Home adolescence သမီးမိန်းကလေးတွေရဲ့ စိတ်မလုံခြုံမှုကို တိုးလာအောင် လုပ်မိနေတဲ့ နည်းလမ်း (၄)ခု

သမီးမိန်းကလေးတွေရဲ့ စိတ်မလုံခြုံမှုကို တိုးလာအောင် လုပ်မိနေတဲ့ နည်းလမ်း (၄)ခု

0
သမီးမိန်းကလေးတွေရဲ့ စိတ်မလုံခြုံမှုကို တိုးလာအောင် လုပ်မိနေတဲ့ နည်းလမ်း (၄)ခု

တစ်နေ့မှာ ကျွန်တော်သမီးက သူ့အမေနဲ့ အစ်မတွေကို ဝတ်စုံအသစ်လေး ဝတ်ပြနေတုန်း ကျွန်တော်က ဗိုက်ပေါ်တဲ့ အဝတ်အစားတွေ ဝယ်ရတာ ဘာလို့နှစ်သက်ရတာလဲလို့ ရိုးရိုးရှင်းရှင်းပဲ မေးလိုက်မိပါတယ်။ ဒီအချိန်မှာ သမီးက ရုတ်တရက် မျက်ရည်တွေ ကျလာပါတယ်။ ဘာလို့လဲဆိုတော့ ဝတ်စုံလေးနဲ့ ဘယ်လိုချစ်စရာကောင်းကြောင်း အားလုံးက ဝိုင်းပြီး မှတ်ချက်ပေးနေတဲ့ သူမရဲ့ကြည်နူးစရာအခိုက်အတန့်က ရှက်စရာ အခိုက်အတန့်ဖြစ်သွားရလို့ပါ။ မလုံခြုံမှုတွေနဲ့ ရုန်းကန်နေရတာက ကျွန်တော်တို့ သမီးမိန်းကလေးတွေအတွက် သဘာဝပါ။ ဒါပေမယ့် မကြာခဏဆိုသလို ကျွန်တော်တို့ဟာ ပြဿနာကို အကြောင်းခံမိတတ်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့စကားလုံးတွေ၊ လုပ်ရပ်တွေရဲ့ သက်ရောက်မှုကို မကြာခဏ မစဉ်းစားမိကြတာပါ။ ဒါကတော့ မိဘတစ်ယောက်အနေနဲ့ သမီးလေးရဲ့ စိတ်မလုံခြုံမှုကို တိုးမြှင့်စေတဲ့ နည်းလမ်း (၄)ခုပါ။

၁။ သူ့ရဲ့အဝတ်အစားပေါ်မှာ မှတ်ချက်ပေးခြင်း

သမီးဖြစ်သူနဲ့ သင့်လျော်တဲ့ ဝတ်စားဆင်ယင်မှုအကြောင်း ပြောဆိုခြင်းက မိုင်းတွင်းတစ်ခု ဖြစ်နိုင်ပြီး ကိုးရိုးကားရားဖြင့် ကိုင်တွယ်ပါက သူမရဲ့ self-esteem အတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဘယ်ဟာက သင့်တော်တယ်၊ ဘယ်ဟာက မသင့်တော်ဘူးဆိုတဲ့ ထင်မြင်ချက် မပေးရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် အဲဒီစံနှုန်းတွေက ရှင်းလင်းပြီး objective ဖြစ်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။

အပျိုဖော်ဝင်စကာလက အရှက်ကြီးတဲ့ ကာလဖြစ်တာကြောင့် သမီးအား ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပြီး ဂုဏ်ယူရစေမယ့် အရာပေါ်မှာ focus ထားပြီးပြောပါ။ ဝေဖန်မှုမဟုတ်တဲ့ အကြံပြုချက်တွေပေးပါ။ သမီးကို ဘာမဝတ်ရဘူးလို့ မပြောဘဲ(သို့) သူဝတ်ဆင်တဲ့အရာတွေပေါ်မှာ ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ဘဲ ဘယ်အဝတ်အစားလေးနဲ့ဆို သမီးနဲ့ ကြည့်ကောင်းလိမ့်မယ့်လို့ အကြံပေးပါ။ ပြီးတော့ ဘယ်အဝတ်အစားတွေက ဘယ်လိုနေရာမျိုးမှာ သင့်လျော်တယ်ဆိုတဲ့ ပူးပေါင်းပြောဆိုမှုကို ပြုလုပ်ပါ။ ဥပမာ- သူငယ်ချင်းနဲ့ အပြင်သွားတဲ့အခါ ဘောင်းဘီတိုဝတ်တာ အဆင်ပြေပေမယ့် အဘိုးအဘွားတွေဆီ အလည်သွားတဲ့အခါ မဝတ်စေချင်ကြောင်းပြောပါ။

