Home Lotaya သင့်အိမ်ကို သန့်ရှင်းပြီး စနစ်တကျထားရှိနိုင်အောင် ကူညီပေးနိုင်တဲ့မဟာဗျူဟာ၃ခု

သင့်အိမ်ကို သန့်ရှင်းပြီး စနစ်တကျထားရှိနိုင်အောင် ကူညီပေးနိုင်တဲ့မဟာဗျူဟာ၃ခု

0
သင့်အိမ်ကို သန့်ရှင်းပြီး စနစ်တကျထားရှိနိုင်အောင် ကူညီပေးနိုင်တဲ့မဟာဗျူဟာ၃ခု

မိခင်တစ်ယောက်အနေနဲ့ စနစ်တကျဖွဲ့စည်းခြင်းက ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ သင့်အိမ်ကို သန့်ရှင်းရေးလုပ်နေချိန်မှာ သင့်ကလေးငယ်က ကြမ်းပြင်ပေါ်မှာ ကစားစရာတွေကို သွန်ချပြီး ဖွနေမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဒါတွေက အရမ်းကို လွှမ်းမိုးနိုင်ပြီး သင့်အနေနဲ့ အရှုံးပေးဖို့သွေးဆောင်ခံရနိုင်ပါတယ်။ ဒီလိုရှုပ်ပွနေမှုကို လျှော့ချဖို့ အကြံပေးချက်လေးတွေကို လိုက်လုပ်ကြည့်ပါ။

၁။ ကစားစရာတွေသိုလှောင်ဖို့ ပုံးများနှင့် သေတ္တာများ ထားပေးပါ

သင့်ကလေးတွေကို ကစားပြီးတဲ့အခါ သူတို့ပစ္စည်းတွေကို နေရာတကျ ပြန်သိမ်းပြီးတော့ သင့်ကို ကူညီဖို့အားပေးပါ။ သေးငယ်သောဘောလုံးများ၊ ကစားစရာများအတွက် နေရာလေးတွေ သတ်မှတ်ပြီးတော့ ဘယ်ပစ္စည်းက ဘယ်နေရာမှာဆိုတာမျိုး သီးသန့်လုပ်ပေးထားပါ။ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ကျပန်းကစားစရာတွေမရှိတော့တဲ့အခါ အရင်က ဘယ်လောက်ထိကွာခြားသွားတယ်ဆိုတာ သင်အံ့အားသင့်သွားပါလိမ့်မယ်။

၂။ မလိုအပ်သော ပစ္စည်းများကို ရှင်းလင်းပါ

စနစ်တကျရှိတဲ့ အိမ်တစ်ခုအတွက် သင့်မှာ နေရာရှိဖို့ လိုအပ်ပြီး အဲ့လိုဖြစ်ဖို့အတွက် သင်မသုံးတဲ့အရာတွေကို ဖယ်ရှားပစ်ရပါမယ်။ ဒီတော့ သင့်ရဲ့ မလိုအပ်တဲ့ပစ္စည်းတွေကို အနီးနားမှာရှိတဲ့ နွမ်းပါးနေသူတွေ ဒါမှမဟုတ် လိုအပ်နေသူတွေကို ပြန်လည်လှူဒါန်းခြင်းတွေဖြစ်သင့်ပါတယ်။ ဒီလိုနည်းနဲ့ လှူဒါန်းခြင်းဖြင့် ပြန်လည်ပေးဆပ်ခြင်းရဲ့ အရေးကြီးမှုကို သင့်ကလေးကို သင်ပေးနိုင်ပါတတယ်။

၃။ လည်ပတ်ခြင်းနည်းလမ်းကို အသုံးပြုခြင်း

ဘာလို့လဲဆိုတော့ ရှုပ်ပွနေတဲ့ လူအများစုက မလိုအပ်တဲ့အရာတွေကြောင့် ဖြစ်ရတာများပါတယ်။လွှင့်ပစ်ဖို့ (သို့) နေရာယူလွန်းတဲ့ပစ္စည်းတွေကို ထုတ်ပစ်ဖို့ မကြောက်ပါနဲ့။ ဥပမာ စာအုပ်အသစ်တစ်အုပ်ရောက်လာမယ်ဆိုရင် ဟောင်းနွမ်းနေတဲ့ စာအုပ်ကို ဖယ်ရှားဖို့နည်းလမ်းတစ်ခု သင်ရှာဖွေရပါမယ်။ စာအုပ်ချစ်မြတ်နိုးသူတစ်ယောက်ယောက်ကို လက်ဆောင်ပေးတာမျိုးပေါ့။

အဓိကအချက်ကတော့ သင့်အနေနဲ့ ပိုပြီး စနစ်တကျ နေရာချချင်တယ်ဆိုရင် သင့်ရဲ့အိမ်ကို ပုံမှန် သန့်ရှင်းနေသင့်ပါတယ်။ ဘယ်လိုအချိန်မှာမဆို သင်မလိုအပ်တဲ့အရာတွေအမြဲတွေ့နေရပါလိမ့်မယ်။ ပစ္စည်းပစ္စယတွေကို ဖယ်ရှားပေးဖို့ နွေဦးသန့်ရှင်းရေး (သို့) နှစ်ဆန်းတစ်ရက်နေ့ကဲ့သို့သော အထူးနေ့တွေကို မစောင့်နေပါနဲ့။ ပုံမှန်လုပ်ပါ။ ဒါကိုပျော်စရာကောင်းအောင် လုပ်ခြင်းအားဖြင့် သင့်ကလေးတွေကို လုပ်ငန်းရဲ့ အစိတ်အပိုင်းဖြစ်ဖို့ အားပေးပါ။

Chit_May_May

Nyein_Thu

sources-mambee

LEAVE A REPLY

Please enter your comment!
Please enter your name here