သမီးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့အခါ အမှားတွေ မဖြစ်စေဖို့ ဖေဖေတို့အတွက် Rules (၉)ခု

0
113

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့နေရာမှာ မေမေတို့ရဲ့ အခန်းကဏ္ဍကပဲ အဓိကကျတာမဟုတ်ပါဘူးနော်။ ဖခင်တွေရဲ့ ပြုစုပျိုးထောင်မှုလည်း လိုအပ်ပါတယ်။ ကိုယ့်ရဲ့သားသမီးက လေးစားအားကျနေရတဲ့ ဖခင်တစ်ယောက်ထက် ကြည်နူးစရာကောင်းတာ ဘာမှ မရှိပါဘူး။ ပုံမှန်အားဖြင့် သမီးတွေကို ပြုစုပျိုးထောင်ပေးတဲ့ ဖခင်ဆိုတာ ရှားပါတယ်။ ဒါက ဖခင်တွေမှာ ဘယ်ကစပြီး ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတဲ့ အိုင်ဒီယာ မရှိတာကြောင့်လည်း သမီးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ စိတ်ဝင်စားမှု နည်းကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ငယ်ရွယ်သော မိဘတွေအတွက် မဂ္ဂဇင်းဆောင်းပါးတစ်ခုမှာ ဖော်ပြထားတဲ့ သမီးတွေကို ပြုစုပျိုးထောင်တဲ့အခါ ထိရောက်သော စည်းမျဉ်းတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။

အထူးသဖြင့် ဖခင်တွေမှာ စူပါမိဘတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုလိုက်နာရမယ်ဆိုတဲ့ လမ်းညွှန်တစ်ခုရှိလျှင် ဖခင်တွေဟာ သမီးတွေကို ပြုစုပျိုးထောင်ခြင်းရဲ့ ကြီးမားသောအလုပ်တစ်ခုကို လုပ်နိုင်မယ်ဆိုတာ လုံးဝသေချာပါတယ်။

၁။ ကိုယ်တိုင် ပန်းကန်ဆေးပြပါ

ယောက်ကျားတစ်ယောက်အနေနဲ့ ချက်ပြုတ်တာ၊ ကြမ်းတိုက်တာ၊ အဝတ်လျှော်တာစတဲ့ ဒီအရာတွေအားလုံးကို လုပ်နိုင်ကြောင်း သမီးလေး မြင်လာနိုင်ပါတယ်။ သမီးတွေမှာ ငါ့ဖေဖေက ဘက်စုံတော်တယ်။ အကုန်လုပ်နိုင်တယ်ဆိုတဲ့ ဂုဏ်ယူတဲ့စိတ် ဖြစ်လာပါလိမ့်မယ်။ ဂိမ်းကစားတဲ့အခါလည်း အတူတူပါပဲ။ သမီးလေး အိုးခွက်တွေ၊ အရုပ်တွေနဲ့ ကစားနေတဲ့အခါ ဖခင်တွေအနေနဲ့ လိုက်ကစားပေးဖို့ မရှက်ပါနဲ့။ သင့်ကလေးရဲ့ ပျော်ရွင်မှုက ပုံသေကားကျ သတ်မှတ်ချက်တွေထက် ပိုပြီး အရေးကြီးပါတယ်။

၂။ သမီးနှင့်အတူ အချိန်ဖြုန်းပေးပါ

ဒါကတော့ သမီးကို ချစ်ကြောင်းဖော်ပြချင်တဲ့ ဖေဖေတို့အတွက် အကြံဉာဏ်ကောင်းတစ်ချို့ပါ။ လူလားမမြောက်သေးတဲ့ အရွယ်ကနေ စတင်နိုင်ပါတယ်။ အနှီးလဲပေးတာ၊ သူမကိုချီပိုးတာ၊ သူမနှင့်အတူ လမ်းလျှောက်တာ။ သူမနှင့်အတူ ကစားပေးတာတို့ ဖြစ်ပါတယ်။

၃။ သူမမေးခွန်းတွေကို ဖြေပေးပါ

“မေမေ့ကို မေးလိုက်လေ”ဆိုတဲ့ စကားလုံးကို မေ့ထားပါ။ ဖခင်တစ်ယောက်က သမီးမေးလာမယ့် မေးခွန်းတွေကို ဖြေသင့်ပါတယ်။ သင်မဖြေနိုင်တဲ့ မေးခွန်းတွေ မေးနိုင်သလား? တစ်ခုခုမေးလို့ သင်မဖြေနိုင်ဘူးဆိုရင် သမီးနှင့်အတူတူ အဖြေကို ရှာတာ ပိုကောင်းပါတယ်။

