သမီးမွေးထားသော မေမေ၊ ဖေဖေတို့အတွက် သမီးလေးအတွက် သင်ပြစရာစည်းမျဉ်းများ

0
109
- Advertisement -

ကမ္ဘာကြီးဟာ ကျွန်မတို့ထိတွေ့မိတဲ့နေ့ကစပြီး အမျိုးမျိုးသော ပြောင်းလဲမှုတွေဖြစ်ပေါ်နေပါတယ်။ အမျိုးသမီးတွေကတော့ သူတို့ရဲ့ တန်ဖိုးနှင့် စွမ်းအားကို တဖြည်းဖြည်းနားလည်လာကြပါတယ်။ မိဘတွေအနေနဲ့ သင့်သမီးတွေကို တောက်ပပြီး ပျော်ရွှင်သော အနာဂတ်ကို ရရှိစေဖို့ အရေးကြီးသော ဒီလိုဘဝပြောင်းလဲမှုစည်းမျဉ်းတစ်ချို့ကို သင့်သမီးရဲ့ ခေါင်းထဲမှာ အမြဲထည့်ပေးထားသင့်ပါတယ်။

၁။ ကမ္ဘာကြီးက သန်မာသော အမျိုးသမီးတွေကို လိုချင်တောင့်တနေပါတယ်။ အဲ့ဒီ့အမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်ပါစေ။

၂။ တစ်ခြားလူတွေရှေ့မှာ သမီးကို ဝေဖန်တဲ့ ကောင်လေး(ရည်းစား)ကို သတိထားပါ။

၃။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ (သို့) စိတ်ခံစားမှုဆိုင်ရာ ညှင်းပန်းနှိပ်စက်သော၊ စော်ကားသော ချစ်သူ (သို့) ခင်ပွန်းကို လုံးဝသည်းမခံပါနဲ့။

၄။ ကိုယ်နဲ့အတူရှိနေတဲ့ သူငယ်ချင်းတွေကတစ်ဆင့် ကိုယ်ဘယ်လိုလူဖြစ်တယ်ဆိုတာ ဝေဖန်ခံရပါလိမ့်မယ်။

၅။ ရုပ်ပိုင်းဆိုင်ရာ အလှအပကို ကိုးကွယ်နေသရွေ့ ဘယ်တော့မှ လုံလောက်စွာ လှပလာမှာမဟုတ်ဘူး။

၆။ ပိုက်ဆံကို ကိုးကွယ်နေသရွေ့ ဘယ်တော့မှ လုံလောက်စွာ ချမ်းလာသာမှာ မဟုတ်ဘူး။

၇။ တိတ်ဆိတ်ငြိမ်သက်စွာ တရားထိုင်ခြင်းဖြင့် ဘုရားသခင်နှင့်အတူ တစ်ယောက်တည်းအချိန်ဖြုန်းပါ။

၈။ သင့်ရဲ့ မိန်းမပီသမှုကို မွေးမြူပြီး ဂုဏ်ပြုပါ။ သို့ပေမယ့် ဒီအရာနဲ့ တစ်ခြားလူတွေကို ကြိုးကိုင်ခြယ်လှယ်တာမျိုး မလုပ်ပါနဲ့။

၉။ မိသားစုတစ်ခုစတင်ဖို့ စဉ်းစားတွေးခေါ်ခြင်းဆိုတဲ့အရာကို ပထမနေရာမှာ ထားပါ။ ဒုတိယနေရာကို ပို့မပစ်ပါနဲ့။

၁၀။ သင့်မှာ အလိုလိုသိစိတ်တစ်ခုရှိပါတယ်။ အမျိုးသားတွေက ဒီအရာကို ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ မသိပေမယ့် အမျိုးသမီးတစ်ယောက်အနေနဲ့ အဲဒီ့အရာကို ယုံကြည်ပါ။

