သဘာဝတရားနဲ့ ထိတွေ့မှုက ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ?

0
16
- Advertisement -

မြို့ပြတွေမှာ နေထိုင်တဲ့ ကလေးတွေဟာ အပြင်ဘက်မှာ အချိန်ကုန်ဆုံးပြီး သဘာဝ၊ အခြားသက်ရှိအရာတွေနဲ့ ထိတွေ့ရတဲ့ အချိန်ပမာဏ လျော့နည်းလာကြပါတယ်။ ကလေးတွေအတွက် သဘာဝနဲ့ တိုက်ရိုက်ထိတွေ့ခြင်းရဲ့ အကျိုးကျေးဇူးများစွာ ရှိသော်လည်း သူတို့ရဲ့ နေ့စဉ်ဘဝတွေက အများအားဖြင့် နံရံလေးဘက်အတွင်းမှာ ကုန်ဆုံးကြရပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အိမ်တွင်းရှိ အချိန်တွေက အီလက်ထရွန်းနစ် ဖန်သားပြင်တွေနဲ့ ထိတွေ့မှု ပိုများလာပါတယ်။ ကလေးတွေရဲ့ သဘာဝနဲ့ ထိတွေ့ဆက်ဆံမှုက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ သိမြင်မှုဆိုင်ရာ ကျန်းမာရေးကို တိုက်ရိုက်လွှမ်းမိုးပါတယ်။

  • ဗီတာမင်ဒီ ပမာဏကို တိုးစေပါတယ်။ အပြင်မှာ အချိန်ကြာကြာနေတဲ့ ကလေးတွေဟာ မနေတဲ့ကလေးတွေထက် အရိုးပြဿနာ၊ နှလုံးရောဂါ ဒါမှမဟုတ် ဆီးချိုဖြစ်နိုင်ခြေ နည်းပါတယ်။
  • အဝေးမှုန်ခြင်း ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ လေ့လာမှုတွေအရ ပြင်ပနှင့် ထိတွေ့မှုက ကလေးတွေရဲ့ long-distance အမြင်ကို ပိုမိုအားကောင်းလာစေတယ်လို့ သိရပါတယ်။
  • စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရှိပါတယ်။ စိမ်းလန်းသော နေရာတွေ၊ အခြားသက်ရှိသတ္တဝါတွေနဲ့ ထိတွေ့ခြင်းက ကလေးတွေရဲ့ စိတ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေပါတယ်။
  • ကလေးတွေရဲ့ အိပ်စက်မှုအရည်အသွေးကို မြှင့်တင်ပေးပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရေးကျွမ်းကျင်သူ Kevin Koyle ရဲ့ပြောကြားချက်အရ တောက်ပတဲ့ သဘာဝအလင်းရောင်ကို ပုံမှန်ခံစားခြင်းက ကလေးငယ်တွေကို နေ့ဘက်မှာ ပိုတတ်ကြွစေဖို့ ကူညီပေးပါတယ်။ ဒါမှလည်း သူတို့အိပ်ပျော်ဖို့ ပိုလွယ်စေပါတယ်။
  • သဘာဝတရားက သူတို့ကို တွေးတောစေပါတယ်။ သဘာဝပတ်ဝန်းကျင်နှင့် အပြန်အလှန်ဆက်ဆံခြင်းက သူတို့ရဲ့ လိုက်လျောညီထွေဖြစ်မှုစွမ်းရည်တွေကို ဖွံ့ဖြိုးလာစေသလို ကလေးတွေအတွက် တီထွင်ဖန်တီးနိုင်စွမ်းနှင့် အာရုံစူးစိုက်မှုတို့ကို လေ့ကျင့်ပေးတဲ့ လှုံ့ဆော်မှု အခြေအနေတွေကို ဆက်တိုက်ဖန်တီးပေးပါတယ်။

အတိုချုပ်ပြောရလျှင် သဘာဝပတ်ဝန်းကျင်နဲ့ အခြားသက်ရှိအရာတွေနှင့် ထိတွေ့မှုက ကလေးတွေရဲ့ ကျန်းမာရေးကို လွှမ်းမိုးနိုင်တာကြောင့် အပြုသဘောဆောင်ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးမှုကို ဖြစ်စေပါတယ် ။ သဘာဝတရားက ကလေးတွေကို သတိမှုမိစေဖို့ အခွင့်အရေးပေးပါတယ်။

Chit_MayMay

Source-youaremom

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here