၄။ ကလေးတာဝန်တွေကို ခွဲဝေယူပေးပါ

ဖခင်တစ်ယောက်ရဲ့တာဝန်က ပိုက်ဆံရှာပေးယုံနဲ့ လင့်ဝတ္တရား၊ ဖခင်ဝတ္တရား ကျေပြီလို့ သတ်မှတ်လို့ မရပါဘူး။ ကလေးတစ်ယောက်ကို မွေးဖွားပေးတဲ့ အမျိုးသမီးတစ်ယောက်ဟာ မိခင်တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်သလဲဆိုတာ တစ်နေ့ထဲနဲ့ အရာအားလုံးကို မလေ့လာနိုင်ပါဘူး။ ဖခင်တွေလည်း လေ့လာထားသင့်ပါတယ်နော်။ သမီးလေး ဂျီကျတဲ့အခါ ချီပိုးပေးဖို့၊ အနှီးလဲပေးဖို့ အခွင့်အရေးကို ဖခင်တွေ လက်လွတ်မခံသင့်ပါဘူး။

၅။ သူတို့မှာရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ဘာတွေလဲဆိုတာ ပြောပြပေးပါ

ကလေးဘဝမှာတည်းက သူတို့ခန္ဓာကိုယ်အစိတ်အပိုင်းရဲ့ အမည်တွေကို သိတဲ့ကလေးဟာ တစ်ခုခုဖြစ်လို့ ဆရာဝန်နှင့်သွားပြတဲ့အခါ သမီးရဲ့ ဘယ်နေရာက ဘာဖြစ်တယ်ဆိုတာ ရှက်ကိုးရှက်ကန်းမဖြစ်ဘဲ ပြောဆိုနိုင်တယ်လို့ လေ့လာမှုများက ဖော်ပြထားပါတယ်။
နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ကာကွယ်ရေးစင်တာ (NSVRC)ရဲ့ အဆိုအရ ခန္ဓာကိုယ်အစိတ်အပိုင်းအတွက် မှန်ကန်တဲ့ အသုံးအနှုန်းများကို အသုံးပြုခြင်းက မိဘတွေနှင့် စကားပြောတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ခြင်း၊ သူတို့ခန္ဓာကိုယ်ကို ကောင်းစွာ နားလည်၊ လက်ခံနိုင်ခြင်းတို့ကို ကူညီပေးပြီး child abuse ကနေ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

၅။ သမီးကို ဘောလုံးကစားဖို့ သင်ပေးနိုင်ပါတယ်

သားယောကျာ်းလေးမှ မဟုတ်ပါဘူး။ သမီးမိန်းကလေးကိုလည်း ဘိုးလင်းပစ်ကစားနည်း၊ ဘောလုံးကစားနည်းတွေ သင်ပေးလို့ရပါတယ်။ သူမမှာ တခြားမိန်းကလေးတွေထက် အားသာချက်တစ်ခုရှိတယ်ဆိုရင် သူမအတွက် ဂုဏ်ယူမှုကို ခံစားမိစေနိုင်ပါတယ်။

၆။ ဇနီးသည်က အကူအညီတောင်းတဲ့အထိ မစောင့်ပါနဲ့

ငယ်ရွယ်တဲ့မိခင်တွေဟာ သူတို့မှာ ကလေးတစ်ဖက်၊ အိမ်အလုပ်တစ်ဖက်နဲ့ ဗျာများနေပေမယ့် နည်းမှန်လမ်းမှန်ဖြင့် အကူအညီ ဘယ်လိုတောင်းရမလဲဆိုတာ နားမလည်ပါဘူး။ တခါတရံမှာ သူတို့အကူအညီလိုနေတာတောင် နားမလည်ကြပါဘူး။ ယောကျ်ားကလည်း ဒါတွေက မိန်းမကိစ္စတွေပဲ မိန်းမလုပ်လိမ့်မယ်ဆိုပြီး ဝင်မကူညီတတ်ကြပါဘူး။ ဒီအခိုက်အတန့်ဟာ ခင်ပွန်းသည် ကူညီပေးရမယ့်အချိန်ဖြစ်ပါတယ်။ မိန်းမ ငါလုပ်ပေးနိုင်တာ ဘာရှိသလဲဆိုပြီးမမေးပါနဲ့။ ကလေးတွေကို ထိန်းပေးပြီး သင့်ဇနီးကို ရေချိုးချိန်ပေးပါ။ အေးအေးဆေးဆေး ထမင်းစားလို့ရမယ့် အချိန်ပေးပါ။