၁၁။ သင်ချစ်တဲ့အရာတွေကို လုပ်ဖို့ ပညာရေးက အနှောင့်အယှက်တစ်ခုမဖြစ်ပါစေနဲ့။

၁၂။ တီထွင်ဖန်တီးနိုင်စွမ်း အမြင့်ဆုံးအတွက် တစ်ခြားလူတွေနဲ့ ပူးပေါင်းပါ။

၁၃။ တိုတိုတုတ်တုတ်ပြောပါ။ တိကျပါစေ။

၁၄။ နေ့တိုင်းလုပ်ရမယ့် အရေးကြီးဆုံး ဆုံးဖြတ်ချက်က သင့်ရဲ့ စွမ်းအင်နှင့် အာရုံစိုက်ရမယ့်အရာတွေကို အမှန်တကယ် focus လုပ်နိုင်ဖို့ပါပဲ။

၁၅။ စကားနည်းနည်းပြောခြင်းဖြင့် ပိုသင်ယူဖြစ်ပါလိမ့်မယ်။

၁၆။ အသေးအမွှားအငြင်းပွားမှုတွေနှင့် မနာလိုမှုတွေကို ရှောင်ကြဉ်ပါ။ သင်က အဲဒီ့အရာတွေထက် အဆင့်အတန်းပိုမြင့်သူဖြစ်ပါတယ်။

၁၇။ ကြေကွဲနေသော နှလုံးသားတစ်ခုဟာ ချစ်ခြင်းမေတ္တာကို ပေးစွမ်းနိုင်သော လှပသော လက်ဆောင်တစ်ခုအတွက် တစ်ခါတရံ သင်ထမ်းရမယ့် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ပါတယ်။

၁၈။ ပိုကောင်းအောင်လုပ်ဖို့ နည်းလမ်းမရှိရင် တစ်ခုခုမှာ မပါဝင်ပါနဲ့။

၁၉။ နည်းပြ(လက်ဦးဆရာ)တွေကို စောစောရှာဖွေပါ။

၂၀။ သင်က သင့်ရဲ့ စံပြဖြစ်လာမှာ မဟုတ်ဘူး။ သင်က သင်ပဲဖြစ်ပါလိမ့်မယ်။ ဒီအရာက ပိုတောင်ကောင်းပါသေးတယ်။

၂၁။ တစ်ယောက်ယောက်က သင့်ကို ရွေးချယ်တာကြောင့် သူတို့ကို ပြန်ရွေးရမယ်လို့ မဆိုလိုပါဘူး။

၂၂။ ဖိနပ်တွေကို အလွယ်တကူ ပြောင်းလဲဖို့ လွယ်ကူပေမယ့် တက်တူးကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။

၂၃။ ဒီနေ့ကံဆိုးမှုတွေက မနက်ဖြန်ရဲ့ ကောင်းချီးတွေ ဖြစ်လာနိုင်ပါတယ်။

၂၄။ နေ့စဉ်နေ့တိုင်း မှန်ကန်သော ဆုံးဖြတ်ချက်အသေးလေးများ ချမှတ်မယ်ဆိုရင် သင့်အတွက် မှန်ကန်သော ဆုံးဖြတ်ချက်ကြီးတွေ ချနိုင်စေမှာဖြစ်ပါတယ်။

၂၅။ အရေးကြီးသော ဆုံးဖြတ်ချက်တွေ မချမီမှာ ခေတ္တရပ်ပြီး သင့်အတွေးတွေကို စုဆောင်းပါ။ မေးခွန်းတိုင်းကို စက္ကန့် (၆၀) (သို့) ဒီထက်နည်းအောင် ဖြေကြည့်ပါ။

၂၆။ အပြစ်ရှိတယ်လို့ ခံစားရခြင်းက မသင့်လျော်သော လှုံ့ဆော်မှုဖြစ်ပါတယ်။

၂၈။ သင့်နာမည်ကို မေးတဲ့အခါ ယုံကြည်မှုရှိရှိပြောပါ။ အဲဒီအရာကို စာလုံးပေါင်းပြသင့်ရင် ပေါင်းပြပါ။

၂၉။ အောင်မြင်မှုကို အားဖြည့်ပါ။

၃၀။ လူတိုင်းမှာ တူညီသော အကြောက်တရားတွေရှိကြပါတယ်။ သင်ဆွဲထုတ်ရမယ့်အရာက သင့်ရဲ့ သတ္တိပါပဲ။

၃၁။ အရှေ့မှာ ဘာတွေပဲဖြစ်နေပါစေ ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းပါ။

Chit_May_May

Nyein_Thu

ref- themindsjournal

LEAVE A REPLY

Please enter your comment!
Please enter your name here