Home Parenting Child Teaching သင် လုံးဝ လျစ်လျုမရှုထားသင့်တဲ့ ကလေးတစ်ယောက်ရဲ့ အန္တရယ်ရှိတဲ့ အမူအကျင့် ၅ ခု

သင် လုံးဝ လျစ်လျုမရှုထားသင့်တဲ့ ကလေးတစ်ယောက်ရဲ့ အန္တရယ်ရှိတဲ့ အမူအကျင့် ၅ ခု

0
3186

ကမ္ဘာပေါ်မှာ အခက်အခဲဆုံးသော အလုပ်က ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတဲ့အလုပ်ပဲဖြစ်ပါတယ်။ ကလေးတွေကို ကောင်းမွန်တဲ့အမူအကျင့် ကောင်းမွန်တဲ့ပညာရေး နဲ့ကောင်းမွန်တဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်ဖို့ အချိန်နဲ့ကြိုးစားအားထုတ်မှုများစွာလိုအပ်ပါတယ်၊ ခုပြောပြချင်တာက လုံးဝလျစ်လျုမရှုသင့်တဲ့ ကလေးတစ်ယောက်ရဲ့ အမူအကျင့်တွေပဲဖြစ်ပါတယ်။

တခြားကလေးတွေရဲ့မကောင်းတဲ့လုပ်ရပ်တွေကိုလျစ်လျူရှုနေတတ်ခြင်း

ဆိုလိုတာက ကိုယ့်ရှေ့မှာ ကလေးတစ်ယောက်ကို အုပ်စုလိုက်အနိုင်ကျင့်နေတာမျိုးတွေ့ရင်တောင် သင့်ကလေးက သူနဲ့မဆိုင်သလို ဖာသိဖာသာ နေတတ်တာမျိုးပါ၊ သင့်အနေနဲ့ ကလေးကို မှားနေတာလုပ်တဲ့သူကို မှားနေတယ်လို့ လက်ညှိုးမထိုးပြရဲတာဟာလည်း ကိုယ်ကိုတိုင် အမှားကိုကျုးလွန်လိုက်တာဖြစ်ကြောင်းရှင်းပြပါ,။ ပြီးရင် ပြဿနာကိုအေးဆေးတည်ငြိမ်စွာနားထောင်ပြီး သင့်ကလေးနဲ့အတူ ဖြေရှင်းနိုင်အောင် အခြေအနေကို နားလည်နိုင်အောင်ကူညီပေးပါ။ အဓိကကတေ့ာ ဘယ်သူသေသေ ငတေမာရင် ပီးရောဆိုတဲ့ပုံစံမျိုးမဖြစ်အောင် ပျိုးထောင်ပေးပါ။

မွေးချင်းညီကိုမောင်နှမချင်းမနာလိုစိတ်ပြမှု

ပြဿနာရဲ့ အရင်းမြစ်ကိုရှာပီး ကလေးတွေကိုတစ်ယောက်နဲ့တစ်ယောက် နာကျင်အောင် မလုပ်မိဖို့တားမြစ်ပါ။ သင့်ရဲ့ကလေးများကို တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ယောက်နဲ့တစ်ယောက် တကယ့်စိတ်ရင်းမှန်နဲ့ချစ်တတ်ခင်တတ်အောင် သင်ပေးပါ။ သင်ကိုယ်တိုင်က ခွဲခြားဆက်ဆံတာမျိုးတွေမလုပ်မိပါစေနဲ့။ တစ်ဦးနဲ့တစ်ဦးလေးစားတတ်ဖို့သင်ပေးပါ၊ ကလေးတွေနဲ့အတူတူ အချိန်ဖြုန်းဖို့ကြိုးစားပေးပါ။ မောင်နှမချင်းမနာလိုစိတ်မဖြစ်အောင် သင်ကိုယ်တိုင်က ကလေးတွေကို သာတူညီမျှချစ်ပေးဖို့ အရေးကြီးပါတယ်။

ခိုးခြင်း

ခိုးတယ်ဆိုတာမှာ သူများမသိပဲ သူများပစ္စည်းကိုယူရင်ခိုးတာပါပဲ။။ အဲ့ဒါကိုဘယ်တော့မှ အစမလုပ်မိပါစေနဲ့။ ပထမတစ်ခါဖြစ်ပီဆိုတာနဲ့ ဆုံးမပါ။ အကျိုးအပြစ်တွေကို ပြောပြပြီး သတိပေးပါ၊ ပိုင်ရှင်ကိုပြန်တောင်းပန်ပါ။ ပစ္စည်းကိုပြန်ပေးပါ။ ထပ်ခါထပ်ခါဖြစ်လာရင်တော့ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်နဲ့ပြပါ။ ဒီလိုအပြုအမူတွေက ကြောက်စရာကောင်းတဲ့ အလေ့အကျင့်ကြီးတစ်ခုဖြစ်လာတတ်ပါတယ်။

ရိုင်းပြခြင်း

သူတို့ရဲ့ အမူအကျင့်တွေကိုကြည့်ရင်သိနိုင်ပါတယ်။ မိဘကပြောရင် တစ်ခွန်းကျန်ပြန်ပြောတာ၊ မျက်လုံးကိုထောင့်ကပ်ကြည့်တာ၊ ခြေထောက်ဆောင့်တာ ဒီလိုအမူအရာတွေကနေ အဖေတွေ အမေတွေသတ်တဲ့အထိကိုဖြစ်တော့တာပါပဲ။ဒါကြောင့်ရိုင်းပျတဲ့ အမူအရာတွေဆို လုံးဝ သည်းမခံပါနဲ့၊ သည်းမခံနဲ့ဆိုလို့ရိုက်နှက်နှိပ်စက်ခိုင်းတာမဟုတ်ပါ။ သင့်ကလေးကို စကားတွေနဲ့ အကျိုးအပြစ်တွေကိုပြောပြ၊ ထုတ်သင့်တဲ့ မိဘပါဝါကိုသုံးပါ၊

မရိုးမသားလိမ်ညာတတ်ခြင်း

ဆိုကြပါစို့ သူကြောင့် တခုခုကျကွဲသွားတယ်။ သင်ကမေးရင်သူကလိမ်မယ်ဆိုတာမျိုးပေါ့၊ ဒါမျိုးက ခွင့်လွတ်လို့မရပါဘူး။ မရိုးမသားလိမ်ညာတာဟာ ကြောက်လို့ဖြစ်နိင်တဲ့အတွက် ကလေးတွေကို မကြောက်ရအောင်လုပ်ပေးပါ။ သူတို့လုပ်လိုက်တဲ့အမှားကို ပြန်ပြင်ဆင်ခွင့်ပေးပါ၊ ဒါကိုလျစ်လျူရှုထားလိုက်ရင်တော့ ပြင်မရတဲ့အမှားတွေဖြစ်လာပါလိမ့်မယ်။ အိုကေ ကျွန်တော်ခုပြောပြခဲ့တဲ့ ကလေးတွေလုပ်တတ်တဲ့အမူအကျင့်တွေကို ဘယ်တော့မှ လျစ်လျူရှုမထားလိုက်ပါနဲ့။ တချိန်ချိန်မှာ ကြောက်စရာကောင်းတဲ့ အမှားတွေဆက်တိုက်ကျူးလွန်မိလာနိုင်ပါတယ်။

#Chit_May_May

#Mg_Htet

REF_Brightside

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here