၇။ သားသမီးတွေကို ချစ်ကြောင်းဖော်ပြဖို့ မရှက်ပါနဲ့

ဖခင်တိုင်းလိုလိုက သမီးတွေကို ချစ်ကြပေမယ့် ချစ်ကြောင်း မဖော်ပြတတ်ကြပါဘူး။ မိခင်လောက် ရင်းနှီးတဲ့ ဆက်ဆံရေးမရှိကြတာကြောင့် အရွယ်ရောက်တဲ့အထိ ခပ်တန်းတန်းပဲ ဖြစ်သွားကြပါတယ်၊ မိခင်ထက် ဖခင်ကို ပိုကြောက်ရတာလည်း ပါပါတယ်။ ဒီကြောင့် ဖခင်တွေဟာ အသက်အရွယ်ရလာတဲ့အခါ သားသမီးရဲ့မေတ္တာနဲ့ နွေးထွေးမှုကို မိခင်လောက် မခံစားရတာ ဖြစ်ပါတယ်။ ခံစားချက်တွေကို ဖော်ပြခြင်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၈။ သမီးကို ချီပိုးပါ

သမီးက အရမ်းငယ်သေးရင် ကျောပိုးထားရတာမျိုး၊ သိုင်းကြိုးတစ်ခုထဲထည့်ပြီး ချီပိုးသွားရတာမျိုးကို မရှက်ပါနဲ့။ ကျွမ်းကျင်သူများက ဒီနည်းလမ်းဟာ ဖခင်တစ်ယောက်နဲ့ ကလေးတစ်ယောက်အကြား ဆက်သွယ်မှုကို ပိုမိုအားကောင်းစေကြောင်း သက်သေပြခဲ့ပါတယ်။

၉။ သင့်ရဲ့ချစ်ခြင်းကို လက်တွေ့ပြသပါ

ဖခင်တွေကို သားသမီးတွေက လူစွမ်းကောင်းအဖြစ် သတ်မှတ်ထားကြပါတယ်၊ သူတို့လေးတွေ ပိုအားကိုးတဲ့သူက သူတို့ဖခင် ဖြစ်လို့ပါ။ ဖခင်ရဲ့စောင့်ရှောက်မှုအကွာအဝေးက အများကြီး ကျယ်ပြန့်ပါတယ်။ ဒါ့ကြောင့် သူတို့လေးတွေ ကာကွယ်ဆေးသွားထိုးတဲ့အခါ လိုက်ပါပေးသလို ၊ စတိုးဆိုင်မှာ အရုပ်လေးတွေ ရွေးချယ်ပေးတာ၊ ပူနေတဲ့အစားအစာကို အေးအောင်မှုတ်ပေးတာ စသဖြင့် ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းကို ပါးစပ်ကထုတ်မပြောဘဲ လက်တွေ့ပြသနိုင်ပါတယ်၊

