သမီးလေးတွေ မွေးဖွားခြင်းနှင့်ပတ်သတ်တဲ့ ချစ်စရာကောင်းသော အမှန်တရား (၅)ခု

0
797
- Advertisement -

မိခင်တစ်ယောက်အတွက် သမီးလေးတွေကို မွေးဖွားခြင်းက သားယောကျ်ားလေးတွေကို မွေးဖွားသလိုပဲ ကောင်းကြီးမင်္ဂလာတစ်ခု ဖြစ်ပါတယ်။ ယောကျ်ားလေးတွေကော ၊ မိန်းကလေးတွေမှာပါ ထူးခြားတဲ့ စရိုက်လေးတွေ ရှိကြပါတယ်။ သို့သော် သမီးတွေကို ပိုင်ဆိုင်ထားခြင်းက တစ်ချိန်ချိန်မှာ မိခင်တိုင်း ကြုံတွေ့ရမယ့် ထူးခြားပြီး ချစ်စရာကောင်းတဲ့ အမှန်တရားအချို့ ပါဝင်ပါတယ်။

ယောကျ်ားလေးတွေနဲ့ မိန်းကလေးတွေအကြားမှာ ကွဲပြားမှုအချို့ ရှိတာက သေချာပါတယ်၊ မေမေတို့မှာ သမီးတစ်ယောက်ရှိပါက အောက်ပါအခြေအနေအချို့ကို ခွဲခြားသိမြင်နိုင်ပါတယ်၊ သမီးနဲ့ နေ့စဉ်နေ့တိုင်း ဖြစ်ပျက်နေသော အဖြစ်အပျက်တွေကို မေမေတို့ စဉ်းစားမိရင်တောင် အနည်းငယ် ပြုံးလာနိုင်ပါတယ်။

၁။ တစ်နေ့လုံး မိခင်ရဲ့ဘေးမှာ တတွတ်တွတ်ပြောနေတတ်သူ

မနက်ခင်း၊ နေ့လယ်ခင်းနှင့် ညဘက်မှာပါ ဘေးနားကနေ ချိုလွင်တဲ့ အသံလေးနဲ့ တတွက်တွက်ပြောတတ်တဲ့ သမီးလေးတစ်ယောက် ရှိပါသလား? သမီးလေးတွေ မွေးဖွားခြင်းဆိုတာ အာလာပသလ္လာပစကား ခေါင်းစဉ်အသစ်တွေ ရှာဖွေခြင်းနှင့် အဆုံးမဲ့ စကားပြောရတာကို နှစ်သက်ခြင်းလို့ ဆိုလိုပါတယ်။

မိခင်တွေဟာ သမီးတွေကို နားထောင်ပေးဖို့၊ သူတို့ရဲ့ ပြောပုံဆိုပုံလေးတွေကို ကြည့်ဖို့၊ သူတို့ရဲ့ ပြဿနာတွေနဲ့ ပျော်ရွှင်မှုတွေကို ကြားရဖို့ နှစ်သက်ကြပါတယ်။ သူတို့ပြောတဲ့စကားကို မေမေတို့နားမလည်ရင်တောင် သမီးရဲ့ပြောဆိုဆက်ဆံမှုစွမ်းရည်၊ စိတ်ခံစားချက် ဖွံ့ဖြိုးတိုးတတ်မှုမှာ တန်ဖိုးရှိပါတယ်။

၂။ ပါစင်နယ် စတိုင်လစ် တစ်ယောက် ဖြစ်လာခြင်းရဲ့ စိန်ခေါ်မှု

ဒါကို လက်ခံပါ။ သူမရဲ့ဆံပင်နှင့် ပတ်သတ်ပြီး ထာဝရတည်မြဲနိုင်တဲ့ ပဋိပက္ခတစ်ခုဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ ပိုနီတေးတွေကို ဆွဲဖြုတ်ဖို့ (သို့) သူတို့ရဲ့ခေါင်းစည်းကို အိမ်ပြန်ရောက်တဲ့အထိ ထားခဲဖို့ ကြိုးစားတတ်ကြပါတယ်။ အချိန်ကြာလာလို့ သူတို့ဆံပင်တွေ ရှုပ်ထွေးလာတဲ့အခါမှာလည်း တရှုံ့ရှုံ့နဲ့ မျက်ရည်ကျလာတတ်ကြသေးပါတယ်။

သူတို့ ဆံပင်ကို စည်းပေးထားသင့်လား(သို့) ချထားပေးသင့်လား? ဆံပင်အတို ထားပေးရမှာလား(သို့) အရှည်ထားပေးရမှာလား? ဒီဆံပင်ပြဿနာက သမီးတွေနဲ့ အမေတွေကြား ကလေးဘဝရဲ့ အဆုံးမရှိသော တိုက်ပွဲဖြစ်ပါတယ်။

