Home Parenting Child Teaching သမီးလေးတွေကို ငယ်စဉ်ကတည်းက သင်ကြားပေးသင့်တဲ့ အရေးကြီးတဲ့ အချက် ၄ခု

သမီးလေးတွေကို ငယ်စဉ်ကတည်းက သင်ကြားပေးသင့်တဲ့ အရေးကြီးတဲ့ အချက် ၄ခု

0
သမီးလေးတွေကို ငယ်စဉ်ကတည်းက သင်ကြားပေးသင့်တဲ့ အရေးကြီးတဲ့ အချက် ၄ခု
Mother and child draw lying on the floor. Parent feeling

မိခင်ဖြစ်သူက သမီးငယ်တွေကို ငယ်စဉ်ကတည်းက သိသင့်သိထိုက်တာတွေကို သင်ကြားပြောပြပေးထားတာက အရွယ်မရောက်ခင်နဲ့ အရွယ်ရောက်ပြီးတဲ့အခါမျိုးတွေမှာကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့ အကောင်းဆုံးဘဲဖြစ်ပါတယ် ။ ဒါမှသာ သမီးငယ်တွေရဲ့ ဘဝမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဒဏ်ချက်တွေကင်းဝေးပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုကို
တည်ဆောက်နိုင်မှာဘဲဖြစ်ပါတယ်။ စစ်မှန်တဲ့ စိတ်ဓါတ်နဲ့ အလေ့အကျင့်ကောင်းတွေကို စွဲမြဲနေစေဖို့အတွက် နေ့စဉ် ဘဝမှာ အကောင်းမြင်စိတ်၊ ကျေးဇူးသိတတ်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနဲ့ ကျန်းမာတဲ့အစားအစာတွေကို စားသုံးတတ်ဖို့ လေ့ကျင့်ပေးခြင်းစတာတွေကို ငယ်စဉ်ကတည်းက အလေ့အကျင့်လုပ်ပေးဖို့လိုပါတယ်။ ဒါမှသာ ကြီးပြင်းအရွယ်မရောက်မီနဲ့ အရွယ်ရောက်လာတဲ့အချိန်မျိုးမှာ သူတို့ရဲ့ကိုယ်ပိုင်ဘဝကို ကောင်းမွန်စွာ တည်ဆောက်နိုင်မှာဘဲဖြစ်ပါတယ်။

၁။ တချို့ကိစ္စတွေကို ပြတ်သားစွာငြင်းပစ်ဖို့ သင်ကြားပေးပါ

မိဘအများစုဟာ မိမိတို့ရဲ့ ကလေးငယ်တွေကို ယဉ်ကျေးပျူငှာစွာ ပြောဆိုတတ်ဖို့၊ အခြားသူတွေကို လေးစားတတ်ဖို့၊ သူတစ်ပါးကို မထိခိုက်စေဘဲ သူတို့လိုအင်ဆန္ဒတွေကို ပြည့်စေဖို့ စတာတွေကို သင်ကြားပေ းတတ်ကြပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ လုပ်ရပ်ဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးငယ်တွေကို ဘယ်အရာမျိုးကို ပြတ်သားစွ ာငြင်းပစ်ဖို့ဆိုတာကိုလည်း သင်ကြားထားပေးသင့်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်မှုတွေကို ခံနေရပါတယ်။ ဒါကြောင့်မို့ သိသင့်သိထိုက်တဲ့ ကိစ္စတွေနဲ့ ဘယ်လိုအရာမျိုးကို ငြင်းဆန်ရမယ် ဆိုတာကို သင်ကြားထားပေးဖို့ လိုအပ်ပါတယ်။

၂။ သူမရဲ့ ပင်ကိုယ်အလှကို တန်ဖိုးထားတတ်ဖို့နဲ့ စံနမူနာကောင်းယူတတ်ဖို့သင်ကြားပေးပါ

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ မိန်းကလေးများသည် သူတို့ခန္ဓာကိုယ်နဲ့ ပုံပန်းသွင်ပြင်ကို မကျေနပ်တဲ့အကြောင်းရင်းက သူတို့ရဲ့ ကိုယ်အလေးချိန်တက်လာမှာကို အလွန်အမင်းစိုးရိမ်တတ်တဲ့ မိခင်တစ်ဦးရှိလို့ဘဲဖြစ်တယ်လို့ ဆိုပါတယ်။ အကျိုးဆက်ကတော့ သမီးမိန်းခလေးများသည် သူတို့ရဲ့ပုံပန်းသဏ္ဍာန်ကို ရှက်ရွံ့သိမ်ငယ်လာပြီး ကိုယ့်ကိုကိုယ်တန်ဖိုးထားတော့ခြင်း၊ အစားအစာကို အလွန်အမင်းစားသုံးခြင်း၊ စိတ်ဓာတ်ကျခြင်း ပြသနာတွေကို ကြုံတွေ့လာရပါတယ်။ ဒါကြောင့်မို့ သူတို့အပေါ် body shaming ဖြစ်စေတဲ့ စကားလုံးတွေကို တတ်နိုင်သမျှမသုံးမိဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ်တန်ဖိုးထားခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု တွေရှိကြောင်းနားလည် သဘောပေါက်အောင် ရှင်းလင်း ပြောဆိုသင့်ပါတယ်။

၃။ ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းဖို့ မတတ်နိုင်တဲ့ကိစ္စတွေမှာ အကူအညီတောင်းဖို့ သင်ကြားပေးပါ

စိတ်ဓါတ်ခိုင်မာတဲ့ အမျိုးသမီးတွေရဲ့ ဇာတ်လမ်းတွေဟာ ဟိုးအရင်တုန်းကထဲကရှိခဲ့ပါတယ်။ ဒါပေမယ့် ငယ်ရွယ်တဲ့မိန်းခလေးတွေအတွက် အခြားသူတစ်ဦးကို အကူအညီ တောင်းခံဖို့လိုအပ်တဲ့ အခြေအနေတွေရှိပါတယ်။ ဒီလိုအကူအညီ တောင်းခံတာဟာ အင်အားနည်းလို့ ဒါမှမဟုတ် အရည်အချင်း မပြည့်ဝလို့ဆိုတာမျိုး မဟုတ်ဘဲ လူသားတစ်ဦးရဲ့ လုပ်ဆောင်နိုင်မှု ကန့်သတ်ချက်တွေကြောင့် ဆိုတာကို နားလည် သဘောပေါက်အောင် ရှင်းပြဖို့ လိုအပ်ပါတယ်။

၄။ ကိုယ်ရဲ့ဝါသနာနဲ့ ပျော်ရွှင်မှုကို ရှာဖွေဖန်တီးဖို့ သင်ကြားပေးပါ

မိမိကိုယ်ကို လေးစားနိမ့်ချပြီး အခြားသူတို့ကို ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံတတ်တဲ့ အလေ့အကျင့်ဟာ ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းဘဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်ထဲကိုဘဲ အလုံးစုံမှီခိုတဲ့ပုံစံမျိုးကတော့ ရေရှည်မှာပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်ကိုကိုယ် လေးစားမှုနဲ့
ယုံကြည်မှုရဲ့ အရင်းအမြစ်ဟာ မိမိရဲ့အတွင်းစိတ်ထဲမှာ ကိန်းအောင်းနေပြီး မိမိပျော်ရွှင်မှုကို မိမိသာ ဖန်တီးနိုင်တယ်ဆိုတာကို နားလည်အောင် ပြောပြထားပေးပါ။

Nadi

Chit_May_May

ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here