Chit_MayMay

LM_Nandar

ZawGyi

သမီးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္တဲ့အခါ အမွားေတြ မျဖစ္ေစဖို႔ ေဖေဖတို႔အတြက္ Rules (၉)ခု
ကေလးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္တဲ့ေနရာမွာ ေမေမတို႔ရဲ႕ အခန္းက႑ကပဲ အဓိကက်တာမဟုတ္ပါဘူးေနာ္။ ဖခင္ေတြရဲ႕ ျပဳစုပ်ိဳးေထာင္မႈလည္း လိုအပ္ပါတယ္။ ကိုယ့္ရဲ႕သားသမီးက ေလးစားအားက်ေနရတဲ့ ဖခင္တစ္ေယာက္ထက္ ၾကည္ႏူးစရာေကာင္းတာ ဘာမွ မရွိပါဘူး။ ပုံမွန္အားျဖင့္ သမီးေတြကို ျပဳစုပ်ိဳးေထာင္ေပးတဲ့ ဖခင္ဆိုတာ ရွားပါတယ္။ ဒါက ဖခင္ေတြမွာ ဘယ္ကစၿပီး ဘယ္လိုျပဳစုပ်ိဳးေထာင္ရမယ္ဆိုတဲ့ အိုင္ဒီယာ မရွိတာေၾကာင့္လည္း သမီးေတြကို ျပဳစုပ်ိဳးေထာင္တဲ့ေနရာမွာ စိတ္ဝင္စားမႈ နည္းၾကတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ငယ္႐ြယ္ေသာ မိဘေတြအတြက္ မဂၢဇင္းေဆာင္းပါးတစ္ခုမွာ ေဖာ္ျပထားတဲ့ သမီးေတြကို ျပဳစုပ်ိဳးေထာင္တဲ့အခါ ထိေရာက္ေသာ စည္းမ်ဥ္းတစ္ခ်ိဳ႕ကို မွ်ေဝေပးလိုက္ပါတယ္။

အထူးသျဖင့္ ဖခင္ေတြမွာ စူပါမိဘတစ္ေယာက္ျဖစ္လာဖို႔ ဘယ္လိုလိုက္နာရမယ္ဆိုတဲ့ လမ္းၫႊန္တစ္ခုရွိလွ်င္ ဖခင္ေတြဟာ သမီးေတြကို ျပဳစုပ်ိဳးေထာင္ျခင္းရဲ႕ ႀကီးမားေသာအလုပ္တစ္ခုကို လုပ္ႏိုင္မယ္ဆိုတာ လုံးဝေသခ်ာပါတယ္။

၁။ ကိုယ္တိုင္ ပန္းကန္ေဆးျပပါ

ေယာက္က်ားတစ္ေယာက္အေနနဲ႔ ခ်က္ျပဳတ္တာ၊ ၾကမ္းတိုက္တာ၊ အဝတ္ေလွ်ာ္တာစတဲ့ ဒီအရာေတြအားလုံးကို လုပ္ႏိုင္ေၾကာင္း သမီးေလး ျမင္လာႏိုင္ပါတယ္။ သမီးေတြမွာ ငါ့ေဖေဖက ဘက္စုံေတာ္တယ္။ အကုန္လုပ္ႏိုင္တယ္ဆိုတဲ့ ဂုဏ္ယူတဲ့စိတ္ ျဖစ္လာပါလိမ့္မယ္။ ဂိမ္းကစားတဲ့အခါလည္း အတူတူပါပဲ။ သမီးေလး အိုးခြက္ေတြ၊ အ႐ုပ္ေတြနဲ႔ ကစားေနတဲ့အခါ ဖခင္ေတြအေနနဲ႔ လိုက္ကစားေပးဖို႔ မရွက္ပါနဲ႔။ သင့္ကေလးရဲ႕ ေပ်ာ္႐ြင္မႈက ပုံေသကားက် သတ္မွတ္ခ်က္ေတြထက္ ပိုၿပီး အေရးႀကီးပါတယ္။

၂။ သမီးႏွင့္အတူ အခ်ိန္ျဖဳန္းေပးပါ

ဒါကေတာ့ သမီးကို ခ်စ္ေၾကာင္းေဖာ္ျပခ်င္တဲ့ ေဖေဖတို႔အတြက္ အႀကံဉာဏ္ေကာင္းတစ္ခ်ိဳ႕ပါ။ လူလားမေျမာက္ေသးတဲ့ အ႐ြယ္ကေန စတင္ႏိုင္ပါတယ္။ အႏွီးလဲေပးတာ၊ သူမကိုခ်ီပိုးတာ၊ သူမႏွင့္အတူ လမ္းေလွ်ာက္တာ။ သူမႏွင့္အတူ ကစားေပးတာတို႔ ျဖစ္ပါတယ္။

၃။ သူမေမးခြန္းေတြကို ေျဖေပးပါ

“ေမေမ့ကို ေမးလိုက္ေလ”ဆိုတဲ့ စကားလုံးကို ေမ့ထားပါ။ ဖခင္တစ္ေယာက္က သမီးေမးလာမယ့္ ေမးခြန္းေတြကို ေျဖသင့္ပါတယ္။ သင္မေျဖႏိုင္တဲ့ ေမးခြန္းေတြ ေမးႏိုင္သလား? တစ္ခုခုေမးလို႔ သင္မေျဖႏိုင္ဘူးဆိုရင္ သမီးႏွင့္အတူတူ အေျဖကို ရွာတာ ပိုေကာင္းပါတယ္။