၃။ အဝတ်အစားဆင်ပေးရတဲ့အခါ ကြုံရတဲ့ စိန်ခေါ်မှု

မိခင်တွေဟာ သမီးမိန်းကလေး ကိုယ်ဝန်ကို လွယ်ထားရပြီဆိုတာနဲ့ သမီးလေး မွေးလာရင် ဘယ်လိုလေးတွေ ဆင်ပေးမယ်ဆိုပြီး အိမ်မက်တွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဝတ်အစားနဲ့ ပတ်သတ်လာရင် မေမေတို့ လက်လျော့လိုက်ရတာချည်းပါပဲ။ ခေတ်ကာလ၊ အကြိုက်မတူတာကြောင့် မေမေတွေအနေနဲ့ သူတို့ ဘယ်တော့မှ မဝတ်တဲ့ အဝတ်အစားတွေကို ဝယ်ယူမိကြပါတယ်။ မိန်းကလေးတွေဟာ သူတို့ရဲ့ ဗီရိုအတွင်းမှ လွတ်လပ်မှုကို ရှာဖွေဖို့ မြန်မြန် စတင်လာကြပါတယ်။ အဝတ်အစားနဲ့ မိတ်ကပ်က သူတို့ရဲ့ ပါစင်နယ်စတိုင် အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။

၄။ သမားရိုးကျပုံစံကို ခွဲထွက်ခြင်း

သမီးတွေကို မွေးဖွားခြင်းဆိုတာက အေးဆေးတည်ငြိမ်ပြီး ဣန္ဒြေရှိသော မိန်းကလေးရဲ့ သာမန်အစဉ်အလာကို ဖော်ထုတ်တာလို့ ဆိုလိုပါတယ်။ မိန်းကလေးတွေဟာ ရဲရင့်ပြီး အကြောက်တရားကင်းသူ၊ သွက်လက်ပြီး သန်မာသူ၊ သတ္တိရှိပြီး တတ်ကြွသူ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ?

၅။ ချစ်ခြင်းမေတ္တာနဲ့ အမုန်းရောယှက်နေတဲ့ ဆက်ဆံရေး

သမီးနှင့် မိခင်ရဲ့သံယောဇဉ်က စိတ်နှစ်ခွ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခိုင်မာတဲ့ သံယောဇဉ်တွေ ရှိကြပေမယ့်လည်း တစ်ခါတစ်ရံမှာ မေမေ့ကို မုန်းတယ်လို့ နာကျင်စရာ စကားလုံးတွေ ပြောလာနိုင်ပါတယ်၊ စိတ်မပူပါနဲ့။ ဒါက အဆင့်တစ်ခုသာဖြစ်ပြီး ကြာရှည်မရှိနိုင်ပါဘူး။ မိန်းကလေးတွေဟာ သူတို့စိတ်ဆိုးလာတဲ့အခါ ဘယ်လိုပြရမလဲဆိုတာ သိကြပါတယ်။ နောက်ဆုံးကြရင် တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ ချစ်ခင်တွယ်တာမှုနှင့် ချစ်ခြင်းမေတ္တာက အနိုင်ယူသွားပါလိမ့်မယ်။

သမီးတွေ မွေးဖွားခြင်းက ထူးခြားတဲ့အတွေ့အကြုံကို ယူဆောင်လာသော ကံကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒါက ကျွန်မတို့ရဲ့ လူငယ်ဘဝကို ပြန်လည်ရှင်သန်စေဖို့ ၊ဂိမ်းတွေကစားဖို့၊ သီချင်းတွေ ဆိုဖို့နှင့် ကျွန်မတို့ ကလေးဘဝရဲ့ အဝတ်အစားတွေကို ပြန်လည်ရယူဖို့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ သမီးတစ်ယောက်ရှိခြင်းက အတိတ်ကာလက ကျွန်မတို့ ကျန်ရစ်ခဲ့တဲ့ အရာအားလုံးကို ပျော်မွေ့ဖို့ ဖြစ်ပါတယ်။

မိခင်ဘဝက ချိုမြိန်ပြီး နူးညံ့သိမ်မွေ့ခြင်းတွေ နှောပါတယ်။ မိခင်တစ်ယောက်ဖြစ်ခြင်းက ကိုယ့်ခြေရာကို လိုက်လျှောက်မယ့် သူတစ်ယောက်အတွက် စံပြဖြစ်ဖို့ ချစ်ခြင်းမေတ္တာ၊ ကြင်နာမှုနှင့်အတူ နားလည်ခြင်းဖြစ်ပါတယ်။ ဒါက ယုံကြည်မှု၊ ခင်မင်ရင်းနှီးမှု၊ မျှဝေခြင်းနှင့် လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းခြင်းနှင့်ပတ်သတ်ပြီး သင်ယူခြင်းလည်း ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်နှင့်အတူ ကောင်းတဲ့အချိန်ရော၊ ဆိုးတဲ့အချိန်တွေမှာ အမြဲတမ်းနေဖို့ ဖြစ်ပါတယ်။ မိခင်ဟာ သမီးတွေရဲ့ မျက်ရည်တွေနဲ့ စိတ်ပျက်စရာတွေကို အခြားသူတွေထက် ပိုနားလည်ပါတယ်။ ဒီဒဏ်ရာတွေကို သက်သာစေဖို့ ဘာလုပ်ရမယ်၊ ဘာပြောရမယ်ဆိုတာ အတိအကျသိခြင်း အားသာချက်တွေ ရှိလာပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here