမဟုတ် သူတို့ဟာတစ်ပတ်လျှင် အကြိမ်များစွာဖုန်းခေါ်ပေးခြင်း၊ အတူရှိနေချိန်မှာ ပြုစုစောင့်ရှောက်ပေးခြင်း၊ စာပို့ပေးခြင်း၊ အံ့ဩစရာပန်းပွင့်တွေ အမေ့ဆီပို့ပေးခြင်း၊ ညစာစားဖို့ ခေါ်ခြင်းနှင့် အချိန်တိုင်း”အဖေနဲ့ အမေကို ချစ်တယ်လို့ ပြောခြင်း”စတဲ့ စတဲ့အကြောင်းအရာများစွာပေါ့။ ဒီအရာတွေဟာ အလွန်အရေးကြီးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ဘ၀ (သို့) အသက်မွေး၀မ်းကျောင်းမှုများကို သူတို့စိတ်ကျေနပ်စေဖို့ မပြောင်းလဲသင့်ပါဘူး။ ဒီအရာနှစ်ခုကို ဘယ်လိုခွဲခြားရမယ်ဆိုတာ သင်ယူဖို့လိုပါတယ်။

၄။ သင်ချစ်တဲ့အရာကိုလုပ်ခြင်းက အနာဂတ်မှာသင့်ကျေနပ်မှုကို ကာကွယ်ပေးပါတယ်

သင့်မိဘများရဲ့ အလိုဆန္ဒကို တိုတောင်းတဲ့အချိန်ကာလမှာ နားမထောင်ခဲ့ခြင်းက ရေရှည်မှာသူတို့အပေါ် သင့်ရဲ့မုန်းတီးနာကြည်းမှုမရှိခြင်းကို ဖြစ်စေပါလိမ့်မယ်။ အာရှဒေသမှာ များစွာသောလူတို့ဟာ သူတို့ရဲ့မိဘတွေအပေါ်မှာ နှစ်ပေါင်းများစွာကြာအောင်မကျေမနပ်ဖြစ်ကြရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မိဘတွေက သူတို့ကြီးပြင်းလာပုံနှင့် ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်ချကြလို့ပါပဲ။ နောက်ဆုံးမှာသင့်ရဲ့ဘ၀က သင့်ရဲ့တာ၀န်သာဖြစ်တယ်။ သင့်ရဲ့ဆုံးဖြတ်ချက်တွေကို အမြဲတမ်းသင့်ကိုယ်သင် ထိန်းချုပ်ထားတယ်။ သင့်ရဲ့ဘ၀၊သင့်ရဲ့ဆုံးဖြတ်ချက်များက သင့်အတွက်အကျိုးဆက်တွေဖြစ်လာစေပါလိမ့်မယ်။

၅။ သူတို့က ၀န်းရံလာပါလိမ့်မယ်

သင့်မိဘတွေက အခြေခံကျကျလိုချင်တဲ့အရာအကြောင်းစဥ်းစားတဲ့အခါ ထိုအရာက အလွန်ရိုးရှင်းတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ မိဘအများစုက သင့်ကိုလုံခြုံမှုရှိစေဖို့နှင့် ပျော်ရွှင်စေလိုတဲ့အတွက်ကြောင့် သူတို့ရဲ့အကြံညဏ်တွေကို ဒီပန်းတိုင်နှစ်ခုကမကြာခဏလှုံ့ဆော်ပေးနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် သင်က သူတို့ရဲ့ပန်းတိုင်နှစ်ခုကို ပြည့်စုံစေလိမ့်မယ်လို့ သိနေတယ်ဆိုရင် သူတို့ရဲ့အသက်မွေး၀မ်းကျောင်းအကြံညဏ်တွေကို နားမထောင်ဘဲသင့်ရဲ့ ကိုယ်ပိုင်လမ်းကြောင်းအတိုင်းလိုက်လျှောက်ခြင်းနဲ့ဘဲ နောက်ဆုံးရွေးချယ်မှုက သင့်အတွက်ဖြစ်ပါတယ်။ တစ်နေ့တာကုန်ဆုံးသွားတဲ့အခါ သင့်တစ်သက်တာအတွက် သင်ကောင်းမွန်စွာလုပ်ဆောင်နေကြောင်း သူတို့မြင်လာတဲ့အခါ သူတို့၀န်းရံလာပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ အသက်မွေး၀မ်းကျောင်းတစ်ခုရွေးချယ်နိုင်စွမ်းရှိခြင်းက အခွင့်ထူးတစ်ခုဖြစ်တယ်ဆိုတာ ပြောပြချင်ပါတယ်။ ကိုယ်ပိုင်ရွေးချယ်မှုတစ်ခုအတွက် အသက်မွေး၀မ်းကျောင်းတစ်ခုကိုသွားဖို့ ဘဏ္ဍာရေး(သို့) ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ရှိနေတယ်ဆိုတဲ့လူတွေကို ပြောပြချင်တာက မတော်တဆမတွေ၀ေစေချင်ပါဘူး။

Chit_May_May

Nyein_Thu

source-nextshark

LEAVE A REPLY

Please enter your comment!
Please enter your name here