၄။ ကေလးတာဝန္ေတြကို ခြဲေဝယူေပးပါ

ဖခင္တစ္ေယာက္ရဲ႕တာဝန္က ပိုက္ဆံရွာေပးယုံနဲ႔ လင့္ဝတၱရား၊ ဖခင္ဝတၱရား ေက်ၿပီလို႔ သတ္မွတ္လို႔ မရပါဘူး။ ကေလးတစ္ေယာက္ကို ေမြးဖြားေပးတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ မိခင္တစ္ေယာက္ျဖစ္ဖို႔ ဘာေတြ လိုအပ္သလဲဆိုတာ တစ္ေန႔ထဲနဲ႔ အရာအားလုံးကို မေလ့လာႏိုင္ပါဘူး။ ဖခင္ေတြလည္း ေလ့လာထားသင့္ပါတယ္ေနာ္။ သမီးေလး ဂ်ီက်တဲ့အခါ ခ်ီပိုးေပးဖို႔၊ အႏွီးလဲေပးဖို႔ အခြင့္အေရးကို ဖခင္ေတြ လက္လြတ္မခံသင့္ပါဘူး။

၅။ သူတို႔မွာရွိတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြက ဘာေတြလဲဆိုတာ ေျပာျပေပးပါ

ကေလးဘဝမွာတည္းက သူတို႔ခႏၶာကိုယ္အစိတ္အပိုင္းရဲ႕ အမည္ေတြကို သိတဲ့ကေလးဟာ တစ္ခုခုျဖစ္လို႔ ဆရာဝန္ႏွင့္သြားျပတဲ့အခါ သမီးရဲ႕ ဘယ္ေနရာက ဘာျဖစ္တယ္ဆိုတာ ရွက္ကိုးရွက္ကန္းမျဖစ္ဘဲ ေျပာဆိုႏိုင္တယ္လို႔ ေလ့လာမႈမ်ားက ေဖာ္ျပထားပါတယ္။
ႏိုင္ငံတကာ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈႏွင့္ ကာကြယ္ေရးစင္တာ (NSVRC)ရဲ႕ အဆိုအရ ခႏၶာကိုယ္အစိတ္အပိုင္းအတြက္ မွန္ကန္တဲ့ အသုံးအႏႈန္းမ်ားကို အသုံးျပဳျခင္းက မိဘေတြႏွင့္ စကားေျပာတဲ့အခါ ပြင့္ပြင့္လင္းလင္း ေျပာဆိုႏိုင္ျခင္း၊ သူတို႔ခႏၶာကိုယ္ကို ေကာင္းစြာ နားလည္၊ လက္ခံႏိုင္ျခင္းတို႔ကို ကူညီေပးၿပီး child abuse ကေန ကာကြယ္ေပးတယ္လို႔ ဆိုပါတယ္။

၅။ သမီးကို ေဘာလုံးကစားဖို႔ သင္ေပးႏိုင္ပါတယ္

သားေယာက်ာ္းေလးမွ မဟုတ္ပါဘူး။ သမီးမိန္းကေလးကိုလည္း ဘိုးလင္းပစ္ကစားနည္း၊ ေဘာလုံးကစားနည္းေတြ သင္ေပးလို႔ရပါတယ္။ သူမမွာ တျခားမိန္းကေလးေတြထက္ အားသာခ်က္တစ္ခုရွိတယ္ဆိုရင္ သူမအတြက္ ဂုဏ္ယူမႈကို ခံစားမိေစႏိုင္ပါတယ္။