၂။ သူ့ရဲ့ ကိုယ်အလေးချိန်အပေါ် မှတ်ချက်ပေးခြင်း

သမီးတွေရဲ့ ကိုယ်အလေးချိန်ပေါ်မှာ မိဘတွေက မှတ်ချက်အမြဲတမ်းပေးလေလေ၊ ငယ်ရွယ်စဉ်မှာ သူ့ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး မပျော်နိုင်ချေ ပိုများလေလေဖြစ်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ မိဘတွေအနေနဲ့ သမီးဖြစ်သူရဲ့ ကိုယ်အလေးချိန်အတွက် စိုးရိမ်နေတယ်ဆိုရင် သူတို့ကို ဝေဖန်တာမျိူး ၊ အစားအသောက် ကန့်သတ်ခိုင်းတာမျိုးကို ရှောင်ပါ။ အဲဒီအစား ကိုယ်အလေးချိန်နဲ့ တိုက်ရိုက်မသက်ဆိုင်ဘဲ မိမိကိုယ်ကို ဂရုစိုက်ခြင်းနဲ့ သက်ဆိုင်တဲ့ ကျန်းမာသော အလေ့အထတွေကို အာရုံစိုက်ခိုင်းကြည့်ပါ။

၃။ သူစိတ်ဝင်စားတဲ့အရာကို လုံးဝစိတ်မဝင်စားတာ (သို့) လှောင်တာ

သမီးလေး ဘာတွေစိတ်ဝင်စားလဲဆိုတာကို အလေးထား စဉ်းစားသင့်ပါတယ်။ ဆယ်ကျော်သက်အရွယ်လေးတွေမှာဆိုရင် အိုင်ဒေါတွေကို အရူးအမူးဖြစ်တာမျိုး၊ ရုပ်ရှင်စီးရီးတွေကို ကြိုက်တာမျိုး ရှိတတ်ကြပါတယ်။ ဒါကို အတော်များများက ရီစရာအဖြစ် မြင်တတ်ကြပါတယ်။ သို့သော် သူမအတွက်တော့ အများကြီး အဓိပ္ပာယ်ရှိပါတယ်။ တရားမျှတစွာ ပြောရရင် သူမက ဘောလုံးပွဲ ၊လက်ဝှေ့ပွဲတွေက မိုက်မဲတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဆိုလိုတာက သင်ဟာ ကမ္ဘာကြီးကို ကွဲပြားစွာ မြင်နေရတာပါ။ သူဘာကို ဂရုစိုက်တယ်ဆိုတာ နားလည်ဖို့ အချိန်ယူပြီး အဲဒီနဲ့ပတ်သတ်လို့ စကားပြောဆိုရာမှာ တခါတလေ ထည့်ပြောပါ။ သူ့မိဘတွေက သူ့ကို ချစ်ရုံသာမက သူနှစ်သက်တာတွေ၊ သူ့အကြောင်းတွေကို သိထားသလိုမျိုး သမီးလေးကို စိတ်ချမ်းသာစေမယ့် အရာလေးတွေပါ။

၄။ စိတ်ပျက်၊ စိတ်မရှည်တဲ့ မျက်စိအမူအရာပြတာ

မျက်စိကိုတပတ်ဝေ့ပြီး အပေါ်ပင့်တင်တဲ့ အမှုအရာမျိုးလုပ်ပြတာက သင်နဲ့စကားပြောဖို့ မလုံခြုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။ သင်မျက်စောင်းထိုးမှာ (သို့) ဟာသလုပ်မှာ ကြောက်နေရင် သင့်ရဲ့သမီးက သူ့ရင်ထဲရှိတာကို မဝေမျှချင်တော့ပါဘူး။ ငါ့သမီးလေးက ဘာ့ကြောင့် စိတ်မလုံခြုံရတာလဲ”လို့တွေးနေရင်တော့ အဖြေက သင့်မျက်လုံးထဲမှာ ရှိနိုင်ပါတယ်။ ဒရာမာအမူအရာတွေလုပ်မယ့်အစား သူ့ကို အလေးအနက်ထားဖို့ ကြိုးစားပါ။ ကောင်းစွာ နားထောင်ပေးပါ။ မေးခွန်းတွေ မေးပါ။ သင့်အတွေးအမြင်တွေကို မျှဝေပါ။ သဘောထားချင်း မတိုက်ဆိုင်တာက အဆင်ပြေပေမယ့် ပယ်ချလိုက်တာက အဆင်မပြေပါဘူး။

Chit_MayMay

ref- allprodad.

LEAVE A REPLY

Please enter your comment!
Please enter your name here