သမီးမိန်းခလေးဘဝ အောင်မြင်မှုရရှိအောင် ပြုလုပ်ပေးနိုင်တဲ့အချက်(၃)ချက်

0
3312
- Advertisement -

ဘယ်လိုမိသားစုမျိုးမှာ မွေးဖွားလာခဲ့သလည်းဆိုတဲ့မူတည်ပြီး လူတွေရဲ့စရိုက်လက္ခဏာတွေဟာကွဲပြားသွားပါတယ်။ချမ်းသာတဲ့မိသားစုမှာ ကြီးပြင်းခဲ့ရပေမယ့် လူညံ့လူဖျင်းဖြစ်သွားတဲ့ လူတွေရှိသလို
မပြည့်စုံတဲ့မိသားစုမှာ မွေးဖွားခဲ့ရပေမယ့် ထွန်းတောက်အောင်မြင်သွားတဲ့ လူတွေလည်း ရှိကြပါတယ်။ အဲ့ဒီမှာ အရေးပါသွားတဲ့တစ်ချက်က ချမ်းသာတာ ဆင်းရဲတာမဟုတ်တော့ဘဲ မိခင်ရဲ့ ပြုစုပျိုးထောင်မှုပါဘဲ။

ညီအမတွေလို ဆက်ဆံရေးမျိုး


အဲဒီလိုဆက်ဆံတဲ့မိခင်နဲ့သမီးများကတော့ တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ်ရှိကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အထောက်အပံ့ကောင်းတွေလုပ်တတ်ကြပါတယ်။ဂရုစိုက်ပေးတာမျိုး၊တာဝန်ယူတာမျိုးတွေကို
ကောင်းကောင်းသိနားလည်ကြတဲ့အတွက် အောင်မြင်တဲ့ခေါင်းဆောင်ကောင်းတွေဖြစ်လာတတ်ကြပါတယ်။

သူငယ်ချင်းကောင်းလို ဆက်ဆံရေးမျိုး


သူငယ်ချင်းလိုမျိုးဖြစ်နေတဲ့အတွက် ဘယ်လိုပြဿနာမျိုးဘဲရှိရှိ တစ်ယောက်နဲ့တစ်ယောက် ယုံယုံကြည်ကြည်နဲ့တိုင်တိုင်ပင်ပင်ရှိကြပါတယ်။သမီးဖြစ်သူရဲ့အခက်အခဲတွေကို ဖွင့်ပြောစရာမလိုဘဲ နားလည်နေတတ်ပြီး ဘေးကနေကူညီပေးကြလေ့ရှိပါတယ်။shopping ထွက်ဖော်ထွက်ဖက်၊ မိတ်ဆွေကောင်းတစ်ယောက်၊ ချစ်မှုရေးရာ အတွေ့အကြုံရင့် အကြံဉာဏ်ပေးသူလိုမျိုး အမြဲရှိကြတဲ့အတွက် သမီးဖြစ်သူရဲ့ ဘဝမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလိုသတ်မှတ်ခြင်းခံကြရပါတယ်။ အဲ့ဒီလို မိခင်ရဲ့ သမီးများကတော့ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်ဖို့၊ စွန့်စားဖို့ မကြောက်တတ်ကြတဲ့အတွက် အောင်မြင်ဖို့အခွင့်အလမ်းများကြတဲ့သူတွေဖြစ်ပါတယ်။

ခေါင်းဆောင်လို ဆက်ဆံရေးမျိုး


အမြဲတမ်းရှေ့ကနေကာဆီးကာဆီးလုပ်ပြီး ဘာလုပ်ရမယ် ဘာကိုင်ရမယ်ဆိုတာမျိုး အမြဲတမ်းညွှန်ကြားလေ့ရှိပါတယ်။ကိုယ်တိုင်လမ်းသစ်ဖောက်ရတဲ့ ဒုက္ခမျိုးမခံစားရပေမယ့်လည်း အဲ့ဒီလိုဆက်ဆံခံရတဲ့ သမီးများကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက် မချနိုင်တော့ပါဘူး။ကိုယ့်ကိုကိုယ်ဘာဖြစ်လို့ဖြစ်ချင်မှန်းမသိ ရည်မှန်းချက်တွေပျောက်ကုန်တတ်ကြပါတယ်။

သင်သာမိခင်လောင်းတစ်ဦး ဒါမှမဟုတ် သမီးမိန်းခလေးမွေးထားတဲ့ မိခင်တစ်ဦးဆိုရင် ဒီအချက်အလက်တွေကို သုံးသပ်ပြီး ကိုယ့်ရဲ့ သမီးလေးကို ဘယ်လိုပြုစုပျိုးထောင်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချနိုင်ဖို့ အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

#Chit_may_may

#Ref-Brigheside

#Dmo_aung

LEAVE A REPLY

Please enter your comment!
Please enter your name here