၆။ ဇနီးသည္က အကူအညီေတာင္းတဲ့အထိ မေစာင့္ပါနဲ႔

ငယ္႐ြယ္တဲ့မိခင္ေတြဟာ သူတို႔မွာ ကေလးတစ္ဖက္၊ အိမ္အလုပ္တစ္ဖက္နဲ႔ ဗ်ာမ်ားေနေပမယ့္ နည္းမွန္လမ္းမွန္ျဖင့္ အကူအညီ ဘယ္လိုေတာင္းရမလဲဆိုတာ နားမလည္ပါဘူး။ တခါတရံမွာ သူတို႔အကူအညီလိုေနတာေတာင္ နားမလည္ၾကပါဘူး။ ေယာက်္ားကလည္း ဒါေတြက မိန္းမကိစၥေတြပဲ မိန္းမလုပ္လိမ့္မယ္ဆိုၿပီး ဝင္မကူညီတတ္ၾကပါဘူး။ ဒီအခိုက္အတန္႔ဟာ ခင္ပြန္းသည္ ကူညီေပးရမယ့္အခ်ိန္ျဖစ္ပါတယ္။ မိန္းမ ငါလုပ္ေပးႏိုင္တာ ဘာရွိသလဲဆိုၿပီးမေမးပါနဲ႔။ ကေလးေတြကို ထိန္းေပးၿပီး သင့္ဇနီးကို ေရခ်ိဳးခ်ိန္ေပးပါ။ ေအးေအးေဆးေဆး ထမင္းစားလို႔ရမယ့္ အခ်ိန္ေပးပါ။

၇။ သားသမီးေတြကို ခ်စ္ေၾကာင္းေဖာ္ျပဖို႔ မရွက္ပါနဲ႔

ဖခင္တိုင္းလိုလိုက သမီးေတြကို ခ်စ္ၾကေပမယ့္ ခ်စ္ေၾကာင္း မေဖာ္ျပတတ္ၾကပါဘူး။ မိခင္ေလာက္ ရင္းႏွီးတဲ့ ဆက္ဆံေရးမရွိၾကတာေၾကာင့္ အ႐ြယ္ေရာက္တဲ့အထိ ခပ္တန္းတန္းပဲ ျဖစ္သြားၾကပါတယ္၊ မိခင္ထက္ ဖခင္ကို ပိုေၾကာက္ရတာလည္း ပါပါတယ္။ ဒီေၾကာင့္ ဖခင္ေတြဟာ အသက္အ႐ြယ္ရလာတဲ့အခါ သားသမီးရဲ႕ေမတၱာနဲ႔ ေႏြးေထြးမႈကို မိခင္ေလာက္ မခံစားရတာ ျဖစ္ပါတယ္။ ခံစားခ်က္ေတြကို ေဖာ္ျပျခင္းက စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။

၈။ သမီးကို ခ်ီပိုးပါ

သမီးက အရမ္းငယ္ေသးရင္ ေက်ာပိုးထားရတာမ်ိဳး၊ သိုင္းႀကိဳးတစ္ခုထဲထည့္ၿပီး ခ်ီပိုးသြားရတာမ်ိဳးကို မရွက္ပါနဲ႔။ ကြၽမ္းက်င္သူမ်ားက ဒီနည္းလမ္းဟာ ဖခင္တစ္ေယာက္နဲ႔ ကေလးတစ္ေယာက္အၾကား ဆက္သြယ္မႈကို ပိုမိုအားေကာင္းေစေၾကာင္း သက္ေသျပခဲ့ပါတယ္။

၉။ သင့္ရဲ႕ခ်စ္ျခင္းကို လက္ေတြ႕ျပသပါ

ဖခင္ေတြကို သားသမီးေတြက လူစြမ္းေကာင္းအျဖစ္ သတ္မွတ္ထားၾကပါတယ္၊ သူတို႔ေလးေတြ ပိုအားကိုးတဲ့သူက သူတို႔ဖခင္ ျဖစ္လို႔ပါ။ ဖခင္ရဲ႕ေစာင့္ေရွာက္မႈအကြာအေဝးက အမ်ားႀကီး က်ယ္ျပန္႔ပါတယ္။ ဒါ့ေၾကာင့္ သူတို႔ေလးေတြ ကာကြယ္ေဆးသြားထိုးတဲ့အခါ လိုက္ပါေပးသလို ၊ စတိုးဆိုင္မွာ အ႐ုပ္ေလးေတြ ေ႐ြးခ်ယ္ေပးတာ၊ ပူေနတဲ့အစားအစာကို ေအးေအာင္မႈတ္ေပးတာ စသျဖင့္ ဖခင္တစ္ေယာက္ရဲ႕ ခ်စ္ျခင္းကို ပါးစပ္ကထုတ္မေျပာဘဲ လက္ေတြ႕ျပသႏိုင္ပါတယ္၊

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here